Monday, 1 April 2013

ဟုတ်၍ ကျော်သော MPC ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ

မောင်နိုင်အောင် (အမိမြေ)
ဧပြီ ၁၊ ၂၀၁၃ မိုးမခ
ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။

ဒီသတင်းများဟာ တစ်ဖက်သတ်စွပ်စွဲချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မနာလိုသူများရဲ့ ဝေဖန်ချက်များအဖြစ် တုံ့ပြန်ဖြေရှင်းနေ သော်လည်း အတွင်းသိများရဲ့ ဖောက်သည်ချမှုကြောင့် MPC ရဲ့ ငွေကြေးရယူသုံးစွဲမှုများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းကိုတော့ အငြင်းပွားဖွယ်ရာမရှိ မြင်တွေ့နေရပါတယ်။

ပထမအကြိမ်မြောက် ကရင်ရေးရာ အစည်းအဝေး စတင်ကျင်းပခြင်း

မတ်လ ၂၉ ရက်၊ ၂၀၁၃ ခုနှစ်။ (ကေအိုင်စီ)
Photo-Susanna Soe facebookပထမအကြိမ်မြောက် ကရင်ရေးရာအစည်း အဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့မြန်မာစံတော်ချိန် မနက် ၈နာရီ အချိန်တွင် ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၃) ရပ်ကွက်ရှိ ဇွဲကပင်ခန်းမ၌ စတင်ပြုလုပ် ကျင်းပ ခဲ့သည်။
၎င်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာအစိုးရ သမ္မတရုံးရေးရာ ၀န်ကြီး ဦးအောင်မင်း အပါအ၀င် မြန်မာငြိမ်းချမ်း ရေးစင်တာ-MPC အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ဒေသများနှင့် ကရင်စာပေ အဖွဲ့အစည်း အသီး သီးမှကိုယ်စားလှယ်များ စုစုပေါင်း၅၀၀ နီးပါး တက်ရောက်ခဲ့ကြသလို တောင်ကလေး ဆရာတော်ဦး ပညာသာမိကလည်း သ၀ဏ်လွှာပေးပို့ခဲ့သည်။
ဖွင့်ပွဲအပြီးတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဇွဲကပင်ခန်းမ မှ ပြန်လည်ထွက်ခွားသွားခဲ့ကြပြီး ကရင်ရေးရာ အစည်းအဝေးကို စတင်ကျင်းပခဲ့ရာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မြန်မာပြည် အထက်ပိုင်းမှ ကရင်လူမှုရေး၊ နိုင်ငံရေး စာပေယဉ်ကျေးမှု အဖွဲ့များမှ ကိုယ်စား လှယ်များ၊ အနုသုခုမအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်အဖွဲ့ ကရင်လူငယ်နှင့် အမျိုးသမီးအဖွဲ့ဝင်များ၊ ကေအဲန်ယူ အပါအ၀င် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော ကရင်လက်နက်ကိုင်အဖွဲ့များနှင့် နယ်ခြားစောင့်တပ် များ ပါဝင်ခဲ့ကြသည်။
ယခုအစည်းအဝေး၏ ဆောင်ပုဒ်မှာ ‘ကရင့်ဘ၀လှပဖို့ ညီညီညွတ်ညွတ် လက်တွဲစို့’ ဟူ၍ဖြစ်ပြီး ရည်ရွယ်ချက်မှာ စစ်မှန်တည်တံ့သော ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ကရင့်အနာဂတ်ရေးတို့အပေါ် အခြေခံကာ ဆွေး နွေးသွားသည့် အစည်းအဝေးဖြစ်သည်။
အစည်းအဝေးသဘာပတိ ဘဒ္ဒန္တ အရှင်စန္ဒာဝရက “ကရင်ရေးရာ အစည်းအဝေးပွဲမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေး ချက်တွေကို ဒီရရှိလာတဲ့အချိန်လေးမှာ တန်ဖိုးရှိရှိ အကျိုးရှိရှိ ထိထိမိမိ လိုရင်တိုရှင်း ဆွေးနွေးတင်ပြ စေချင်ပါတယ်။
ဒါမှသာ အားလုံးကို လေးစားရာရောက်ပြီး ကရင်လူမျိုးရဲ့ စည်းလုံးရေး၊ ငြိမ်းချမ်းရေးနဲ့ လှပတဲ့ အနာဂတ်ကို ဖော်ဆောင်ပေးမယ့် သမိုင်းတွင်မယ့် ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်”ဟု မြွက်ကြားပြောဆိုသည်။
အစီအစဉ်အရ သက်ဆိုင်ရာ အဖွဲ့ကိုယ်စားလှယ်များက ယခုအစည်းအဝေးပွဲနှင့် ပတ်သက်၍ ၎င်းတို့၏ သဘော ထားများကို တင်ပြခြင်း၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များက သဘောထားစာတမ်းများပေးပို့ခဲ့ကြရာ လက်ရှိ အချိန်သည် အပစ်အခတ်ရပ်စဲနေသော်လည်း ကရင်လူမျိုးများအတွက် ဥပဒေအရ လုံခြုံမှု မရှိသေးကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခြေခံရပိုင်ခွင့်ပြည့်ဝသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လိုအပ်ကြောင်း၊ လူ့အခွင့် အရေးချိုးဖောက်မှုများကို ကရင်လူမျိုးများက စည်းလုံးညီညွတ်စွာ တွန်းလှန်ကာကွယ်သွားရန်၊ ကရင်ဒေသရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်များ ထိန်းသိမ်းစောင့်ရှောက်ရန် စသည်တို့ ပါဝင်သည်။
မွန်းလွဲပိုင်းတွင် အစည်းအဝေး၏ ရည်ရွယ်ချက်ပါ အချက်သုံးချက်အတိုင်း အုပ်စုလိုက်ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ ကြပြီး ရရှိလာသည့် အချက်အလက် များကို မှတ်တမ်းအဖွဲ့မှ စုဆောင်းထားကာ ဒုတိယနေ့တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။
အလားတူ ညပိုင်းဆွေးနွေးပွဲကို ဖားအံမြို့ အမှတ်(၃) ရပ်ကွက်ရှိ သုမေဓါရာမ ကြားတောရ ဘုန်းကြီးကျောင်း တွင် ဆက်လက်ပြုလုပ်ခဲ့ကြပြီး အစည်းအဝေး ဒုတိယနေ့(နောက်ဆုံးနေ့)တွင် နှစ်ရက်တာ ကရင်ရေးရာ အစည်းအဝေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားမည်ဖြစ်သည်။

