Tuesday 31 May 2011

Sunday 29 May 2011

နယ်ခြားစောင့် DKBA တပ်တွင်း ပစ်ခတ် ဖမ်းဆီးမှုများ ဖြစ်ပွား


မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ် ၁၀၁၂ တပ်ရင်းမှူး ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ အရင် သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတွေကို မြိုင်ကြီးငူ ဌာနချုပ်မှာပဲ အခုရက်ပိုင်းတွေအတွင်း ပစ်ခတ် ဖမ်းဆီးမှုတွေ လုပ်ခဲ့ရာမှာ DKBA ရဲ့ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးလိုက်ပါတယ်။ နယ်ခြားစောင့်တပ် ၁၀၁၂ ဟာ အရင် DKBA တပ်ဖွဲ့ ဖြစ်ပြီးတော့ နောက်ပိုင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
မြန်မာအစိုးရက DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ကို နယ်ခြားစောင့်တပ် လုပ်ခိုင်းရာကစလို့ DKBA တပ်ဖွဲ့ဝင်တွေ၊ ခေါင်းဆောင်ပိုင်းတွေကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာခဲ့ရတာပါ။ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့တဲ့ DKBA တပ်မှူးတွေဟာ ပြီးခဲ့တဲ့ ၂ ရက်ကစပြီး သူတို့ရဲ့ ခေါင်းဆောင်တွေကို ပစ်ခတ် ဖမ်းဆီးမှုတွေ လုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။
တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် ကလိုထူးဘောဗျူဟာ ဌာနချုပ်က ဗိုလ်မှူး ရွှေဝကတော့ နယ်ခြားစောင့်တပ်က တပ်ရင်းမှူး ဗိုလ်ဘိ ဦးဆောင်ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ အခုလို ပြောပြပါတယ်။
“ကလိုထူးဘော တပ်ရင်းက တပ်ရင်းမှူး ဗိုလ်ဘိက ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းလိုက်ပြီ။”
ဗိုလ်ဘိဟာ အရင်က DKBA ၃၃၃ တပ်က တပ်ရင်းမှူးဖြစ်ပြီး အခုအခါမှာလည်း နယ်ခြားစောင့်တပ် ၁၀၁၂ တပ်ရင်းမှူးအဖြစ် တာဝန်ယူနေတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖောဒိုကတော့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးထားလိုက်ပြီဆိုတဲ့ သတင်းကို DKBA ဘက်ကနေ ရရှိကြောင်း အတည်ပြု ပြောကြားပါတယ်။
“ဗိုလ်ချုပ် ကျော်သန်းတို့ပေါ့၊ ဘယ်သူဖမ်းလဲဆိုတော့ DKBA တပ်ရင်း ၁၀၁၂ တပ်ရင်းမှူး ဗိုလ်ဘိက ဖမ်းထားတာ။ အာဏာသိမ်းတဲ့ သဘောမျိုးပေါ့နော်။ မြိုင်ကြီးငူ ဌာနချုပ်မှာ သူတို့က စုနေကြတာပေါ့၊ ခေါင်းဆောင်ကြီးတွေက။”
ဗိုလ်ချုပ် ကျော်သန်းဟာ နယ်ခြားစောင့်တပ်ကို လုပ်ဖို့အတွက် ဗိုလ်ချုပ် နှုတ်ခမ်းမွေးနဲ့ ဗိုလ်မှူး ရွှေဝ တို့ကိုလည်း အတင်းအကျပ် လက်မှတ်ထိုးခိုင်းဖို့အတွက် လုပ်ဆောင်ခဲ့သူလို့ ဆိုပါတယ်။
ဒီလို အောက်ခြေထု သဘောထား မပါဘဲ ဆောင်ရွက်နေခဲ့မှုတွေကြောင့် DKBA အောက်ခြေတပ်မှူးတွေနဲ့ အဆင်မပြေ တင်းမာမှုတွေ ဖြစ်ခဲ့ရတာလို့ ပြောသွားပါတယ်။ ဒါပေမဲ့လည်း နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကို လက်မခံတဲ့ ကရင်လက်နက်ကိုင် အချင်းချင်းကတော့ အရင်တုန်းက သဘောထား ကွဲလွဲခဲ့မှုတွေ ရှိခဲ့ပေမဲ့ နယ်ခြားစောင့်တပ်ကို အစိုးရက အတင်းအကျပ် လုပ်ခိုင်းရာကစလို့ DKBA နဲ့ KNU ကြားမှာတော့ အချင်းချင်း နားလည်မှု ပိုမိုရရှိလာခဲ့တယ်လို့ ဆိုရမှာပါ။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တွေဟာ စစ်ရေးအရ ပူပေါင်းဆောင်ရွက်မှုတွေ နောက်ပိုင်းမှာ လုပ်လာသလို သူတို့ရဲ့ နယ်မြေတွေမှာလည်း တဘက်နဲ့တဘက် နားလည်မှုတွေနဲ့ ၀င်ထွက်သွားလာခွင့်တွေ ခွင့်ပြုပေးခဲ့ကြတာလည်း ရှိလာခဲ့ကြပါတယ်။
အခုအခါမှာတော့ နယ်ခြားစောင့်တပ်လုပ်ဖို့ ကျန်ခဲ့ကြတဲ့ DKBA တပ်ဖွဲ့ တချို့ကလည်း ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တပ်တွေဆီကို ကူးပြောင်းလာခဲ့သလို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဆီကိုလည်း တဖြည်းဖြည်း ကူးပြောင်းလာမှုတွေ လုပ်လာခဲ့တာကြောင့် နယ်ခြားစောင့်တပ်ဟာ အင်အားနည်းလာခဲ့ပြီး အတင်းအကျပ် လူသစ်စုဆောင်းမှုတွေ လုပ်လာခဲ့တာတွေလည်း ရှိပါတယ်။
၂၀၁၀ နှစ်ကုန်ပိုင်းကစပြီး ကရင်အမျိုးသား အချင်းချင်း တိုက်တဲ့ တိုက်ပွဲတွေ နည်းပါးလာခဲ့တာပါ။ အခုအခါမှာတော့ နယ်ခြားစောင့် တပ်တွင်းပြဿနာတွေ ဖြစ်နေပြီး မြန်မာစစ်တပ်ဘက်က ၀င်ရောက် စွက်လာတာမျိုးတွေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ ၀င်ရောက်စွက်ဖက်မှုတွေ လုပ်လာမယ်ဆိုရင် ကရင်ဒေသတွင်း ပစ်ခတ်မှုတွေ ထပ်ဖြစ်လာဦးမှာ ဖြစ်တယ်လို့ DKBA တွေကတော့ ပြောဆိုနေပါတယ်။

