Thursday 20 May 2010

Wednesday 12 May 2010

Friday 7 May 2010

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) “ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ” - အပိုင်း(၅)

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်

ဘာသာရေးတန်းတူမှု

ဘယ်လူ့အဖွဲ့အစည်းဘဲဖြစ်ဖြစ် (တန်းတူညီမျှမှု) (Equality) သည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသည်။ တန်းတူမှုရှိလျှင် ဘယ်အိမ်ထောင်၊ ဘယ်မိသားစု၊ ဘယ်လူမျိုး၊ ဘယ်တိုင်းပြည်မှ စစ်မက်ဖြစ်ပွားလာနိုင်ဘွယ် မရှိ၊ ပကတိ ငြိမ်းချမ်းမည် ဖြစ်ပါသည်။ ထို (Theory, Philosophy) ကို ဘာဘဲလုပ်လုပ် မိမိကိုင်စွဲထားပါသည်။ မိမိစစ်ကြောင်းတွင် ဘာသာစုံရှိကြ သည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလမ်နှင့် (မိရိုးဖလာ) ဟူ၍ ရှိသည်။ ဘာသာရေးကို အသေးအဖွဲပြဿနာလို့ ယူဆ၍မရ၊ မိမိဘာသာကို ထိခိုက်လာပါက အသက်ပေး ခုခံကာကွယ်ကြမည် ဖြစ်သည်။ နိဗ္ဗာန်တို့၊ ကောင်းကင်နိုင်ငံတို့ ရောက်ခဲ့ဖူး သည့်သူ ရှိ မရှိကိုမူ မသိ။ သို့သော် ကရင့်တော်လှန်ရေး၏ လမ်းစဉ်၊ လုပ်ငန်းစဉ်၌ (လူတိုင်း မိမိယုံကြည်ကိုးကွယ်သည့် ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည် လုပ်ဆောင်ခွင့်ရှိသည်၊ ဘာသာတိုင်း တန်းတူသည်၊ သို့သော် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်မထုတ်ရ) ဟု ဖေါ်ပြထားသည့်အတိုင်း မိမိ စစ်ကြောင်းတွင် ဘာသာရေး တန်းတူမှုကို စတင် သုံးလိုက်သည်။

တစ်နေ့ မိမိစစ်ကြောင်းမှ ကျောင်းသားတပ်မတော်များ ရှိရာသို့ လိုအပ်ချက်များ စစ်ဆေးရန် ရောက်ရှိသွားသည်၊ ရန်သူ့ လေတပ်မှ စက်သေနတ်၊ (Rocket) (ဒုံး) များ၊ ဗုံးများ၊ ပစ်ခတ်ကြဲချခံရလို့ ထင်သည်။ ဆက်သွယ်ရေးမြောင်းတလျှောက် ၄င်းတို့ပစ်ကျင်း၌ (Fox hole) မြေခွေးကျင်းများပင် တူးထားကြရသည်။ ဘဝက ပေးသည့် အသိဖြစ်သည်။ စစ်ပွဲ ကြာရှည်မှု မှာလည်း “နှစ်” ၊ “လ” အတွင်းပင် ဝင်လာသည်။ တနေရာအရောက်တွင် မျက်နှာမရွှင်ပြ စိတ်မကောင်း စိတ်ပျက်နေဟန် ရှိသော ရဲဘော်များကို တွေ့ရသည်။

Saturday 1 May 2010

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) “ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ” - အပိုင်း(၄)

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်

တစ်နေ့ မိမိစစ်ကြောင်းရှိ ကျောင်းသားတပ်မတော်မှ တပ်စုမှူး ကိုလူပုမှာ လက်တွင် ဒဏ်ရာရကာ မိမိစစ်ကြောင်းရုံးသို့ ရောက်လာသည်။ (ထူးဝါးလူ) ဆေးရုံသို့ ပို့ရန် (မယ်ပ) ကို စုန်ဆင်းသွားသော စက်လှေအား စောင့်ရာ ပြန်တက်လာသည်။ ခေါ်သည်၊ မဆိုက်၊ မကြားလို့ ထင်သည်။ မိမိတို့ကို လှည့်ကြည့်သွားသည်။ ထို့ကြောင့် လိုအပ်နေပြီဖြစ်၍ ၄င်း၏ ခေါင်းပေါ် (AK) နှင့် လေး၊ ငါး၊ ဆယ်ချက် ကျော်ကာ ပစ်ထည့်လိုက်သည်။ သို့မှ စက်လှေ လာဆိုက်သည်။

“ဒီလူနာကို (ထူးဝါးလူ) ဆေးရုံပို့” ဟု ပြောရာ၊

“ကျနော် (စော်ထာ) တက်ရမယ်” တဲ့။

မိမိမှ “မလိုချင်ဘူး၊ လူနာကို ဆေးရုံ အမြန်ပို့၊ ငါ့ရဲဘော် တစ်ခုခုဖြစ်ရင် မင်းနဲ့ငါ တွေ့မယ်” ဟု စိတ်မကောင်းစွာဖြင့် ဟောက်ထည့်လိုက်ရသည်။

