Tuesday 31 January 2012

(၆၃)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ KNU ထိန်းချုပ်နယ်မြေများတွင် ကျင်းပ

ဇန်န၀ါရီလ ၃၁ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)
ယနေ့ကျရောက်သည့် ၆၃နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်ပြည်နယ် ကရင်အမျိုးသားအ စည်းအရုံး(KNU)၏ ထိန်းချုပ်ရာနယ်မြေတချို့တွင် ကျင်းပြုလုပ်ကြသည်ဟု သိရသည်။
ကရင်ပြည်နယ်မြောက်ပိုင်း KNU တပ်မဟာ( ၅)နယ်မြေတွင် ကျင်းပပြုလုပ်သည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် လူထုပရိဿတ် ၂,၀၀၀ဦးခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို အစီအစဉ်နှစ်မျိုးဖြင့် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ကေအဲန်ယူ တပ်မဟာ(၅) ပြောခွင့်ရ ဗိုလ်မှူးကလယ်ဒို့က “ပထမ အဆင့်ကတော့ တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့ အစီအစဉ် တွေအဖြစ် စစ်ရေးပြ၊ ဥက္ကဌမိန့်ခွန်းနဲ့၊ KWO, KYO, KSNG တို့ သ၀ဏ်လွှာတွေကို ဖတ်ကြားတယ်။ ဒုတိယအဆင့်ကတော့ ကျနော်တို့ မိခင်အစည်းအရုံးနဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အကြောင်း တက်ရောက်လာတဲ့ ပြည်သူတွေကို ရှင်းလင်းပွဲ လုပ်တယ်”ဟု ဆိုသည်။
ထို့အတူ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ နို့ဖိုးကျေးရွာတွင်လည်း ယနေ့နံနက် (၇)နာရီမှ (၉း၃၀)အထိ ကျင်းပပြုလုပ်သည့် ၆၃နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားတွင်လည်း ကရင်ပြည်သူ ၁,၀၀၀ကျော် တက်ရောက်ဂုဏ်ပြုခဲ့ ကြသည်။
အခမ်းအနားသို့ တက်ရောက်ခဲ့သူ ရွာသူကြီးတစ်ဦးက “ ဒီမနက်ဟာ ကျနော်တို့ ကရင်တမျိုးသားလုံးရဲ့ အထွဋ်အမြတ်ထားတဲ့ နေ့တစ်နေ့ဆိုတော့ ကျက်သရေရှိလှပါတယ်။ အခုလို ကျနော်တို့တတွေ စုစုစည်းစည်းနဲ့ ဂုဏ်ပြုခွင့်ရတာ ၀မ်းမြောက်ဂုဏ်ယူပါ တယ်။ နောက်ပြီး ပရိဿတ် ထောင်နဲ့ချီ တက်ရောက်ဂုဏ်ပြုတာ တွေ့ရတော့ အထူးပဲ ၀မ်းမြောက်မိတယ်။”ဟု ပြောသည်။
ထိုအခမ်းအနားတွင် KNLA တပ်မှူးတပ်သားများ၊ ကျေးရွာ (၅)ရွာမှ ကရင်ပြည်သူများ၊ ထိုင်းနယ်စပ်မှ ကရင်ပြည်သူများနှင့် ကရင်ငြိမ်းအဖွဲ့မှ အောက်ခြေတပ်မှူး တပ်သားတချို့နှင့် နယ်စပ်ထိုင်းအာဏာပိုင်တချို့လည်း တက်ရောက်ကြပြီး စစ်ရေးပြ အစီအစဉ်၊ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးတာမလာဘော၏ မိန့်ခွန်းနှင့် သ၀ဏ်လွှာများ ဖိတ်ကြားခြင်း၊ တက်ရောက်လာသည့် ခေါင်းဆောင်များက မိန့်ခွန်းပြောဆိုခြင်းအပြင် ကိုယ်အင်္ဂါများ ပေးဆပ်ခဲ့သည့် တပ်မှူးတပ်သားများကို ဂုဏ်ပြုခဲ့ကြသည်။
မြ၀တီမြို့တောင်ဘက် အူးကလေးခီးစခန်း၌ KNLA တပ်ရင်း(၁၀၃)မှ မနက် ၇နာရီကျော်က ကျင်းပသည့် အလားတူ အခမ်းအ နားတွင်လည်း လူထု ၃၀၀ဦးနီးပါး လာရောက်ဂုဏ်ပြုခဲ့ကြသည်။

ယနေ့ကျရောက်သည့် (၆၃)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ပေးပို့သည့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးတာမလာဘော၏ မိန့်ခွန်း၌ “ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၆၃နှစ်တိုင် ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း ကရင်တမျိုးသားလုံး မျှော်လင့်ချက်ပန်း တိုင်သို့ မရောက်ရှိသေးတဲ့အတွက် ကရင်တမျိုးသားလုံး လိုလားတဲ့ လွတ်လပ်ငြိမ်းချမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကရင်ပြည် ရရှိရေးကို ဆက်လက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။
ထို့အပြင် KNU ၏ လမ်းညွှန်မှုအောက်မှ ကရင်လူထုနှင့် ကရင်တပ်မတော်သားများအနေဖြင့် မတရားမှုမှန်သမျှကို ကျော်လွှား နိုင်ရန် ခိုင်မာသောသတ္တိ၊ မှန်ကန်သော အမျိုးသားစိတ်ဓာတ်ဖြင့် ဥက္ကဌကြီး၏ မူ ၄ချက်နှင့် ရပ်တည်ပြီး ဘ၀တူ အဖိနှိပ်ခံ တိုင်းရင်းသားများ၊ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲကာ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရေး ဘက်ပေါင်းစုံ ဆက်လက် တိုက်ပွဲဝင်သွားရန် တိုက်တွန်းခဲ့သည်။
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးအတွက် ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကရင်အ မျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDOတို့ကို ၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့တွင် ထိုစဉ် အုပ်ချုပ်သူ ဦးနုအစိုးရက မတရား အသင်းအဖြစ် ကြေညာခဲ့ပြီးနောက် ဇန်န၀ါရီလ ၃၁ရက်နေ့တွင် ရန်ကုန်ရှိ KNDO ဌာနချုပ်ကို ဦးနု ဦးဆောင်သည့် ၀ိုင်းဝန်း တိုက်ခိုက်ခဲ့သဖြင့် တပြည်လုံးရှိ ကရင်လူမျိုးများက ပြန်လည် ခုခံတိုက်ခိုက်ရာမှ ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင် ဖြစ်ပေါ်ခဲ့သည်။