Friday, 29 March 2013

KNU နယ်မြေတချို့တွင် အခွန်လျှော့ကောက်

 
 
KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၇ အ၀င် ဂိတ်ဝ (ဓာတ်ပုံ – ကြယ်ပြာ / ဧရာဝတီ)

အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှစတင်ကာ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်း ချုပ်နယ်မြေတချို့ရှိ ဒေသခံများထံမှ အခွန်များ လျှော့ချ ကောက်ခံလျက်ရှိကြောင်း KNU စစ်ဦးစီးချုပ်က ပြောသည်။
“တပ်မဟာ ၇ နယ်မြေထဲမှာ အခွန်တွေကို လျှော့ချလိုက်ပါပြီ။ အရင်က လယ် ၁ ဧကကို စပါး ၅ တင်း ကောက်တာကနေ၊ အခု ၃ တင်း ခွဲပဲ ကောာက်တော့တယ်” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။
ထို့အပြင် အခြားနယ်မြေများတွင် မူလနှုန်းထားအတိုင်း ကောက်ခံသည်ဆိုသော်လည်း ၁၉၇၅ ခုနှစ်က သတ်မှတ်ထားသည့် နှုန်း ထားများဖြစ်သဖြင့် ခေတ်စနစ်နှင့်ယှဉ်လျှင် များစွာနည်းပါးသော ပမာဏဖြစ်ကြောင်း KNU အတွင်းရေးမှူး(၁) ပဒိုသောသီ က ပြော သည်။
ပဒိုသောသီက“ဒဏ်ကြေးတွေ၊ အခွန်တွေကို လျှော့ချတာ မလုပ်ပေမယ့် အရင်ခေတ်က နှုန်းတွေကိုပဲ ဆက်ပြီးသုံးဖို့ ပြီးခဲ့တဲ့ ကွန် ဂရက်မှာ ဆုံးဖြတ်ခဲ့တယ်။ ဥပမာ- ဒဏ်ကြေး ကျပ် ၁၀၀ ဆိုတာတွေကို အခုထိ သုံးစွဲနေတုန်းပါပဲ။ ဒီခေတ် နှုန်းအတိုင်း ဆိုရင် အရမ်း နည်းပါတယ်” ဟု ဆိုသည်။
KNU နယ်မြေများတွင် အခွန်ကောက်ခံမှုနှုန်းမှာ သီးနှံဖြစ်ထွန်းမှု၊ မြေဆီကောင်းမွန်မှုအလိုက် တစ်နေရာနှင့် တစ်နေရာ ကွာ ခြားချက်များရှိကြောင်းလည်း သိရသည်။
“သူတို့ အခွန်ကောက်တာမှာ စပါးထွက်နှုန်း၊ မထွက်နှုန်း အပေါ်မူတည်ပြီးတော့ ကောက်တယ်။ အရင်က တောင်ယာ ၁ ခင်းကို ဆန် ၂ တင်းနဲ့ ငွေ၂ ထောင်စီ ကောက်တယ်။ အခု အခွန်ကောက်တဲ့ ပေါ်လစီ ပြောင်းတယ်လို့တော့ ကြားထားတယ်။ ဒါပေမယ့် သေချာ မသိရသေးဘူး”ဟု ကရင် လူ့အခွင့်အရေး အဖွဲ့(KHRG) မှ တာဝန်ရှိသူ တဦး ဖြစ်သည့် ဦးစောအဲလ်ဘတ် က ဧရာဝတီ သို့ ပြောသည်။
လယ်မြေပိုင်ရှင်များထံမှ အခွန်ကောက်ခံရာတွင် အတန်းအစား ၃ မျိုး ခွဲထားပြီး အထွက်နှုန်းကောင်းသည့် ပထမတန်းစား လယ်မြေ များကို ၁ ဧက လျှင် အခွန် ၅ တင်း၊ အလယ်အလတ်တန်းစား လယ်မြေများကို ၃ တင်းခွဲနှင့် ထွက်နှုန်း နည်းပါးသည့် လယ်မြေ များကို ၁ တင်းခွဲ စီ ကောက်ခံလျက်ရှိကြောင်း အတွင်းရေးမှူး(၁)က ပြောသည်။
ထို့အပြင် အုန်းသီး၊ ဒညင်းသီးနှင့်ကြံ စသည့်သီးနှံများကိုမူ တနှစ် လျှင် ထွက်ရှိသည့် အချိန်အတွယ်အပေါ် မူတည်၍ ကောက်ခံ ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင်းရှိ ကျေးရွာများမှ ဒေသခံများသည် ပြည်တွင်းစစ်များ၊ နယ်မြေ မတည်ငြိမ်မှုများနှင့် မြေမြှုတ်မိုင်းများ ကြောင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲခြင်း၊ အစိုးရတပ်များနှင့် ကရင်လက်နက်ကိုင် တပ်များထံတွင် အခွန်နှင့် ဆက်ကြေး ပေးရခြင်းများကြောင့် နေရပ်စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေရမှုများမှာ ယခုချိန်အထိ ဖြစ်ပွားနေဆဲ ဖြစ်သည်။
“စပါးများများ ထွက်တဲ့နေရာက စပါးများများ ပေးကြတယ်။ လမ်းပန်းဆက်သွယ်ရေး ဝေးလို့ စပါးမပေးနိုင်ရင် ငွေကို အစားထိုးပြီး ပေးတယ်။ ဒါကို မသိတဲ့ပြည်သူတချို့က KNU ဆက်ကြေး လာကောက်တယ်လို့ အထင်လွဲကြတယ်။ ဒါဟာ ဆက်ကြေးမဟုတ်၊ ဓားပြတိုက်တာ မဟုတ်ဘူး။ တော်လှန်ရေးအဖွဲ့ကို ပြည်သူက ကူညီပေးတာလို့ သဘောထားဖို့ နယ်မြေဆင်းပြီး ရှင်းပြရတယ်။ ထိန်းချုပ်နယ်မြေရဲ့ ပိုင်ဆိုင်မှုက ကရင်လူထု ပိုင်ဆိုင်မှုပါပဲ”ဟု ပဒိုသောသီက ဆက်လက်ပြောဆိုသည်။
အခွန်အခများ ကောက်ခံခြင်းအား အပြည့်အ၀ ရပ်ဆိုင်းရန်အတွက်မူ လက်ရှိအချိန်တွင် မဖြစ်နိုင်သေးကြောင်း KNU စစ်ဦးစီးချုပ် ကလည်း ပြောသည်။
