Saturday 30 April 2011

နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းများနှင့် မျိုးချစ်ကရင်များ၏ ပူးတွဲထုတ်ပြန်ကြေညာချက်

International Karen Community joint statement-

ပြည်တွင်းစစ် အလားအလာ

By ဦးအောင်ခင် & မညိုညိုလွင် ဗုဒ္ဓဟူး, 27 ဧပြီ 2011

စစ်အစိုရက အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းပုံကို အပြည်ပြည်ဆိုင်ရာက အာရုံစိုက်နေတုန်းမှာ အစိုးရတပ်နဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ ရှမ်းပြည်တပ်မတော် - မြောက်ပိုင်း (Shan State Army –SSA) တို့ မကြာခဏတိုက်ပွဲဖြစ်နေပုံကို သျှမ်းသံတော်ဆင့် က သတင်းပေးပို့နေတာ နှစ်လလောက် ရှိနေပါပြီ။ ရှမ်းပြည်မြောက်ပိုင်း သံလွင်မြစ်အနောက်ဘက် SSA ထိန်းချုပ်ထားတဲ့ အပစ်ရပ်နယ်မြေမှာ တိုက်ပွဲဖြစ်နေတာပါ။ တန့်ယန်း၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းရယ်၊ လာရှိုး၊ သီပေါ၊ ကျောက်မဲ စတဲ့မြို့ ဒေသတွေမှာ တိုက်ပွဲပြန့်နှံ့နေကြောင်း ဧပြီလ (၅) ရက်နေ့က မြေပုံနဲ့တကွ ဖော်ပြပါတယ်။ အပစ်အခတ်မရပ်တဲ့ SSA (တောင်ပိုင်း) KNU နဲ့ အခြားတိုင်းရင်းသားတပ်ဖွဲ့တွေကို အစိုးရတပ်က စစ်ဆင်နေတာကတော့ နှစ်နဲ့ချီနေပါပြီ။

အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် မလုပ်ချင်ကြတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကို လွန်ခဲ့တဲ့ အောက်တိုဘာလက သောင်းကျန်သူ၊ သူပုန်အဖွဲ့လို့ အစိုးရက စွပ်စွဲထားပေမယ့် ထိုးစစ်ဆင်တာမျိုးတော့ မလုပ်သေးဘူးလို့ ဧပြီလ (၁၇) ရက်ထုတ် KNG ကချင်သတင်းမှာ ဖော်ပြထားပါတယ်။ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က နယ်စပ်ဒေသနဲ့ တိုင်းရင်းသားဖွံ့ဖြိုါ်တိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ဧပြီ (၂၃) ရက်နေ့က ပြောသွားပါတယ်။ တဖက်နိုင်ငံကို အထင်ကြီးပြီး အားကိုးတဲ့စိတ်ဓါတ်ကွယ်ပျောက်ပြီး ဗမာအစိုးရကို ယုံကြည်စွာ ဆက်ဆံလာအောင် လုပ်ရမယ်လို့လည်းဆိုပေမယ့် လက်တွေ့အခြေအနေက တခြားစီဖြစ်နေပါတယ်။

အင်အားနည်တဲ့ တိုင်းရင်းသားအဖွဲ့လေးတွေထဲမှာ လက်နက်ချလိုက်ရသူတွေရှိသလို အစိုးရလက်အောက်ခံ နယ်ခြားစောင်အဖွဲ့အဖြစ် အသွင်းပြောင်းလိုက်ရသူတွေလည်း ရှိပါတယ်။ အချင်းချင်းမသင့်မတင့်ဖြစ်ပြီး ပြိုကွဲပျက်စီးသွားရတဲ့ အဖွဲ့တွေရှိသလို အစိုးရရဲ့  ကြံ့ဖွံ့ပါတီနဲ့ ပူးပေါင်းသွားသူလည်း ရှိပါတယ်။ ဒါပေမဲ့ အင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေကတော့ အစိုးရရဲ့  နယ်ခြားစောင့်တပ် စီမံကိန်းကို လက်မခံကြပါဘူး။ အပစ်အခတ်ရပ်စဲနိုင်ခဲ့တဲ့ အနှစ် (၂၀) ကျော်ကာလမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာကြောင့် အစိုးရပတ်တွေအဖို့ လှုပ်ရှားရတာ ပိုပြီးလွယ်လာပါတယ်။ အစိုးရနဲ့ ပူးပေါင်းတဲ့ တိုင်းရင်းသားတပ်ဖွဲ့ကို ရှေ့ တန်းကတိုက်ခိုင်းပြီး အစိုးရတပ်ကနောက်ပိုင်းက အမြောက်နဲ့ပစ်ပြီး စစ်ကူးပေးတဲ့နည်း သုံးလာတာတွေ့ရတယ်လို့ သျှမ်းသံတော်ဆင့်က ဆိုပါတယ်။