Monday 30 January 2012

Karen Youth In UK-KYUK ၏သဘောထားထုတ်ပြန်ချက်

letter_to_KNU-01

Monday 23 January 2012

The Old Burma 1950s

ကေအန်ယူ ထိမ်းချုပ်နယ်မြေမှ ထွက်သော သတ္တုများ အ၀ယ်လိုက်

Antimony_01ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကေအန်ယူတပ်မဟာ(၆) ဧရိယာအတွင်း ထုတ်လုပ်နေသော သတ္တုမိုင်းများ အ၀ယ်လိုက်နေသည်ဟု ကေအန်ယူ တပ်မဟာ (၆) ခရိုင်သတ္တု တူးဖေါ်ရေး အရာရှိတဦးကပြောပါသည်။ အရင်က သတ္တုတူးဖေါ်ရေးကုမ္မဏီ (၄)ခု ရှိရာမှ ယခုအချိန်တွင် ကုမ္မဏီ (၈) ခုထက်မနဲရှိလာသည်ဟု ဆိုပါသည်။
ရောင်းဝယ်ရာတွင်လည်း အရင်ကထိုင်း ကုမ္မဏီများကသာ ၀ယ်ယူလေ့ရှိသော်လည်း ယခုမူ တရုတ် ကုမ္မဏီများက ဈေးကောင်းပေးပြီး ကြာအင်းဆိပ်ကြီးမြို့၌ပင် ၀ယ်ယူနေကြောင်းသိရပါသည်။ သို့သော် ထိုင်းနိုင်ငံ န၀ရတ် ကုမ္မဏီ (KA)ကလည်း နှစ်ပေါင်းများစွာ တူးဖေါ်နေဆဲဖြစ်ပါသည်။ ထွက်ရှိနေသည့် သတ္တုများမှာ ခနောက်စိမ်းသည် အများစု ဖြစ်ပြီး တချို့မိုင်းတွင်း၌ သံဖြူနှင့်သွပ်များ ထွက်ရှိပါသည်။
သတ္တုမိုင်းများမှာ၊ သပြုမိုင်း၊သည်အကြီးဆုံးဖြစ်ပြီး နှစ်စဉ် တန်ချိန်တထောင်ကျော် ထွက်ရှိပါသည်။ ကျန်မိုင်းများမှာ ထီးထာဘော၊ နို့ခူးထီး၊ ခေါရဝေါ (ခ) ခွန္န၀ါ၊ မယ်ပညား၊ ကလေါ်ဝေါ၊ မက္ကသ၊ မိုင်းတွင်းများဖြစ်ပါသည်။ အလားတူ တပိုင်တနိုင် လက်ယက်တွင်းများလည်း ရှိပါသည်။
မိုင်းတွင်း ကုမ္မဏီများသည်၊ တရားဝင်ရေးအတွက် အစိုးရမှ ခွင့်ပြုချက်ပါမစ်များ ရယူရမည်ဖြစ်သလို၊ KNU ထိမ်းချုပ် မှုအောက်ရှိနေသည့်အတွက် ကေအန်ယူ၏ မိုင်းတူးခွင့်ရရေးလည်း မဖြစ်မနေတူးခွင့်လိုင်စင်များ ရယူရပါသည်။ ကေ အန်ယူ၏ သတ္တုတူးဖေါ်ခွင့် ရရှိရေးစည်းကမ်းချက်များမှာ -
(က) CA (Certificate Area) ခွင့်ပြုချက်ရရှိရန်။
(ခ) PL (prosping Lesson) နှစ်ရှည်လုပ်ပိုင်ခွင့်လိုင်စင်။
(ဂ) ML (Mining Lesson) စမ်းသပ်တူးဖေါ်ခွင့်လိုင်စင်။ ဟူ၍အဆင့်သုံးဆင့်ရှိပါသည်။
Antimony_02
(ဓါတ်ပုံ - အင်တာနက်)
ဤသတ်မှတ်ချက်နှင့်အညီ သက်တမ်း(၃)နှစ်တကြိမ်ဖြစ်ပြီး သက်တမ်းပြည့်လျှင် ခွင့်ပြုချက် ပြန်လည်လျှောက်ထား ရပါသည်။  သပြုမိုင်းသည် ခနောက်စိမ်း အထွက်ကောင်းသည့်အတွက် တရုပ်နှင့် ထိုင်းကုမ္မဏီများ အပြိုင်ဝယ်ယူနေ ကြပါသည်။ ခနောက်စိမ်းသည် နယ်စပ်ပေါက်ဈေးအရ တတန်လျှင် ထိုင်းဘတ်ငွေ (၃)သောင်းဝန်းကျင် ရှိနေပါသည်။
မတ္တသမိုင်းမန်နေဂျာဦးမြအေးက "ကျနော်တို့ မက္ကသမိုင်းကတော့ စတင်တွေ့ရှိခဲ့တာတော့ ကြာပြီး စတင်လုပ်လာတာတော့ ဒီ ၂၀၁၀ ခုနှစ်ကပေါ့ ၂၀၁၃ ခုနှစ်ရောက်ရင် သက်တမ်းပြန်တိုးရမယ် ပြီးတော့ ခနောက်စိမ်း၏ ကျောက်ကန့်နံပါတ် ၁ ဆိုရင် တတန်ကို ထိုင်းဘတ် ၃ သောင်းကျော် ၊ နံပါတ်နှစ်ကတော့ နှစ်သောင်းမှ ၃ သောင်းဝန်းကျင် ၊ကျောက်သား သက်သက်ဆိုရင် တတန်ကို ၅ သောင်းကနေ ၆ သောင်းထိရှိတယ် ။ ဒါကို ကျနော်တို့က မတ်အောင်သ သတ္တုတူးဖော်ရေး ကုမ္မဏီ လီမိတက်နှင် အောင်မြင်သတ္တုတူးဖော်ရေး ကုမ္မဏီ လီမိတက်ကနေ ရောင်းချပေးတယ်။ အလုပ်သမားကိုတော့ ကျနော်တို့ တန်စားပေးပါတယ် " လို့ဆိုပါသည်။
တရုတ်ကုမ္မဏီများ သည် ဤဒေသမှ ထွက်ရှိသော သတ္တုမိုင်းများကို ယခင်နှစ်ကထက် ပိုမိုဝယ်ယူလာကြပါသည်၊ ယခင်နှစ်များတွင်မူ ထိုင်းနိုင်ငံ၏ကုမ္မဏီများကသာ ၀ယ်ယူကြသဖြင့် ဈေးနှိမ်မှုများရှိသည်ဟု ကုမ္မဏီများကဆိုပါ သည်။