ဗိုလ်ချုပ်ကြီး စောဂျော်နီက“အစိုးရတပ်တွေမှာက စစ်သားတွေအတွက် လခရှိတယ်။ ရိက္ခာရှိတယ်။ ဒါကြောင့် အခွန်ကောက် စရာ မလိုဘူး။ KNU မှာက အဲဒါတွေမရှိဘူး။ အခွန်မကောက်ဘူးဆိုရင် စားစရာမရှိဘူးလေ။ ကရင်ပြည်သူလူထုလိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးပါဘူး။ ဒီတော့ ကျနော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှ အခွန်ကောက်တာတွေ လုံးဝလျှော့ချ နိုင်မယ်” ဟု ဆက်လက်ပြောဆိုသည်။
ထို့အပြင် ကရင်ပြည်နယ်အတွင်းရှိ နယ်မြေဒေသများတွင် ယခင်က နယ်မြေမတည်ငြိမ်မှုများနှင့် ထိုးစစ်ဆင်မှုများ ဖြစ်ပွားပါက လယ်ယာ လုပ်ကိုင်သူဒေသခံများ၏ လယ်ရိတ်သိမ်းချိန်ဖြစ်သည့်တိုင် ပြောင်းရွှေ့ပုန်းအောင်းရခြင်းများ၊ နယ်စပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ရခြင်းများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပဒိုသောသီက ပြောပြသည်။
“အခု စစ်မဖြစ်တော့ပါဘူး။ ဒါကြောင့် ပိုပြီးလုပ်ကိုင် စားသောက်ဖို့ အဆင်ပြေတယ်ဆိုတာ ပြောချင်ပါတယ်။ ရွှေ့ပြောင်း သွားနေ ရတဲ့လူတွေ ပြန်လာလို့ရပြီလို့တော့ အာမ မခံနိုင်သေးပေမယ့် ကျနော်တို့ကြိုးစားနေပါတယ်။ အစိုးရအပေါ်မှာလည်း မူတည်ပါတယ်”ဟု ၎င်းက ဆိုသည်။
KNU နယ်မြေများတွင် ယခင်ခေတ် နှုန်းထား ဥပဒေ အတိုင်းသာ အခွန်ကောက်ခံသွားရန် ဗဟိုက ညွှန်ကြားချက် ထုတ်ထားပြီး အောက်ခြေက ပိုမိုကောက်ခံနေပါက စစ်ဆေး အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပဒိုသောသီက ဆက်လက် ပြောဆိုသည်။

Wednesday, 20 March 2013

Myanmar Peace Center urged to disclose finances following Facebook rumour

Published on Tuesday, 19 March 2013 21:33 (Eleven Media)
 peace-fund-1.st
Minister Aung Min, MPC leader, and member Hla Maung Shwe at Ruili talks on March 11 (Photo-Nay Tun Naing/EMG)
The Myanmar Peace Center is facing mounting calls for it to publicly release its financial records, following a rumour that a center director receives an annual salary of US$120,000, but center staff said they have no authority to do so.
“We are mainly responsible for office work,” Kyaw Soe Hlaing, an administrative worker at the peace center told Eleven Media, directing further questions to presidential spokesman Ye Htut. “We have no authority to [release financial information]. We individual staff don’t have the authority as peace processes are arranged by the President’s Office,” he said.
Staff at Ye Htut’s office said they could not reply to questions from Eleven Media because he was accompanying President Thein Sein on a foreign trip.
Calls for financial transparency were sparked by a rumour on social media that a director at the center earns US$120,000 a year.
Although the director flatly denied the Facebook rumour, several leaders of armed ethnic groups as well as political analysts subsequently called on the center to disclose how much funding it receives and how this money is spent.
HOW MUCH MONEY?
EU President José Manuel Barroso announced US$900,000 in initial funding and $38.5million more this year for the Myanmar Peace Center at its opening last November. The center, which was established by an order of the president, also receives funding from Norway.