အစိုးရတပ်နဲ့ အပစ်အခတ်ရပ်စဲတဲ့ ကရင်ငြိမ်းချမ်းရေးအုပ်စု (၄) စု ပေါ်လာပေမယ့် အင်အားအကြီးဆုံး KNU တပ်ဖွဲ့ကတော့ တိုက်ပွဲဝင်နေတုန်း ဖြစ်ပါတယ်။ မိမိလွတ်လပ်မှုကို လက်နက်နဲ့ ကာကွယ်တဲ့ အစဉ်အလာကြီးမားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေဟာ စေ့စပ်ဆွေးနွေး အဖြေရှာရေးမူကို လက်ကိုင်ထားကြပါတယ်။ တရုတ်နဲ့ အခြားအစိုးရတွေကလည်း တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းတဲ့နည်းလမ်းကိုပဲ ထောက်ခံအားပေးကြပါတယ်။ ဒီလို လူကြိုက်များတဲ့နည်းကို ဂရုမစိုက်လို့ မဖြစ်တာမို့ အစိုးရတပ်ကလည်း တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းပြီး စစ်အင်အားတိုးချဲ့ နေပါတယ် ဒါကိုကြည့်ရင် စစ်ရေးအရ ဖြေရှင်းတာကိုပဲ အစိုးရစိတ်ထက်သန်တာ ထင်ရှားပါတယ်။ အပစ်ရပ်ကိုးကန့်အဖွဲ့ကို တိုက်ခိုက်ပြီး တနှစ်ခွဲအကြာမှာ SSA (မြောက်ပိုင်း) ကို အစိုးရတပ်က ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ဆွေးနွေးဖို့ ကမ်းလှမ်းပြီး စစ်တပ်တွေလှုပ်ရှားနေတာကို SSA မြောက်ပိုင်းက လက်မခံပါဘူး။ တိုးချဲ့ နေရာယူထားတဲ့ အစိုးရတပ်တွေကို ရုတ်သိမ်းပြီး တိုက်ပွဲများကြောင့် နစ်နာဆုံးရှုံးရတဲ့ ဒေသခံပြည်သူလူထုကို အစိုးရတပ်က လျော်ကြေးပေမးဖို့ နဲ့ လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ ဆွေးနွေးဖို့ အကြောင်းပြန်ထားတယ်လို့ SSA အရာရှိတဦးကပြောကြောင်း သျှမ်းသံတော်ဆင့်ရဲ့  ဧပြီလ (၇) ရက်နေ့ သတင်းမှာဖော်ပြထားပါတယ်။ အစိုးရအမြောက်တပ်ကို အချက်အချာနေရာတွေမှာ စခန်းချပြီး ပစ်ခတ်တဲ့နည်းနဲ့ တိုက်ခိုက်နေကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ SSA ရှမ်းတပ်ဖွဲ့တွေက ပြောက်ကျားစစ်ဆင်ရေးနဲ့ တုံ့ပြန်နေတာကြောင့် အစိုးရစစ်ဆင်ရေးဟာ ခရီးမတွင်ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အနှစ် (၃၀) ကျော် တိုက်ပွဲဖြစ်နေပြီးတဲ့နောက် အနှစ် (၂၀) ကျော် အပစ်အခတ်ရပ်စဲထားတဲ့ ရေရှည်ပြည်တွင်းစစ်ကို တားစူနေပုံရပါတယ်။ လွန်ခဲ့တဲ့ မတ်လ (၁၃) ရက်နေ့က မိုင်းရှုးမြို ပနယ်ကို အင်အား (၃၅၀၀) ကျော်ရှိတဲ့ တပ်ရင်း (၂၀) ကို စေလွတ်ပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ကြောင်း ရှမ်းလူမှုရေးရေးအဖွဲ့ (၆) ဖွဲ့က ဧပြီလ (၁၁) နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။ အလွန်စိုးရိမ်စရာ အခြေအနေဖြစ်နေတဲ့အတွက် မြန်မာ၊ အင်္ဂလိပ်၊ ရှမ်း၊ ထိုင်း၊ တရုတ်စတဲ့ ဘာသာစကား (၅) မျိုးနဲ့ ထုတ်ပြန်ထားပါယတ်။

