Thursday 5 January 2012

K.I.A အား တိုက်နိုင်မည့် မဟာဗျူအလားအလာ

စည်းလုံးခြင်းရဲ့အင်အား ဘလော့မှ


ရှ့တန်း စစ်မြေပြင်တစ်နေရာမှ K.I.A မျိုးချစ်စစ်သည်များ

အစိုးရဟာ ဒီဇင်ဘာလအတွင်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များထဲမှ အင်အား အကောင်းဆုံးအဖွဲ့တွင်ပါဝင်ကြတဲ့ KNU နဲ့ NMSP တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြင့် ဆွဲဆောင် ထိန်းချုပ်ထားပြီးဖြစ်တယ်။ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ကို ငြိမ်းချမ်းအောင် ထိန်းထားပြီး စစ်မျက်နှာ တစ်ခုတည်း ကချင်ပြည်နယ်ကို အင်အား စုစည်းလို့ရအောင် စီစဉ်ထားတာဖြစ်တယ်လို့ စစ်ရုံးနှင့် နီးစပ်သူများက ဆိုပါတယ်။

K.I.A ကို အစိုးရတပ်ဖွဲ့က ကိုင်တွယ်ဖို့ မဟာဗျူဟာ တစ်ရပ်အနေနဲ့ စစ်ရေးအရ ဖိအားပေး တိုက်ကွက်ဖေါ်ခြင်းဖြင့် နောက်ဆုံး လိုင်ဇာမြို့အား သိမ်းပိုက်ပြီးမှ အပေါ်စီးရယူကာ ဆွေးနွေးပွဲ စကားဝိုင်းကို စတင်ချင်တဲ့ မဟာဗျူဟာ ရှိပါတယ်။ K.I.A နဲ့ အစိုးရတပ်များ တိုက်ပွဲများ ပြင်းထန်လာမည်ဖြစ်ရာ လေတပ်နဲ့ အမြောက်တပ်များမှ ပစ်ခတ်လိုက်တဲ့ ကျည်ဆံများ၊ ဗုံးဆံများ၊ rocket များ၊ တရုတ်နယ်စပ်သို့ ရောက်ခဲ့လို့ရှိရင် နားလည်ခွင့်လွှတ်ပေးဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တရုတ်ခရီးစဉ်မှာ ညှိနှိုင်းတင်ပြခဲ့ပြီးဖြစ်တယ်လို့ သံတမန်အသိုင်းအ၀ိုင်းထံမှ သိရပါတယ်။

နောက်ထပ် အစိုးရရဲ့ မဟာဗျူဟာတစ်ခုရှိတာက စစ်ရေးအရ ပြင်ဆင်ထားပြီး ဆွေးနွေးပွဲ အခြေအနေစောင့်ကြည့်ကာ K.I.A နဲ့ဆွေးနွေးပွဲ မအောင်မြင်ခဲ့ရင် ကိုးကန့်ဖြစ်စဉ်တွေလို လိုင်ဇာမြို့သိမ်း စီမံချက် လက်တွေ့ အကောင်အထည်ဖေါ်သွားမှာဖြစ်တယ်။ 

မဒီယာန်တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သိမ်းဆည်းရမိသော လက်နက်အချို့နဲ့ K.I.A မျိုးချစ်စစ်သည်များ
K.I.A ကို စစ်တိုက်ရတဲ့အကြောင်းရင်းတွေအား အောက်ပါ အချက်အလက်များကဲ့သို့ အထောက်အထားများကို ရှာဖွေစုဆောင်း ထားပြီးဖြစ်နိုင်ပါတယ် -
တိုက်ခိုက်ရသည့် အကြောင်းရင်းအနေဖြင့်၊ K.I.A ကို ဘိန်းကဲ့သို့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေသည်ဟု ခေါင်းစဉ်တပ်ရန်၊ နိုင်ငံတကာမှ အထူးအာရုံစိုက်နေသည့် လူ့အခွင့်ရေးချိုးဖေါက်နေပုံဖေါ်ပြီး၊ မြစ်ကြီးနားမြို့နဲ့ အခြားမြို့များတွေမှာ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးနေပုံ၊ ကလေးစစ်သားများ K.I.A အတွင်းရှိနေပုံ၊ မိုင်းထောင်ခြင်း၊ လမ်း၊ တံတားများ ဖေါက်ခွဲဖျက်ဆီးခြင်းများ ပုံကြီးချဲ့ပြီး တင်ပြသွားရန်၊ ဒါအပြင် K.I.A ခေါင်းဆောင် တချို့ရဲ့ personal အားနည်းချက်များကို black mail လုပ်ထားပြီး ဖြစ်ပါတယ်။ စစ်ရေးအရ ထပ်မံ တိုက်ခိုက်လာနိုင်မဲ့ K.I.A ရဲ့မှားကွက်ကို စောင့်ကြည့်လုပ်ဆောင်သွားမယ်လို့ စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။

စစ်ရေးအရ တိုက်ပြီးမှ နိုင်ငံရေးအရ ဆွေးနွေးပွဲလုပ်မည့် မဟာဗျူဟာ အလားအလာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမအောင်မြင်မှ စစ်ရေးအရ အရေးယူဆောင်ရွက်မည့် မဟာဗျူဟာ အလားအလာ မည်သည့်ဟာ ပိုမိုဖြစ်နိုင်သည်ကို ပွင့်လင်းရာသီ နိုင်ငံရေး၊ စစ်ရေး ပြောင်းလဲဖြစ်ပေါ်လာနိုင်သည့် အခြေအနေပေါ်မူတည်ပြီး ရွေးချယ် ကျင့်သုံးသွားနိုင်တယ်လို့ သိရပါတယ်။ နောက်ဆုံး သမ္မတဦးသိန်းစိန်က ကယ်တင်ရှင်သဘောနဲ့ K.I.A ခေါင်းဆောင်များကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီး ပုံရိပ်ကောင်းအောင် အမှတ်သယ်ယူသွားနိုင်တဲ့ အလားအလာ ပိုရှိကြောင်း သုံးသပ်ကြပါတယ်။

No comments:

Post a Comment