Thursday 19 January 2012

ဗိုလ်ချုပ်ကြီးခင်ညွန့်သို့ အိတ်ဖွင့်ပေးစာ ၁။

 ဘိုကြည်

       ဗိုလ်ချုပ်ကြီးခင်ညွန့် ခင်ဗျား
        ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ တိုင်းပြည်မှာ တာဝန်အရှိဆုံးလူတွေထဲက တစ်ယောက်အဖြစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းယူပြီးသည့်အချိန်ကစပြီး ၂၀၀၄ ခုနှစ်အထိ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ အဖြစ်ရော၊ အတွင်းရေးမှူး (၁) အနေနဲ့ရော ၀န်ကြီးချုပ်အဖြစ်နဲ့ပါ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲလိုတာဝန်ထမ်းဆောင်နေတဲ့ ကာလတွေက မှားယွင်းခဲ့တာတွေ ဒုနဲ့ဒေးရှိခဲ့ပါတယ်။ အဲဒီထဲက ကျနော်အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူတွေကို သတင်းအမှား အမြောက်အမြားကို အခြေခံပြီး မတရားသဖြင့် နှိပ်စက်ညှဉ်းပန်းခြင်းနဲ့ မျှတသောတရားစီရင်ခြင်းမရှိဘဲ ထောင်သွင်း အကျဉ်းချထားတာကလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။
           အဲဒီလို မတရားသဖြင့် အနှိပ်စက်ခံ၊ အကျဉ်းချခံရလို့ ဘ၀ပျက်သွားတဲ့ မိသားစုတွေသာမက အခုချိန်အထိ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေသူတွေလည်းအများကြီး ရှိနေပါတယ်။ ဒီအထဲက ကိုသန်းဇော် (ခ) သန့်ဇော် တစ်ယောက်က နမူနာပါ။ သူ့လိုမျိုး ဖြစ်ရပ်တွေ အများကြီးရှိပါသေးတယ်။ ဒီ့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့်အနေနဲ့ မှားယွင်းခဲ့ကြောင်း ၀န်ခံဖို့နဲ့ ကိုသန့်ဇော် လွတ်မြောက်ဖို့ ၀ိုင်းဝန်းကြိုးပမ်းပေးဖို့ လိုအပ်ပါတယ်။
           ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့အဖွဲ့က မှားယွင်းပြီး ဖမ်းခဲ့တဲ့သူတွေကို ပြန်လွှတ်ပေးပါတယ် ဆိုပြီး လွှတ်ပေးခဲ့တုန်းကလည်း ကိုသန့်ဇော် မပါဝင်ခဲ့ပါဘူး။ အဲဒီတုန်းက ပြန်လွတ်လာတဲ့သူတွေကို ဘယ်တာဝန်ရှိသူတွေကမှ တောင်းပန်မှုမျိုး မလုပ်ခဲ့သလို ပြန်လွှတ်ပေးလိုက်တဲ့ အတွက် ကျေးဇူးတင်ရမလိုတောင် ပြောခဲ့တာတွေ ရှိပါတယ်။ ပြန်လွတ်လာသူတွေဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဒုက္ခတွေ ဝေခဲ့တယ်။ ဘယ်တာဝန်ရှိသူကမှ လျော်ကြေးပေးတာမျိုး၊ ပြန်လည်ကုစားပေးခဲ့တာမျိုး မရှိခဲ့ဘူး။  ဒါဟာ မှားယွင်းကြောင်းသိတယ်ဆိုရင် အစိုးရတရပ်အနေနဲ့ လူသိရှင်ကြား တောင်းပန်ရမှာပါ။ နောက်ဆက်တွဲအနေနဲ့ ထိုက်သင့်တဲ့ လျော်ကြေးတွေ၊ ပြန်လည်ကုစားမှုတွေ ပေးရမှာပါ။ ဒါ နိုင်ငံတကာအစိုးရများရဲ့ ကျင့်ဝတ်ဖြစ်ပါတယ်။
မှားခဲ့တာကို ‘မှားပါတယ်’ လို့ ၀န်ခံပြောဆိုခြင်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကောင်းဆုံးဆေးတစ်ခွက်ပါ။ ဒါမှ မဟုတ်ရင် အမျိုးသားရင်ကြားစေ့ရေးရေးအတွက် အကောင်အထည် ဖော်နေပါတယ်ဆိုတာကို ပြည်သူတွေ ယုံကြည်ဖို့ အင်မတန် ခက်ပါလိမ့်မယ်။
         ကိုသန့်ဇော်ရဲ့ ဖြစ်စဉ်ဟာ အစိုးရရဲ့ တာဝန်ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြနေတဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ မှား ယွင်းစွာ ဖမ်းဆီးခဲ့ကြောင်း ပေါ်လွင်နေတာတောင်မှ မတောင်းပန်တဲ့အပြင် အခုချိန်အထိ ဖမ်းဆီးချုပ်နှောင်ထားတာဟာ အလွန်ရှက်စရာကောင်းတဲ့ အပြုအမူဖြစ်သလို ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်ပါတယ်။
          နှိပ်စက်ညှဉ်းပန်းခြင်း မပြုရလို့ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေတွေက ပြဋ္ဌာန်းထားပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ဦးသိန်းစိန်တို့ နှိပ်စက်ခြင်းတွေ ကျူးလွန်ခဲ့သူတွေအပေါ် အရေးယူတာမျိုး မလုပ်ဘဲ ကာကွယ်ပေးထားခြင်းဟာ နိုင်ငံတော်က နှိပ်စက်ညှဉ်းပန်းခြင်းကို မူဝါဒ ချမှတ်ပြီး ကျူးလွန်နေသလိုဖြစ်နေပါတယ်။ ဒီအတွက် တာဝန်ရှိပါတယ်။

          အခု ကိုသန့်ဇော်ကိုယ်တိုင် ရေးခဲ့တဲ့ သူ့အမှုအကြောင်းကို ဖတ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘယ်လောက်ရက်စက်ခဲ့တယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။

ကျွန်ုပ်၏ ဖြစ်စဉ်အကျဉ်း
နေ့စွဲ။     ။ ၃၁၊ ၇၊ ၉၅

Wednesday 18 January 2012

Friday 13 January 2012

For Real Peace in Karen State There Must Be a Political Solution


By NANT BWA BWA PHAN Thursday, January 12, 2012


On Jan. 12 the Karen National Union (KNU) will hold further talks about agreeing a ceasefire. Karen communities worldwide will be holding traditional Karen peace ceremonies, calling on the military-backed government to not just agree to a ceasefire, but also agree to genuine dialogue that leads to a political solution to the conflict.
After more than 60 years of conflict, you would expect the hundreds of thousands of Karen people worldwide who were forced to flee their homeland to be very hopeful and excited about the talks, and perhaps even discussing returning. But that isn’t the impression I get from the Karen people around the world I have spoken to. Instead, many people are very skeptical.
There are many reasons for this. First, we know from experience in the past 60 years that governments often talk peace while waging war. There have been five previous occasions when official ceasefire talks took place, and every time the government effectively just demanded surrender.
There have also been many occasions when the government have made unofficial approaches, although often these are more about trying to divide and rule, and split the KNU and the Karen people. So we know from experience we cannot trust them.
Another reason for concern is that while the international community has got very excited about changes happening in Burma, even praising President Thein Sein, for many ethnic people life under Thein Sein has got much worse. His army has stepped up attacks against us. Three ceasefires were broken by him.
Maybe a few more websites are now available in Burma. Maybe they can print pictures of Aung San Suu Kyi in newspapers, and hold a film festival. But balance that against what has been happening out of sight in ethnic states.
In the past year the number of people forced to flee their homes because of attacks and human rights abuses doubled from an annual average of around 70,000 to almost 150,000. The use of rape, by the Burmese army, even against children, has increased. Unarmed villagers are executed, schools are mortar-bombed, and aid is blocked to those internally displaced.
The military-backed government says it wants to talk peace but its actions don’t match its words. They should stop attacking Karen villages, stop executing unarmed villagers, and free all political prisoners. They recently jailed Mahn Nyein Maung, a senior KNU leader. They should be releasing political prisoners, not jailing more.
Given these facts, people should understand why we are skeptical that Thein Sein is a great reformer.
We remember that it was Thein Sein who chaired the National Convention, refusing every proposal by ethnic representatives which would have guaranteed rights and protection for ethnic people. We remember that he served in Shan State as regional commander, and that his soldiers raped, killed and looted. The UN even said he gave the order to commit human rights abuses.
British Foreign Secretary William Hague recently visited Burma and said the government must be judged on its actions, not its words. If he really meant this, he would still be pushing for a UN Commission of Inquiry into war crimes and crimes against humanity. That is the reality of Thein Sein’s actions.
As Karen refugees we know it is not safe to return to our homeland without a political solution that ensures there will be peace and where our rights and culture will be protected. We have seen how human rights abuses have continued in other areas of Burma where there are ceasefires, and how the dictatorship used the ceasefires to extend its control and try to weaken the ethnic political parties which defended the people. A ceasefire alone tackles the symptoms, not the causes. There must also be political dialogue for a permanent political solution.
This is perhaps the greatest concern for many Karen worldwide. A ceasefire without a political solution just leaves uncertainty and insecurity, and eventually more instability.
All Karen want peace, but not peace at the price of surrender that leaves us defenceless against human rights abuses and oppression.
There must be a political solution which guarantees ethnic rights and protects ethnic culture. There must be a political solution where the people of Burma can live peacefully side by side, different but equal. So far, that isn’t what Thein Sein is offering.
Nant Bwa Bwa Phan is a board member of the European Karen Network.

