Wednesday 30 May 2012

Invitation of the 3rd General Meeting of European Karen Network Sweden, 13-14 July 2012

29 May 2012

To Karen communities in Europe,

The European Karen Network is pleased to invite you to our third general meeting, which will be held in Sweden on 13 & 14 July 2012. The purpose of this meeting is to discuss the work of European Karen Network, to strengthen Karen community in Europe, share information and work towards the goal of the network.

This is the third time, Karen communities across Europe to come together and discuss Karen related issues and move forward as a unified voice. The first and second meetings were successfully held in Sweden and Demark. This year, the EKN meeting will be hosted by the Karen Swedish Committee. During the two-days meeting, there will be reports, discussion,  workshops, presentations, sports and entertainment programs.

The European Karen Network aims to raise awareness about the situation of the Karen people and Burma as a whole; pressure European governments to do more to bring about peace for the Karen and for Burma.

The 4 key objectives are:
-To act as a strong public voice on behalf of the Karen National Union, which represents the Karen people of Burma, and is a democratic Karen organization committed to human rights and democracy in Burma, and to raise awareness about the suffering of the Karen people and the struggle for a federal Burma where all people live in peace, democracy and harmony.
-To strengthen and improve coordination of Karen communities Europe wide.
-To seek stronger action on Burma from the international communities including European governments, the European Union, the United Nations Security Council, and other governments and international institutions.
-To promote unity among Karen worldwide and foster contacts with all Karen people from Burma, including in Kawthoolei (Karen State), and other Karen people worldwide.

We would be grateful if all Karen communities in Europe could send representatives to participate in this year meeting. Please RSVP no later than 15 June 2012.

Please find enclosed document for the detail arrangement of the meeting. If you need more information, please do not hesitate to contact me.

Yours faithfully,


Saw Htee Ku Buhtoo
Meeting organizer
Representative from Karen Swedish Committee
Email: hteekubuhtoo@yahoo.com
Mobile phone: +46704763981

Suu Kyi goes abroad for first time in decades


Tuesday 29 May 2012

မပြောင်းလဲသေးတဲ့ မြို့တော်စည်ပင်



ကရင်လူမျိုးစုတွေကို ယာယီမှတ်ပုံတင်ကဒ်ပြားထုတ်ပေး

အချင်းချင်း မပစ်ခတ်ကြရန်နှင့် အလံ တခုတည်း အသုံးပြုသွားရန် ကရင်လက်နက်ကိုင် အဖွဲ့ သဘောတူညီမှု ရရှိ

အဲခေါင်သောင့်၊ မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။


ကရင်လက်နက်ကိုင် အဖွဲ့ အချင်းချင်း အပြန်အလှန် မပစ်ခတ်ကြရန်နှင့် လက်ရှိ အသုံးပြုနေကြသည့် ကရင် အမျိုးသား အလံတော်ကို တခုတည်း အားလုံး အသုံးပြုသွားရန်  ယမန်နေ့က သဘောတူညီမှု တခု ရရှိလိုက်ပြီ ဖြစ်သည်ဟု သိရှိရသည်။.

ယမန်နေ့ မေလ ၂၈ရက်နေ့က ကျင်းပပြုလုပ်သည့် ကရင်လက်နက်ကိုင် အဖွဲ့များ၏ တွေ့ဆုံဆွေးနွေးပွဲတွင် ယခုလို သဘောတူညီချက်  ရရှိလိုက်ခြင်း ဖြစ်ဖြစ်သည်ဟု တွေ့ဆုံ ဆွေးနွေးပွဲ စီစဉ်သူ တဦး၏ အဆိုအရ သိရသည်။

ထို့အပြင် အခြား အမျိုးသားရေးအတွက် အရေးကြီးသည့် ဆုံးဖြတ်ချက် များကိုလည်း ချမှတ်နိုင်ခဲ့ပြီး အဆိုပါ  အစည်းအဝေးအပေါ် အားရ ကျေနပ်မှု ရှိသည်ဟုလည်း အမည် မဖော်လိုသည့် အဆိုပါ ပွဲ စီစဉ်သူတဦးက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို ဗုဒ္ဓဘာသာ ရဟန်းတော် ဦးဝိဇန(ရမ်ဘိုဘုန်းကြီး)၊ ခရစ်ယာန်သိက္ခာတော်ရ ဆရာ စောရောဘတ်ထွေး အပါအ၀င် အခြားကရင် ခေါင်းဆောင်တို့မှ ကမကထ ပြုလုပ်ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ ကေအဲန်ယူ၊ ကလိုထူးဘော ကရင်အစည်းအရုံးနှင့် ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင်အဖွဲ့တို့ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။

အခြားအသေးစိတ် အချက်အလက်များကိုလည်း ဆက်လက်တင်ဆက်သွားပါမည်။

ကျောက်ကြီး IDPများလွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်နှင့် စားနပ်ရိက္ခာ ခက်ခဲကြောင်း တင်ပြတောင်းဆို

မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန်

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးဒေသအတွင်းရှိ အိမ်ခြေမဲ့ ပြည်သူများ(IDPs)က ၎င်းတို့အတွက် လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်နှင့် အစားအစာ လိုအပ်ကြောင်း အကူအညီပေးနေသော အဖွဲ့ များအား တောင်းဆိုလိုက်သည်။
နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေ၀န်ကြီး(Mr. Torgeir Larsen)၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် KNU မှ ဗိုလ်မှူးထူးထူးလေးတို့အဖွဲ့သည် ယမန်နေ့(မေ ၂၈ရက်နေ့) မွန်းလွဲ ၁နာရီမှ ၃နာရီအထိ ကျောက်ကြီးမြို့ ကေအဲန်ယူ ဆက်ဆံရေးရုံးတွင် ဒေသခံ အိုးအိမ်စွန့်ခွာ နေထိုင်နေရသူများနှင့် သွားရောက်တွေ့ဆုံခဲ့စဉ် Mr. Torgeir Larsen ၏ လိုအပ်ချက်မေးမြန်းမှုကို တက်ရောက်လာသည့် ကရင်တိုင်းရင်းသားတစ်ဦးက တင်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကျောက်ကြီးဒေသခံ IDP ပြည်သူ စောလှတင်မူးက “ရာသီဥတုက မမှန်တော့ တောင်ယာလုပ်တာ အရင်လို အဆင်မပြေတော့ဘူး။ အခု စားစရာ လိုအပ်နေတယ်”ဟု ပြောသည်။
အဆိုပါတွေ့ဆုံပွဲတွင် နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Torgeir Larsen က တိုင်းရင်းသားဒေသများအား ကူညီရန် အမေရိ ကန်ဒေါ်လာ ၅သန်း လျာထားကြောင်း ပြောကြားခဲ့ပြီး ထိုငွေကြေးဖြင့် အိမ်ယာမဲ့နေသူများအတွက် အစားအစာ အပါအ၀င် ပြန်လည်ထူ ထောင်ရေးအတွက် အသုံးပြုသွားမည်ဟု ပြောကြားသွားခဲ့သည်။

ထို့အပြင် မြန်မာအစိုးရဖက်ကလည်း ကျောက်ကြီးဒေသရှိ အိုးအိမ်မဲ့နေသူ အမျိုးသား ၃၃ဦးနှင့် အမျိုးသမီး ၃ဦးတို့အား နိုင်ငံသားဖြစ် ကြောင်း သက်သေခံကဒ် ထုတ်ပေးခဲ့ပြီး ထိုကဒ်ဖြင့် ပြည်တွင်းပြည်ပခရီးသွားနိုင်ကြောင်း ၀န်ကြီးဦးခင်ရီက ပြောသည်။
ကျောက်ကြီးဒေသတွင် ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာနေရသည့် အိုးအိမ်မဲ့ပြည်သူ ၁,၅၀၀ဦးကျော်ရှိကြောင်း တက်ရောက်လာသူများ ၏ ပြောဆိုချက်အရ သိရပြီး ထိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုသည့် သက်သေခံကဒ်များ ဆက်လက် ထုတ်ပေးသွားမည် ဖြစ်သည်။