လွန်ခဲ့တဲ့ မတ်လအတွင်း အစိုးရတပ်နဲ့ ကေအန်ယူ တပ်ဖွဲ့အကြား တိုက်ပွဲတရာကျော် (၁၂၃) ဖြစ်ပွါးခဲ့ကြောင်း ကေအန်ယူ က သတင်းထုတ်ပြန်ပါတယ်။ အစိုးရတပ် ထိုးစစ်ဆင်တဲ့ဒေသတွေမှာ ပေါ်တာဆွဲ၊ မုဒိမ်းကျင့်၊ လုယက်၊ သတ်ဖြတ်တဲ့ဒဏ်ကို ဒေသခံအရပ်သားတွေ ခံကြရပါတယ်။ ဒီအတောအတွင်း ဒေသခံ ကရင်ပြည်သူ (၈) သောင်းကျော်က အရပ်သားတွေကို တိုက်ခိုက်တဲ့ အစိုးရစစ်ဆင်ရေးကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန် ကို အကူအညီတောင်းထားပါတယ်။ ဒီလို ကရင်အရပ်သားတွေ လက်မှတ်ထိုးထားတဲ့ ပန်ကြားလွှာကို ပေးပို့နိုင်အောင် ကေအန်ယူ က စီစဉ်ပေးကြောင်း သိရပါတယ်။

Sunday 24 April 2011

မြိုင်ကြီးငူစခန်း တိုက်ခိုက်ခံရ

နေ့သစ်




ကရင်ပြည်နယ် ကမမောင်းမြို့နယ် အနီးက ဒီကေဘီအေ ဌာနချုပ်ဖြစ်ခဲ့တဲ့ မြိုင်ကြီးငူစခန်းကို အခု နယ်ခြားစောင့်တပ် (ယခင် ဒီကေဘီအေ ၃၃၃) တပ်ဖွဲ့မှ ဗိုလ်ဖားဘိ ဦးဆောင်ကာ ဧပြီလ ၂၂ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက် ရှင်းလင်းခဲ့ပါတယ်။

နယ်ခြားစောင့်တပ် (ယခင် ဒီကေဘီအေ ၃၃၃) ဟာ ဗိုလ်ချုပ်မောင်ကြည် ဦးဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ပြီး မြိုင်ကြီးငူစခန်း မှာရှိတဲ့ လက်နက်တိုက် ရယ် ပစ္စည်းဂိုဒေါင်တွေရယ်ကို မီးရှို့ဖျက်စီးခဲ့တယ်လို့လည်း သိရှိရပါတယ်။ တိုက်ပွဲဖြစ်ချိန် ဟာ ၂ နာရီလောက်ကြာခဲ့ပြီး အတည်ပြုမရတဲ့ သတင်းအရ တိုက်ပွဲမှာပါတဲ့ အဖွဲ့တဖွဲ့မှာ အဖွဲ့ဝင် သုံးဦး ထိခိုက်သေ ဆုံးခဲ့တယ်လို့လည်း ကြားသိရပါတယ်။

မြိုင်ကြီးငူမှာဖြစ်တဲ့အခြေအနေကို ရွှေကုက္ကို နယ်ခြားစောင့်တပ်စခန်းမှ အမည်မဖေါ်လိုတဲ့ (ယခင် ဒီကေဘီအေ ၉၉၉) တပ်မှူးတဦး ပြောပြတာက ….