၉နိုင်ငံမှ ကရင်များ KNU နှင့် မြန်မာအစိုးရ တွေ့ဆုံဆွေးနွေးမှုအပေါ် ဆန္ဒထုတ်ဖော်

ဇန်န၀ါရီ ၁၂ရက်။ ၂၀၁၂ခုနှစ်၊ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်တို့ ကရင်ပြည်နယ် ဘားအံမြို့၌ ယနေ့ တွေ့ဆုံဆွေး နွေးပွဲအပေါ် နိုင်ငံ ၉နိုင်ငံမှ ပြည်ပရောက်ကရင်များက သက်ဆိုင်ရာ မြန်မာသံရုံးအသီးသီးရှေ့တွင် ငြိမ်းချမ်းရေး ရိုးရာဝတ် ပြု ဆုတောင်းအခမ်းအနားဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျ၊ ထိုင်းနိုင်ငံ၊ ဂျပန်၊ မလေးရှား၊ နော်ဝေနှင့် နယ်သာလန် စသည့် နိုင်ငံများသို့ ရောက်ရှိနေသည့် ကရင်များက ၎င်းတို့ရောက်အခြေချရာနိုင်ငံများရှိ မြန်မာသံရုံးများရှေ့တွင် ယနေ့ ကြေညာ ချက် ထုတ်ပြန်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ အခြေစိုက် မလေးရှားနိုင်ငံကရင်အဖွဲ့-MKO မှ အတွင်းရေးမှူးချုပ် စောဒဲနစ်စောထူးက “ကျနော်တို့ မလေး ရှားမှာ ရှိတဲ့ ကရင် အပါအ၀င် ကချင်၊ ကရင်နီ၊ သျှမ်းတို့ တိုင်းရင်းသားတွေ စုပေါင်းပြီး KNU ခရီးစဉ် အောင်မြင်ဖို့ ဟော ပြောပွဲနဲ့ ၀တ်ပြုဆုတောင်းမှုတွေ လုပ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
မလေးရှားနိုင်ငံတွင်လည်း လက်ရှိ နိုင်ငံရေးအခြေအနေမကောင်းသည့်အပေါ် မြန်မာ့သံရုံးရှေ့သို့ သွား၍ ဆန္ဒထုတ်ဖော် ဆုတောင်းမှုများ မပြုလုပ်နိုင်ခဲ့သော်လည်း ဆုတောင်းပွဲကို ကွာလာလမ်ပူ(Kuala Lumpur)မြို့ရှိ MKO ရုံးတွင် အောင်မြင် စွာ ပြုလုပ်နိုင်ခဲ့ကြောင်းနှင့် ပရိဿတ်ဦးရေ ၇၀ကျော် တက်ရောက်ခဲ့ကြောင်း သူက ဆက်ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် ပြည်ပရောက်ကရင်ဒုက္ခသည်များ လူမှုအဖွဲ့အစည်း-OKRSO မှ စောစိပ်ပလောင်ကလည်း “ကျနော် တို့ခေါင်းဆောင်တွေ ခရီးစဉ်အောင်မြင်ရေးအတွက် ၀တ်ပြုဆုတောင်းပြီး ရေကြည်သောက်ကြတယ်။ ရေကြည်ဟာ အေးမြ တဲ့ အသွင်ဆောင်တယ်လေ။”ဟု ပြောဆိုသည်။
ထို့အပြင် တက်ရောက်လာသည့် OKRSO ကျောင်းသူကျောင်းများနှင့် ဘန်ကောက်မြို့ရောက် ကရင်အလုပ်သမားများကို KNU သည် မြန်မာအစိုးရနှင့် တွေ့ဆုံခဲ့အကြိမ် မည်မျှရှိကြောင်းနှင့် KNU ၏ သမိုင်း အကျဉ်းချုပ်အကြောင်းကို ရှင်းပြခဲ့ သည်ဟု သူက ပြောသည်။
ယနေ့ မြန်မာအစိုးရနှင့် တွေ့ဆုံရာတွင် သဘောတူညီများရရှိပါက အပစ်အခတ်ရပ်စဲတခုတည်းသာ မဟုတ်ဘဲ နိုင်ငံရေးပဋိပက္ခ ဆွေးနွေးဖြေရှင်းရေးပါ သဘောတူရန် လိုကြောင်း ပြည်ပရောက်ကရင်အဖွဲ့များ၏ ကြေညာချက်တွင် ပါရှိသည်။
၎င်းထုတ်ပြန်ချက်တွင် တနိုင်ငံလုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲရေး၊ တိုင်းရင်းသား အခွင့်အရေးနှင့် ရိုးရာယဉ်ကျေးမှုအ တွက် အာမခံချက်ရှိတဲ့ နိုင်ငံရေးဆွေးနွေးအဖြေရှာရေး၊ တိုင်းရင်းသားအားလုံးကို တိုက်ခိုက်မှုများ ရပ်တန့်ရေး၊ တိုင်းရင်း သားနယ်မြေများရှိ အစိုးရတပ်အင်အားများ ရုပ်သိမ်းရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးနှင့် KNU ခေါင်း ဆောင် မန်းငြိမ်းမောင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရေးအချက်များကို တောင်းဆိုထားသည်။
သြစတြေးလျားနိုင်ငံ၊ ကန်ဘာရာမြို့ရှိ မြန်မာသံရုံးနှင့် သြစတြေးလျား နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့၌လည်း ကရင်၊ မွန်၊ ကချင် တိုင်းရင်းသားများ အပါအ၀င် NLD, JACDA အဖွဲ့ စုစုပေါင်း လူ ၂၀၀နီးပါး လာရောက်ဆန္ဒထုတ်ဖော်ရာတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပေါ်လာရေး၊ နိုင်ငံရေးအကျဉ်းသား လွတ် မြောက်ရေး အပါအ၀င် အချက်ငါးချက်ကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။
ထိုဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် ကချင်မလေး လုလုမွန်က “ကေအဲန်ယူနဲ့ မြန်မာအစိုးရ တွေ့ဆုံမှုဟာ သပ်လျှိုဖြိုခွဲမှု လို့ပဲ မြင်တယ်။ ကချင်တွေက တတိုင်းပြည်လုံး အပစ်ရပ်၊ နိုင်ငံရေးဆွေးနွေးမှုကိုပဲ မျှော်လင့်တယ်။”ဟု ဆိုသည်။
KNU သည် မြန်မာအစိုးရ အဆက်ဆက်ကို ၆၃နှစ်ကြာ ဆန့်ကျင်တော်လှန်ခဲ့ပြီး ၁၉၄၉ခုနှစ် ဧပြီတွင်တကြိမ်၊ ၁၉၆၀ခုနှစ် ဖေဖော်ဝါရီတွင် တကြိမ်၊ ၁၉၆၃ခုနှစ် သြဂုတ်တွင်တကြိမ်၊ ၁၉၉၅ခုနှစ် ဒီဇင်ဘာတွင်တကြိမ်နှင့် ၂၀၀၄ခုနှစ်တွင်တကြိမ် တရားဝင် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

Thursday 12 January 2012

Pu Kidoh Return to Kawthoolei


Pukidoh Return to Kaw Thoo Lei from Saw Mort on Vimeo.

