Tuesday, 5 February 2013

အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် လေ့လာ သူအဖြစ် ကေအဲန်ယူ တက်ရောက်ခဲ့

ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၁၃ ခုနှစ်၊ စဖန်းရှောင်း (ကေအိုင်စီ)
မြန်မာအစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့-KIO တို့ အကြား ယမန်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့၌ ငြိမ်းချမ်းရေးအတွက် အကြိုတွေ့ဆုံဆွေးနွေးခဲ့ရာ တွင် KNU မှ ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့က လေ့လာ သူအဖြစ် တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မှုတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း တို့ တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး KNU သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ခုဖြင့် ဖွဲ့ စည်းထားသည် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ-UNFC ၏ အဖွဲ့ဝင်လည်း ဖြစ်သောကြောင့် ထိုသို့ သွားရောက်ခြင်းဖြစ်ကြောင်း KNU တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက ပြောသည်။
KNU တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက “UNFC အဖွဲ့ဝင် တိုင်းရင်းသားအားလုံးကတော့ ဒီကိစ္စမှာ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ တာဝန်ရှိပါတယ်။ နောက်ပြီးကချင်ဘက်ကလည်း အဖွဲ့ဝင်တိုင်းရင်းသား အင်အားစုတွေအနေနဲ့ လေ့လာသူအဖြစ် ပါဝင်ပေးဖို့ လိုလားတယ်လေ။ အဲဒါကြောင့် KNU က တက်ရောက် တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KIO ဘက်မှ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်နှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် အပါအ၀င် ကိုယ်စားလှယ် ၅ ဦးနှင့် အစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်း ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် ဆွေးနွေးပွဲတွင် လေ့လာသူအဖြစ်တက်ရောက်သော KNU အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံ ခြားရေးရာ ၀န်ကြီးဌာနမှ သံအမတ်ကြီး Mr. Luo Zhaohui၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)မှ ဗိုလ်မှူးချုပ်စိုင်းလူနှင့် အဖွဲ့ဝင် ၂ ဦး၊ ဦးဟန်ညောင်ဝေ၊ ဦးဗစ်တာဗျက်လျန်တိုမှ သက်သေများ အဖြစ် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
၎င်းဆွေးနွေးပွဲအပြီးတွင် အစိုးရနှင့် ကေအိုင်အိုတို့မှ အချက် ၄ ချက်ပါသည် ပူးတွဲကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ကြေညာချက်အရ ကေအိုင်အိုအနေဖြင့် UNFC နှင့် ဆွေးနွေးညှိနှိုင်း၍ ဖေဖော်ဝါလမကုန်မှီ အစိုးရအား ထပ်မံဆွေးနွေးရန်၊ နှစ်ဖက်အကြား ခိုင်မာသည့်အပစ်ရပ်စဲရေးကို အမြန်ဆုံးအကောင်အထည် ဖော်ရန်တို့ ပါဝင်သည်။
ကချင်ဒေသတွင် ၂၀၁၁ခုနှစ်၊ ဇွန်လမှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီးနောက် ကေအိုင်အိုနှင့် အစိုးရစစ်တပ် တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာတွင် KNU အပြင် အခြားသော အဖွဲ့အစည်းများ မှ ခေါင်းဆောင်များက အသိသက်သေအဖြစ် ပါဝင်လာခြင်းမှာ ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်သည်။