“ဟုတ်တယ် မနေ့က ညနေဘက် မြိုင်ကြီးငူမှာဖြစ်တာ သုံးယောက်ကျတယ်ကြားတယ် ဘယ်ဘက်ကမှန်းမသိဘူး ကျနော်တို့ ကြားတာကတော့ အကုန်မီးရှို့သွားတယ်လို့တော့ ကြားတာပဲ။ လက်နက်တိုက်လဲ ပါသွားတယ်။ မြိုင်ကြီးငူ စခန်းက ကမမောင်းမြို့နဲ့ သံလွင်မြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်းပဲ မြိုင်ကြီးငူက အရှေ့ဘက်ကမ်းမှာ။ ကျနော်တို့ သိ သလောက်တော့ နယ်ခြားစောင့် စလုပ်ကတည်းက အချင်းချင်းကြားမှာ မကျေနပ်တာတွေ ရှိနေကြတာ အဲဒါတွေ ကြောင့်လို့တော့ ကြားတာပဲ” လို့ ပြောပြသွားပါတယ်။

ဒီကေဘီအေတပ်ဖွဲ့ဝင်တွေရဲ့ မြိုင်ကြီးငူ ဌာနချုပ်စခန်းဟာ ၁၉၉၅ ခုနှစ်တုန်းက ကေအန်ယူ မှ ခွဲထွက်ကာ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးစီးမှုနဲ့ ဒီကေဘီအေ အဖွဲ့တည်ထောင်ပြီး နအဖ နှင့် အပစ်ရပ်ခဲ့စဉ်ကာလများက ဌာန ချုပ် လုပ်ခဲ့တဲ့ နေရာ ဖြစ်ခဲ့ပါတယ်။

မြိုင်ကြီးငူဆရာတော်ဟာ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကေအန်ယူနဲ့ ဒီကေဘီအေ အပစ်ရပ်ဖို့အ တွက် ကေအန်ယူနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပြီး၊ နအဖ က ဖိအားပေးလာတဲ့ ဒီကေဘီအေကို နယ် ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကိစ္စမှာ နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတဲ့ ၂၀၁၀ သြဂုတ်လ ၁၉ ရက် နေ့ မတိုင်မီအထိ ဆရာတော်ဟာ ဒီကေဘီအေ ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ လက်ခံခြင်းမရှိ ဘူးလို့ သိရှိခဲ့ရပါတယ်။

မနေ့က တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာ ဆရာတော်ဟာ မြိုင်ကြီးငူဒေသမှာ သီတင်းသုံးနေခြင်း မရှိဘဲ။ ထိုင်းနိုင်ငံမှာ ကျန်မာရေးအရ ဆေးကုသမှုကို ခံယူပြီး ခေတ္တသီတင်းသုံးနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

Tuesday 19 April 2011

Monday 18 April 2011

Fruit of Education

Tuesday 12 April 2011

My father would be proud of Karen army unity

My father would be proud of Karen army unity thumbnail
Troops from the KNLA and DKBA together at a welcome ceremony for DKBA defectors in December 2010 (DVB)
By ZOYA PHAN
Published: 12 April 2011
 
I can’t remember how many times the Karen National Union and other ethnic political organisations have been dismissed as losing, or being on the verge of defeat.  In February 1950 General Ne Win boasted to international media that victory over the Karen ‘insurgents’ would be completed by May that year. The New York Times duly reported: “Defeat of rebels withdrawing to hills would leave minor guerrillas to cope with.”
Fast-forward 61 years and still the Karen National Union (KNU) is on the verge of defeat, this time according to long-time KNU critic Ashley South, writing in a March 2011 report for the Transnational Institute and Burma Centre Netherlands. He said that “the organisation’s future looks increasingly precarious.”
When journalists and self-appointed experts have made these statements on the state of our struggle, there has often been reason to be pessimistic. There are occasions when the situation has looked bad. In 2008, my father, Padoh Mahn Sha, General Secretary of the Karen National Union, was assassinated, and other KNU leaders have found their names on a hit list with assassins searching for them in Thailand. The dictatorship has passed a new constitution in a rigged referendum, one that not only ignored all ethnic demands for rights and protection, but also required all armed ethnic groups under ceasefire to effectively surrender, and hand over their arms. More troops were stationed in Shan state and Karenni state, and in 2009 an important KNU base near the Thailand-Burma border was overrun by Democratic Karen Buddhist Army (DKBA) and Burmese army soldiers.
However, the situation recently has started to look more positive. The DKBA has split, with the old Brigade 5 refusing to become a Border Guard Force under the control of the Burmese army.  The main DKBA, now a Border Guard Force, has also been severely weakened, with the Burmese army reducing its size. DKBA soldiers unhappy with Burmese commanders giving them orders are now defecting back to the KNU everyday.
Even more significantly, a new United Nationalities Federal Council has been created, a new political and military alliance of armed ethnic political parties, which for the first time in nearly 20 years unites armed ethnic political parties across the country.
And recently, Karen National Liberation Army (KNLA) soldiers were in Manerplaw, the old headquarters of the KNU which fell in 1995.
Many people have asked me what my father would have thought of these two significant developments. I cannot claim to know for sure. He had experience and wisdom that was unique, but I knew the kind of man he was, and how all his decisions and opinions were based on firm principles.
Much of the work my father did for the KNU was promoting unity – unity among the Karen, unity between ethnic nationalities, and unity with all the people of Burma. He knew it was vital we all work together to win our freedom, and that we must not let the dictatorship divide us. He travelled all over Burma, often risking his life, to promote unity between ethnic nationalities. He was also the strongest voice arguing that the KNU should offer shelter and support to students who fled the cities after the uprising in 1988. What he wanted to see is unity; that despite differences, people would work together, be different but equal, living and working for our freedom side by side.