ကရင်နယ်ခြားစောင့်တပ်အတွင်း ပုန်ကန်မှုဖြစ်

စောရန်နိုင် Saturday, 28 May 201
Irrawaddy

ဒု ဗိုလ်မှူးကြီး ပိုဘီ ဦးဆောင်သည့် ကရင်ပြည်နယ် မြိုင်ကြီးငူအခြေစိုက် ကရင်နယ်ခြားစောင့် တပ်ရင်း ၁၀၁၂ သည် မြိုင်ကြီးငူဒေသ ကို ထိန်းချုပ်၍ ပုန်ကန်မှုပြုလုပ်နေကြောင်း သိရသည်။

DSCN400
၂၀၁၀ သြဂုတ်လ အတွင်းက ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသ၌ နယ်ခြားစောင့် တပ် စတင်ဖွဲ့စည်းစဉ်(ဓာတ်ပုံ - ဧရာဝတီ)
ပိုဘီ ၏ တပ်သည် ဗိုလ်ချုပ် ကျော်သန်း အပါအ၀င် နယ်ခြားစောင့် အရာရှိ ၇ ဦးကို ပြန်လည် ပုန်ကန်ခြင်းဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် မြိုင်ကြီးငူမှ မယ်သဝေါအထိ ဒု ဗိုလ်မှူးကြီးပိုဘီ ၏ တပ်များ ချထားကြောင်း၊ ယင်း ပိုဘီ ၏ တပ် အင်အားမှာ ၅၀၀ ခန့်ရှိကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။

မြိုင်ကြီးငူတွင်ရှိသည့် နယ်ခြားစောင့် တပ်ရင်း ၁၀၁၁ ကလည်း ပိုဘီ အဖွဲ့နှင့် ပူးပေါင်းလိုက်ပြီး တခြားသော ကရင်နယ်ခြားစောင့် တပ်များကမူ ပူးပေါင်းခြင်း မရှိသေးကြောင်း၊ ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် DKBA တပ်မဟာ ၅ မှ အင်အား ၁၀၀ ခန့် သွားရောက် ပူးပေါင်းကြောင်း သိရသည်။

“ပိုဘီအဖွဲ့က အစိုးရဖွဲ့ပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် အကြံပေးအရာရှိ ၇ ဦးကို မကြိုက်လို့တဲ့၊ အဲဒီ ၇ ယောက်ကို ဖမ်းမယ် တဲ့”ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ မှ ဗိုလ်မှူးချူပ် ဂျော်နီက ပြောသည်။

၎င်း အကြံပေးအရာရှိ ၇ ဦးတွင် ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်ချစ်သူ၊ ဗိုလ်ဖားနွီး တို့ ပါဝင်ကြောင်း သိရသည်။

ပိုဘီ တပ်ဖွဲ့ သည် ပြီးခဲ့သည့်မေလ ၂၄ ရက်နေ့က ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းရန်ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း၊ ၎င်းတို့ အဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် ဆက်လက်မလုပ်လိုကြောင်း နီးစပ်သူများက ဆိုသည်။

DKBA နှင့် နီးစပ်သူ တဦးဖြစ်သည့် စောထီးမူးကလည်း“သူတို့ လူကြီးကိုမကျေနပ်လို့တဲ့၊ သူတို့ကို ခိုင်းစားတယ်လို့ ခံစားရတာကြောင့် တဲ့၊ အခုကြားတာက နယ်ခြားစောင့်ဖြစ်လာတဲ့ DKBA ကို အစိုးရက သိပ်မယုံတော့ဘူး၊ သူတို့လက်နက်ကို သိမ်းမယ်လို့ ကြားတယ်၊ သူတို့ကလည်း အဲဒါကို အဖြစ်မခံနိုင်ဘူး၊ စစ်ဖြစ်လာရင် KNU ကို အကူအညီ တောင်းထားတယ်လို့ သိရတယ်”ဟု ပြော သည်။