Monday 28 May 2012

ကျောက်ကြီးသို့ နော်ဝေ ဒုနိုင်ငံခြားရေးဝန်ကြီး သွားရောက်

မေလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
အိမ်ယာမဲ့နေသူများအရေး ကူညီဆောင်ရွက်ရန် နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး(Torgeir Larsen) နှင့် အဖွဲ့သည် ယနေ့ (မေ လ ၂၈ရက်နေ့)တွင် ပဲခူးတိုင်းဒေသကြီးရှိ ကျောက်ကြီးမြို့သို့ သွားရောက်ခဲ့သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်များက ပြောသည်။
“မနက်ဖြန် ၉နာရီ ရန်ကုန်က စထွက်မယ်။ လ၀က (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) ၀န်ကြီးဦးခင်ရီနဲ့ ကရင်အမျိုး သားအစည်းအရုံးဖက်က ဦးထူးထူးလေးတို့လည်း ပါမယ်”ဟု ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ယမန်နေ့က ပြောခဲ့သည်။
အဆိုပါအဖွဲ့သည် ကျောက်ကြီးဒေသရှိ ကရင်အမျိုးသားအစည်းအရုံး-KNU မှ မှတ်ပုံတင်မရှိသူများအား မှတ်ပုံတင် ထုတ်ပေးရန်နှင့် ဌာနေမဲ့ ပြည်သူများ(IDP)အတွက် ကျေးရွာတည်ဆောက်ပေးမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
ထိုကိစ္စနှင့် စပ်လျဉ်း၍ KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “အထူးသဖြင့် IDP အခြေအနေတွေကို သူ(နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး)က လေ့လာကြည့်မှာပါ။ ပြီးတာနဲ့ IDP အတွက် လိုအပ်တဲ့ အကူအညီတွေကို ဆက်လက် ကူညီသွားမှာ ဖြစ်ပါတယ်။” ဟု ရှင်းလင်းပြောဆိုခဲ့သည်။
နော်ဝေအစိုးရသည် ဌာနေမဲ့ ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)နှင့် ပူးတွဲ၍ ကျောက်ကြီးဒေသရှိ ပြည်တွင်းဌာနေ မဲ့ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ၊ အဆောက်အဦးတည်ဆောက်စရာ ပစ္စည်းနှင့် စိုက်ပျိုးရေးမျိုးစေ့ စသည်တို့ကို ကူညီပေးမည်ဖြစ် သည်ဟု နော်စီဖိုးရာစိန်က ဆက်ပြောသည်။
KNU နှင့် မြန်မာအစိုးရကြား အပစ်အခတ်ရပ်စဲပြီးနောက် နှစ်ဖက်ဆက်ဆံရေးရုံးအား ပဲခူးတိုင်း၊ ကျောက်ကြီးမြို့တွင် ဧပြီလ ၉ရက်နေ့က လည်းကောင်း၊ တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ဧပြီလ ၁၀ရက်နေ့ကလည်းကောင်း၊ မေလ ၁၅ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘုရားသုံး ဆူမြို့၌လည်းကောင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
၎င်းဒုတိယ နိုင်ငံခြားရေးဝန်ကြီးသည် လာမည့်မေလ ၃၀ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ လာရောက်ကာ အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများ၊ လူထုအခြေပြု လူ့အဖွဲ့အစည်းများအပြင် နယ်စပ်အခြေစိုက် မြန်မာမီဒီယာများနှင့်လည်း တွေ့ဆုံကာ မြန်မာပြည်အတွင်း အပစ်အခတ်ရပ်စဲရေးနှင့် နယ်စပ်ဖြတ်ကျော်ကူညီမှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
နော်ဝေးနိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများနှင့် ပတ်သက်၍ ငွေကြေးကူညီရန် အစိုးရနှင့် နှုတ်အားဖြင့် သဘောတူ ထားသည်ဟု သိရသည်။

(၂၀၁၂)ခုနှစ် ၊ ပြည်သူ့ဂုဏ်ရည် ဆုရှင် “ဆရာလဖိုင်နော်မိန်း''


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ဒီနှစ်အတွက် ဆုရှင်အဖြစ် ကချင် လူမှုရေးလုပ်ငန်း ဆောင်ရွက်နေသူ လဖိုင်နော်မိန်းကို ရွေးချယ်လိုက်ပါတယ်။

Saturday 26 May 2012

ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့အစီအစဉ်ရှိ

RFA 2012-05-25

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်မယ့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့အတူ နယ်စပ်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်မယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းတွေက လာတဲ့သတင်းတွေအရ သိရပါတယ်။
(Photo: AFP)
ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP)
ဒုက္ခသည် စခန်းကို သွားရောက်မယ့် အစီအစဉ်ဟာ ထိုင်းအစိုးရဘက်က စီစဉ်တာ ဖြစ်တဲ့အတွက် ဒီသတင်းကို အတည်ပြု ပြောဆိုနိုင်ခြင်း မရှိဘူးလို့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဟန်သာမြင့်က ပြောပါတယ်။

Tuesday 22 May 2012

Fighting Threatens Myanmar's Displaced-CNN

မေလ ၂၀ ရက်နေ့ ညပိုင်းက မန္တလေးမြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲ (ပထမည/ရုပ်သံ)






မန္တလေးမြို့မီးလင်းရေး ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲ ဒုတိယည – Dark Mandalay (2)


ဓာတ်ပုံသတင်း
မေ ၂၁၊ ၂၀၁၂ပူအိုက်ခြောက်သွေ့သည့် မန္တလေးတွင် လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဖယောင်းတိုင်များ ထွန်းညှိပြီး ဆန္ဒဖော်ထုတ်ခြင်းကို ယနေ့ ဒုတိယညအဖြစ် ဆက်လက် ပြုလုပ်ခဲ့ကြသည်။
အစိုးရသတ်မှတ်ထားသည့်အချိန်များတွင် လျှပ်စစ်ဓာတ်အား အမှန်တကယ် ဖြန့်ဖြူးပေးရေးကို လိုလားသည်ဟု ဆန္ဒပြသူများက ဆိုသည်။ (ဓာတ်ပုံများ – www.facebook.com/CJMyanmar)
ဆန္ဒပြသည့်နေရာတခုသို့ ကြွရောက်ခဲ့သည့် အရှင်ဝီရသူ

မုံရွာလျှပ်စစ်မီး ရရှိရေး လူတစ်ထောင်ခန့် ဆန္ဒပြ


Photo-Hla Moe (Facebook)

RFA
လျှပ်စစ်မီး အချိန်ပြည့် ရရှိရေးအတွက် မုံရွာမြို့ခံ ပြည်သူ တစ်ထောင်နီးပါး မနေ့က ည (၇) နာရီကနေ (၉) နာရီကျော်ထိ မြို့အတွင်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
မြို့သူမြို့သားတွေဟာ မုံရွာမြို့ရှိ စစ်ကိုင်းတိုင်း လျှပ်စစ် အင်ဂျင်နီယာရုံးရှေ့မှာ စတင် လူစုကြပြီး ဖယောင်းတိုင်မီးတွေ ကိုင်ဆောင်ကာ မြို့အတွင်း အချက်အချာကျတဲ့နေရာတွေကို
လှည့်လည်ခဲ့ကြတယ်လို့ ပါဝင်ဆန္ဒပြခဲ့တဲ့ မုံရွာမြို့သားတဦးက RFA ကို ပြောပါတယ်။
" ၇ နာရီထိုးလောက်တော့ တိုင်းလျှပ်စစ်အင်ဂျင်နီယာမှူး ရုံးရဲ့ရှေ့မှာလူစုတယ်။ ပထမတော့ အယောက် ၂၀ လောက်ရှိတယ်။ နောက်နာရီဝက်လောက်နေတော့ လူတွေတိုးလာတယ်။ အဲတိုးလာတော့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ တိုင်းလျှပ်စစ်ရုံးကနေ ချီတက်တယ်။ အဲဒီမှာ လူ ၇၀ လောက်ပဲ ရှိသေးတယ်။ ဗိုလ်ချုပ်ကြေးရုပ်နားရောက်တော့ ဖယောင်းတိုင်တွေ ထွန်းပြီးတော့ ပတ်တယ်။ ပတ်တဲ့ အချိန်ကျမှ လူတွေများလာတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကနေ ပတ်ပြီးထွက်တဲ့ အချိန်မှာ နာရီစင်ဘက်ကို ဦးတည်ပြီး ထွက်တဲ့ အချိန်မှာ လူတွေက တော်တော့်ကို များလာတယ်။ လူအားလုံး ခန့်မှန်းခြေကတော့ ၁၀၀၀ လောက်ပေါ့ဗျာ။ အဲဒီနာရီစင်ကနေ တိုင်းဒေသကြီး အစိုးရရုံးကနေ တိုင်းလျှပ်စစ်ရုံးရှေ့ကို ပြန်သွားတယ်"