Statement from Karen Communities Worldwide


12th January 2012

Today, coinciding with ceasefire negotiations between Burma ’s military backed government and the Karen National Union (KNU), we are holding traditional peace ceremonies outside Burmese Embassies around the world, and at other venues.

The traditional peace ceremonies are being held to call on the military-backed government to not only to agree a ceasefire, but also engage in dialogue to solve the political problems behind the conflict.

The current ceasefire talks are the sixth time in the past 63 years that official talks have taken place. There have also been many informal discussions. Past negotiations have failed because the Burmese government has always effectively demanded surrender, and has refused to seriously discuss the political problems which are the cause of the conflict.

As Karen refugees we know it is not safe to return to our homeland without a political solution that ensures there will be peace and where our rights and culture will be protected. We have seen how human rights abuses have continued in other areas of Burma where there are ceasefires, and how the dictatorship used the ceasefires to extend its control and try to weaken the ethnic political parties which defended the people. A ceasefire alone tackles the symptoms, not the causes. There must also be political dialogue for a permanent political solution.

The military backed government says it wants to talk peace but it is still attacking Karen villages, still executing unarmed villagers, and has recently jailed Mahn Nyein Maung, a senior KNU leader.

We will be making the following requests:

• A nationwide ceasefire
• Dialogue for a political solution which guarantees ethnic rights and culture.
• Stop attacking Karen and all ethnic people
• Stop military actions in ethnic areas
• Stop human rights violations
• Free all political prisoners, including Mahn Nyein Maung

All Karen want peace, but not peace at the price of surrender that leaves us defenceless against human rights abuses and oppression.

There must be a political solution which guarantees ethnic rights and protects ethnic culture. There must be a political solution where the people of Burma can live peacefully side by side, different but equal.

For more information:

Zoya Phan +447738630139 ( UK )
Mahn Denis Saw Htoo +60197778303 ( Malaysia )
Saw Lat Thein +66816204486 ( Thailand )
Mahn Thaung Tin +1315368 4315 ( USA )
Saw Lwin Oo +614123 44009 ( Australia )

Background:

More than a hundred-thousand Karen live in refugee camps on the Thailand-Burma border, and tens of thousands more have been resettled around the world by the United Nations. We have fled attacks and human rights abuses by the Burmese Army. The KNU first took up arms to defend the people in 1949. The conflict is now thought to be the world’s longest running civil war.

Previous official ceasefire discussions took place in April 1949, February 1960, August 1963, December 1995, Dec 2003 – May 2005 (7 meetings in total from 2003-2005). In Jan 2004 a gentleman’s agreement on a ceasefire was agreed between General Bo Mya and General Khin Nyut. It was violated by the Burmese Army and ended when Khin Nyut was arrested in Oct 2004. The Karen National Union has made hundreds of calls for ceasefire negotiations in the past 63 years, almost all of which were completely ignored. The KNU has also implemented two unilateral one-day ceasefires on the UN Day of Peace, but the Burmese Army ignored all calls to join the ceasefire.

Wednesday 11 January 2012

KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ဘားအံသို့ ထွက်ခွာ

ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဇန်န၀ါရီ ၁၁၊ ၂၀၁၂


မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ကိုယ်စားလှယ်များ ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီလမ်းကြောမှတဆင့် ကရင်ပြည်နယ် ဘားအံမြို့သို့ ထွက်ခွာသွားပြီဖြစ်သည်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် သွားရောက်ဆွေးနွေးမည့် KNU အဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲကို ယခုလ ၁၂ ရက်နေ့တွင် စတင်မည်ဖြစ်သည်။


ပုံစာ - ယနေ့နံနက်က မဲဆောက်-မြ၀တီမှတဆင့် ဘားအံမြို့သို့ ထွက်ခွာသွားသည့်
KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့
KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွင် …

၁-ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး
၂-ပဒိုဒေးဗစ်ထော
၃-ပဒိုအားတိုး
၎-ဗိုလ်မှူးချုပ်ဂျော်နီ
၅-ဒု-ဗိုလ်မှူးကြီးရောဂျာခင်
၆-ဗိုလ်မှူးအိသာ
၇-ဗိုလ်မှူးရှီးရှို
၈-ပဒိုကွယ်ထူးဝင်း
၉-ပဒိုအောင်မော်အေး
၁၀-ပဒိုရွှေမောင်း
၁၁-ပဒိုလေးလော်ဆော
၁၂-ပဒိုအယ်ဝါး
၁၃-ပဒိုသောသီဘွဲ
၁၄-ပဒိုလှထွန်း
၁၅-ပဒိုအောင်ဝင်းရွှေ
၁၆-ဆရာစောတာမူးလာ။
၁၇-ဆရာဂျီးဂျီ
၁၈-ဗိုလ်ကြီးဆာ့ဆေး
၁၉-ဗိုလ်ကြီးစဂျွန် တို့ပါဝင်သည်။

မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် လုပ်ငန်းစဉ်၏ ပထမအဆင့်ဖြစ်သည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည့် အစီအစဉ်တွင် KNU ဘက်မှ အချက် ၁၁ ချက် တောင်းဆိုသွားမည်ဟု သိရသည်။

၁။ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို အမြန်ဆုံး ရပ်စဲရမည်။

၂။ ကြောက်ရွှံ့ခြင်းကင်းသည့် ပြည်သူပြည်သားဘ၀အဖြစ် ရပ်တည်နိုင်ရန် အာမခံရမည်။

၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေ တည်ဆောက်ရန်။

၎။ အခြေခံ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးရေးနှင့် ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံပြုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အထောက်အကူပေးရန်။

၅။ နိုင်ငံတော်၏ သတင်းမီဒီယာများအား ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပူးပေါင်းဆောင်ရွက်စေရန်နှင့် အခြားမီဒီယာများအား တိကျသော ငြိမ်းချမ်းရေးဖြစ်စဉ်များဆိုင်ရာ အချက်အလက် ရယူခွင့်ပြုရန်။

၆။ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ပုံစံအမျိုးမျိုးဖြင့် ငွေကြေးကောက်ခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်း၊ အခြားအခြားသော ငွေကြေးကူညီစေခြင်း မပြုရန်။

