Thursday 30 June 2011

ကမမောင်းရှိ အစိုးရစစ်တပ်အား နယ်ခြားစောင့်တပ်များ ၀င်ရောက်ပစ်ခတ်

Thursday, 30 June 2011--
ကမမောင်းရှိ အစိုးရစစ်တပ်အား နယ်ခြားစောင့်တပ်များ ၀င်ရောက်ပစ်ခတ်
ဇွန်လ ၃၀။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကမမောင်းကျေးရွာရှိ အစိုးရစစ်တပ်စခန်းတခုအား ဗိုလ်မှူးစောဘိဦးသည့် နယ်ခြားစောင့်တပ် (ဘီ ဂျီအက်ဖ်)တပ်ဖွဲ့များက ယမန်နေ့ည ၁၂နာရီအချိန်တွင် ၀င်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃၀ကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းသွား သလို တံတားတစင်း ပျက်စီးသွားသည်ဟု ကမမောင်းရွာသူတဦးက ယခုလို ပြောသည်။
“ပစ်ခတ်မှုဖြစ်တာ မိနစ်သုံးဆယ်လောက် ကြာတယ်။ လက်နက်ကြီးလက်နက်ငယ် အသံတွေ ဆူညံနေတာပဲ။ အိမ်တလုံး မီး လောင်သွားတယ်။ တံတားတစင်း ပျက်သွားတယ်။ တံတားနားမှာနေတဲ့ လူတယောက် သေသွားတယ်။ ကလေးတွေလည်း ကြောက်လန့်ပြီးတော့ တညလုံးငိုတယ်။ ခွေးတွေလည်း တညလုံးဟောင်တယ်။”ဟု ကေအိုင်စီကို ပြောသည်။
ထိုပစ်ခတ်မှုအပြီး မနက်မိုးလင်းအချိန်တွင် အစိုးရစစ်တပ်မှ ရွာတွင်းရှိ အမျိုးသားများကို ပေါ်တာလိုက်လံဖမ်းဆီးမှုကြောင့် ရွာတွင်း ရှိ အမျိုးသားများသည် လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြသလို အမျိုးသမီးများသည်လည်း ကြောက်လန့်ကြသည့်အ တွက် အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲကြကြောင်း အဆိုပါရွာသူက ပြောသည်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၁၀၁)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောဖောဒိုက “ဗိုလ်ဘိအဖွဲ့က ၀င်ပြီး ပစ်ခတ်တာကတော့ မှန်တယ်။ ဒါပေမဲ့ ရန်သူ့တပ်ရင်းနံပါတ် အတိအကျနဲ့ နှစ်ဖက်ထိခိုက်မှုကိုကျတော့ ကျနော်တို့ အသေး စိတ် မသိရသေးဘူး။”ဟု ပြောသည်။
ထို့အပြင် ဗိုလ်မှူးစောဘိက နယ်စပ်ဒေသရှိ ၎င်း၏လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များအားလုံးကို စစ်ရေးပြင်ဆင်မှု အသင့်အနေ အထားတွင် လုပ်ဆောင်ထားရန် ညွှန်ကြားလိုက်သည်ဟု နယ်စပ်ဒေသမှ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။
ဗိုလ်မှူးစောဘိ ဦးဆောင်သည့် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၁၁)၊ (၁၀၁၂)၊ (၁၀၁၃)နှင့် (၁၀၁၄)များမှ အင်အား ၁,၀၀၀ ကျော်သည် မေလအတွင်း မြိုင်ကြီးငူဒေသကို ၀င်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီးနောက် မေလ ၂၄ရက်နေ့မှစ၍ ဒီကေဘီအေတံဆိပ် ကို ပြန်လည် တပ်ဆင်လိုက်သလို ကေအဲန်အယ်လ်အေ တပ်မဟာ(၇)တို့နှင့် ပြန်လည် လက်တွဲခဲ့ပြီးဖြစ်ကြောင်း ကေအဲန်အယ်လ် အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက ကေအိုင်စီကို ပြောခဲ့သည်။
Photo caption (နအဖ အရာရှိများက ဗိုလ်မှူးမုတ်သုန်အား နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲနေစဉ်)
နောက်ဆုံးရရှိသည့် သတင်းအရ ယနေ့မနက် ၉နာရီအချိန်တွင် ရတခတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းနေလင်းက အရှေ့တောင်တိုင်းစစ် ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ရှေ့တန်း၊ နောက်တန်းမှ တပ်ရင်းတပ်ဖွဲ့များအားလုံးကို တပ်လှန့်ထားပြီး လက်နက်ကြီး ၂လက်ပါ တပ်စိတ်အင်အား ၂၀ကျော် ထုတ်ယူကာ နောက်တန်းကျန် စစ်သည်အင်အားများကိုလည်း တပ်ရင်းမှူးများကိုယ်တိုင် ပေးပို့တင်ပြ ရန် ညွှန်ကြားထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