Saturday 19 May 2012

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ အစိုးရ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ ဒုတိယနေ့ ကျိုင်းတုံမြို့မှ တိုက်ရိုက် သတင်းပေးပို့ချက် (ရုပ်သံ)


ကေအဲန်ယူ တောင်ငူခရိုင်တွင် လူထုရှင်းလင်းပွဲပြုလုပ်


မေလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU ကိုယ်စားလှယ်များသည် ကရင်ပြည်နယ်၊ တောင်ငူခရိုင်အတွင်းရှိ ဒေသခံ ကရင်လူထုများနှင့် ပြည် တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်များအား တွေ့ဆုံဆွေးနွေး ရှင်းလင်းပွဲ မေလ ၁၇ရက်နေ့က ပြုလုပ်ပြီးစီးခဲ့ရာ ''ကျနော်တို့က ဒီရှင်း လင်းပွဲကို မေလ ၁၅ရက်နေ့ကနေ ၁၇ရက်နေ့အထိ သုံးရက် ပြုလုပ်ခဲ့ပါတယ်”ဟု KNU ဗဟိုစည်းရုံးရေးဌာန အတွင်းရေးမှူး ပဒိုစောလှ ထွန်းက ကေအိုင်စီသို့ ပြောသည်။
ထန်းတပင်မြို့နယ်၊ ဘောဂလိရွာအနီးတွင် ပြုလုပ်ခဲ့သည့် အဆိုပါငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးရှင်းလင်းပွဲသို့ တောင်ငူမြို့ခံများ အပါအ ၀င် ထန်းတပင်နှင့် သံတောင်မြို့နယ်များရှိ ကျေးရွာပေါင်း ၁၇၀မှ လူထုကိုယ်စားလှယ်များနှင့် ဘာသာရေးခေါင်းဆောင်များ စုစုပေါင်း ၁၀၀၀နီးပါး တက်ရောက်ခဲ့ကြသည်။

၎င်းရှင်းလင်းပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ဒေသခံလူထု၏ အမြင်သဘောထားများကို ဦးစွာ ဆွေးနွေးခဲ့ကြပြီး လက်ရှိ KNU ၏ ငြိမ်းချမ်းရေး အပါအ၀င် နိုင်ငံရေးလုပ်ငန်းစဉ်များကိုလည်း KNU တောင်ငူခရိုင် အလုပ်အမှုဆောင် ပဒိုစောဟစ်တလာမှ ရှင်းလင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

Friday 18 May 2012

မဟာချိုင် လူမှောင်ခိုလက်က ကယ်တင်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားများ (ရုပ်သံ)

 ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ လူမှောင်ခိုပွဲစားတွေရဲ့ ပိတ်လှောင်ခံထားရတဲ့ မြန်မာနိုင်ငံသား ၁ ရာကျော်ကို မကြာသေးခင်က ထိုင်း လူမှောင်ခို ကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ အသေးစိတ်ကို ကိုဂျေက ဆက်လက်တင်ပြပေးပါလိမ့်မယ်။

Thursday 17 May 2012

တရုတ်-မြန်မာနယ်စပ်ရောက် ကချင်စစ်ပြေးဒုက္ခသည်များ (ရုပ်သံ)

လယ်ယာမြေတွေ မတရား သိမ်းယူခံနေရတဲ့ လယ်သမားတွေရဲ့ဘဝ (ရုပ်သံ)

မတရားလယ်ယာတွေသိမ်းတဲ့အမှုတွေပြီးရင် နောက်ဘာဆက်လာမလည်း။

သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေး




အမျိုးသားညီလာခံဓါတ်ပုံ
ဆောင်းပါးရှင် - ဗိုလ်ရဲထက်

  မြန်မာ့နိုင်ငံရေး တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာပါသည်ဟု ယခုအခါ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်သူများက ခံစားပျော်ရွှင်နေကြသော အချိန်အခါတွင် ယခုကဲ့သို့ မိမိပြောဆိုခြင်းနှင့် ပတ်သက်ပြီး အဆိုးမြင်ဝါဒီ တစ်ယောက်ကဲ့သို့ မြင်နိုင်ဖွယ် ရှိသည်ကို နားလည်ပါသည်။ သို့သော်လည်း မိမိတို့ စာရေးဆရာ ဟူသည်မှာ မိမိမြင်သည့် အမြင်များနှင့် သိရှိထားသည်တို့ကို စာဖတ်သူ ပရိတ်သတ်များထံသို့ တင်ပြကြရခြင်းသည် တာဝန်တရပ် ဖြစ်ပေသည်။
ဆောင်းပါးခေါင်းစဉ်ကို အဘယ်ကြောင့် သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေးဟု တင်ထားသနည်း။ လက်ရှိ မြန်မာ့နိုင်ငံရေးသည် အခြေအနေ အချိန်အခါများသာ ပြောင်းလဲ သွားသော်လည်း သွားနေသည့်လမ်းသည် ယခင်နဝတ အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့် နည်းလမ်းဟောင်းပုံစံ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
အဘယ်ကဲ့သို့ တူညီပါသနည်းဟု မေးသော် ဖြစ်စဉ်များကို နှိုင်းယှဉ် သုံးသပ်ကြည့်ရာဝယ်……… ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲ ပြုလုပ်ပေးသည်။ တဖက်မှ တစည ပါတီကို အမာခံပါတီ အနေဖြင့် ပါဝင်စေခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးပြကာ အာဏာလွှဲပြောင်းပေးခြင်း မပြုခဲ့ဘဲ ၁၉၉၃ ခုနှစ်တွင် National Convension (အမျိုးသားညီလာခံ) ကို ခေါ်ယူကျင်းပခဲ့သည်။ ထိုသို့ ခေါ်ယူကျင်းပရန်အတွက် နဝတ အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ငြိမ်းချမ်းရေး ကမ်းလှမ်းကာ အာဏာရှင်စိတ်ကြိုက် နားလှည့်ပါးရိုက် ပြုလုပ်ခဲ့ကြသည်။

တပိုင်းတစ ခွဲထွက်အဖွဲ့များကို လူမျိုးစု ကိုယ်စားလှယ်များအဖြစ် တင်မြှောက်ပြီး ယင်းတို့စိတ်ကြိုက် ပြုလုပ်ခဲ့ကြသည်။ ထိုမှ ၁၉၉၅ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားညီလာခံကို ဆက်လက် တက်ရောက်ခြင်း မရှိသည်မှ အစပြုကာ ရပ်နားထားပြီး ၂၀၀၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ကာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖက်သတ် အတည်ပြု ပြဋ္ဌာန်းခဲ့ကြသည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ယင်း ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ကျင်းပပြုလုပ်ခဲ့ကြပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကဲ့သို့ မဟုတ်ဘဲ ယင်းတို့၏ အမာခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အပြတ်အသတ် အနိုင်ရရှိအောင် နည်းလမ်းပေါင်းစုံဖြင့် စနစ်တကျ ပြုလုပ်ခဲ့ကြသည်။
NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အား လှုပ်ရှားခွင့်မပေးပဲ ကြံ့ဖွံ့အနိုင်ရရှိရေးအတွက် စီစဉ်ထားသောကြောင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနဲ့ မတူခြင်းဖြစ်ပါသည်။ တစ်ယောက်ထဲပြေးတာ ပထမ ဆိုသလို မျက်နှာပြောင်တိုက်ခဲ့ကြသည်။ ထိုမှ ရှေးယခင်အတိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးစကား ကမ်းလှမ်းပြီး National Convension (အမျိုးသားညီလာခံ) တစ်ခုကို ထပ်မံကျင်းပရန် ပြင်ဆင်နေပြန်သည်။ ဤဖြစ်စဉ်နှစ်ခုတွင် မိမိတို့ မြင်နိုင်သည်မှာ နောက်ခံကားချပ်အနေဖြင့် စစ်အစိုးရ အုပ်ချုပ်မှုနောက်ခံနှင့် ဒီမိုကရေစီအမည်ခံ အရပ်သား လွှတ်တော်အစိုးရတရပ် ဖြစ်နေသည်။