Monday, 18 March 2013

ကရင် လက်နက်ကိုင် ခွဲထွက်အဖွဲ့များ ပေါင်းစည်းရေး KNU ကြိုးပမ်းမည်

  Irrawaddy
 
ကရင်ပြည်နယ် ဖာပွန်ခရိုင် တွင် ၂၀၀၉ ခု သြဂုတ်လ ၁၂ ရက်က ကျင်းပသော ကရင့် အာဇာနည်နေ့ အခမ်းအနား၌ KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ် (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)
ကွဲပြားနေသော ကရင်လက်နက်ကိုင် အဖွဲ့များ ပြန်လည်ပေါင်းစည်းရေး ဦးတည်ဆောင်ရွက်နိုင်ရန် ကရင် အမျိုးသား အစည်းအရုံး (KNU)က ကော်မတီတခု ဖွဲ့စည်းပြီး ဖြစ်ကြောင်း သိရှိရသည်။
“ကွဲပြားနေသော ကရင် လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေး ကော်မတီ”ဟု အမည်ပေးထားသည့် ကော်မတီတွင် ဥက္ကဌ အဖြစ် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်(KNLA)၏ စစ်ဦးစီးချူပ် ဗိုလ်ချုပ် စောဂျော်နီ က တာဝန်ယူထားသည်။
ဖေဖော်ဝါရီ လကုန်ပိုင်းက ဘားအံခရိုင် လေ၀ါး၌ ကျင်းပခဲ့သည့် KNU ဗဟိုကော်မတီ အစည်းအဝေးပွဲအပြီး နောက်ပိုင်း ယင်း ကော်မတီ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ပြန်လည် ပေါင်းစည်းရေးဟု သုံးနှုန်းထားသော်လည်း မည်သည့်ပုံစံမျိုးဖြစ်မည်ကို မသိရှိနိုင်သေးကြောင်း၊ ရှေ့ဆက် လုပ်ဆောင် စရာ အဆင့်များစွာ ကျန်သေးကြောင်း KNU ဒု ဥက္ကဌ နော်စီဖိုးရာစိန်က ဧရာဝတီသို့ ပြောကြားသည်။
“KNU ဆိုတဲ့အဖွဲ့ အောက်မှာ အဖွဲ့တွေ ပြန်ပေါင်းမလား ဒါမှမဟုတ် တပ်ပေါင်းစုအနေနဲ့ သွားမလားဆိုတာ အဆင့်ဆင့် လုပ်ရဦး မယ်။ အများစုကတော့ KNUရဲ့ ပေါ်လစီ၊ မူသဘောထား ရပ်တည်ချက်ကို လက်ခံမယ့် သဘောထားရှိတယ်”ဟု ၎င်းက ပြော သည်။

Monday, 4 March 2013

နော်ဝေးနိုင်ငံ အော်စလိုမြို့ရောက် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် တို့နဲ့ တွေ့ဆုံပြောဆိုခဲ့ခြင်းအပေါ် အသေးစိတ်သတင်းထုတ်ပြန်ခြင်း။