၇။ အကျဉ်းသားများအား လွှတ်ပေးရန်၊ ပြည်သူပြည်သားများဘ၀ ပြန်လည်ထူထောင်ရေးနှင့် ပြည်သူများ၏ မြေယာများကိစ္စကို ဖြေရှင်းပေးရန်။

၈။ နှစ်ဘက်စလုံးမှ ငြိမ်းချမ်းရေးပြောဆိုမှုများနှင့် တိုးတက်ရေးနည်းလမ်းများအား အကျိုး ဆောင်ပံ့ပိုးကြရန်။

၉။ စေ့စပ်ညှိနှိုင်းမှုစားပွဲဝိုင်းတွင် ပါဝင်သည့် ကိုယ်စားလှယ်များ တရားဝင်မှုရှိစေရန်နှင့် သက်ဆိုင်ရာ နယ်မြေများရှိ ပြည်သူများနှင့် လုံလောက်သည့် တိုင်ပင်မှုပြုချိန် ရရှိရန်နှင့် ဖြစ်စဉ်အား ပြင်ပမှ ကူညီပံ့ပိုးသူများအကြား ရှင်းလင်းသည့် အခန်းကဏ္ဍများ ထားရှိရန်။

၁၀။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ်မှန်ကန်အောင် အစီအစဉ်လုပ်ဆောင်မှုများ စတင်ရန်။

၁၁။ ဘက်အားလုံးမှ တည်မြဲသည့် ငြိမ်းချမ်းရေးကို ရှေးရှုသည့် လုပ်ဆောင်မှုများ တိုးတက်ဖြစ်ပေါ်စေနိုင်ရန် အာမခံသည့်၊ ပျော့ပြောင်းညင်သာသည့် လုပ်ငန်းစဉ် ထားရှိရန်၊ ဘက်တာက်အပေါ် သတိမဲ့ ခွင့်ပြုလိုက်လျှောသည့်၊ လိုသလို အနက်အဓိပ္ပာယ်ကောက်ယူနိုင်သော ဝေါဟာရအသုံးအနှုန်းများ ပပျောက်ရေးကို လုပ်ကိုင်ရမည်။

ကရင်အမျိုးသားအစည်းအရုံး KNU သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ ခုနှစ်ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စ၍ အစိုးရအဆက်ဆက်ကို တိုက်ပွဲဝင်ခဲ့သည်မှာ ၆၃ နှစ်ရှိပြီဖြစ်သည်။ ။

Karen New Year Celebration in UK

2751 Karen New Year in Sheffield-UK

UK တွင်ကျင်းပသော ကရင်နှစ်သစ်ကူးပွဲတော်-၂၇၅၁ (ဒုတိယပိုင်း)


2751 Karen New Year Celebration in Sheffield-UK Part 2 of 2 from Moo Paw on Vimeo.

Monday 9 January 2012

Karen community in London will hold a tradition peace ceremony

Dear friends,

We would like to invite you to participate in our Karen tradition peace ceremony that will take place outside the Burmese Embassy in London on 12th January 2012 at 12 noon, to call on the military-backed Burmese government to stop attacking ethnic people, stop their military actions, stop human rights violation and declare nationwide ceasefire to start political dialogue with ethnic resistance groups.

On this global day of action, the Karen community around the world will hold this traditional peace ceremony. By holding our traditional peace ceremony, we show that we are peace loving people and we are longing for peace. We want the negotiation between our Karen (KNU) leaders and military backed Thein Sein Government that will take place on 12 January to lead to political dialogue so that we can have genuine peace for all the Karen and other ethnic nationalities and everyone living in Burma.

Time: 12:00 – 13:00
Date: 12 January 2012
Place: Outside Burmese Embassy
Address: 19A Charles Street London W1J 5DX
Near Green Park Station

We are not doing any slogans but you are welcome to bring some placards. The placards should be:

• Declare Nationwide Ceasefire
• We want a political solution which guarantees ethnic rights and culture
• Stop attacking ethnic people
• Stop military actions in ethnic areas
• Stop human rights violation
• Release Mahn Nyein Maung (Mahn Nyein Maung is a KNU leader, sentenced to 17 years in prison on a charge of "unlawful association")
• Release all political prisoners

Lets us come together as one, to show Thein Sein government that we are ready for peace and ask them if they are. If they are, they will end the attacks against ethnic people, they will end their military actions in the ethnic areas, they will stop human rights violations, and they will declare nationwide ceasefire and start political dialogue with ethnic armed resistance groups.

Thank you and see you on Thursday at 12:00 noon

Thursday 5 January 2012

K.I.A အား တိုက်နိုင်မည့် မဟာဗျူအလားအလာ

စည်းလုံးခြင်းရဲ့အင်အား ဘလော့မှ


ရှ့တန်း စစ်မြေပြင်တစ်နေရာမှ K.I.A မျိုးချစ်စစ်သည်များ

အစိုးရဟာ ဒီဇင်ဘာလအတွင်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များထဲမှ အင်အား အကောင်းဆုံးအဖွဲ့တွင်ပါဝင်ကြတဲ့ KNU နဲ့ NMSP တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြင့် ဆွဲဆောင် ထိန်းချုပ်ထားပြီးဖြစ်တယ်။ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ကို ငြိမ်းချမ်းအောင် ထိန်းထားပြီး စစ်မျက်နှာ တစ်ခုတည်း ကချင်ပြည်နယ်ကို အင်အား စုစည်းလို့ရအောင် စီစဉ်ထားတာဖြစ်တယ်လို့ စစ်ရုံးနှင့် နီးစပ်သူများက ဆိုပါတယ်။

K.I.A ကို အစိုးရတပ်ဖွဲ့က ကိုင်တွယ်ဖို့ မဟာဗျူဟာ တစ်ရပ်အနေနဲ့ စစ်ရေးအရ ဖိအားပေး တိုက်ကွက်ဖေါ်ခြင်းဖြင့် နောက်ဆုံး လိုင်ဇာမြို့အား သိမ်းပိုက်ပြီးမှ အပေါ်စီးရယူကာ ဆွေးနွေးပွဲ စကားဝိုင်းကို စတင်ချင်တဲ့ မဟာဗျူဟာ ရှိပါတယ်။ K.I.A နဲ့ အစိုးရတပ်များ တိုက်ပွဲများ ပြင်းထန်လာမည်ဖြစ်ရာ လေတပ်နဲ့ အမြောက်တပ်များမှ ပစ်ခတ်လိုက်တဲ့ ကျည်ဆံများ၊ ဗုံးဆံများ၊ rocket များ၊ တရုတ်နယ်စပ်သို့ ရောက်ခဲ့လို့ရှိရင် နားလည်ခွင့်လွှတ်ပေးဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တရုတ်ခရီးစဉ်မှာ ညှိနှိုင်းတင်ပြခဲ့ပြီးဖြစ်တယ်လို့ သံတမန်အသိုင်းအ၀ိုင်းထံမှ သိရပါတယ်။

နောက်ထပ် အစိုးရရဲ့ မဟာဗျူဟာတစ်ခုရှိတာက စစ်ရေးအရ ပြင်ဆင်ထားပြီး ဆွေးနွေးပွဲ အခြေအနေစောင့်ကြည့်ကာ K.I.A နဲ့ဆွေးနွေးပွဲ မအောင်မြင်ခဲ့ရင် ကိုးကန့်ဖြစ်စဉ်တွေလို လိုင်ဇာမြို့သိမ်း စီမံချက် လက်တွေ့ အကောင်အထည်ဖေါ်သွားမှာဖြစ်တယ်။ 