တပ်မတော်သား အရာရှိကြီး ကိုယ်စားလှယ်သစ်များဘာကြောင့် လွှတ်တော်ထဲ ရောက်လာကြသလဲ


Tuesday, 15 May 2012 21:00 Way Yan Aung
လွှတ်တော်မှာကျမ်းကျိန်ပုံ
မကြာသေးမှီ ကာလကလေးကမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ်ခံမလိုဘဲ လွှတ် တော်အတွင်း တက်ရောက်ခွင့် ရပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းရတဲ့ တပ်မတော် အရာရှိကြီးများကို လဲလှယ်တာဝန်ပေးခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တပ်မတော် အရာရှိကြီးများ ဟာ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်စတဲ့ တပ်မတော်မှာ VIP အဆင့်လို့ သတ်မှတ်တဲ့ CO (Commanding Officer) အရာရှိကြီးများ ပိုမိုပါဝင်ကြတာကို နိုင်ငံရေးလေ့လာသူများ သတိပြုမိကြမှာပါ။ အဲဒါနဲ့ ပတ်သက်ပြီး စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်က နေပြည်တော်ရှိ လွှတ်တော်နဲ့ နီးစပ်သူတဦးထံ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ "ယခင်က ၂၅ % တပ်မတော်အရာရှိ အများစုဟာ ဗိုလ်မှူးအဆင့်များပြီး ဗိုလ်မှူးကြီးအဆင့် တဦးစ နှစ်ဦးစသာတွေ့ရပါတယ်။ ဒုတိယဗိုလ်မှူးကြီးဆိုရင် မရှိသလောက်ပဲဗျာ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အဖွဲ့ ရောက်လာဖို့ ရှိတာမို့ သူတို့နဲ့ ရင်ဆိုင်ပြောဆိုရာမှာ power တူစေဖို့ လဲလှယ်လိုက်တာဖြစ်တယ်။ နိုင်ငံတကာ မဟာဗျူဟာ၊ နိုင်ငံရေး စီးပွါးရေး စစ်ရေးတွေကို ကျွမ်းကျင်နှံ့စပ်မှုရှိအောင် လေ့လာလေ့ကျင့်သင်ကြားပေးတဲ့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် NDC (National Defense College) နဲ့ စစ်ဦးစီးတက္ကသိုလ် ကျောင်းဆင်း ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်တွေကို တာဝန်ပေးအပ်တာ တွေ့ရတယ်ဗျ။ အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရာမှာ နိုင်ငံတကာ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံလို တွေ့ကြုံလာရတဲ့ အခက်အခဲတွေကို ထောက်ပြပြောဆိုနိုင်အောင် ပြင်ဆင်ဟန်တူတယ်။ ဒါ့အပြင် NLD က ဥပဒေပြင်ဖို့ကြိုးစားတာနဲ့ ဒီဥပဒေပြင်လိုက်ရင် ဘယ်လိုအကျိုးဆက်တွေ ကြုံတွေ့လာနိုင်တယ်ဆိုတာ အရပ်သား လွှတ်တော်ကိုယ်စားလှယ်များနဲ့ အပြိုင်ဆွေးနွေးဖို့ ပြင်ထားတာဖြစ်နိုင်တယ်"။
ဆက်လက်ပြီး စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်က စစ်ရုံးရှိ တပ်မတော်အရာရှိကြီး တဦးအား သူတို့တွေနဲ့ ပတ်သက်တဲ့ အမြင်သဘော ထားကို မေးမြန်းခဲ့ပါတယ်။ "ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးတွေဟာ ပြန်တမ်းဝင် အရာရှိ အမှတ် BC No (၁၆၀၀၀) မှ (၂၀၀၀၀) ကြားဆိုတော့ သူတို့နဲ့ တစ်ရပ်ကွက်ထဲအိမ်နီးနားချင်းတွေ၊ အထက်တန်းကျောင်းနေဖက်တွေ၊ တက္ကသိုလ်ကျောင်းနေဖက်တွေ၊ စစ်သင်တန်းကျောင်း အတူတူတက်ခဲ့သူတွေ၊ ဗိုလ်သင်တန်း တပတ်စဉ်ထဲတွေထဲက သူငယ်ချင်းတွေဆိုရင် စကခမှူး၊ တိုင်းမှူး၊ တပ်မမှူး တွေဖြစ်ကုန်ကြပြီဗျ။ သူတို့က (၁၉၈၀) မှ (၁၉၈၃) ထိ ဝန်းကျင်မှာ ပြန်တမ်းဝင်အရာရှိ ကျောင်းဆင်းတွေဖြစ်ပြီး ၈၈၈၈ လူထုအရေးတော်ပုံကို မှီတဲ့သူတွေဖြစ်ပါတယ်ခင်ဗျာ။ဒါ့အပြင် ဗိုလ်မှူးချုပ် တောက်ထွန်းဆိုရင် တပ်မ (၄၄) တပ်မမှူး ကနေ (ယခင် တိုင်းဗဟို) လို့ခေါ်တဲ့ တပ်မတော်အဆင့်မြင့် သင်တန်းကျောင်း ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ခံရသူ ဖြစ်ပါတယ်။ သူ့ကိုမဆိုလိုပေမယ့် တချို့အရာရှိကြီးတွေဟာ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးတွေက အလိုမကျ အမြင်ကပ်လို့ဖြစ်စေ၊ ဘွဲ့မရလို့ဖြစ်စေ၊ ဘွဲ့ရပေမယ့် စာပေးစာယူဖြစ် လို့နှိမ်ချင်တာရယ် အပြစ်ရယ်လို့ မယ်မယ်ရရမရှိဘဲ ထောက်ပြလို့ မရတာကြောင့် တိုင်းမှူး တပ်မမှူး မထားချင်ဘဲ ဘေးဖယ်တဲ့အနေနဲ့ ထောင့်ကပ်နေတဲ့သူတွေ ဖြစ်နေတယ်။သူတို့ကတော့ အဲဒီအပေါ်မှာ ခံစားချက်တွေ ကိုယ်စီရှိကြတယ်။ ဒီခံစားချက် တွေကို သိမြင်ရင် လွှတ်တော်တွင်းက စည်းရုံးနိုင်ဖို့ အခွင့်အလမ်းတခုလို့ မြင်တယ်။ ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ယခင်အရာရှိငယ် (ဗိုလ်မှူး) တွေကို ဘာလို့လဲပစ်သလဲဆိုရင် ပြုပြင်ပြောင်းလဲရေးအမြင်ရှိနေတာတွေကို ပြောင်းလဲပစ်တာလဲ ဖြစ်နိုင်တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားများ စေလွှတ်ရေးကိစ္စမှာ မမျှော်လင့်ဘဲ အတိုက်အခံများနဲ့ အတူထောက်ခံခဲ့တဲ့ ဖြစ်စဉ်တွေအရ သိပ်ပြီး စိတ်မချတော့လို့ လဲလှယ်ပစ်လိုက်တယ်လို့ မြင်တယ်ဗျာ" ဒါကြောင့် POF အနေနဲ့ တိုက်တွန်းလိုရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရာရှိကြီးများကို နီးစပ်မှု၊ ရင်းနီးမှုနဲ့ ထိတွေ့ဆက်ဆံစည်းရုံးသင့်ပါကြောင်း။သူတို့မှ တဆင့် တပ်တွင်းမှာရှိနေတဲ့ တိုင်းမှူး၊ တပ်မမှူးအထိပေါက်ရောက်အောင် စည်းရုံးပြီး တပ်မတော်မှ နောက်ကြောင်းပြန်မလှည့်ရေးအတွက် ထိန်းထားနိုင်ပါကြောင်းအကြံပြုတင်ပြလိုက်ရပါတယ်။

