Sunday, 22 January 2012 ရွှေဟသာင်္သတင်းဌာန

ရောင်းဝယ်ရာတွင်လည်း အရင်ကထိုင်း ကုမ္မဏီများကသာ ၀ယ်ယူလေ့ရှိသော်လည်း ယခုမူ တရုတ် ကုမ္မဏီများက ဈေးကောင်းပေးပြီး ကြာအင်းဆိပ်ကြီးမြို့၌ပင် ၀ယ်ယူနေကြောင်းသိရပါသည်။ သို့သော် ထိုင်းနိုင်ငံ န၀ရတ် ကုမ္မဏီ (KA)ကလည်း နှစ်ပေါင်းများစွာ တူးဖေါ်နေဆဲဖြစ်ပါသည်။ ထွက်ရှိနေသည့် သတ္တုများမှာ ခနောက်စိမ်းသည် အများစု ဖြစ်ပြီး တချို့မိုင်းတွင်း၌ သံဖြူနှင့်သွပ်များ ထွက်ရှိပါသည်။
သတ္တုမိုင်းများမှာ၊ သပြုမိုင်း၊သည်အကြီးဆုံးဖြစ်ပြီး နှစ်စဉ် တန်ချိန်တထောင်ကျော် ထွက်ရှိပါသည်။ ကျန်မိုင်းများမှာ ထီးထာဘော၊ နို့ခူးထီး၊ ခေါရဝေါ (ခ) ခွန္န၀ါ၊ မယ်ပညား၊ ကလေါ်ဝေါ၊ မက္ကသ၊ မိုင်းတွင်းများဖြစ်ပါသည်။ အလားတူ တပိုင်တနိုင် လက်ယက်တွင်းများလည်း ရှိပါသည်။
မိုင်းတွင်း ကုမ္မဏီများသည်၊ တရားဝင်ရေးအတွက် အစိုးရမှ ခွင့်ပြုချက်ပါမစ်များ ရယူရမည်ဖြစ်သလို၊ KNU ထိမ်းချုပ် မှုအောက်ရှိနေသည့်အတွက် ကေအန်ယူ၏ မိုင်းတူးခွင့်ရရေးလည်း မဖြစ်မနေတူးခွင့်လိုင်စင်များ ရယူရပါသည်။ ကေ အန်ယူ၏ သတ္တုတူးဖေါ်ခွင့် ရရှိရေးစည်းကမ်းချက်များမှာ -
(က) CA (Certificate Area) ခွင့်ပြုချက်ရရှိရန်။
(ခ) PL (prosping Lesson) နှစ်ရှည်လုပ်ပိုင်ခွင့်လိုင်စင်။
(ဂ) ML (Mining Lesson) စမ်းသပ်တူးဖေါ်ခွင့်လိုင်စင်။ ဟူ၍အဆင့်သုံးဆင့်ရှိပါသည်။

(ဓါတ်ပုံ - အင်တာနက်)
ဤသတ်မှတ်ချက်နှင့်အညီ သက်တမ်း(၃)နှစ်တကြိမ်ဖြစ်ပြီး သက်တမ်းပြည့်လျှင် ခွင့်ပြုချက် ပြန်လည်လျှောက်ထား ရပါသည်။ သပြုမိုင်းသည် ခနောက်စိမ်း အထွက်ကောင်းသည့်အတွက် တရုပ်နှင့် ထိုင်းကုမ္မဏီများ အပြိုင်ဝယ်ယူနေ ကြပါသည်။ ခနောက်စိမ်းသည် နယ်စပ်ပေါက်ဈေးအရ တတန်လျှင် ထိုင်းဘတ်ငွေ (၃)သောင်းဝန်းကျင် ရှိနေပါသည်။မတ္တသမိုင်းမန်နေဂျာဦးမြအေးက "ကျနော်တို့ မက္ကသမိုင်းကတော့ စတင်တွေ့ရှိခဲ့တာတော့ ကြာပြီး စတင်လုပ်လာတာတော့ ဒီ ၂၀၁၀ ခုနှစ်ကပေါ့ ၂၀၁၃ ခုနှစ်ရောက်ရင် သက်တမ်းပြန်တိုးရမယ် ပြီးတော့ ခနောက်စိမ်း၏ ကျောက်ကန့်နံပါတ် ၁ ဆိုရင် တတန်ကို ထိုင်းဘတ် ၃ သောင်းကျော် ၊ နံပါတ်နှစ်ကတော့ နှစ်သောင်းမှ ၃ သောင်းဝန်းကျင် ၊ကျောက်သား သက်သက်ဆိုရင် တတန်ကို ၅ သောင်းကနေ ၆ သောင်းထိရှိတယ် ။ ဒါကို ကျနော်တို့က မတ်အောင်သ သတ္တုတူးဖော်ရေး ကုမ္မဏီ လီမိတက်နှင် အောင်မြင်သတ္တုတူးဖော်ရေး ကုမ္မဏီ လီမိတက်ကနေ ရောင်းချပေးတယ်။ အလုပ်သမားကိုတော့ ကျနော်တို့ တန်စားပေးပါတယ် " လို့ဆိုပါသည်။
တရုတ်ကုမ္မဏီများ သည် ဤဒေသမှ ထွက်ရှိသော သတ္တုမိုင်းများကို ယခင်နှစ်ကထက် ပိုမိုဝယ်ယူလာကြပါသည်၊ ယခင်နှစ်များတွင်မူ ထိုင်းနိုင်ငံ၏ကုမ္မဏီများကသာ ၀ယ်ယူကြသဖြင့် ဈေးနှိမ်မှုများရှိသည်ဟု ကုမ္မဏီများကဆိုပါ သည်။