From Nan Kyi Aye Shwe Facebook
နော်ဝေးနိုင်ငံရောက် မြန်မာတိုင်းရင်းသားတွေက သမ္မတ ဦးသိန်းစိန်ရဲ့  ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြပွဲတရပ်ကို ၂၆-၂-၁၃ ညနေ ၄-နာရီခွဲမှ ၅-နာရီခွဲထိ သမ္မတ တည်း ခိုရာဟော်တည်ရှေ့တွင် ကျင်းပခဲ့ပါသည်။
နော်ဝေးအာဏာပိုင်တွေဆီကနေ ဆန္ဒပြပွဲခွင့်ပြုချက်ရဖို့နဲ့ ဆန္ဒပြပွဲ နဲ့ပတ်သက်လို့ တာဝန်ခံပြောဆိုမဲ့သူတွေအဖြစ် နန်းကြည်အေး ကိုမြင့်အေးနဲ့ ဦးတူးလွန်တို့က တာ ၀န်ယူခဲ့ပါသည်။
ဆန္ဒပြမည့်နေ နေ့လည် ၁၂ နာရီခန့်တွင် နော်ဝေးနိုင်ငံခြားရေးဝန်ကြီး ဌာနမှ Guro Solberg မှ နန်းကြည်အေးထံသို့ ဖုန်းဖြင့်ဆက်သွယ်ပြီး ဆန္ဒပြဦးဆောင်သူတွေထဲက ၂-ဦးကို ၀န်ကြီး-ဦးစိုးသိန်းနဲ့ ဒုဝန်ကြီး-ဦးရဲထွဋ် တို့က လက်ခံဆွေးနွေးလိုကြောင်း အကြောင်းကြားခဲ့ပါသည်။
ညနေ ၄ နာရီ မိနစ် ၅၀ ခန့်ဆန္ဒပြနေစဉ်မှာပဲ သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ ဟော်တည် ရှေ့ကိုရောက်လာပါသည်။ တချိန်တည်းမှာပဲ နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာနကလို့ ယူဆရသူ ၃-ဦးက လာရောက်တွေ့ဆုံပါသည်။ ဆန္ဒပြပွဲ တာဝန်ခံသူ နန်းကြည်အေး နဲ့ ကိုမြင့်အေးကို ၀န်ကြီး-ဦးစိုးသိန်းနဲ့ ဒုဝန်ကြီး ဦးရဲထွဋ်တို့က တွေ့ဆုံစကားပြောလို ကြောင်း လာရောက်ပြောပါသည်။
ဟော်တည်တတိယထပ်မှာ တွေ့ဆုံရာမှာ နန်းကြည်အေး-ကိုမြင့်အေး နှင့် ၀န်ကြီး-ဦး စိုးသိန်း ဒုဝန်ကြီး-ဦးရဲထွဋ် မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံ အမတ် (အမျိုးသမီး) နှင့် လုံခြုံရေးအရာရှိ ၂ ဦး (အမျိုးသားတဦး အမျိုးသမီး ၁ ဦး) ရှိနေပါသည်။ စကား ပြောနေစဉ် ၅ မိနစ်ခန့်အကြာမှာ လုံခြုံရေးအမျိုးသမီးက အခန်းအပြင်ဖက် ထွက် သွားပါသည်။
စကားစတင်ပြောဆိုသူက ဦးရဲထွဋ်ဖြစ်ပြီး စတင်မေးခဲ့တာကတော့ မည်သည့်အဖွဲ့က ပါလဲဆိုတဲ့ မေးခွန်းဖြစ်ပါသည်။ မိမိတို့ ၂-ဦးစလုံးက မည်သည့်အဖွဲ့အစည်းကမှ မ ဟုတ်ကြောင်းပြောပြီး မိမိတို့ အမည်များကို မိတ် ဆက်ပေးပါသည်။
နန်းကြည်အေးက မိတ်ဆက်ရာမှာ ၀န်ကြီးဦးစိုးသိန်းက မြန်မာပြည် မည်သည့်အရပ် ကလဲလို့မေးရာမှာ နန်းကြည်အေးက ဒုက္ခသည်စခန်းမှာ မွေးဖွါးကြီးပြင်းခဲ့ကြောင်း ပြောပါသည်။ ထိုအခါ ဦးစိုးသိန်းမှ မြန်မာပြည်ကို မရောက်ဘူးဘူးဆိုတော့ အခု မြန် မာပြည်လာကြည့်ဖို့နဲ့ လေယာဉ်လက်မှတ် စီစဉ်ပေးမည့်အကြောင်းပြောပါသည်။
နန်းကြည်အေးမှ မိဘများက ပဲခူးတိုင်းကျောက်ကြီးမှ ဖြစ်ကြောင်း ပြောသောအခါ ဦး စိုးသိန်းမှ ကျောက်ကြီးမှာ အလွန်ငြိမ်းချမ်းသာယာနေပြီ ဖြစ်ကြောင်းပြောပါသည်။ မှတ်ပုံတင်များထုတ်ပေးခြင်းနှင့် ကျေးလက်ဖွံဖြိုး ရေးကိစ္စများဆောင်ရွက်ပေးနေပြီ ဖြစ်လို့ အလွန်အေးချမ်းနေပြီလို့ပြောပါ သည်။ နန်းကြည်အေးက မြေမြုပ်မိုင်းပြသနာ များရှိသေးကြောင်းပြောဆိုရာမှာ မည်သည့်ပြသနာမှ မရှိတော့ကြောင်း ဆေးရုံတွေ ပင် လူနာမရှိလို့ သော့ခတ် ထားရကြောင်းဖြေပါသည်။
မြန်မာလိုပြောနေတာဖြစ်လို့ ဘေးက နော်ဝေးသံအမတ်က ဘာတွေ ပြောတာလဲ သိ ချင်ပါတယ်ပြောသဖြင့် နန်းကြည်အေးက နော်ဝေးလို ဘာသာ ပြန်ပေးပါသည်။ ဘာ သာပြန်ပေးနေစဉ်မှာ ဦးစိုးသိန်းက အင်္ဂလိပ်လို ကြားဖြတ်ပြီး သူတို့ကပြည်ပမှာ နေ တယ်ဆိုတော့ မြန်မာပြည် ပြောင်းလဲ နေတာကို မသိသေးလို့ ရှင်းပြနေတာဖြစ် ကြောင်းပြောပါသည်။ ဘေးမှ ဦးရဲထွဋ်ကလည်း မြန်မာပြည်တွင် မီဒီယာလွတ်လပ် ခွင့်အပါအ၀င်အပြောင်း အလဲများစွာဖြစ်ပေါ်နေကြာင်း ၀င်ပြောပါသည်။ ဦးရဲထွဋ်က အဲဒီလို ပြောနေ စဉ်မှာ ဦးစိုးသိန်းက မင်း-အသာနေ ငါပြောမယ်ဆိုပြီး ကြားဖြတ် ပြောကာ ဦးသိန်းစိန်အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမူတွေကို ထပ်မံရှင်းပြပါ သည်။ အဲဒီအချိန်ကစပြီး မိမိတို့အားလုံး အင်္ဂလိပ်လိုပဲ ပြောဆိုကြပါသည်။