Tuesday, 29 January 2013

KIA နှင့် သမ္မတ၊ လွှတ်တော်တို့အကြား ချောင်ပိတ်မိနေသော တပ်ချုပ်

စည်းလုံးခြင်းရဲ့အင်အားမှ
သိန်းစိန်၊ မင်းအောင်လှိုင်နဲ့ ဂမ်ရှောင်
တိုင်းမှူး/ တပ်မမှူး လေးလပတ် အစည်းအဝေး ပြုလုပ်ခဲ့တုန်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စင်္ကာပူနှင့် မလေးရှား နိုင်ငံခြား ခရီးစဉ် ရှိ၍ လွှတ်တော်မှ တိုက်ပွဲ အခြေအနေအား တောင်းဆိုလာမည့် အသံနှင့် ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး တပ်အသစ် ထပ်ထည့်ခြင်း၊ တပ်လဲလှယ်ခြင်း ဆက်လက် ပြုလုပ်သွားရန် မှတ်ချက်ပေးခဲ့ကြောင်း စစ်ရုံးနဲ့ နီးစပ်သူများက သတင်းပေးပို့လာပါသည်။ KIA နှင့် တပ်မတော် ရင်ဆိုင် တိုက်ပွဲများတွင် စစ်မျက်နှာ အခင်းအကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(၁) ကချင်ပြည်နယ် အိမ်ရှင်တပ်မများဖြစ်သော မိုးကောင်းအခြေစိုက် အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းလက်အောက်ရှိ တပ်ရင်း ၄၆ ရင်းအပြင် စစ်ကိုင်း -ရွာထောင် အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၊ မကွေးတိုင်းဒေသကြီး မကွေး အခြေစိုက် အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်၊ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာအခြေစိုက် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူအခြေစိုက် အမှတ် (၁ဝ၁) ခြေမြန်တပ်မ ဌာနချုပ်များနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းလက်အောက်ခံ တပ်ရင်း ၁ဝ ရင်း (ဖားကန့်ဒေသ စိုးမိုး လှုပ်ရှားနေသည်။) အပါအဝင် ခြေလျင်ခြေမြန်တပ်ရင်း စုစုပေါင်း ၉၆ ရင်းဖြင့် ကေအိုင်အေအား ထိုးစစ်ဆင်တိုက်ခိုက်နေလျက်သည်။ မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ကုန်းကြောင်း၊ လေကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည့် အပြင် အမြောက်တပ်မ ဌာနချုပ်များမှလည်း ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများနှင့် ၁၂၀ မမ စိန်ပြောင်းကြီးများ တို့ဖြင့် ပိုက်စပ်တိုက် ပစ်ခတ်လျက် ရှိပါသည်။
ကချင် လွတ်မြောက်ရေး တပ်မတော်မှ စစ်သည် တစ်ဦး ကင်းလှည့်နေပုံ (ဓာတ်ပုံ - http://pulitzercenter.org)
(၂) မြန်မာနိုင်ငံ အခြား စစ်မျက်နှာများရှိ တပ်ဖြန့်ထားသော အခင်းအကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) အိန္ဒိယနယ်စပ်တလျှောက် ပြည်ပရန်ကာကွယ်ရန် အရန်တပ်မအင်အား မထားဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖြတ်တောက် ပိတ်ဆို့စစ်ဆင်ရန် စကခ (၁ဝ) ကို ကိုးကန့် - လောက်ကိုင်ဒေသသို့ စေလွှတ် ပို့ဆောင်ထားသည်။ မြန်မာပြည် အလယ်ပိုင်း ဧရာဝတီနှင့် ချင်းတွင်း တကြောအထိ အရန်တပ်မ မရှိ ဖြစ်နေသည်။