“နယ်ခြားစောင့်တပ်ကို ဆက်မလုပ်နိုင်တော့လို့ သူတို့ခေါင်းဆောင်ကို ပြန်ပြီး ပုန်ကန်တဲ့သဘောပေါ့”ဟု KNU မှ ဒု ဗိုလ်မှူးကြီး
စော ဖောဒို ကလည်း ပြောဆိုသည်။

မြိုင်ကြီးငူတွင် ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း သဘောထားမတူညီသည့် ကရင်နယ်ခြားစောင့်တပ်အချင်းချင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အစိုးရဘက် အရာရှိတချို့ ကရင်နယ်ခြားစောင့်တပ် အရာရှိများနှင့် လာရောက်တွေ့ဆုံနေပြီး အစိုးရက အနုနည်းနှင့် မဖြေရှင်း နိုင် ပါက ကြီးမားသည့် တိုက်ပွဲ ဖြစ်ပွားလာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

ယင်း နယ်ခြားစောင့်တပ်မှ လစဉ်နီးပါး ထွက်ပြေးသည့် တပ်ပြေးများလည်း များပြားလာကြောင်း သိရသည်။

DKBA သည် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ယမန်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင် ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား ၂၀၀၀ ၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ ၂၀၀ ကျော် ရှိကြောင်း DKBA နှင့် KNU တာဝန်ရှိသူများက ပြောဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့သည် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်း ပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်း ရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေ ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် DKBA သည် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ် သည်။

Friday 27 May 2011

မြိုင်ကြီးငူ ဒေသရှိ BGF တပ်ဖွဲ့များ DKBA တံဆိပ် ပြန်တပ်ပြီး ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းဆီးထား

မေ ၂၇။ (ကေအိုင်စီ)
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသရှိ နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့ဝင်များသည် ယမန်နေ့က ၎င်းတို့၏ တံဆိပ်များကိုချွတ်၍ DKBA တံဆိပ်များကို ပြန်ဝတ်ဆင်ကာ ယခင် DKBA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကျော်သန်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားလိုက် သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၁၀၁တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစော ဖောဒိုက “ကျော်သန်းကို သူ့လူတွေ ဖမ်းထားလိုက်ပြီ။ မြိုင်ကြီးငူမှာ ဘီဂျီအက်ဖ်မရှိ တော့ဘူး။ ဒီကေဘီအေ ပြန်ဖြစ်ကုန်ပြီ။ ဘီဂျီအက်ဖ်ကို မလုပ်တော့ဘူး။ ဒီကေဘီအေကို ပြန်ပြီးတော့ ကူးပြောင်းတာ”ဟု ပြောသည်။
အလားတူ နယ်ခြားစောင့်ကို ငြင်းဆန်နေသည့် ဒီကေဘီအေ တပ်မှူးတစ်ဦးကလည်း“ ဟုတ်တယ်။ အခု ဗိုလ်ချုပ်ကျော်သန်းကိုလည်း မြိုင်ကြီးငူမှာ သူ့လူတွေ ဖမ်းဆီးထိန်းသိမ်းထား လိုက်တယ်။”ဟု ကေအိုင်စီကို ပြောသည်။
၎င်းဖြစ်စဉ်သည် နယ်ခြားစောင့်အချင်းချင်းကြားတွင် အထက်အရာရှိနှင့် အောက်ခြေ အရာရှိတို့ကြား ငွေကြေးကိစ္စ လာဘ်ပေးလာဘ်ယူ မမျှတသည့်အတွက် စတင်ဖြစ်ပွားခဲ့သည့် ပြဿနာဖြစ်ပြီး နောက်ဆုံးတွင် နှစ်ဘက်ညှိနှိုင်း၍ မရသောကြောင့် ယခုလို ကြီးမားလာခြင်းဖြစ်သည်ဟု KNU ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေးက ပြောသည်။
သို့သော် ထိုကိစ္စနှင့်ပတ်သက်ပြီး BGF တပ်ရင်း ၁၀၁၈မှ ထိပ်တန်းအရာရှိတစ်ဦးက “နယ်ခြား စောင့်တပ်နဲ့ ဒီကေဘီအေက တူတူပဲလေ။ သူတို့အင်္ကျီဟောင်းတွေကို တခါတလေပြန်ဝတ်လို့ ဖြစ်ရင်ဖြစ်မှာပေါ့၊ ဗိုလ်ချုပ် ကျော်သန်းကို ပြန်ဖမ်းတယ်ဆိုတာက ကျနော်ဘာမှ မကြားပါလား ”ဟု ပြောသည်။
၂၀၁၀ခုနှစ်၊ သြဂုတ်လ ၂၀ရက်က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲပလဲ့ကျေးရွာတွင် ကျင်းပြုလုပ်သည့် နယ်ခြားစောင့်တပ်များ တပ်ဖွင့်ပွဲအခမ်းအနား (ဓါတ်ပုံ-ကေအိုင်စီ)
ပြီးခဲ့သည့် ၂၀၁၀ခုနှစ် သြဂုတ်လတွင် ဒီကေဘီအေတပ်ဖွဲ့ဝင် အများစုသည် နယ်ခြားစောင့် တပ်သို့ အသွင်ကူးပြောင်းခဲ့ပြီး လအနည်းအနည်းငယ်အကြာတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားလျှက်ရှိသလို KNUနှင့် လက်ကျန် DKBA များ ထံသို့ မကြာခဏ လာရောက်ပူးပေါင်းမှုများ ရှိသော်လည်း ယခုလို ကြီးကြီး မားဖြစ်ပွားမှုသည် ပထမ ဦးဆုံးအကြိမ်ဖြစ်သည်။
မြိုင်ကြီးငူဒေသတွင် နယ်ခြားစောင့်တပ် BGF ၁၀၁၁ နှင့် ၁၀၁၂တပ်ရင်းတို့ အခြေချလှုပ်ရှား လျှက်ရှိသည်ဟု သိရသည်။