Thursday 7 April 2011

Tuesday 5 April 2011

Germany Karen Seminar

Germany Karen Seminar "Time for Liberty and Peace", organized by Karen National Community Germany, 2-3 April 2011, Frankfurt, Germany.


(Photo-European Karen Network)

မြန်မာပြည်ဖွား CIA သေနတ်သမား ချင်းမိုင်တွင် သေဆုံး

မိုးမခအထောက်တော် အမှတ် ၀၀၄
ဧပြီ ၅၊ ၂၀၁၁
 
CIA အရာရှိဟောင်းတဦးသည် ယမန်နေ့က ထိုင်းနိုင်ငံ၊  ချင်းမိုင်မြို့ နေအိမ်တွင် သေဆုံးသွားသည်။ ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့်သေဆုံးခြင်း ဖြစ်ပြီး လက်တဘက်တွင် ခြောက်လုံးပူး၊ တဘက်တွင် လက်ဝါးကပ်တိုင် ကိုင်ထားသည်ဟု လန်ဒန်အခြေစိုက် The First Post အွန်လိုင်းမဂ္ဂဇင်းက ဆိုသည်။
          အမည်မှာ Mr. Bill Young ဖြစ်ပြီး အသက် ၇၆ နှစ် ရှိပြီဟု သိရသည်။
          အမေရိကန်ထောက်လှမ်းရေးအဖွဲ့ CIA ၏ သေနတ်သမားအဖြစ် တာဝန်ယူခဲ့သူ Mr. Bill Young သည် စကားတိုးတိုးပြောသူ၊ အရပ်ရှည်ရှည် လူတယောက်ဖြစ်ပြီး သူ၏ ဗြိတိသျှ မိတ်ဆွေများက အငြိမ်းစားဂျိမ်းစ်ဘွန်းဟု တင်စားခံရသူ ဖြစ်သည်။
          စိတ်ဓာတ်ကျပြီး သေဆုံးခြင်း ဖြစ်သည်ဟု တချို့က သုံးသပ်ကြသည်။
          “တချိန်တုန်းက သူ ကျင်လည် ကျက်စားခဲ့သလိုပေါ့၊ သူ အခု အကြမ်းပတမ်းနည်းနဲ့ ဆုံးသွားရှာတာပဲ” ဟု သူ၏ မိတ်ဆွေတဦး၏ ပြောကြားချက်ကို The First Post တွင် တွေ့ရသည်။
          ချင်းမိုင် အမေရိကန် ကောင်စစ်ဝန်ရုံး ၀က်ဆိုက်ရှိ နာရေးကြော်ငြာတွင် “ထူးခြားသည့်ဘ၀ကို ဖြတ်သန်းခဲ့သူ ပုဂ္ဂိုလ်ထူးဖြစ်သည်” ဟု ဆိုသည်။
          အငြိမ်းစားယူပြီးနောက် ချင်းမိုင်မြို့ပြင်ရှိအိမ်တွင် နေထိုင်စဉ် နှစ်ပေါင်းအတန်ကြာက ရခဲ့သော ရွှေတြိဂံဒေသ အဆက်အသွယ်များကို အသုံးပြုပြီး အမေရိကန်မူးယစ်တိုက်ဖျက်ရေးအဖွဲ့အတွက် အလုပ်လုပ်ပေးခဲ့သည်ဟု ဆိုသည်။
          Mr. Bill Young သည် မြန်မာပြည်တွင် မွေးဖွားခဲ့ပြီး တောင်ပေါ်တိုင်းရင်းသား ကျေးရွာများတွင် ကြီးပြင်းခဲ့သည်။ အနည်းဆုံး ဒေသခံစကား ၅ မျိုး အသုံးပြုခဲ့သည်ဟု ဆိုသည်။ ထိုဒေသမှ ရခဲ့သော အဆက်အသွယ်များက နောက်ပိုင်း သူကျင်လည်ရာ အန္တရာယ်ကြီးသော ထောက်လှမ်းရေးလုပ်ငန်းတွင် အသုံးတည့်ခဲ့သည်။