Wednesday 16 May 2012

ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်းငံ့ရေး သတိထားဆောင်ရွက်ဖို့ ဒေါ်စုတိုက်တွန်း


လူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် သိပ်ကို အကောင်းမြင်လွန်းကြတယ်လို့ ကျမအနေနဲ့ တခါတလေ ခံစားမိပါတယ် 

အင်္ဂါ, 15 မေ 2012, By ကိုသားညွန့်ဦး VOA

မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်မလှည့်ဘူးလို့ တရားသေသတ်မှတ်လို့ မရတဲ့ အတွက် သတိထားသွားဖို့ လိုတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေအနေနဲ့ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အရေးတကြီး ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လို့ လွှတ်တော်ထဲမှာ စစ်တပ်ရဲ့ ထောက်ခံမှုမပါဘဲနဲ့တော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို ယာယီရုပ်သိမ်းပေးဖို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ပြောကြားခဲ့တဲ့အပေါ်မှာ သူ့အနေနဲ့ ကန့်ကွက် ဆန့်ကျင်ဖို့မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ အင်္ဂါနေ့ မနက်ပိုင်းက အမေရိကန် ပြည်ထောင်စု သမ္မတဟောင်း ဂျော့ခ်ျ၊ ဒဗလျူဘွတ်ရှ် အမှတ်တရဌာနက ကြီးမှူးကျင်းပခဲ့တဲ့ Acceleration of Human Freedom လို့ ခေါ်တဲ့ လူသားနဲ့ လွတ်လပ်မှုအခွင့်အရေး အခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ လက်ရှိ မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ အကောင်းမြင်လွန်းလို့မရဘဲ သတိထားဖို့လိုတဲ့ အကြောင်း ပြောသွားတာပါ။

တိုင်းရင်းသား ငြိမ်းချမ်းရေး အပစ်အခတ် ရပ်ရုံနဲ့ မလုံလောက်

  VOA Burmese

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရဆဲ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အပစ်အခတ် ရပ်စဲရုံနဲ့ မလုံလောက်သေးဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ တိုင်းရင်းသားအရေး ဖြေရှင်းရာမှာ တာဝန်ယူ ဆောင်ရွက်မှုတွေ ရှိရမှာ ဖြစ်သလို၊ လက်နက်ကိုင် နှိမ်နင်း မနေဘဲ နိုင်ငံရေးအရ ဖြေရှင်းရလိမ့်မယ်လို့လည်း အမေရိကန် စံတော်ချိန် အင်္ဂါနေ့ မနက်ပိုင်းမှာ ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေး စကားပြောဆိုရာ မှာ ဒေါ်အောင်ဆန်းစုကြည် ကပြောလိုက်တာပါ။
အမေရိကန်သမ္မတဟောင်း George W.Bush တည်ထောင်တဲ့ Bush Center က ကမကထလုပ် ကျင်းပတဲ့

Tuesday 15 May 2012

Burma's Tourist Industry Booms

KNLA ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီး စောမိုးဖြူ၏ ဈာပန အခန်းအနား။

KIO နဲ့ တပ်သားသစ် စုဆောင်းရေး


အစိုးရတပ်နဲ့ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့တို့ (၁၇) နှစ်တာ အပစ်အခတ် ရပ်စဲခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတာ အချိန် တနှစ်နီးပါး ကြာမြင့်ခဲ့ပါပြီ။ အခုလို အခြေအနေမှာ KIA က အင်အားသစ် စုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေ ဒေသထဲမှာ ထွက်ပေါ်နေခဲ့ပါတယ်။
မေလဆန်းပိုင်းကစလို့ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စုဆောင်းနေကြ ပြီးတော့ ကြမ်းတမ်းတဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။
မေလ (၉) ရက်နေ့ည သန်းခေါင်ယံအချိန်က ၀ိုင်းမော်မြို့နဲ့ ငါးမိုင်လောက်ဝေးတဲ့ နမ့်ဝါ ကျေးရွာမှာ အမျိုးသား (၁၀) ယောက်နဲ့ အမျိုးသမီး (၃) ယောက်ကို KIA က စုဆောင်းရေး ခေါ်သွားသလို မေလ (၃) ရက်နေ့ညကလည်း ၀ိုင်းမော်မြို့ အရှေ့ဖက် (၇) မိုင်လောက် အကွာမှာ ရှိတဲ့ နောင်ဆီပေါ ကျေးရွာက (၁၇) ယောက်ကို ခေါ်သွားခဲ့ပါတယ်။
အဲဒီထဲမှာ အသက် (၁၃) နှစ်ကနေ (၁၅) နှစ် အရွယ်ရှိတဲ့ ကလေးတွေ ပါဝင်ပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်လို့ KIO ရဲ့ တပ်သားသစ် စုဆောင်းရေး မူနဲ့ သဘောထားတွေကို မေလ (၁၁) ရက်နေ့က အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်နဲ့ မေးမြန်းထားတာပါ။

ဘုရားသုံးဆူတွင် ကေအဲန်ယူ ဆက်ဆံရေးရုံးဖွင့်ပြီးစီး

မေလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ ထိုင်းစံတော်ချိန် ၁၁း၂၀နာရီ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကေအဲန်ယူ ဆက်ဆံရေးရုံးကို ယနေ့မနက် ၉နာရီ(မြန်မာစံတော်ချိန်)တွင် ဖွင့်လှစ်ပြီးစီးခဲ့ရာ ဒေသခံလူထု ၂၀၀၀ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
ဆက်ဆံရေးရုံးဖွင့်ပွဲကို မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကေအဲန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားကို မနက် ၁၀နာရီတွင် ရုပ်သိမ်းခဲ့ကြသည်။
၎င်းဆက်ဆံရေးရုံးဖွင့်ပွဲသို့ မြန်မာအစိုးရဘက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးခင်ရီ အပါအ၀င် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းလည်း တက်ရောက်ခဲ့သည်ဟု ဖွင့်ပွဲတက်ရောက်ခဲ့သူ ကေအဲန်ယူ တပ်ဖက်အရာရှိတစ်ဦးက ပြောသည်။
ကေအဲန်ယူဘက်မှ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ အတွင်းရေးမှူး ပဒိုဒေးဗစ်ထော၊ အဖွဲ့ဝင် ဗိုလ်မှူးရောဂျာခင်တို့ အပါအ၀င် တပ်မဟာ(၄)၊ (၆)၊ (၇)မှ တပ်မဟာမှူးများ ညောင်လေးပင်၊ ဘိတ်-ထားဝယ်၊ ဒူးပလာယာ၊ ဖားအံခရိုင် ဥက္ကဌများနှင့် ဗိုလ်မှူးထူးထူးလေးလည်း တက်ရောက်ခဲ့ကြသည်။

Sunday 13 May 2012

ဝန်ကြီး ဦးကျော်ဆန်းရဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စများ



ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်သူ ဦးကျော်ဆန်းသည် စစ်တက္ကသိုလ်အပတ်စဉ် (၁၁) က ဖြစ်ပြီး လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တပတ်စဉ်တည်း ကျောင်းဆင်းများ ဖြစ်သည်။ ယခင်က တစ်ဦးနှင့်တစ်ဦး အပေးအယူ မျှပြီး ခင်မင် ရင်းနှီးကြသည်။ ယခုအခါတွင်မူ ဦးကျော်ဆန်းသည် သမ္မတဦးသိန်းစိန်နှင့် ပိုမိုနီးစပ်သွားသဖြင့် သူရဦးရွှေမန်းနှင့် သင့်မြတ်ခြင်း မရှိတော့ကြောင်း ကြားသိရသည်။

ပြီးခဲ့သောနှစ် ဇွန်လက ရန်ကုန်မြို့ ပြည်သူ့လွှတ်တော်တွင် သူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ အမတ်များ၊ လုပ်ငန်းရှင်ကြီးအား မိန့်ခွန်းပြောကြားခဲ့သော်လည်း သူရဦးရွှေမန်း၏ ပြောကြားချက်များကို ဦးကျော်ဆန်း ချုပ်ကိုင်ထားသည့် မီဒီယာများတွင် ဖော်ပြခြင်း မရှိသည်က လူသိထင်ရှား အဖြစ်ဆုံးသော အကွဲအပြဲ ဖြစ်ခဲ့သည်။