2010 Padoh Mahn Sha Young Leader Award Goes To Naw December Paw

  image

27 May 2011

The Phan Foundation is pleased to announce that the 2010 Padoh Mahn Sha Young Leader Award has been given to Naw December Paw, 26 years old, head of the district hospital in Tavoy District (Tenasserim), and in charge of healthcare for the region.

The Padoh Mahn Sha Young Leader Award is given annually by the Phan Foundation in memory of Padoh Mahn Sha Lah Phan, former General Secretary of the Karen National Union, who was assassinated by agents of Burma’s military dictatorship on 14th February 2008. Padoh Mahn Sha always encouraged and supported young people to help their people overcome oppression and poverty. The award comes with a $2,000 grant for the winner to continue their work.

Naw December Paw was nominated by the Federation of Trade Unions Kawthoolei (FTUK). Saw Lay Say, Head of the Organising and Information Department of FTUK, described in the nomination how Naw December Paw: “loves her people with strong commitment, selflessness and working hard. Although she grew up in refugee camps, she went back inside Karen State and worked hard for her people….Her family resettled to the U.S.A. She didn’t join them, instead, she chose to go back inside Karen State and help her people. Despite many difficulties and poor condition, she continues to work with the community. Through her strong and energetic enthusiasm, she always serves her people in the front line area. I see this young Karen woman as a good example for other young Karen not just inside refugee camps but also in other places. She is an inspiration and I hope other young people will follow her footsteps.”

Saw Kyi Noh, Secretary of Htee Moh Pwa Special area in Tavoy District, supporting the nomination, stated: “I came to know that she was a great young person with good character. She never hesitated to serve her people, despite challenges and difficulties. She tries her best until her work is successful. She doesn’t mind if it is a difficult path and mountainous areas. She would go out and help people at any time even if she had to go into the Burmese Army area.”
“We are very pleased indeed to be able to give this young leader award to Naw December Paw,” said Nant Zoya Phan, founder and Director of the Phan Foundation. “It is not just recognising her fantastic work and outstanding leadership role in the community, but also recognition of how important the work she does is. She is one of the many young people who give hope to our suffering people. My father, Padoh Mahn Sha Lah Phan, would want to see more young people like Naw December Paw in the struggle for our rights and protection for the Karen people.  Through recognising and supporting young people in the community, this award is one way that the Phan Foundation is determined to continue our parents’ dedicated work.”

The award will be presented by Saw Say Say Phan and Nant Bwa Bwa Phan at the Karen Unity Seminar in Kawthoolei (Karen State) on Friday 27 May 2011.

Thursday 19 May 2011

ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၁ ဦး လွှတ်ပြီ


ချင်းမိုင် (မဇ္ဈိမ) ။      ။ ကပ္ပလီပင်လယ် အန္ဒမန်ကျွန်းစုရှိ လန်းဖောကျွန်းတွင် ၁၉၉၈ ကတည်းက အိန္ဒိယစစ်တပ် ဖမ်းဆီးခံခဲ့ရသော ရခိုင်နှင့် ကရင် မျိုးချစ်သူပုန် ၃၄ ဦးအနက် ၃၁ ဦး ကိုလ်ကာတာ အကျဉ်းထောင်မှ ကြာသပတေးနေ့တွင် ပြန်လွတ်လာပြီ ဖြစ်သည်။

ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်အဖြစ် ယခုနှစ် ဧပြီလတွင် အသိအမှတ် ပြုခဲ့ပြီးနောက် ၃၁ ဦးကို ကိုလ်ကာတာမြို့ရှိ အလီပူ ပရက်စီဒင်စီ ပြုပြင်ရေးစခန်း ခေါ် အကျဉ်းထောင်မှ ပြန်လွှတ်ပေးရန် အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့သည်။

ကျန် ၃ ဦးကို အန္ဒမန်ကျွန်းစု ပို့ဘလဲသို့ပြန်ပို့ပြီး မပြီးပြတ်သေးသော အမှုများကို ရင်ဆိုင်ရဦးမည်ဖြစ်ကာ ထိုအမှုများ ပြီးပြတ်မှ ပြန်လည်လွတ်မြောက်လာမည်ဖြစ်သည်။