          အဘိုးဖြစ်သူသည် သာသနာပြုတဦးဖြစ်ပြီး ၁၉ ရာစုနှစ်က မြန်မာပြည်ရှိ လားဟူ တိုင်းရင်းသားများကို ခရစ်ယာန်ဘာသာဝင်များဖြစ်အောင် ဆောင်ရွက်ခဲ့သူဖြစ်သည်။
          ဖခင်ကလည်း သာသနာပြုတဦးဖြစ်သည်၊ ထို့ပြင် မော်စီတုန်း အာဏာရအပြီး တရုတ်နိုင်ငံ တောင်ပိုင်းတွင် CIA ၏ ထောက်လှမ်းရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။
          ဖခင်ဖြစ်သူကြောင့် သူလည်း CIA တွင် ၀န်ထမ်းတဦး ဖြစ်လာသည်။  သူ  အကျွမ်းတ၀င် ရှိခဲ့သည့် လားဟူတို့သည် ထိုင်း နှင့် လောနိုင်ငံတို့တွင်လည်း ပျံ့နှံ့ နေထိုင်လျက် ရှိရာ CIA တွင် တာဝန်ယူပြီးနောက် လောနိုင်ငံရှိ လားဟူသူပုန်များထံသို့ ရောက်သွားသည်။ ဗီယက်နမ်စစ်ပွဲအတွင်း ကွန်မြူနစ်တို့၏ ထောက်ပံ့ရေးလမ်းကြောင်းကို အနှောင့်အယှက်ပေးရေးကို ဆောင်ရွက်ခဲ့သည်။
          တိုင်းရင်းသားဒေသများတွင် သက်စွန့်ဆံဖျား ကျင်လည်စဉ် “လုပ်ငန်းသဘောအရ လူတွေ သတ်ရတယ်” ဟု သူက The First Post မှ သတင်းစာဆရာကို ပြောပြခဲ့ဖူးသည်။
          အင်တာနက်စာမျက်နှာများတွင် တွေ့ရသော သူ၏ ငယ်ဘ၀ အဖြူအမည်း ပုံမှာ လောနိုင်ငံတွင် လှုပ်ရှားစဉ်က ဖြစ်သည်။ ချင်းမိုင်ရှိနေအိမ်တွင် ထိုပုံကို သတင်းသမားတဦးက ဓာတ်ပုံရိုက်ကူးခဲ့သည်ဟု ဆိုသည်။
          ယမန်နေ့က ချင်းမိုင်ရှိ လားဟူတို့၏ ခရစ်ယာန်ဘုရားကျောင်းတခုတွင် သူ့အတွက် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ကြသည်။
          ဗုဒ္ဓဟူးနေ့တွင် သူ့ကို ချင်းမိုင်တွင် သဂြိုင်္ဟ်မည်။ သူ့အဆက်အသွယ် တိုင်းရင်းသားလူမျိုးများလည်း သူ၏ နောက်ဆုံးခရီးကို ပို့ဆောင်ဖွယ် ရှိသည်ဟု သိရသည်။
          သူ၏ ဘ၀ဇာတ်လမ်းကို ရုပ်ရှင်ရိုက်ရန် ဟောလိဝုဒ်မှ ကုမ္ပဏီတခုက သူ့ကို ဒေါ်လာ တသိန်း ပေးအပ်ခဲ့သည်။ သူ့အကြောင်း ရိုက်ကူးသည့်ဇာတ်ကား ပိတ်ကားထက်မရောက်မီ သူ ကွယ်လွန်သွားခြင်း ဖြစ်သည်။