မိမိတို့ ၂-ဦးမှ ပြုပြင်ပြောင်းလဲမူတချို့ကို အသိအမှတ်ပြုကြောင်း သို့ရာတွင် ပြည်ပ မှာနေလို့ ဘာမှမသိဟု ပြောဆိုမူကို လက်မခံနိုင်ကြောင်း ပြောပါသည်။ ပြီးခဲ့သည့် ၂ နာရီခန့်ကပဲ ရဲတပ်ဖွဲ့တွေကနေ သိမ်းပိုက်ခံ လယ် မြေပြန်လည်ရရှိဖို့ ဆန္ဒပြနေသော လယ်သမားတွေကို ပစ်ခတ်နှိမ်နှင်းနေ တယ်ဆိုတာပါ သိရှိနေသူတွေဖြစ်ကြောင်း ပြောပါသည်။
ထိုအခါ ဦးစိုးသိန်းနှင့်ဦးရဲထွဋ်တို့ မျက်စိမျက်နှာပျက်သွားပြီး ဦးရဲထွဋ် ကဘယ်မှာ ဖြစ်တာလဲ သေချာရဲ့လား ဘယ်လိုသိလဲဆိုပြီး မေးမြန်းပါသည်။ ထို့အပြင် သံအ မတ်မှလည်း ဒီနေ့ဖြစ်တာလားဟု မျက်စိမျက်နှာပျက်စွာ မေးပါသည်။ ကိုမြင့်အေးက အသင့်ယူဆောင်ခဲ့သော စာရွက်ကိုထုတ်ပြပြီး ဧရာဝတီတိုင်း မအူပင်မြို့နယ် မလက် တိုကျေးရွာအုပ်စုမှာ ဒဏ်ရာရသူတွေကို အမည်နဲ့တကွ အတိအကျပြခဲ့ပါသည်။ နော် ဝေသံအမတ်ကိုလည်း ခင်ဗျား စုစုနွေးကို သိတယ်မို့လား-သူ့ Facebook မှာ အ ခုကြည့်လိုက်ရင်တွေ့ပါလိမ့်မယ်လို့ပြောလိုက်ပါသည်။
ဧရာဝတီတိုင်းကဖြစ်ရပ်ပြောအပြီးမှာ ဦးစိုးသိန်းနှင့် ဦးရဲထွဋ်တို့က အင်္ဂလိပ်လိုပြော ရာကနေ မြန်မာလို ပြောင်းပြီးပြောပါသည်။ဆန္ဒပြပွဲအဓိက တောင်းဆိုချက်ကဘာ လဲလို့မေးပါသည်။ မိမိတို့မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး တိုင်းရင်း သားစုံညီနှင့်နိုင်ငံရေးပါတီများပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှာ အဓိကအခြေခံကျ သော အပြောင်းအလဲဟုယူဆကြောင်း ပြောပါသည်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်ကြောင်း-တိုင်းရင်းသားအားလုံးလို လားသောဖက်ဒရယ်မူအား အာမခံချက်ပေးမထားကြောင်း-ပြည်တွင်းငြိမ်းချမ်းရေးကို ခိုင်မြဲအောင် တည်ဆောက်နိုင်မည်မဟုတ်ကြောင်း ရှင်းပြပါသည်။ မိမိတို့မှ နော်ဝေး သံအမတ်အားသိစေလိုသဖြင့် မြန်မာလိုမေးသည်ကို အင်္ဂလိပ်လို ဖြေကြားခဲ့ပါ သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မိမိတို့အစိုးရကလဲ လိုလားပါကြောင်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အကောင်အထည်ဖေါ်နေသည့် အစိုးရအတွက်ပင် အ ဟန့်အတားဖြစ်နေသည်များရှိကြောင်း-ဥပမာအားဖြင့် လွတ်တော်မှတင်ပြလာသည့် ဥပဒေတခုအား သမ္မတက ၁၄-ရက်အတွင်း လက်မှတ်မထိုးက အလိုအလျှောက်အ တည်ဖြစ်ကြောင်း-သမ္မတအာဏာမှာ အကန့်အသတ်များစွာရှိနေကြောင်း-အမကြီး ဒေါ်အောင်ဆန်းစုကြည်ကို မိမိ တို့မှ ပြုပြင်လိုသည့် ဥပဒေများကို လွတ်တော်တွင် တင်သွင်းရန် အကြိမ် ကြိမ်အကြံပြုခဲ့ကြောင်း-အခြေခံဥပဒေကိုပြင်နိုင်သည်မှာ လွတ် တော်သာ ဖြစ်ကြောင်းနဲ့ ဒေါ်စုတင်ပြသော ဥပဒေပြင်ဆင်ချက်အဆိုများ ရူံးနိမ့်မည်ကို လည်း မိမိတို့ သိကြောင်း-သို့သော် တကြိမ်မက ၂ ကြိမ် ၃ ကြိမ်တင်ပြ က ပြည်သူများအတွင်း ဆွေးနွေးငြင်းခုံမူများ ဖြစ်ပေါ်လာပြီး ဥပဒေပြင်ဆင်ရေးကို ဟန့်တားနေသူများ မည်သူဖြစ်သည်ဆိုတာ ပေါ်လွင်သွားမည်ဟုယူဆ ကြောင်း-သို့ သော်ဒေါ်စုမှ ယခုအထိ တိတိကျကျ ဥပဒေပြင်ဆင်ရေးကို မဆောင်ရွက်ကြောင်း ဦး စိုးသိန်းက ပြောပါသည်။
ထိုအခါ မိမိတို့မှ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်လို့ ဘာကြောင့် ဒေါ်စုကိုပဲပြောဆို နေတာလဲ- ဦးစိုးသိန်းက ကြံ့ခိုင်ရေးပါတီက လက်ရှိ အများစုအနိုင်ရထားတာပဲ ဘာ ကြောင့် ဦးစိုးသိန်းတို့က မတင်ပြတာလဲလို့ ပြန်မေးခဲ့ပါသည်။ ဦးစိုးသိန်းရော ဦးရဲ ထွဋ်က ယခုလက်တလောတွင် စစ်တပ်နှင့် ကြံ့ ခိုင်ရေးပါတီတို့က ဖွဲ့စည်းပုံအခြေခံဥ ပဒေပြင်ဆင်ရေးကို အလိုမရှိကြောင်း ဖြေကြားပါသည်။