၃၄ ဦးထဲတွင် ၁၁ ဦးမှာ ကရင်အမျိုးသားအစည်းအရုံး KNU မှဖြစ်ပြီး ၂၃ ဦးမှာ ယခုမရှိတော့ပြီဖြစ်သော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ NUPA မှ ဖြစ်သည်။

freedomfigherst
၁၃နှစ်ကျော်ကြာ ထိန်းသိမ်းခံရပြီနောက်ပြန်လွတ်လာသော မျိုးချစ်သူပုန် ၃၁ ဦး
၎င်းတို့လွတ်မြောက်ရေးအတွက် အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းထံ စာရေးသားပေးပို့ခဲ့ပြီး ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုရန်လည်း ကုလသမဂ္ဂသို့ စာရေးသားပေးပို့ခဲ့သူ အမျိုးသား ညွန့်ပေါင်းအစိုးရဝန်ကြီး ဒေါက်တာတင့်ဆွေက ယခုဖြစ်ရပ်သည် လွတ်မြောက်ရေးတိုက်ပွဲဝင် တပ်သားများအတွက် အောင်ပွဲတခုဖြစ်ကာ ယင်းအဖြစ်အပျက်က တကယ့်ဒီမိုကရေစီနှင့် မြန်မာနိုင်ငံရှိ အခြေအနေများအကြား ခြားနားချက်ကို ဖော်ပြနေသည်ဟု မဇ္ဈိမကို ပြောကြားသည်။

‘‘ဒါ တကယ့်သတင်းကောင်းပါ။ ဒီအတွက် အိန္ဒိယအစိုးရကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံက ပြောနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာနဲ့ အခု အိန္ဒိယနိုင်ငံက ထိန်းသိမ်းခံရသူတွေအကြား အဖြစ်အပျက်က သာမန်တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဒါကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒီမိုကရေစီရှိတာနဲ့ ဒီမိုကရေစီ ကင်းမဲ့တာရဲ့ ခြားနားချက်ကို အသေအချာ ဖော်ပြနေတာပါ။ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီစနစ်နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကို ကျနော်တို့ တကယ့်ကို ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံသားတွေအဖို့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ရရှိဖို့အတွက် အရင်ထက်ပိုပြီး ကြိုးပမ်းရအုံးမယ်ဆိုတာ ဒီအဖြစ်အပျက်က ပြသနေပါတယ်’’ ဟု သူက ဆိုသည်။

ကျန် ၃ ဦးနှင့် ပတ်သက်၍ ဒေါက်တာတင့်ဆွေက ‘‘၎င်းတို့ကို နောက်ဆုံးတွင် လွှတ်ပေးလိမ့်မည်ဟု ယုံကြည်သော်လည်း ဆက်လက်ထိန်းသိမ်းခံရကာ အမှုရင်ဆိုင်ရဦးမည့် အရေးအတွက် စိတ်မကောင်း ဖြစ်မိကြောင်း’’ ပြောသည်။

အဆိုပါ NUPA နှင့် KNU တပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံ
freedomfighert
ထောင်မှ လွတ်လာသော မျိုးချစ်သူပုန် ၃၁ဦးတို့ ပျော်နေကြစဉ် (ဓါတ်ပုံ မဇ္ဈိမ)
ပိုက်နက်နယ်မြေပေါ်တွင် ၁၃ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး သူတို့သည် `ပင်လယ်မျှော့စစ်ဆင်ရေး´ စစ်ဆင်ရေးအတွင်း ၁၉၉၈  ဖေဖော်ဝါရီ ၁၁ ရက်ကတည်းက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ လျှို့ဝှက်စစ်ဆင်ရေးကို ဒုဗိုလ်မှူးကြီးဂရေးဝေါ ဆိုသည့် အိန္ဒိယ စစ်ထောက်လှမ်းရေး အရာရှိတဦးက စီစဉ်လုပ်ဆောင်ခဲ့ကာ မျိုးချစ်သူပုန်များကို အစုအပြုံလိုက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ သူတို့ထဲမှ ခေါင်းဆောင် ၆ ဦးကို အန္ဒမန်ကျွန်းစု လန်းဖောကျွန်းတွင် အိန္ဒိယစစ်တပ်က သတ်ဖြတ်ခဲ့သည်။
 

မလေးရှားရောက် နန့်ဘွားဘွားဖန်း

ကရင့်မျိုးချစ်ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားခေါင်းဆောင်များအပါအ၀င် MKO မိသားစုဝင်များ တွေ့ဆုံပွဲ ၁၉၊ ၀၅၊ ၂၀၁၁။ စောအောင်အောင်(ကိုးဒီသွေး)

ကိုးဒီသွေး

၁၇-၀၅-၂၀၁၁ နေ့၊ ည ၈း၃၀ နာရီအချိန်တွင် ကရင့်မျိုးချစ်ခေါင်းဆောင်များဖြစ်ကြသော သြစတြေးလျ
မှဖထီးကနဲမီ၊ အင်္ဂလန်နိုင်ငံ Burma Campain(UK) မှ KNU ကိုယ်စားလှယ် နန့်ဘွာဘွာဖန်းနှင့် စင်ကာ
ပူမှ ကိုယ်စားလှယ်တို့က MKO သို့လာရောက်ပြီး တိုင်းရင်းသားဒုက္ခသည်ခေါင်းဆောင်များ၊ MKO မိ
သားစုအဖွဲ့ဝင်များအားတွေ့ဆုံကာနိုင်ငံရေး၊လူမျိုးရေး၊တော်လှန်ရေးအကြောင်းများကို ရှင်းလင်းပြောကြား သွားပါသည်။