ပထမဆုံး ကျောင်းသားတပ်မတော်မှ မိမိအုပ်ချုပ်မှုအောက်တွင် သွေးမြေကျရခြင်း ဖြစ်သည်။ ရန်သူနှင့် တစ်လအတွင်း စစ်မျက်နှာတိုင်းတွင် အနည်းဆုံး (၁ဝ) ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားသည်။ ရန်သူက (ပွိုင့် - ၄ဝ၄၄) ကို သဲကြီးမဲကြီး တက်ထိုးနေသည်။ အရံကုန်းများကိုပင် မကျော်နိုင်သေး၊ တစ်ကြိမ်ပြီး တစ်ကြိမ် ပြန်လန်သွားသည်။ ကွန်မန်ဒို တပ်ခွဲများကို ထုတ်သုံးပြန်သည်။ အကျအဆုံးများစွာနှင့် ပြန်ဆုတ်ကြရပြန်သည်။

(မာနဲပလော) စစ်ဌာနချုပ်ကို မတ်လ (၂ရ) ရက်နေ့ မတိုင်မှီ အရ သိမ်းပိုက်လိုကြောင်း သိရသည်။ ခုထိ မရသေး၊ တစ်လ ကျော်လာပြီ ဖြစ်သည်။ ဗိုလ်အေးကျော် တစ်ယောက် ကြိတ်မနိုင် ခဲမရ ဖြစ်နေသည်၊ ဒေါသတွေ အရမ်းထွက်နေသည်၊ မပေးသင့်သော အမိန့်များကို ပေးနေသည်။ ကရင်အမျိုးသားများကို အမုန်းကြီး မုန်းနေသည်။ ရှေ့တန်း တပ်ရင်းမှူးများ လည်း သဲသဲမဲမဲ အဟောက်ခံနေကြရသည်။

တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ် အေးကျော်မှ ၁၉၉၃ - ၉၄ မာနဲပလော စစ်ဆင်ရေး ကာလတုန်းက ဆက်သွယ်ရေး ကြားဖြတ်စက်ပေါ်တွင် ကာယကံမြောက်စွာ သူ့ကွပ်ကဲမှုအောက်ရှိ တပ်မှူးငယ်များအား အမိန့်ပေး ညွန်ကြားနေတာကို ကျွန်တော်ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားခဲ့ရပါသည်။

ထိုစဉ်တုံးတွင် ကျွန်တော်က (ABSDF) ကို စစ်ပညာ သင်ပေးရင်း တောတွင်းမှာ (KNLA) ဗျူဟာမှူး ဗိုလ်မှူးကြီး လောဝါဒိ (တာရူ) နဲ့အတူ ရှေ့တန်းစစ်ဆင်ရေး ကွပ်ကဲမှုနေရာမှာ ရှိနေစဉ် နားနဲ့ဆတ်ဆတ် ကြားခဲ့ရခြင်း ဖြစ်ပါသည်။ ကျွန်တော်ကတော့ အတော့်ကို မျက်နှာပူပြီး ဒေါသပါ ဖြစ်ခဲ့ရပါသည်။ (ဒုတိယဗိုလ်မှူးကြီး အေးမြင့်၏ ဆောင်းပါးပေါင်းချုပ်၊ (ဖိုးတရုတ် ဝက်ဘ်ဆိုဒ်) မှ)

မှတ်ချက်။

စစ်သားတို့ သစ္စာတရားပါး (၄) ပါးဖြစ်သော -

(၁) ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် ပါဏာတိပါတကံကို ခံယူရခြင်း၊

(၂) သူ့ဇနီးမယား သမီးပျိုနှင့် သူတပါးဥစ္စာကို မကျူးလွန် မလုယူရခြင်း၊

(၃) ရန်သူမဟုတ်သူကို မသတ်ရခြင်း၊

(၄) ရန်သူနှင့် ကြုံက အသက်ကိုစွန့်၍ တိုက်ရခြင်း၊

ဆိုတဲ့ အချက်တွေ ထိုစဉ်က (၆၆) တပ်မမှူး ဦးအေးကျော်တစ်ယောက် မေ့နေတာကို စိတ်မကောင်းခြင်း ဖြစ်ရပါသည်။