Saturday 12 May 2012

Mother of Mine

ကောင်းကင်မေမေ

 မိခင်များအားလုံးကို ဒီသီချင်းလေးနဲ့ဂုဏ်ပြုလိုက်ပါတယ်

ကချင်နယ်မြေတွင်း ထိုးစစ်များ မရပ်ပါက အပစ်ရပ်ထားမှုများ UNFC ပြန်သုံးသပ်မည်


ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ်အတွင်း ထိုးစစ်များကို ဇွန်လ ၁၀ ရက်နေ့အထိ အစိုးရဘက်မှ မရပ်ဆိုင်းပါက အဖွဲ့ဝင် အဖွဲ့အစည်းများ ရရှိထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများကို
ပြန်လည် သုံးသပ်သွားမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် UNFC ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို
မေလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ကျင်းပကာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အား အစိုးရ၏ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကိစ္စကို အလေးထားဆွေးနွေး၍ ယင်းသို့ ဆုံးဖြတ်ခဲ့သည်။

ထိုးစစ်များ မရပ်ဆိုင်းပါက ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP စသည့် ပါတီသုံးခုက အစိုးရနှင့် လက်ရှိ ရရှိထားသည့် သဘောတူညီမှု အဆင့်များကို ပြန်လည် စဉ်းစားကြမည်ဖြစ်ကြောင်း UNFC တွဲဘက် အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

ယာယီပိတ်ထားသော ဂိတ်အားလုံးကို DKBA ပြန်ဖွင့်

မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ထိုင်း-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထုအကျိုးကို ရှေ့ရှု၍ ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း ယာယီပိတ်ထားသည့် ဂိတ်အားလုံးကို ပြန်လည် ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ၏ ကလို့ထူးဘောတပ်ဖွဲ့မှ ယမန် နေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
“ကျနော်တို့က ပြည်သူလူထု ထိခိုက်မှာကို မလိုလားလို့ ပြန်ဖွင့်ပေးလိုက်ရတာ ဖြစ်တယ်။”ဟု DKBA ၏ ကလို့ထူးဘော ကရင်အစည်း အရုံးမှ ဗိုလ်ကြီးစောကိုမျိုးက ကေအိုင်စီသို့ ပြောသည်။
ထိုင်းအစိုးရသည် ဗိုလ်ချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး)အား မူးယစ်ရာဇာအဖြစ် စွပ်စွဲ၍ ဆုငွေထုတ်ပြီးနောက် DKBA အခြေစိုက်ရာ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် တပ်လှန့်ခဲ့သောကြောင့် DKBA ဘက်မှ လည်း ၎င်းတို့ထိန်းချုပ်ထားသည့် ဂိတ် ၁၂ခုကို မေလဆန်း ပိုင်းမှစ၍ စတင် ပိတ်ပစ်ကာ ယမန်နေ့၌ ယခုလို ပြန်ဖွင့်လိုက်ခြင်းလည်းဖြစ်သည်။
မြ၀တီမြို့နယ်အတွင်းရှိ ကလော်ဝေါ်ရွာမှ ဒေသခံတဦးက “ကျနော်တို့တွေဟာ ထိုင်းနိုင်ငံက လာတဲ့ စားသုံးကုန်၊ လူသုံးကုန် မှန်သမျှ အမှီပြုနေရတဲ့အတွက် ပြန်ဖွင့်လိုက်တော့ ကောင်းတယ်။”ဟု ပြောသည်။

ထို့အပြင် ဂိတ်များကို ယာယီပိတ်ထားသော်လည်း ထိုကာလအတွင်း ၎င်းတို့ဒေသခံအနေဖြင့် ထိုင်းဘက်ခြမ်း မဲဆောက်မြို့မှတဆင့် ၀င်ရောက်လာသည့် စားသုံးကုန်များကို မြ၀တီမြို့တွင် သွားလာရောက်ဝယ်ယူနိုင်ခြင်း မရှိခဲ့သည့်အတွက် မိသားစု စားဝတ်နေရေး ထိခိုက်ခဲ့ရသည်ဟု သူက ဆက်ပြောသည်။
ဂိတ်ပိတ်ထားသည့် ကာလတွင် ဂိတ်များကို ဖြတ်သန်းသွားလာသည့် ကားများကို ပိတ်ထားပြီး လူကိုသာ ခြေလျင်ဖြင့် ဖြတ်သန်းသွားလာ ခွင့်ပြုသည်ဟု သိရသည်။
တဆက်တည်း၌ပင် အဆိုပါ ထုတ်ပြန်ချက်အရ ဗိုလ်ချုပ်စောလားပွယ်အား စွပ်စွဲခြင်းအပေါ် တုန့်ပြန်သည့်အနေဖြင့် ထိုင်းနှင့် မြန်မာနိုင်ငံ ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Drug Enforcement Administration-DEA ကိုလည်း ကလို့ထူးဘော အခြေစိုက်ရာ ဒေသတွင်းသို့ လာရောက် စစ်ဆေးမေးမြန်းရန် ဖိတ်ခေါ်ကြောင်း ပါရှိသည်။
ထိုကြေညာချက်တွင် ဗိုလ်ချုပ်စောလားပွယ်အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ခြင်း မရှိသည့်အတွက် ထိုင်းနိုင်ငံသို့ သွားရောက် အစစ်ဆေးခံရန် မဖြစ်နိုင်ကြောင်းလည်း ၎င်းတို့၏ သဘောထားကို ထည့်သွင်းဖော်ပြထားသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည်ဟု ထိုင်းအစိုးရ၏ စွပ်စွဲချက်ကို တုန့်ပြန်သည့်အနေဖြင့် ဗိုလ်ချုပ်စောလားပွယ်သည် ၎င်း၏ ကလို့ထူးဘောဌာနချုပ်(ကော်သူးမွဲခီး) ဆုံဆည်းမြိုင်တွင် ယမန်နေ့က ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ယခုလို ကြေညာ ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KNLA ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီးမိုးဖြူ ကွယ်လွန်

မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးမှူး ဒုတိယတန်းအဆင့်ရှိသူ ဗိုလ်မှူးကြီးစောမိုးဖြူ ၆၂နှစ်သည် ယနေ့မွန်း လွဲ ၁း၄၅နာရီအချိန်တွင် ဆီးချိုရောဂါဖြင့် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ကွယ်လွန်သွားခဲ့သည်။
KNLA မှ စစ်ဦးစီးမှူး တတိယတန်း(G-3) ဗိုလ်မှူးတာမလာသောက “G-2 ဗိုလ်မိုးဟာ ရိုးသားတယ်။ ကြိုးစားတယ်။ တာဝန်သိတယ်။ ရဲဘော်တွေကို အထက်အောက် မခွဲခြားဘဲ ဆက်ဆံတတ်တဲ့သူ ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
သူသည် မွေးချင်းမောင်နှမ သုံးဦးအနက် ဒုတိယမြောက်ဖြစ်သလို မိဘမျိုးရိုးမှာ ငွေကြေးချမ်းသာသူများဖြစ်ကြောင်းကို ငယ်စဉ်က ကျောင်းနေဖက် ဖြစ်ခဲ့သူ ကရင်အမျိုးသမီးအစည်းအရုံးမှ ကျန်းမာရေးတာဝန်ခံ နော်မြိုင်ဖိုးက ယခုလို ပြောသည်။
“သူ့မှာ အမနဲ့ညီမ ရှိတယ်။ ကျောင်းပြီးတာနဲ့ တော်လှန်ရေးထဲကို သူ တခါတည်း ၀င်လုပ်လိုက်တာနဲ့ သူ့အမ အင်ဂျင်နီယာဆို အလုပ်ပါ ပြုတ်သွားတယ်။ သူ့မောင် တောခိုလို့လေ”ဟု ဆိုသည်။
ဗိုလ်မှူးကြီးမိုးဖြူသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကြိုးဝိုင်းရွာသားဖြစ်ပြီး ၁၉၇၅ခုနှစ်၊ မတ်လ ၁ရက်တွင် ကရင့်တော် လှန်ရေးသို့ KNU သထုံခရိုင်၊ တပ်မဟာ(၁)မှ စတင် ၀င်ရောက်ခဲ့သည်။
စီးပွားရေးပညာဖြင့် ဘွဲ့ရရှိခဲ့သူ ဗိုလ်မှူးကြီးမိုးဖြူသည် ပြီးခဲ့သည့် ဧပြီလ ၄ရက်နေ့မှ ၁၁ရက်နေ့အထိ မြန်မာအစိုးရနှင့် ပြည်ထောင်စုအ ဆင့် သွားရောက်ဆွေးနွေးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ထဲတွင် ပါဝင်ခဲ့သူဖြစ်သည်။
၎င်း၏ဈာပနကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် တပ်မဟာ(၇)နယ်မြေတွင် လာမည့် တနင်္လာနေ့ (မေလ ၁၄ရက်နေ့)တွင် ပြုလုပ်ပေးသွားမည်ဟု ကေအဲန်ယူအသိုင်းအ၀ိုင်းထံမှ သိရသည်။