ထိုပွဲသို့ ဧည့်သည်စုစုပေါင်း (၁၅၀)ခန့်တက်ရောက်ခဲ့ကြပြီး အမေးအဖြေ အစီအစဉ်နှင့်အတူ ရင်းနှီးပွင့် လင်းစွာ တွေ့ဆုံနှီးနှောဖလှယ်ခဲ့ကြပါသည်။

ပထမဦးစွာ MKO ဥက္ကဋ္ဌ မန်းစိန်သန်းက တက်ရောက်လာသူများကို တိုင်းရင်းသားခေါင်းဆောင်များနှင့်
တစ်ဦးချင်းစီ မိတ်ဆက်ပေးပြီး '' နန့်ဘွာဘွာဖန်း၊ ဖထီးကနဲမီတို့အနေနဲ့ အချိန်တိုလေးအတွင်း
မှာ လုပ်ဆောင်စရာရှိတာတွေကို အချိန်လုပြီး စီစဉ်လုပ်ဆောင်ရတဲ့အတွက် အထူးကျေးဇူးတင်ရှိ
သလို တက်ရောက်လာကြသူတွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်း´´ အတိုချုံး ပြောကြားသွားပါသည်။

ဆက်လက်၍ ဖထီးကနဲမီက AKO ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေချိန်တွင် MKO အဖွဲ့အစည်းပေါ်ပေါက်
လာရန်အုတ်မြစ်ချခဲ့ပြီး ယခုလို အောင်မြင်မှုအသီးအပွင့်များဖြင့် ဝေဆာနေတာကို လှိုက်လှဲစွာ ၀မ်းသာ
ဂုဏ်ယူမိကြောင်း၊ ကမ္ဘာတစ်ဝှမ်းရှိ (၁၃)နိုင်ငံတို့မှ ကရင်များ ကျစ်လစ်စုစည်းအောင် စည်းရုံးလုပ်
ဆောင်လျှက်ရှိကြောင်း၊ မန်မာပြည် အခြေအနေနှင့် အနာဂတ်သည် တိုင်းရင်းသားတို့၏ လက်ဝယ်
တွင်သာရှိပြီး ပြည်တွင်းရေးသည် တိုင်းရင်းသားအရေးဟု ခံယူမှသာ Lasting Peace ရနိုင်မည်ဖြစ်
ကြောင်း၊မိမိကိုယ်ကို ယုံကြည်မှု အပြည့်အ၀ထားရှိပြီး သူများကို အားမကိုးပဲ မိမိကိုယ်ကို အားကိုးခြင်း
သည် မိမိ၏ အရည်အသွေးကို မြင့်တင်ရာရောက်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါသည်။

Burma Campain(UK) နှင့် KNU ကိုယ်စားလှယ် နန့်ဘွာဘွာဖန်း(ယခင် KNU အထွေထွေအတွင်း
ရေးမှူးဟောင်း မန်းရှားလားဖန်းသမီး) ကလည်း KNU ဖွဲ့စည်းပုံ၊ လက်ရှိဖြစ်ပေါ်နေသောကရင်လူ
မျိုးများ၏ ဒုက္ခများနှင့် ဆောင်ရွက်ချက်များကို Slide Show ဖြင့် ပြသကာ ပြောကြားသွားပါသည်။

အမေးအဖြေကဏ္ဍတွင် `` ဖခင်ကြီးလုပ်ကြံခံရခြင်းကြောင့် လုံးဝတုန်လှုပ်အံ့သြခဲ့ရတယ်၊ ပြည်သူတွေ
ချစ်သောဖခင်ကြီးရဲ့ ရုပ်ကလပ်ရှေ့မှာ ငိုကြွေးနေကြတဲ့ ပြည်သူတွေကိုကြည့်ပြီးတော့ကိုယ့်ကိုယ်ကို
တောင် ၀မ်းနည်းမနေနိုင်တော့ပဲ လူထုကြီးကိုပြန်ပြီးနှစ်သိမ့်ခဲ့ရတယ်။ အားကိုးရာမဲ့နေတဲ့ ပြည်သူတွေကို
တစ်ခုခုလုပ်ဆောင်ရမဲ့အသိစိတ်ကချက်ချင်းဝင်လာပြီး ခေါင်းဆောင်ကောင်းတို့ရဲ့ အားအင်ကို တည်
ဆောက်ယူခဲ့ရတယ်။´´ ဆိုပြီး ပြောကြားသွားခြင်းဟာဖြင့် အင်မတန်အတုယူစရာ ကောင်းခဲ့ရပါသည်။

နန့်ဘွာဘွာဖန်း၏ဖခင်ကြီး ပဒိုမန်းရှာလားဖန်းသည် (၁၄-၀၂-၂၀၀၈)နေ့၊ မဲဆောက်မြို့တွင် ဗမာစစ်
အစိုးရ၏ ကြိုးကိုင်မှုဖြင့် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

ဆက်လက်၍ စင်ကာပူကိုယ်စားလှယ်မှ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှု၊ဘာသာစကားတို့သည် တဖြည်းဖြည်း
ပျက်သုဉ်းလျှက်ရှိပြီး ပြန်လည်ထိန်းသိမ်းရန်၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ကြရန် ၊ စိတ်ဓါတ်
မြင့်မားကြစေရန် ဥပမာများဖြင့် တိုက်တွန်းပြောကြားသွားပါသည်။