တစ်နေ့ (မာနဲပလော) ရှိ သစ်စက်တွင် (ပေါ်တာ) ဝန်ထမ်းများ ထွက်ပြေးလာကြောင်း သတင်းလာပို့သည်။ (ပေါ်တာ) များမှတဆင့် ရန်သူသတင်း ရယူဖို့ လိုသဖြင့် ရဲဘော် အရာရှိတစ်ဦးကို ခေါ်၍ သစ်စက်တွင် ပေါ်တာများကို သွားတွေ့သည်။ ပေါ်တာများမှာ လေး၊ ငါးရက် ထမင်းမစားကြရ၊ မျက်နှာဟောက်ပက်နှင့် မနှိင်ဝန် ထမ်းထားရသဖြင့် ပုခုံးနှင့်နောက်ကျောတွင် ဒဏ်ရာအပြည့် ရှိနေကြသည်။ (၈၁) မမ ဗုံးသီး (၁ဝ) လုံးကို နေ့စဉ် ရက်ဆက် ထမ်းနေရကြောင်း ညဘက်အိပ်ရင်လည်း သူတို့ကို ကြိုးချည်ထားကြောင်း သိရှိရသည်။

အသက်ကြီးသော ဝန်ထမ်းတချို့ မနိုင်ဝန်ထမ်းလျှက် အမောဆို့ပြီး သေသွားကြောင်း၊ သေသွားသူအား လမ်းဘေး၌ ပစ်ထားခဲ့ကြောင်း၊ ကုလားနဲ့ ကရင်ဝန်ထမ်းများ ပို၍ မနိုင်ဝန်ထမ်းရကြောင်း၊ မြန်မာပြည်အနှံ့မှ ဝန်ထမ်းများ ပါဝင်ကြောင်း၊ လမ်းလျှောက် နှေးနေပါက မိုက်ရိုင်းကြမ်းတမ်းစွာ ဆဲဆို၍ ကန်ကြောက်ခံရကြောင်း၊ ထမင်းကို မဝ တဝ ကျွေးကြောင်း သိရပြီး ၀န်ထမ်းဆယ်ယောက်ကျော်အား စိတ်မကောင်းစွာဖြင့် တွေ့ရှိခဲ့သည်။

မှတ်ချက်။

(၁၉၉ဝ) ခုနှစ်က (ဧရာဝတီမြစ်ဝကျွန်းပေါ်) ရှိ ကရင်မျိုးဖြုတ်ရေး (ဘိုကလေး) စစ်ဆင်ရေးတွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ ဦးမြင့်အောင်မှ -

“ဟေ့ကောင်တွေ ကုလားနဲ့ ကရင် အရှင်မတွေ့ချင်ဘူး” ဟု ပြောကာ ၄င်းတို့ သံသယဖြစ်နေပြီး ဖမ်းဆီးခြင်း ခံနေရသော ကရင်နှင့် ကုလားလူမျိုးများအား ပြုမူဆက်ဆံပုံ သဘောထားအား ပြန်ပြောင်း သတိရမိပါသည်။

ရန်သူတွင် အမျိုးသမီး ပေါ်တာများပင် ပါဝင်ပါသည်။ (KWO) ကရင်အမျိုးသမီးအစည်းအရုံးမှ တာဝန်ရှိ ခေါင်းဆောင်များ၏ စစ်ဆေးချက်အရ နေ့ဘက်တွင် အမျိုးသမီး ပေါ်တာများအတွင်း ချောမောလှပသူများသည် အရာရှိများ၏ ကျောပိုးအိပ်ကို ထမ်းရပြီး ရွက်ကြမ်းရေကြို အမျိုးသမီးပေါ်တာများမှာ စစ်သည်များအကြား ဆန်၊ ကျည်ပုံးများ ထမ်းရကြောင်း၊ ညဘက်တွင် အရာရှိများနှင့် အတူရှိသော အမျိုးသမီးပေါ်တာများမှာ အရာရှိကို ထမ်းရကြောင်း၊ အခြားအဆင့်နှင့် စစ်သည်များအကြားရှိ အမျိုးသမီး ပေါ်တာများက စစ်သည်များကို ထမ်းရကြောင်း၊ တချို့ (အပေါ့အပါး) သွားရန်ပင် အချိန်မရကြောင်း စစ်ဆေးချက်များမှ ရင်နာဘွယ် ကြားသိရသည်။

မှတ်ချက်။

မိမိ (NDF) အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု ဗိုလ်သင်တန်း အပါတ်စဉ် (၁) တက်ရောက်စဉ်က သင်တန်း ဒုတိယကျောင်းအုပ်ကြီး အင်္ဂလိပ်စစ်ပြန် ဗိုလ်မှူးစောသိန်း၏ သင်တန်းပို့ချချက် တစ်ခုမှာ “ There is no bad soldiers but bad Officers ” ဆိုးတဲ့ စစ်သည် မရှိဘူး၊ ဆိုးတဲ့အရာရှိဘဲ ရှိတယ်” တဲ့။ ဗိုလ်ချုပ်အောင်ဆန်း တည်ဆောက်ခဲ့သော ဗမာ့တပ်မတော်နှင့် လုံးဝ ဆန့်ကျင်နေပါတော့သည်။

စည်းလုံးခြင်းရဲ့ အင်အားဘလော့မှ