မဒီယာန်တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သိမ်းဆည်းရမိသော လက်နက်အချို့နဲ့ K.I.A မျိုးချစ်စစ်သည်များ
K.I.A ကို စစ်တိုက်ရတဲ့အကြောင်းရင်းတွေအား အောက်ပါ အချက်အလက်များကဲ့သို့ အထောက်အထားများကို ရှာဖွေစုဆောင်း ထားပြီးဖြစ်နိုင်ပါတယ် -
တိုက်ခိုက်ရသည့် အကြောင်းရင်းအနေဖြင့်၊ K.I.A ကို ဘိန်းကဲ့သို့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေသည်ဟု ခေါင်းစဉ်တပ်ရန်၊ နိုင်ငံတကာမှ အထူးအာရုံစိုက်နေသည့် လူ့အခွင့်ရေးချိုးဖေါက်နေပုံဖေါ်ပြီး၊ မြစ်ကြီးနားမြို့နဲ့ အခြားမြို့များတွေမှာ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးနေပုံ၊ ကလေးစစ်သားများ K.I.A အတွင်းရှိနေပုံ၊ မိုင်းထောင်ခြင်း၊ လမ်း၊ တံတားများ ဖေါက်ခွဲဖျက်ဆီးခြင်းများ ပုံကြီးချဲ့ပြီး တင်ပြသွားရန်၊ ဒါအပြင် K.I.A ခေါင်းဆောင် တချို့ရဲ့ personal အားနည်းချက်များကို black mail လုပ်ထားပြီး ဖြစ်ပါတယ်။ စစ်ရေးအရ ထပ်မံ တိုက်ခိုက်လာနိုင်မဲ့ K.I.A ရဲ့မှားကွက်ကို စောင့်ကြည့်လုပ်ဆောင်သွားမယ်လို့ စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။

စစ်ရေးအရ တိုက်ပြီးမှ နိုင်ငံရေးအရ ဆွေးနွေးပွဲလုပ်မည့် မဟာဗျူဟာ အလားအလာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမအောင်မြင်မှ စစ်ရေးအရ အရေးယူဆောင်ရွက်မည့် မဟာဗျူဟာ အလားအလာ မည်သည့်ဟာ ပိုမိုဖြစ်နိုင်သည်ကို ပွင့်လင်းရာသီ နိုင်ငံရေး၊ စစ်ရေး ပြောင်းလဲဖြစ်ပေါ်လာနိုင်သည့် အခြေအနေပေါ်မူတည်ပြီး ရွေးချယ် ကျင့်သုံးသွားနိုင်တယ်လို့ သိရပါတယ်။ နောက်ဆုံး သမ္မတဦးသိန်းစိန်က ကယ်တင်ရှင်သဘောနဲ့ K.I.A ခေါင်းဆောင်များကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီး ပုံရိပ်ကောင်းအောင် အမှတ်သယ်ယူသွားနိုင်တဲ့ အလားအလာ ပိုရှိကြောင်း သုံးသပ်ကြပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိ

Wanna__Villianဗြိတိန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဝီလျံဟိတ် ဒီက​နေ့​မြန်မာနိုင်ငံကို ​ရောက်ရှိလာပြီး ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်၊​ နိုင်ငံခြား​ ​ရေး​ဝန်ကြီး​ ဦး​ဝဏ်ဏ​မောင်လွင် အပါအဝင် အောက်လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် အစိုး​ရ ထိပ်ပိုင်း​ခေါင်း​ဆောင်​များနှင့် ​တွေ့​ဆုံပြီး ခရီးစဉ်မှာ (၂) ရက်မျကြာမည်ဟုရန်ကုန် သတင်းထောက် အသိုင်းအ၀ိုင်းထံမှ သိရပါသည်။
ဗြိတိန်ဝန်ကြီး၏ ခရီး​စဉ်အတွင်း​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်၊နှင့် တိုင်း​ရင်း​သား​ခေါင်း​ဆောင်​များလည်း​ ​တွေ့​ဆုံမည်ဖြစ်ပါသည်။ ဤသို့ကြောင့် ဝီလျံဟိတ်သည် ​ မနက်ဖြန် မနက် ၁၀ နာရီ​ အချိန်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နှင့် တွေ့​ဆုံရန်ရှိသည်ဟု အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်တဦးက ​ပြောပါတယ်။
ဝီလျံဟိတ်သည်  နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ဆက်လွှတ်​ပေးေ၊ရး လွတ်လပ်ပြီး တရား​မျှတသည့် ကြား​ဖြတ်ရွေး​ကောက် ပွဲကျင်း​ပရေး၊​ ပဋိပက္ခဖြစ်ပွား​ရာ​နေရာကို လူသား​ချင်း​စာနာမှု အကူအညီ​များ ​ပေး​ခွင့်​ပြုရေးနှင့် အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​အတွက် ယုံကြည်ရ​လောက်အောင် လုပ်​ဆောင်ရေးများကို မြန်မာအစိုး​ရအား တိုက်တွန်းတောင်းဆို သွားမည်ဟုသိရပါသည်။ ထို့ပြင် လက်ရှိအစိုးရသစ် ​ဆောင်ရွက်​နေသည့်  ပြုပြင်​ပြောင်း​လဲ​ရေး​ ​ခြေလှမ်း​များကို အား​ပေး​သည့် အနေနှင့်  ဤခရီး​စဉ်ကို စတင်ခြင်း ဖြစ်သည်ဟု ၀ီလျံဟိတ်၏ ကြေညာချက်တွင် ​ဖေါ်ပြထားပါသည်။
Shwe__Vilian
ဝီလျံဟိတ် အောက်လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံ (ဓါတ်ပုံ - အင်တာနက်)
ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် (၃)နှစ်စာ ကျန်း​မာ​ရေး​နှင့် ပညာ​ရေး​ရန်ပုံ​ငွေ​ စတာလင်​ပေါင် ၁၈၅ သန်း​ကိုပေးဆောင်ရန်ရှိပါသည်။ ၀ီလျံဟိတ်သည် နှစ်ပေါင်း(၅၀)အတွင်း ပထမဆုံးမြန်မာနိုင်ငံကိုရောက်လာသော ဗြိတိန်ဝန်ကြီးပင် ဖြစ်ပါသည်။
အလားတူ နှစ်ပေါင်း (၅၀)ကျော် အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်လည်း ​မြန်မာနိုင်ငံကို ​ရောက်ရှိလာ ခဲ့ပါသည်။ ဗြိတိန်နိုင်ငံခြား​ရေး​ဝန်ကြီး​ အန်သိုနီအီဒန်သည် ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံကို ​နောက်ဆုံး​ သွား​ရောက်ခဲ့​တဲ့​ ဗြိတိန်နိုင်ငံခြား​ရေး​ ဝန်ကြီး​ဖြစ်သည်။

Tuesday 3 January 2012

Into the Current

Sunday 1 January 2012

K.I.A ကို တိုက်ခိုက်ချေမှုန်းမဲ့ စစ်ဆင်ရေး စီမံချက် ရေးဆွဲထားပြီးဖြစ် နှစ်သစ်ကူး အထူးသတင်း