တွေ့ဆုံဆွေးနွေးပွဲသည် ပွင့်လင်းနွေးထွေးမှုရှိပြီး ည(၁၂)နာရီတွင် ပြီးဆုံးသွားပါသည်။

Wednesday 11 May 2011

ပဒိုစောစံလင်းအထ္ထုပ္ပတ္တိ

from Mahn Soe Kamaw Blog

Saw San Lin of KNU

(၁၀၁) တပ်ရင်းမှူး ဗိုလ်မှူးကြီးစောဖေါဒို၏ စကား

ကိုးဒီသွေး


ပြည်ထောင်စု အတုအယောင်နှင့် ပြည်တွင်းစစ်သစ်

May 9th, 2011 လွတ်လပ်သောမွန်သတင်းအေဂျင်စီ

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကာလမှ စတင်၍ မိမိတို့၏ အမျိုးသားအခွင့်အရေးအတွက် တိုင်းရင်းသားများမှာ နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင်တိုက်ပွဲ၊ ပြည်တွင်းတိုက်ပွဲ နည်းလမ်းမျိုးစုံနှင့် တိုက်ပွဲဝင်ခဲ့သည်။

တိုင်းရင်းသားတို့၏ တောင်းဆိုချက်ကား ”မိမိတို့၏ ကံကြမ္မာကို မိမိတို့ ကိုယ်တိုင်ဖန်တီးခွင့်” ရရှိရေးနှင့် ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားအားလုံး၏ တန်းတူမှု အခွင့်အရေးအပေါ် မူတည်ပြီး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးပင် ဖြစ်သည်။

တိုင်းရင်းသားလူမျိုးတို့၏ တောင်းဆိုချက်အပေါ် မျက်လှည့်ပြသည့် အနေဖြင့် (၂၀၀၈) ခုနှစ်တွင် စစ်တပ်မှ ပြည်ထောင်စု အတုအယောင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ်ကို ရေးဆွဲခဲ့ပေသည်။ (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကား တန်းတူရေးကို ဦးစားမပေး၊ တိုင်းဒေသကြီး (၇) ခုနှင့် တိုင်းရင်းသား ပြည်နယ် (၇) ခုအပေါ် မူတည်ပြီး ဖွဲ့ စည်းပုံကို ရေးဆွဲထားခြင်းကား မွန်၊ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်း၊ ရခိုင်တို့ တကျပ်စီရသည့် အချိန်တွင် ဗမာမှ (၇) ကျပ် အပိုင်စီးသွားသည့် သဘော ဖြစ်ပေသည်။

ထို့အပြင် တိုင်းရင်းသား ပြည်နယ်များတွင်လည်း ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရများကို ဖွဲ့စည်းထူထောင်ခွင့် ပေးထားခြင်းသည် ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေးသဏ္ဍာန် ဖန်တီးထားပေသည်။ သို့သော် ထိုပြည်နယ်များတွင် ပြည်နယ်လွှတ်တော်၏ ဥပဒေပြုအာဏာ၊ အစိုးရ၏ အုပ်ချုပ်အာဏာကို ဗဟိုအဆင့်မှ အထူးပင် ထိန်းချုပ်ထားပေသည်။ ၄င်းတိုမှာ လွတ်လပ်မှု မရှိပေ။ ရုပ်ပြအစိုးရနှင့် ရုပ်ပြလွှတ်တော် သဏ္ဍာန်ပင် ဖြစ်ပေသည်။

လွှတ်တော်အဆင့်ဆင့် (ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်) တို့တွင် အတိုက်အခံပုံစံကို မဖန်တီးထားပေ။ အထွေထွေကိစ္စများကိုလည်းကောင်း၊ အစိုးရ၏ လုပ်ငန်း အကောင်အထည်ဖော်မှု ကိစ္စများကို ထောက်ပြရာတွင်လည်းကောင်း အကန့်အသတ်များစွာ ထားရှိထားပေသည်။ ပြည်နယ်လွှတ်တော်နှင့် အစိုးရ၏ လုပ်ပိုင်ခွင့်များကိုလည်း ဗဟိုအစိုးရမှ အကန့်အသတ်များစွာနှင့် ထားရှိထားသည့်အတွက် ပြည်နယ်ဒေသအတွင်းရှိ လူထုတို့၏ တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်ပေ။

လက်ရှိ ”ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ” အစိုးရသည် ပြည်ထောင်စု အတုအယောင် မြန်မာနိုင်ငံအား အုပ်ချုပ်ကာ၊ တဖက်တွင် ဗမာ့စစ်တပ် အင်အားကြီးမားလာအောင် ဆောင်ရွက်ထားပေသည်။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတို့အပေါ် သွေးကွဲအုပ်ချုပ်ရေးစနစ် ကျင့်သုံးပြီး အင်အားချည့်နဲ့အောင် ဆောင်ရွက်နေပေသည်။ တချိန် တည်းတွင် အချို့အဖွဲ့ကို ဗမာ့တပ်မတော်အုပ်ချုပ်မှု လက်အောက်သို့ ရောက်သွားအောင် ဆောင်ရွက်နေပေသည်။