  • (ခ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အရန်တပ်မ အဖြစ်ထားလေ့ရှိသော တမခ (၁၁) အား အရန်တပ်မ အဖြစ်မထားနိုင်တော့ဘဲ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေး တာဝန် ထမ်းဆောင်နေသည့် တမခ (၆၆) ဖြင့် လဲလှယ်ရန် စီစဉ်နေသည်။
  • (ဂ) ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးဝင်နေသည့် တမခ (၇၇) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသအတွင်း စစ်ဆင်ရေး ဝင်နေသည့် စကခ (၁ဝ) အား အနားပေး လဲလှယ်အစားထိုးရန် အရန် တပ်မ မရှိ ဖြစ်နေသည်။
(၃) ကချင်ပြည်နယ် စစ်ဆင်ရေးသို့ အစားထိုး လဲလှယ်နိုင်သော တပ်မများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအရေးအခင်း တည်ငြိမ်မှုမရှိသေးသော်လည်း အရန် တပ်မမရှိ၍ ကျောက်တော် အခြေစိုက် စကခ (၉) အား ကချင်ပြည်နယ် စစ်ဆင်ရေးသို့ စေလွှတ်ရန် ပြင်ဆင်နေသည်။
  • (ခ) ကယားပြည်နယ်တွင် ရှိနေတဲ့ တပ်မ (၅၅) နှင့် စကခ (၇) တပ်မ (၂) ခု ရှိရာ မူလက တပ်မ (၅၅) ကို ကချင်ပြည်နယ် ထွက်ဖို့ လျာထားရာမှ စကခ (၇) ပြောင်းလဲပြီး ကချင် - ဖားကန့် ဒေသသို့ စေလွှတ်လိုက်ပြီး ဖြစ်သည်။
  • (ဂ) ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော တမခ (၈၈) သည် တနှစ်ကျော်နေပြီး တမခ (၉၉) သည် နှစ်နှစ်ရှိနေသော်လည်း အနားပေး အစားထိုး လဲလှယ်ရန် အရန်တပ်မ မရှိဖြစ်နေသည်။
ကချင် ပြည်နယ်အတွင်းရှိ မြန်မာ့ တပ်မတော်မှ စစ်သည်ရဲဘော်များ ကင်းလှည့်နေပုံ (ဓာတ်ပုံ - Kachin News Group)
(၄) မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်မှ တပ်မ (၈၈) အား KIA စခန်းကုန်းများ သတ်မှတ်ပြီး ၄င်းစခန်းများ ရမှ တပ်မ (၁၀၁) နှင့် လဲလှယ်ပေးပြီး နောက်တန်း မကွေးကို ပြန်ခိုင်းမည်ဟု ပြောသောကြောင့် တပ်မ (၈၈) မှာ ထိခိုက်ဒဏ်ရာ အကျအဆုံး များစွာဖြင့် စစ်တိုက် နေရကြောင်း သိရှိရပါသည်။
(၅) တပ်မ (၉၉) သည်လည်း စစ်ဆင်ရေး ထွက်နေသည်မှာ (၂) နှစ်နီးပါး ရှိသော်လည်း တခြား တပ်မများနှင့် မတူဘဲ (၂) ဗျူဟာ စစ်ဆင်ရေး ၀င်ပြီး (၁) ဗျူဟာ နားသည့် စနစ် ကျင့်သုံးနေပါသည်။ တပ်မ (၉၉) သည် မူလကတည်းက အကြံအဖန် ဂွင်ကောင်းသည့် ပုံသေ စစ်ဆင်ရေး နေရာကို ရထားသည့် အားလျော်စွာ အခြား တပ်မများက အသေအကြေ တိုက်နေသော်လည်း တန်းတူ အခွင့်အရေး မရသည့်အပေါ် ကျေနပ်မှု မရှိကြကြောင်း သိရှိရပါသည်။