ဦးစိုးသိန်းကပဲ ဆန္ဒပြပွဲလုပ်လို့ ဘာထိရောက်မှာလဲ မြန်မာနိုင်ငံပြန်လာပြီး လက်တွဲ လုပ်မည်ဆိုက နေရာပေးမည်ဟု ပြောပါသည်။ နန်းကြည် အေးက ဖိတ်ခေါ်သည်ကို ကျေးဇူးတင်ကြောင်း ပြန်လာဖြစ်မည်ဆိုပါက နယ်စွန်နယ်ဖျားဒေသများတွင် လူ့အ ခွင့်အရေးသင် တန်းများပို့ချပေးလိုပါသည်။ ခွင့်ပြုနိုင်ပါသလားလို့ မေးမြန်းရာမှာ ဦး စိုးသိန်းက နောက်ကျနေပြီ ဖြစ်ကြောင်း အစိုးရအနေဖြင့် ထိုကိစ္စများကို ဆောင်ရွက် လုပ်ကိုင်ပြီးဖြစ်ကြောင်း-ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားဘာသာများဖြင့် ဘာသာပြန် ဖြန့်ဝေပြီးဖြစ်ကြောင်း ပြောပါသည်။
ကိုမြင့်အေးက ယခုအခါ လယ်သမားများ သူတို့ပိုင်လယ်ယာမြေများကို ပုဂ္ဂလိက ကု မဏီကြီးများနှင့် စစ်တပ်မှ သိမ်းဆည်းထားခဲ့ခြင်းကို ပြန်လည် ရယူလိုမူအတွက် ဆန္ဒ ပြတောင်းဆိုနေကြောင်း-အလွန်အရုပ်ဆိုး ၀မ်းနဲဖွယ် ရာကောင်းကြောင်း-လယ်သ မား လယ်သိမ်းခံရခြင်းမှာ ထမင်းအိုးရိုက်ခွဲခံရ တာနှင့်အတူတူဖြစ်ကြောင်း-မိမိကိုယ် တိုင်လယ်သမားသားသမီးဖြစ်လို့ ကိုယ် ချင်းစာမိကြောင်းနဲ့ အစိုးရက မည်သို့ဆောင် ရွက် ပေးမည်ဆိုတာ သိလိုကြောင်း မေးပါသည်။
ဦးရဲထွဋ်မှ သူတို့အစိုးရလက်ထက်မှာ လယ်သိမ်းတာမရှိပဲ အရင်အစိုးရ လက်ထက် က သိမ်းခဲ့တာတွေရဲ့  အကျိုးဆက်ဟု ပြောပါသည်။ ဦးစိုးသိန်းက လယ်သိမ်းကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်နေသည်ဟု ၀င်ပြောပါ သည်။ လယ်သမားအရေး ဆောင်ရွက်နေသည့် ကိုနေမျိုးဝေ ကိုပိုးဖြူတို့နှင့် အတူလက်တွဲဆောင်ရွက်နေသည် ဟုလည်းပြောပါသည်။ ဇေကမ္ဘာ ဦးခင်ရွေကိုပါ ထောင်ချရန် ဆောင်ရွက်နေကြောင်း လည်း ပြောပါသည်။
ကိုမြင့်အေးက အန်ကယ်လ်ကိုယ်တိုင်လည်း ဒုဗိုလ်ချူပ်ကြီးဘ၀က လာတာမဟုတ် လားဟု မေးရာမှာ ဦးစိုးသိန်းက သူဟာ ပြည်သူရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ် ဖြစ်နေပြီလို့ ဖြေပါတယ်။ အမေရိကန်မှာလည်း ဗိုလ် ချူပ်ကြီး အိုက်စင်ဟောင်ဝါ တောင် သမ္မတဖြစ်ခဲ့တာပဲမို့လားလို့ ပြန်မေးခဲ့ပါသည်။ ကိုမြင့်အေးက အိုက်စင် ဟောင်ဝါမှာ လူထုရွေးကောက်သော သမ္မ တဖြစ်ပြီး မြန်မာပြည်က၂၀၁၀ရွေး ကောက်ပွဲဟာ ရိုးသားမူမရှိခဲ့ကြောင်း အမေရိကန်နှင့် မတူညီကြောင်းပြန်ပြောခဲ့ပါ သည်။
နန်းကြည်အေးက အစိုးရအနေနှင့် ဆင်းရဲသားလူများစုဖက်က ရပ်တည်ဆောင်ရွက် ပေးစေလိုကြောင်း ပြောဆိုရာ ဦးစိုးသိန်းက သူဟာ ပြည် သူကြားမှာအိပ် ပြည်သူ ကြားမှာပဲစားကြောင်း ရှင်းပြပါသည်။
နန်းကြည်အေးကပဲ တိုင်းရင်သားလက်နက်ကိုင်အင်အားစုများ နိုင်ငံ ရေးပါတီများ ဒီမိုကရေစီအင်အားစုများနှင့် အတူတကွတွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့် မြတ်ရေးတည်ဆောက်နိုင်ရေးအခြေအနေကို သိလို ကြောင်းနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေး အရေးကြီးကြောင်းပြောနေစဉ်မှာ ဦးစိုးသိန်းက သူတို့အားလုံးနား လည်ကြောင်းနှင့် တိုင်းရင်းသားအ ရေးနဲ့ပတ်သက်ပြီး တန်းတူညီမျှရေး-အာဏာခွဲ ဝေအုပ်ချူပ်ရေး- သယံဇာတခွဲဝေပိုင်ဆိုင်ရေးတွေကို အခြေခံပြီးဆောင်ရွက်နေ ကြာင်းနှင့် ကချင်ကို စောင့် နေရလို့ ကြန့်ကြာနေကြောင်း ရှင်းပြပါသည်။
နန်းကြည်အေးကပဲဆက်ပြီး သယံဇာတတွေကို နိုင်ငံသားတွေပဲသုံးစွဲဖို့လိုလား ကြောင်း ထပ်မံပြောပါသည်။ ဦးစိုးသိန်းကပဲ ပြည်ပရင်းနှီးမြုပ်နှံ မူများရရှိဖို့ ကြိုးပမ်း နေကြောင်း အစိုးရအနေဖြင့် ပြည်ပကုမဏီများမှ အစုရှယ်ယာ ၈၀ ရာခိုင်နုံးအထိ ပိုင်ဆိုင်ခွင့်ပေးရန် တင်ပြထားသော်လည်း လွတ်တော်မှပယ်ဖျက်ခဲ့ကြောင်း-ထို ကြောင့် အစိုးရကိုယ်တိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း ကိုရင်ဆိုင်နေရ သည်ဟု ထပ်မံပြောလို ကြောင်း ပြောပါသည်။ လွတ်တော်တွင် လယ်သမားများ လယ်ယာမြေပြန် လည်ပိုင်ဆိုင်ရေးအတွက် ဥပဒေ နည်းဥပဒေများချမှတ်ဖို့ကြိုးစား ခဲ့ပေမဲ့ လွတ်တော်က သဘောမတူခဲ့ကြောင်း ဦးစိုးသိန်းက ဆက်ပြောပါသည်။