Thursday 10 May 2012

KNU questions role of Govt’s business linked ‘peace talk’ advisors

May 10 |
Business men at peace talk
The Karen National Union (KNU) are to ask the Burma Government to clarify the role of business groups involved as advisors in the ‘peace talk’ negotiations. The KNU has questioned the motives of the business advisors involvement in the ceasefire talks after concerned Karen people raised questions about the potential of a conflict of interest.
Karen observers said some of the peace mediators are retired senior army officers turned businessmen and have close link to the government. The Karen observers pointed out that the main concerns centred around the role of the Dawei Princess Company and a Rangoon based, non-profit organization known as Myanmar Egress.
Myanmar Egress is made up of businessmen and academics with close association to the former military regime. Its President, Tin Maung Thann, is also the Vice President of the Myanmar Fisheries Federation, and Vice President, Hla Maung Shwe is the Vice President of the Myanmar Federation of Chamber of Commerce and Industry.
The KNU acknowledged that they unsure about the role or motives of the business group ‘peace mediators’. The KNU’s General Secretary, Naw Zipporah Sein, told Karen News.
“We don’t know exactly what their roles are, but I think the government uses them as advisors. Myanmar Egress acts as an advisor to the government, but the government has not yet officially explained its role to the KNU.”
Naw Zipporah Sein explained that the Dawei Princess Company has been involved in the peace process negotiations since the beginning.
“The Dawei Princess Company made the first contact to the KNU and initiated the meeting between the KNU and the Government at the federal level with Railway’s Minister, U Aung Min.”
The Dawei Princess Company, is also known as Hein Yadana Moe – a sub-contractor on the $60billion Dawei Special Economic Zone in Southern Burma. It is has received concessions to log in the KNU controlled Tavoy District, Tenasserim Division. The company has strong links to the military and it is headed up by business tycoon, U Ko Ko Maung, its managing director is Colonel U Ngwe Soe.
Karen News is led to understand from a KNU source that the Dawei Princess Company provided financial contributions to the ‘peace talks’ and also paid for the setup and the running cost of the KNU liaison office in Dawei (Tavoy) town.
The KNU’s, Naw Zipporah Sein said.
“We know that they paid for the expenses associated with the peacetalks, we cannot make a decision yet until we discuss and clarify with the government about their (business groups) roles and who is responsible for the financial contributions use to pay for the expenses involved in the peace process. The KNU sees the peace process is related directly to the government and they have the responsibility to pay for the expenses involved. If any business group contributes to the peace process expenses it has to come through the government and the government makes these arrangements by themselves, we are not involved.”
Concerned Karen observers say both Myanmar Egress and the Dawei Princess Company were not only involved in the mediation between both sides, but also were involved in the negotiation process.

Tuesday 8 May 2012

၂၀၁၀ X2O မဏ္ဍပ် ဗုံးကွဲမှုဖြင့် စွပ်စွဲခံရသူကို သေဒဏ်ချလိုက်


ချင်းမိုင် (မဇ္ဈိမ) ။        ။ ၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲ၏ တရား စွဲဆိုခြင်း ခံခဲ့ရသူ ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ အင်္ဂါနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု ကိုဖြိုးဝေအောင်၏ ရှေ့နေ ဦးကျော်ဟိုး က မဇ္ဈိမကို ပြောသည်။

ကိုဖြိုးဝေအောင်ကို ချမှတ်သည့် ပြစ်ဒဏ်များမှာ ကြိုတင်ကြံစည် လူသတ်မှုကို အားပေးသည့် အမှုအတွက် သေဒဏ်၊
ဖေါက်ခွဲမှုကို အားပေးသည့်အမှုအတွက် ထောင်ဒဏ် တသက်တကျွန်း၊ အပြင်းအထန် နာကျင်စေမှုကို အားပေးသည့် အမှုအတွက် ထောင်ဒဏ် ၁ဝ နှစ်၊ မတရားသင်းနှင့် ဆက်သွယ်မှုအတွက် ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံအတွင်း တရားမဝင်
ပြန်လည်ဝင်ရောက်လာမှုအတွက် ထောင်ဒဏ် ၃ နှစ်တို့ ဖြစ်သည်ဟု ဦးကျော်ဟိုးက ပြောသည်။

“အဲဒီအမှုတွေကို တပေါင်းတည်း ပေါင်းပြီးတော့ ကျခံစေ ဆိုပြီးတော့ သေဒဏ် ချထားတယ်” ဟု ဦးကျော်ဟိုး က ပြောသည်။

အင်းစိန်ပရဝုဏ်အတွင်းရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးအောင်သိန်း၏ အဆိုပါ အမိန့်ချမှတ်မှုကို ကျေနပ်မှု မရှိဘဲ ဆက်လက်၍ အယူခံဝင်သွားမည်ဟုလည်း ဦးကျော်ဟိုး က ပြောသည်။

“ဒီအမိန့်ကိုလည်း ကျနော်တို့ မကျေနပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုဟာ မမှန်ဘူး။ မတရား ညှဉ်းပမ်းနှိပ်စက် ပြီးတော့ ယူထားတဲ့ ဖြောင့်ချက် ဖြစ်တဲ့အတွက်ကြောင့် ဥပဒေအရ တရားမဝင်ဘူးလို့ ကျနော်တို့ တင်ပြခဲ့ပါတယ်။ ဒါကို တရားရုံးက လက်မခံဘူးပေါ့ဗျာ။ ဒါကို အယူခံရုံးက လက်ခံအောင် ကျနော်တို့ ကြိုးစားရမှာပေါ့။ ကျနော်တို့ အယူခံ ကာလ ရှိသေးပါတယ်။ အယူခံကာလကို စောင့်ပြီးတော့မှ သေဒဏ် ပေးလို့ရမယ်။ ကျနော်တို့ အယူခံတင်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ကိုဝေဖြိုးအောင်ကို စွပ်စွဲဖမ်းဆီးမှုနှင့် ပတ်သက်၍ မှားယွင်းမှုများ ရှိနေနိုင်ပြီး သက်သေ အထောက်အထားများ မမှန်မကန်ရယူမှု၊ တရားမဝင် ဖမ်းဆီးမှု စသည့်အချက်များကို ထောက်ပြကာ တရားရုံးမှ
ပြန်လည်စိစစ်၍ စီရင်ချက်ချရန် မေလ ၆ ရက်နေ့တွင် အာရှ လူ့အခွင့်အရေးကော်မရှင်မှ ကြေညာချက် ထုတ်ပြန် ခဲ့သေးသည်။

အမှုမှာ ၂ဝ၁ဝ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် တွင် ဗုံး ၃ လုံး ပေါက်ကွဲသည်။ ထိုဗုံးခွဲမှု တရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ် တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာ
ကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ယခု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး)က ထိုနှစ် မေလ ၆ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ စွပ်စွဲခဲ့သည်။

ကိုဖြိုးဝေအောင်ကိုလည်း ဗုံးဖောက်ခွဲနိုင်ရေး စောင့်ကြည့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့ရုံမက VBSW အဖွဲ့ဝင်တဦး ဖြစ်သည် ဆိုသော ယူဆချက်ဖြင့် ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ
နေအိမ်သို့ ရဲများ ရောက်လာရောက် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် လူ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရကြောင်း ယခင် စစ်အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်အခြေစိုက် Inter Action အဖွဲ့ရဲ့ လူမှုထူးချွန်ဆုရ နော်ဆူဇန်နာလှလှစိုးနှင့် RFA တွေ့ဆုံမေးမြန်းခန်း