(၆) စစ်ဆင်ရေး (၁) နှစ်ပြည့် ပြီးသော တပ်မများ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) တမခ (၄၄)/ (၆၆)/ (၇၇) - ကရင်ပြည်နယ် (ခ) တမခ (၈၈)/ (၉၉) - ကချင်ပြည်နယ် (ဂ) စကခ (၁၀) - ရှမ်းမြောက် ကိုးကန့်ဒေသ
(၇) အရံ ရှိနေသော တပ်မများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) စကခ (၆) (နေပြည်တော် အရံ မသုံးပါ)
  • (ခ) တမခ (၁၁) (ရန်ကုန်တိုင်း အရံ - ဖြစ်သော်လည်း စစ်ဆင်ရေး သွားရန် အသင့် အနေအထားဖြင့် အမိန့်စောင့်နေရပါသည်။ ရခိုင်ပြည်နယ်သို့ စေလွှတ်ထားသော တပ်မ ဆေးအဖွဲ့ များကိုလည်း ပြန်လည် ခေါ်ယူထားပြီး တပ်အားလုံးအသင့် ပြုလုပ်ရန် ညွှန်ကြားထားပါ သည်။)
  • (ဂ) ရခိုင်ပြည်တွင် မြို့တွင်း လုံခြုံရေး - စကခ (၅)၊ ဖြစ်ပြီး စကခ (၉) / (၁၅) တို့သည် နယ်စပ် ဘင်္ဂလားဒေ့ရှ် လုံခြုံရေး ယူထားသော်လည်း ၄င်းတို့အထဲမှ စကခ (၁) ခုအား ဆွဲထုတ်ကာ စစ်ဆင်ရေး သွားခိုင်းမည်ဟု သိရပါသည်။
  • (ဃ) တမခ (၂၂) ဘားအံတွင် အသင့်ရှိ။
(၈) တပ်မ (၆၆) နှင့် (၇၇) တို့ လစာပေးအဖွဲ့ ရှေ့တန်းသို့ တက်သွားကြောင်း ထပ်မံ သိရသဖြင့် ၂၀၁၃ ဇန်န၀ါရီလ အတွင်း နောက်တန်းသို့ ပြန်လည် အနားယူရန် မဖြစ်နိုင်တော့ကြောင်း စစ်ရေး လေ့လာသူများက သုံးသပ် ပါသည်။
(၉) ပုံမှန် အနေအထားအရ ဆိုလျှင် တမခ (၁၁) (၂၂) နှင့် စကခ (၉) တို့သည် ကရင်ပြည်နယ်ထဲရှိ တမခ (၄၄) (၆၆) (၇၇) တို့အား လဲလှယ်ရမည် ဖြစ်သော်လည်း ယခုအထိ စစ်ဆင်ရေး အမိန့်မလာဘဲ Stand By သာ ထားသောကြောင့် လိုအပ်လျှင် ကရင်ပြည်နယ်သို့ မသွားနိုင်ဘဲ ကချင်ပြည်နယ် KIA စစ်မျက်နှာသို့ စေလွှတ်ရန် ရည်ရွယ်သည်ဟု ယူဆရပါသည်။
(၁၀) သို့သော်လည်း ကရင်ပြည်နယ်ရှိ တပ်မ (၃) ခုမှာလည်း (၁) နှစ် ပြည့်၍ လဲလှယ်ရမည် ဖြစ်ရာ ကချင်သို့ ကြားဖြတ်ခိုင်းရန် တပ်ချုပ်အနေဖြင့် အခက်အခဲ ဖြစ်နိုင်သည်ဟု ယူဆပါသည်။
(၁၁) ထွက်ပေါက်တခု ရှိနိုင်သည်မှာ ရှမ်းမြောက်မှ စကခ (၁၆) မှ တပ်များမှ ထုတ်နှုတ်ပြီး ကချင်သို့လည်း စေလွှတ်ရနိုင် သည်ဟု ယူဆပါသည်။ ထို့အပြင် တချို့ ဒကစများမှာ တပ်မအသွင် စစ်ဆင်ရေး လှုပ်ရှားခဲ့ဖူးသဖြင့် နယ်မြေ အေးချမ်းတည်ငြိမ်ပါက နီးစပ်ရာ တပ်မ ဌာနချုပ်များနှင့် ဧရိယာ ပြောင်းလဲခြင်းသော်လည်းကောင်း၊ တိုက်ရိုက် ကချင်ပြည်နယ်သို့ လည်းကောင်း စေလွှတ်နိုင်သည်ဟု ယူဆပါသည်။
(၁၂) စကခ (၁၀) အား လဲရန် တပ်မအား စီစစ် ဖေါ်ထုတ်ဆဲ ဖြစ်ပါသည်။
(၁၃) ကရင်ပြည်နယ် ဖာပွန် စစ်ဆင်ရေးမှ ကျွံဝင်လာသော တမခ (၄၄) ၏ ရိက္ခာများအား KNU မှ ဖျက်ဆီးထားနိုင်သဖြင့် ၄င်းတို့သည် ကရင်ပြည်နယ်ရှိ တပ်မများကို ထုတ်နှုတ်ပြီး ကချင်သို့ စေခိုင်းရန် မဖြစ်နိုင်တော့ကြောင်း သုံးသပ်ပါသည်။
တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး Madam Fu Ying ဦးဆောင်သော အထူး ကိုယ်စားလှယ်အဖွဲ့အား သမ္မတ ဦးသိန်းစိန်မှ လက်ခံ တွေ့ဆုံ (ဓာတ်ပုံ - သမ္မတရုံး ၀က်ဘ်ဆိုဒ်)
(၁၄) တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင် အနေဖြင့် တပ်မတော်၏ မူဝါဒ သဖွယ် ဖြစ်သော တပ်မများကို (၁) နှစ်ကျော်သည်အထိ တာဝန်ပေး ခိုင်းစေခြင်း မပြုရ ဟူသော ညွှန်ကြားချက်ကို သွေဖီပြီး မျက်စိမှိတ် ခိုင်းနေသည့် သဘော ဖြစ်နေပါသည်။ ကချင် ပြည်နယ် တွင် KIA နှင့် ဖြစ်ပွားနေသည့် စစ်ဆင်ရေး ကနဦးပိုင်းမှာ တပ်မတော်မှ ဦးကျိုးနေသဖြင့် ဂုဏ်သိက္ခာကျဆင်းလျက် ရှိရာ ယခုအခါ လေတပ် အမြောက်တပ် အင်အားများကိုပါ သုံးစွဲပြီး ကျားနာခဲလျက် ရှိပါသည်။ သို့ရာတွင် လွှတ်တော်မှ ပြင်းထန်သည့် တောင်းဆိုချက်/ လေသံများ ပေါ်ထွက်လာသကဲ့သို့ တရုတ်နိုင်ငံမှလည်း သံတမန် အသုံးအနှုန်း မောက်မာသည့် စကားလုံးများ မကြုံစဖူး ထွက်ပေါ်လာပါသည်။ အထူးသဖြင့် တရုတ် နယ်စပ်ထဲသို့ အမြောက်ကျည်များ ကျရောက်နေခြင်းနှင့် KIA နှင့် အမျိုးအနွယ် နီးစပ်သည့် ယူနန်ပြည်နယ်မှ တရုတ်လူမျိုးများ၏ အကျိုးစီးပွား ထိခိုက်နေခြင်းအပေါ် တရုတ်အစိုးရက ဒေါသတကြီး ဖြစ်နေပုံ ရပါသည်။ မကြာသေးခင်က အထူးသံတမန် တရုတ် ဒုနိုင်ငံခြားရေး ၀န်ကြီး သမ္မတ ဦးသိန်းစိန် သို့ လာရောက် တွေ့ဆုံခဲ့သည့်အပေါ် သမ္မတနှင့် တပ်ချုပ် မျက်နှာပျက်ရမည့် အနေအထားမျိုး ကြုံတွေ့နိုင်ပါသည်။ ပိုပြီး ဆိုးဝါးသည်မှာ လိုင်ဇာမြို့ထဲသို့ အမြောက်ကျည်ကျ၍ အရပ်သားများ သေဆုံးခြင်းအပေါ် နိုင်ငံတကာမှ ကန့်ကွက်သည့် လေသံများ ထွက်ပေါ်လာပါသည်။ အစိုးရမှ တရားဝင် အပစ်ရပ်ခိုင်းသည့်အပေါ် တပ်မတော်မှ ဆက်လက် တိုက်ခိုက်နေခြင်းသည်လည်း သမ္မတ အမိန့်အပေါ် တပ်ချုပ်က အပြည့်အ၀ လေးစား လိုက်နာခြင်း မရှိသည့် အသွင်သဏ္ဍာန် မျိုး ပေါ်ထွက်နေပါသည်။ ထို့ကြောင့် တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် လွှတ်တော်နှင့် သမ္မတတို့၏ ငြိုငြင်ခြင်းကို ခံရဖွယ် ရှိပြီး ထွက်ပေါက်အနေဖြင့် KIA ကသာ ဇန်န၀ါရီလတွင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာမှသာ ရှိနိုင်ကြောင်း၊ KIO သည် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တစ်ဖွဲ့ တည်းမဆွေးနွေးဘဲ UNFC ဆုံးဖြတ်ချက် အတိုင်း UNFC တွင်သာ ဆွေးနွေးလိုကြောင်း ပြန်ကြားချက်သည် ကာချုပ် မင်းအောင်လှိုင်အတွက် အခက် တွေ့စေကြောင်း စစ်ဘက်နီးစပ်သူများက လေ့လာ သုံးသပ် တင်ပြ သွားပါသည်။