စည်းလုံးခြင်းရဲ့အင်အားဘလော့မှ
 
ရှေ့တန်းတစ်နေရာမှ K.I.A မျိုးချစ်စစ်သည်များ
K.I.A အား ၂၀၁၂ ခု ပွင့်လင်းရာသီတွင် တိုက်ခိုက်ချေမှုန်းမဲ့ အထူးစစ်ဆင်ရေးအနေဖြင့် ထိပ်တန်းလျှို့ဝှက်အဆင့် လိုင်ဇာမြို့သိမ်းရေး စီမံချက်အား ကက(ကြည်း)မှာ ရေးဆွဲထားပြီး ဖြစ်ကြောင်း စစ်ရုံးနဲ့ နီးစပ်သောသူများထံမှ သိရှိရပါတယ်။

- စီမံချက်အရ ချီတက်ရာလမ်းကြောင်း အနေဖြင့် အဓိကစစ်ကြောင်းမှာ ဆင်ဘို၊ တာလောကြီး ၊ နမ်ဆန်ယာန်မှ တဆင့် လိုင်ဇာသို့ ဦးတည်ပါတယ်။
- တပ်မ (၉၉) အဓိက စစ်ကြောင်းအဖြစ် တိုက်ခိုက်မည်ဖြစ်ပြီး မန္တလေးမြို့မှ လိုင်ဇာမြို့သို့ ယာဉ်များဖြစ် ချီတက်လာမည်။ ယခုအခါ မိတ္တီလာတွင် ပြန်လည်စုဖွဲ့ အနားယူလျက် ရှိကြောင်း သိရှိရပါတယ်။

- တပ်မ (၈၈) ယောင်ပြ စစ်ကြောင်းဖြစ်သော်လည်း အတည်ပြုဆဲ သတင်းအရ တပ်မ (၆၆) နဲ့ ချိန်းရန်ရှိတယ်လို့ ဆိုပါတယ်။
- စကခ (၁၅) အရံစစ်ကြောင်းအဖြစ် သတ်မှတ်ထားပါတယ်။
- အထူး ကွန်မန်ဒို တပ်ဖွဲ့က K.I.A ခေါင်းဆောင်များကို လျှပ်တပျက် ဝင်ရောက် ဖမ်းဆီးမည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးနယ်မြေများထဲသို့ တပ်မ (၅၅)၊ တပ်မ (၆၆)နဲ့ တပ်မ (၃၃) တို့ကို ထပ်မံလွှတ်ရန်ရှိကြောင်း သိရှိရပါတယ်။ ဒါအပြင် လေတပ်မှာ နောက်ဆုံးပေါ် ရုရှားလုပ် ဂျက်တိုက်လေယာဉ် MIG-29 (၄) စင်း မြစ်ကြီးနားမှာ ရောက်နေပြီး ရဟတ်ယာဉ် MI-24 (၄) စင်း မိတ္ထီလာမှာ အသင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အမြောက်တပ်နှင့် လေတပ်တို့က တိုက်ခိုက်ရေး တပ်များမဝင်ရောက်မီ K.I.A  ဌာနချုပ်နှင့် ရန်သူ့စစ်ကြောင်းများရှိသည့် စခန်းများအား အမြောက်နှင့်  ပြင်းထန်စွာ ပစ်ခတ်ပြီး ဗုံးကြဲ တိုက်ခိုက်မည်။ အရပ်သားများ မထိခိုက်စေရ။ ပို့ဆောင်ရေးအတွက် ရထားလမ်း လုံခြုံရေးကို တိုင်းစစ်ဌာနချုပ် တပ်များက တာဝန်ယူကာ ရထားဖြင့် အဓိကထားပြီး ပို့ဆောင်သွားမည်။


ယခုအခါ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး ဧရိယာ နယ်မြေကြီး တစ်ခုလုံးကို တပ်မတော်က အသည်းအသန် စစ်ဆင်ရေး လုံးပမ်းနေရပါတယ်လို့ သိရပါတယ်။ ပွဲဦးထွက်မှာ တပ်မ (၈၈) ဟာ အကျအဆုံးများပြီး မတိုက်ချင်တဲ့ အရာရှိများပေါ်ပေါက်လာလို့ ဗိုလ်ချုပ်များက ဒေါသူပုန်ထကာ စစ်ခုံရုံး တင်မည့်သတင်းများဖြင့် ဖွဲ့စည်းပုံ ပျက်နေပါတယ်။ K.I.A ကို လျော့တွက်မိတဲ့ ဗိုလ်ချုပ်များအဖို့ ခေါင်းခဲစရာ ပြဿနာဖြစ်နေပါတယ်။ တပ်မတော်မှာရှိတဲ့ တပ်မများထဲမှ အင်အားကောင်းသော တပ်မများ အပူတပြင်း ဆွဲထုတ်နေသလို ယခုဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တပ်မပေါင်း (၁၂) ခု ပါဝင်လှုပ်ရှားလျက်၊ သို့မဟုတ် အင်အားဖြည့်ပေးဖို့ ထပ်မံရောက်ရန် ရှိနေကြောင်း သိရှိရပါတယ်။

အဲဒီတပ်မတွေကတော့ -
တပ်မ (၃၃)၊ တပ်မ (၄၄) (ပြန်လည်စုဖွဲ့လေ့ကျင့်လျှက်ရှိ)၊ တပ်မ (၅၅)၊ တပ်မ (၆၆)၊ တပ်မ (၈၈)၊ တပ်မ (၉၉)၊ စကခ (၁)၊ စကခ (၃)၊ စကခ (၁၀)၊ စကခ (၁၅)၊ စကခ (၁၆)၊ စကခ (၂၁)တို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် မပခ တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဒေသခံနယ်မြေထိမ်း တပ်ရင်း (၂၂) ရင်း၊ ဒကစ ( တနိုင်း) လက်အောက်ခံ တပ်ရင်း (၅) ရင်း၊ အမြောက်တပ်မ (မိုးညှင်း) (၉၀၄)၊ ဗန်းမော်နှင့် မိုးညှင်းတွင် ဒုံးပျံတပ်ရင်း (၆၀၃)နဲ့ သံချပ်ကာ တပ်ရင်းတို့ကို အင်အားစုတို့ကို လက်ရှိအခြေအနေဖြင့် ခန့်မှန်းတွက်ချက်ကြည့်ပါက အရာရှိစစ်သည်အင်အား ၃၅၀၀၀ ခန့်ရှိပြီး တပ်မတော်ရဲ့ တပ်မအင်အားစုစုပေါင်းထက် သုံးပုံ တစ်ပုံကျော် သုံးစွဲနေရပါတယ်။ အဲဒီလို အသုံးပြုနေရတာတောင် ကြီးမားကျယ်ပြန့်လှတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး ဧရိယာကြီးတွေမှာ တပ်တွေ မနိုင်မနင်းဖြစ်နေရပါတယ်။ နိုင်ငံရေးမှာ ဦးသိန်းစိန်တစ်ယောက် သိက္ခာ “အမှတ်”တွေ တက်နေသလောက် တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တစ်ယောက်ကမှု ကွဲပြီးရင်း ကွဲနေကြောင်း သတင်းပေးပို့လာပါတယ်။