Friday 4 May 2012

အညာသားတွေညီစေသော်

ငါတို့ ကရင်ပြည်မှာ ရဲကိုဒီလို ပြန်ပြောလို့ကတော့

Thursday 3 May 2012

စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် တပ်မတော်ကဏ္ဍ အရေးပါကြောင်း KNU ပြော

မြန်မာအစိုးရ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တပ်မတော်၏ အခန်းကဏ္ဍ အရေးပါကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က ပြောဆို လိုက်သည်။
“အစိုးရရဲ့ လုပ်ဆောင်ချက်ပေါ့လေ။ မြန်မာပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင် အထည် ဖော်မယ်ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍက အများကြီး အရေးပါတယ်။ တပ်မတော်က ဒီငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ မားမားမတ်မတ် ရပ်တည်ပြီး တော့ ပါလာမှပဲ ကျမတို့ လုပ်ငန်းတွေက အနှစ်သာရ ရှိမယ်ဆိုတာကို ကျမတို့ အမြဲတန်း ပြောတယ်။” ဟု အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် နော်မေဦးက ပြောသည်။
KNU နှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပါအ၀င် ရှေ့ဆက် လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ တရပ်အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ FCCT နိုင်ငံခြား သတင်းထောက်များ အသင်း၌ ယနေ့ည (၈) နာရီတွင် ပြုလုပ်ရန် ရှိပြီး ယင်းဆွေးနွေးပွဲ မတိုင်မီ ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ်အား ဧပြီလ (၃၀) ရက်နေ့က ဖွဲ့စည်းလိုက်သည့်အပေါ် ကောင်းသည့် ခြေလှမ်း တရပ်အဖြစ် ကြိုဆိုလိုက်ပြီး လုပ်ငန်း အောင်မြင်စေရန် နှစ်ဖက် ဆွေးနွေးချက်များက အဓိကဖြစ်သည် ဟုလည်းဆိုသည်။
တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် KNU အပါအ၀င် အခြား လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များက အစိုးရထံ တောင်းဆိုထားပြီး လက်ရှိ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းသင့်သည်ဟုလည်း နော်မေဦးက ပြောသည်။
“ကျမတို့ အားလုံး နားလည်ထား တာက မြန်မာပြည်မှာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်မယ်ဆိုရင် မြန်မာပြည် ဘယ်ဒေသမှာမှ စစ်ဖြစ်နေလို့ မရဘူး။ နည်းနည်းပဲ ဖြစ်ဖြစ်၊ သေးသေးပဲ ဖြစ်ဖြစ်၊ ကြီးကြီးပဲ ဖြစ်ဖြစ် မြန်မာပြည်ရဲ့ တစိတ် တဒေသမှာ စစ်ဖြစ်နေတယ်ဆိုရင် မြန်မာပြည်မှာ စစ်ဖြစ်တာပဲ။ ကျမတို့ အဲလိုပဲ ယူဆတယ်။”


ထို့အပြင် KNU အနေဖြင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရုံနှင့် ငြိမ်းချမ်းရေး ရပြီဟု မယူဆနိုင် သေးသလို ကျန်ရှိနေသည့် လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အစိုးရနှင့် ထပ်မံ ဆွေးနွေးသွားမည်ဟုလည်း ဆိုသည်။ သို့သော် ဆွေးနွေးမည့် နေ့ရက် မသတ်မှတ်ရ သေးကြောင်း ၎င်းက ဆက်ပြောသည်။
ကရင် အမျိုးသား အစည်းအရုံး KNU သည် မြန်မာအစိုးရအား နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင် တိုက်ပွဲ ၀င်ခဲ့ရာမှ ယခုနှစ် ဇနန္န၀ါရီလက ပထမဆုံးအကြိမ်အဖြစ် ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။
ထို့အပြင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အဖွဲ့နှင့် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရေးကို ဧပြီလ (၆) ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟော်တယ်တွင် ပြုလုပ်ခဲ့ပြီး အဓိက ပြည်သူလူထုနှင့် သက်ဆိုင်သည့် အချက်(၆) ချက်အား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

Wednesday 2 May 2012

KIA မှ အစိုးရစစ်ရဟတ်ယာဉ် ၁ စင်း ပစ်ချ၊ ၃ စင်း ပျောက်ဆုံး


ဧပြီ ၃၀၊ တနင်္လာနေ့က မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ စစ်ရဟတ်ယာဉ် ၂ စင်းသည် နယ်ခြားစောင့်တပ် ၁၀၀၁ အခြေစိုက်စခန်း ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ် ပန်ဝါမြို့အနီးသို့ စစ်ကူအဖြင့် ရောက်ရှိလာစဉ် KIA တပ်ဖွဲ့၏ လေယာဉ်ပစ် စက်သေနတ်များဖြင့် ပစ်ခတ်ခံရသည်ဟု ဆိုသည်။

ရဟတ်ယာဉ် ၁ စင်း ပျက်ကျသွားသည်ကို အတည်ပြုနိုင်ခဲ့သော်လည်း ကျန် တစင်းလည်း မြစ်ကြီးနား အခြေစိုက်စခန်းသို့ ပြန်ရောက်လာခြင်း မရှိဟု အဆိုပါသတင်းရပ်ကွက်က ဆိုသည်။

နောက်ထပ် မေ ၁ ရက်၊ ယနေ့တွင် မြစ်ကြီးနားမှ စစ်ရဟတ်ယာဉ် ၄ စင်း ပန်ဝါသို့ ရောက်လာစဉ် အသင့်စောင့်ကြိုနေသော KIA စစ်သားများ၏ ပစ်ခတ်ခံရပြီး ပြန်လှည့်သွားကြသည်ဟု ပန်ဝါ KIA ရှေ့တန်းသတင်းကဆိုသည်။ ၎င်းအနက် ၂ စင်းမှာ မူရင်း အခြေစိုက်စခန်းသို့ ရောက်လာခြင်း မရှိ ပျောက်ဆုံးနေသည်ဟု ရှေ့တန်းမြန်မာစစ်တပ်သတင်းရပ်ကွက်က ဆိုသည်။

မြန်မာ့တပ်မတော်သည် ယခုချိန်ထိ (၁၀) လ ကျော် KIO/KIA အား ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ဆင်ရေးပြုလုပ်လာရာ မည်သည့်အခါမှ ၎င်းတို့စစ်သားများ သေဆုံး ထိခိုက်ဒဏ်ရာရ ကိန်းဂဏန်းကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိပေ။

Tuesday 1 May 2012

စစ်အစိုးရ၊ လက်ရှိအစိုးရနှင့် NLD လွှတ်တော်တက်ရေး

 (အောင်လင်းထွဋ်)

စစ်ဗိုလ်ချုပ်တို့ အနေဖြင့် ပြည်တွင်း ပြည်ပ နိုင်ငံရေး အကြပ်အတည်းဖြစ်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်ပြီး နိုင်ငံရေးအမြတ် ထုတ်လေ့ရှိသည်ကို အထူးအထွေ မတင်ပြလိုတော့ပါ။ သို့သော် အ တိတ်က သမိုင်း ကြောင်းများကို ဆင်ခြင်ပြီး NLD ဆက်လက် လျှောက်လှမ်း နိုင်ရန် စာရေးသူ သိရှိခဲ့ သမျှ တင်ပြ အပ်ပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထားပြီး စစ်တပ်ကျောထောက်နောက် ခံ ပြုထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နိုင်လိမ့်မည် သို့မဟုတ် အပြတ် အသတ် မရှုံးနိုင်ဟု စစ်ဗိုလ်ချုပ်များ တွက်ချက်ကာ လွတ်လွတ် လပ်လပ် ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အပြတ်အသတ်နိုင်ခဲ့သဖြင့်NLDအာဏာရှိလာလျှင် တော့ဒုက္ခ ရောက် ရ တော့မည်ဟု စစ်ဗိုလ် ချုပ်ကြီး ငယ်တို့ စိုးရိမ် ခဲ့ကြသည်။