Tuesday, 15 January 2013

ကချင်အရေး ဗြီတိသျှပါလီမန်တွင် အဆိုတင်သွင်း

Early day motion 909

WAR IN KACHIN STATE, BURMA

  • Session: 2012-13
  • Date tabled: 14.01.2013
  • Primary sponsor: Vaz, Valerie
  • Sponsors:
    • Bottomley, Peter
    • Bruce, Fiona
    • Russell, Bob
That this House condemns the Burma Army's military offensive against the ethnic Kachin; expresses grave concern over the recent use of aerial bombardment in the offensive; notes with serious concern the significant escalation in the conflict, including a major increase in Burma Army troops and use of landmines on the frontlines; further condemns the continuing use of rape as a weapon of war; expresses serious concern about the displacement of over 100,000 people and the humanitarian crisis developing as a result of restrictions imposed by the government of Burma on international aid to the affected areas; calls on the government of Burma to stop attacks immediately and to engage in a meaningful political dialogue with the Kachin Independence Organisation to establish a peace process; further calls on the Government to respond to the urgent humanitarian needs arising from the conflict by increasing humanitarian assistance to internally-displaced people in Kachin State via local community organisations on the ground; and further calls on the Government to work within the EU to halt relaxation of economic sanctions and new trade and investments in Burma if there is not an immediate cessation of attacks.

Sunday, 6 January 2013

Friday, 4 January 2013

ကချင်အရေး KNU နှင့် သမ္မတတို့ အဓိက ဆွေးနွေးဖွယ်ရှိ


သမ္မတနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့တွေ့ဆုံစဉ် ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများကို ဆွေးနွေးဖွယ်ရှိပြီး ကချင်အရေးသည် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်သည်ဟု KNU ဒုဥက္ကဋ္ဌ နောစီဖိုးရာစိန်က ပြောသည်။

သမ္မတ ဦးသိန်းစိန် (ယာ)နှင့် KNU ဒုဥက္ကဋ္ဌ နောစီဖိုးရာစိန် (အလယ်)တို့ နေပြည်တော်၌ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - AFP)
သမ္မတ ဦးသိန်းစိန် (ယာ)နှင့် KNU ဒုဥက္ကဋ္ဌ နောစီဖိုးရာစိန် (အလယ်)တို့ နေပြည်တော်၌ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - AFP)
“အဓိကအချက်က အခုဖြစ်ပျက်နေတဲ့ ကချင်ကိုတိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့အတွက် ဒါတွေဆွေးနွေးမှုတွေရှိမယ်။ ဒါက အရေးကြီးတဲ့အချက်ဖြစ်နေတယ်။ ခုသွားတဲ့ အဖွဲ့တွေ ဒါကို တင်ပြလို့ ရှိရင် တခုခု
ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်တယ်” ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုကြောင့် ကရင်အမျိုးသားအစည်းအရုံးမှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်နှင့် ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းတို့ ပါဝင်သော အဖွဲ့သည် ကြာသပတေးနေ့ နံနက်ပိုင်းအတွင် နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်သည်။

KNU ခေါင်းဆောင်များ၏ နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင်  “တိုင်းရင်းသားဒေသများတွင်
ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲရန်နှင့် အဓိပါယ် ပြည့်ဝသော ငြိမ်းချမ်းရေးဆွေးနွေးမှု ရောက်ရှိနိုင်ရန် ဆွေးနွေး
သွားမည်ဖြစ်ကြောင်း” ဖေါ်ပြပါရှိသည်။

တွေ့ဆုံဆွေးနွေးမှုများကို အဖွဲ့အတွင်း ပြန်လည် ဆွေးနွေးညှိနိုင်းခြင်းနှင့် ပြည်သူလူထုများအတွင်း ထုတ်ပြန်သွား
မည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

နှစ်ပေါင်း ၆၀ ကျော်ကြာ အစိုးရအဆက်ဆက် လက်နက်ကိုင်တော်လှန်ခဲ့သော KNU သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ခြင်း ဖြစ်သည်။