ဤကဲ့သို့သော အနေအထားတွင် ရွေးကောက်ပွဲအပြီး၊ စစ်အစိုးရက အစိုးရသစ် ဖွဲ့စည်းနိုင်သည့်တိုင် ပြဿနာမှာ ဆက်လက်တင်ရှိဆဲ ဖြစ်ပေသည်။ တိုင်းရင်းသား ပြည်သူများအပေါ် တန်းတူအခွင့်အရေး မပေးအပ်သရွေ့၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ မဆွေးနွေးသရွေ့၊ မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှု ရှိမည် မဟုတ်ပေ။

အစိုးရသစ်သည် ပြည်တွင်းစစ်သစ်အတွက် စစ်သုံးစရိတ်များစွာ ပေးအပ်နေရသည့်အတွက် တိုင်းပြည်၏ ဖွံ့ဖြိုးရေး၊ စီးပွားရေး ကိစ္စများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ တိုင်းရင်းသားဒေသများ တွင်လည်း ပြည်တွင်းစစ်ကြောင့် ပြည်သူများမှာ အိုးမဲ့အိမ်မဲ့ဘဝဖြင့် ဆက်လက်ဒုက္ခရောက်ကြဦးမည် ဖြစ်သည်။

Tuesday 10 May 2011

တပ်မဟာ ၄ မှ အမျိုးသမီးသူရဲကောင်းများ

ကိုးဒီသွေးမှပြန်လည်ကူးယူတင်ဆက်သည်

နော်ဝေးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အကြောင်းဆွေးနွေး


2011-05-09 RFA

နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ မေလ ၉ ရက် ဒီကနေ့ စတင်ကျင်းပနေတဲ့ Freedom Forum နိုင်ငံတကာ လွတ်မြောက်ရေး ညီလာခံ မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်း ဆွေးနွေးနေပါတယ်။

ကရင်အမျိုးသမီး မဇိုယာဖန်းသည် ဗြိတိန်အခြေစိုက် Burma Campaign (UK) တွင် တက်ကြွစွာ လှုပ်ရှားနေပါသည်။ သူသည် လုပ်ကြံခံလိုက်ရသော ကရင်အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူး ပဒိုမန်းရှာ၏ သမီးလည်း ဖြစ်သည်။ Photo Courtesy of Burma Campaign (UK)
အဲဒီညီလာခံကို Burma Campaign UK အဖွဲ့က မဇိုရာဖန်းလည်း တက်ရောက်ပြီး မြန်မာနိုင်ငံက အခြေအနေတွေကို တင်ပြခဲ့ပါတယ်။

“ဟုတ်ကဲ့၊ အဓိကကတော့ ဒီ အော်စလို Freedom Forum က နိုင်ငံအသီးသီးမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပေါ့နော်၊ အဲဒါ ဒီ ဖိုရမ်ကနေတဆင့် ကမ္ဘာကို သူတို့ တင်ပြချင်တယ်။ အဲဒါကြောင့် မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အင်မတန်ကို ဆိုးဝါးနေတဲ့ အကြောင်းကို ဖော်ပြတဲ့အတွက်ပေါ့နော်၊ ဒီ Freedom Forum က မြန်မာပြည်အကြောင်းကို ထည့်ထားတာ ဖြစ်ပါတယ်။”

“အဓိက ကျွန်မပြောနေတာကတော့ပေါ့နော်၊ အခု လက်ရှိ မြန်မာပြည် အခြေအနေက လုံးဝ ဆိုးဝါးနေပါတယ်။ ပြောင်းလဲမှုတွေ မရှိသေးဘူးပေါ့နော်။ အဲဒါကြောင့် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေလည်း ပိုပြီးတော့ လိုအပ်နေသေးတယ်လို့ ကျွန်မ အဓိက ပြောတာ ဖြစ်ပါတယ်။”

Burma Campaign UK အဖွဲ့က မဇိုရာဖန်း ပြောသွားတာ ဖြစ်ပါတယ်။

ဒီညီလာခံကို နိုဘယ်လ် ငြိမ်းချမ်းဆုရှင်တွေ နှစ်စဉ်တွေ့ဆုံတဲ့ သုံးနှစ်မြောက် အစည်းအဝေးနဲ့ တိုက်ဆိုင်ပြီး ကျင်းပတာ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တွေ ဖြစ်တဲ့ အီရန် တရားသူကြီးဟောင်း ရှီရင် အီဘာဒီနဲ့ မြေမြှုပ်မိုင်း ပပျောက်ရေး ဦးဆောင်လှုပ်ရှားနေသူ ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ဂျိုဒီ ဝီလီယမ်စ်တို့လည်း ဦးဆောင် ဆွေးနွေးခဲ့ကြပါတယ်။

Freedom Forum လွတ်မြောက်ရေးညီလာခံကို နယူးယောက်အခြေစိုက် Human Rights Foundation က ဦးစီးပြီး နော်ဝေးနိုင်ငံက AI လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနဲ့အတူ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်း ပါဝင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Sunday 1 May 2011

Karen Community Association Sheffield Annual Meeting 2011

KCA Annual Meeting 2011

Face to Face (Irrawaddy)