အ ကျဉ်းချူပ်ကော က်နုတ်ချက်
တွေ့ဆုံပွဲတွင် မိမိတို့ဖက်မှဆွေးနွေးချက်များမှာ ဆန္ဒပြခေါင်းဆောင်များ ယေဘူယျ သဘောတူထားချက်များကို ပြောဆိုဆွေးနွေးခဲ့ခြင်းဖြစ်ပါ သည်။ ထိုအချက်များကို တင်ပြရာတွင် ဦးစိုးသိန်းမှ ကြားဖြတ်ပြောဆိုမူများ မကြာခဏလုပ်ပြီး တဖက်က ပြောတာကို နားထောင်လိုသည့် ဆန္ဒမရှိပဲ သူပြောတာကိုပဲ နားထောင်စေလို သည့်ပုံရှိတာ တွေ့ရပါသည်။
ဦးစိုးသိန်းနဲ့အတူ ရှိနေသော ဒုဝန်ကြီး ဦးရဲထွဋ်က သူ့အမြင်များကို ၀င်ရောက် ဆွေးနွေးလိုတဲ့ပုံမြင်ရပေမဲ့ ဦးစိုးသိန်းရဲ့  ဟန့်တားမူနောက်ပိုင်း ၀င်ရောက်ဆွေးနွေး တာတွေသိပ်မလုပ်ခဲ့တာ တွေ့ရပါသည်။
နော်ဝေးသံအမတ်ကလည်း အစပိုင်းမှာ ဦးသိန်းစိန်အစိုးရဖက်မှ သဘောတူဆွေး နွေးခဲ့သော်လည်း ဧရာဝတီတိုင်း ပစ်ခတ်မူတွေ သိပြီးနောက်မှာ လုံး၀၀င်မပြော တော့ပဲ ဆွေးနွေးပွဲမပြီးခင် အခန်းထဲက ထွက်ခွါသွားခဲ့ ပါသည်။
ဆွေးနွေးပွဲမှာ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပါသည်။ ဦးစိုးသိန်းမှ ဆက်လက်ပြောဆိုလိုတဲ့ ဆန္ဒရှိနေပေမဲ့ ဟော်တည်အပြင်တွင်စောင့်နေရသော မိမိတို့ ရဲဘော်များအား ချက် ချင်း ပြန်လည်ရှင်းပြရန်တာဝန်ရှိသဖြင့် ဆွေးနွေးပွဲကို ရပ်နားခဲ့ပါသည်။
ဆွေးနွေးပွဲတွင်ပြောခဲ့သည်များကို ဟော်တည်အပြင်တွင် စောင့်ဆိုင်းနေသည့် ဆန္ဒ ပြရဲဘော်လုပ်ဖေါ်ကိုင်ဖက်များအားလုံးကို အကျဉ်းချူပ် ရှင်းပြ ခဲ့ပြီးဖြစ်ပါသည်။
မိမိ တို့အနေဖြင့် ဆွေးနွေးပွဲအကြောင်းအရာများကို အများပြည်သူ သိ သင့်သည်ဟု ယူဆမိသောကြောင့် ယခု-ဆွေးနွေးပွဲမှတ်တမ်းကို ထုတ်ပြန်အသိပေးခြင်းဖြစ်ပါ သည်။