"ဒီပရင်္ဂ"

ကဗျာဆရာကြည်မောင်သန်းရဲ့ ဖတ်လို့ကောင်းတဲ့ပြည်တွင်းကဗျာလေးတပိုဒ်တွေ့လို့တင်လိုက်ပါတယ်

"ဒီပရင်္ဂ"

ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့
သမိုင်းဝင် မြို့တမြို့။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆာက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ

ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။
အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။

ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာ

မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ

သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီး တယောက်
သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။

တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့

အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။

ကြည်မောင်သန်း
(၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်)

 မှတ်ချက်။ ဒီကဗျာလေးကြောင့် ထိုအချိန်က တာဝန်ခံအယ်ဒီတာ နုတ်ထွက်သွားရပြီး စာပေစီစစ်ရေးမှူးသုံးဦးပြုတ်သွားတယ်လို့ မှတ်သားဖူးပါတယ်။

Tuesday 28 June 2011

သမိုင်းရေးမဲ့ ဒို့ရဲ့လက်များ

 Tuesday, 28 June 2011--
သမိုင်းရေးမဲ့ ဒို့ရဲ့လက်များ
M. ထက်ခေါင်
ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးတွင် ဒေါ်အောင်ဆန်းစုကြည် ကိုးကားဖော်ပြထားသော စာပိုဒ်ကလေးတခုကို သဘောကျ သည်။ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းစကားကို ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်သည်။
… … မိမိကိုယ်မိမိ တော်လှန်ရေးသမားဟု ယူဆပြီး မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို အဖြေရှာရာ၌ မနေမနား ကြိုးစားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းက “သတ္တိ ဗျတ္တိ ရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်းလူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိ ဗျတ္တိ ရှိသော သူရဲကောင်းများဖြစ်အောင် စွန့်စားရပေလိမ့်မည်။ သို့မှသာလျှင် ကျနော်တို့အားလုံး လွတ်လပ်ရေးအစစ်ကို ခံစား ခွင့်ရကြပေလိမ့်မည်”ဟု ပြောဆိုခဲ့ပါသည်။ (အလယ်ပစ္စယံ ညီလာခံမိန့်ခွန်း၊ ၂၀-၁-၄၆)
ဗမာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းဖို့ရန်နှင့် စစ်မှန်သော လွတ်မြောက်ငြိမ်းချမ်းရေးကို ရရှိဖို့ရန်အတွက် လူတိုင်းပင် သတ္တိ ဗျတ္တိ ရှိသော သူရဲကောင်းများအဖြစ် မိမိတို့ကိုယ် မိမိတို့ ခံယူကာ ပါဝင်ဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်က နှိုးဆော်ခဲ့ခြင်း ဖြစ်သည်။ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး ဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆု မရမီအချိန်က ရေးသားခဲ့သော ဆောင်းပါး ဖြစ်၏။ သူမ ဖခင်နှင့် ပတ်သက်၍လည်းကောင်း၊ ဗမာပြည်နိုင်ငံရေးနှင့် ပတ်သက်၍လည်းကောင်း ရေးသားခဲ့သမျှ ဆောင်းပါး အချို့ကို ပေါင်းချုပ်ကာ စာအုပ်အဖြစ် ထုတ်ဝေလိုက်ပြီးသည့်နောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထိုစာအုပ်အတွက် ကမ္ဘာ က ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်ခဲ့သည်။ ဆုများထဲတွင် အမြင့်ဆုံးဖြစ်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုကို ရရှိလိုက်သည်မှာ ဂုဏ်ယူဖွယ်ရာပင် ဖြစ်သည်။ သို့ရာတွင် ထိုဆုကို လက်ခံလိုက်ရသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖခင်ဗိုလ်ချုပ် ပြောခဲ့ သလိုစကားမျိုး လူထုကို ပြောဆို၍ မရတော့ချေ။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုက သူ့နှုတ်ကို ချုပ်ထိန်းထားလိုက်ပြီ ဖြစ်သည်။ ဖိနှိပ်အနိုင်ကျင့်သူကို တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး အုံကြွတွန်းလှန်ရေး တိုက်တွန်းသည့် စကားများအစား နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာရေး စကားများသာ ပြောဆိုနေရတော့မည် ဖြစ်လေသည်။
ယခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအပေါ် အားမလိုအားမရ ဖြစ်ခဲ့ရာမှ သူမ၏ လက်ရှိ အနေအ ထားကို သိမြင်ကာ သူမအပေါ် နားလည်မှုပေးနိုင်ကြသူတွေ အတော်အတန် ရှိလာပြီဖြစ်သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစု ကြည်၏ စကားအချို့ကို ကိုယ်လိုရာ ဆွဲယူကိုးကားပြီး စစ်အုပ်စုအား ကာကွယ် တွန်းလှန် တိုက်ခိုက် ဖြိုဖျက်လိုသည့် လူထု၏ စိတ်ဓာတ်ကို လမ်းလွဲသို့ ပို့ဆောင်နေသော စစ်အုပ်စု သူလျှိုဒလံများနှင့် စစ်အုပ်စုလက်အောက် ရသလောက် အခွင့်အရေးက လေးများယူပြီး ဒီမိုကရေစီနိုင်ငံအဖြစ် တဖြည်းဖြည်း ပုံဖော်ပြောင်းလဲနိုင်ရေး၊ လိုအပ်သော ရပိုင်ခွင့် အခွင့်အရေးများကို စစ် အုပ်စုထံမှ ချော့မော့ ဆွေးနွေး ညှိနှိုင်း တောင်းဆိုစေလိုသည့် ပြည်တွင်းပြည်ပ နိုင်ငံရေးကလိန်ခြုံများ၏ အပြောအဆို အရေး အသားတွေ မီဒီယာထဲမှာ ပလူပျံနေတာကတော့ မလိုလားဖွယ်ပင် ဖြစ်၏။
လက်နက်အားကိုး မတရား ဖိနှိပ် အုပ်ချုပ်နေသော စစ်အုပ်စုအား ပြန်လည်တွန်းလှန်မည့်သူများကို မိုက်ရူးရဲလုပ်မည့်သူများအ ဖြစ် ပြောဆိုနေကြသူတွေအနေဖြင့် ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး ဆောင်းပါးတွင်ပင် ပါရှိသော ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်ကို သတိတရ စဉ်းစား ဆင်ခြင်ဖို့ရန် လိုအပ်သည်။
“… မွေးရာပါ လူ့ဂုဏ်သိက္ခာနှင့် မိမိကိုယ်မိမိ လေးစားမှုတို့ကို မဆုံးရှုံးရလေအောင် ထိန်းသိမ်းကာကွယ်ရာတွင် အထောက်အ ကူ ဖြစ်စေသော သတ္တိပြသည့် နေ့စဉ် လုပ်ရပ်ကလေးများက အချည်းနှီးပင်ဖြစ်သည် သို့မဟုတ် အရာမရောက်သော လုပ်ရပ် ဖြစ်သည်၊ အရမ်းကာရော လုပ်သည်၊ မိုက်မဲခြင်းဖြစ်သည် စသည်ဖြင့် ပြစ်တင်ရှုံ့ချကာ မိမိကပင် ဘ၀ပေးအသိဥာဏ် ရှိသကဲ့ သို့ ဟန်ဆောင်ခြင်းသည် တိတ်တခိုး အန္တရာယ်ပေးသည့် အဆိုးဝါးဆုံးသော ကြောက်ရွံ့မှုမျိုးပင် ဖြစ်ပါသည်။ …”
ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးမှာ လူထုကို အကြောက်တရားမှ ဆွဲထုတ်ပြီး မှန်ကန်သော လမ်းကြောင်းပေါ်တွင် တည့်မတ် ခိုင်ကျည်စွာ ရပ်တည်နိုင်ရေး၊ ဖိနှိပ်သူများအား တွန်းလှန်ကာကွယ်နိုင်ရေး ခွန်အားပေးမှုများနှင့် သူရဲဘောကြောင်သောဘ၀မှ ကင်းလွတ်ရေး ကောက်နှုတ်ကိုးကားစရာ အချက်အလက် အများအပြားပါရှိသော ဆောင်းပါးတပုဒ်ဖြစ်၍ ကြောက်တတ်သူများ အနေဖြင့် အလွတ်ကျက်မှတ် အာဂုံဆောင်ထားဖို့ရန် သင့်လှပေသည်။
ယခုလ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ကျူးကျော်ဖိနှိပ်သူ စစ်အုပ်စုအား တိုက်ခိုက်နေသည့် တိုက်ပွဲသတင်းများအ ကြားမှပင် ဒီကေဘီအေနှင့် ကေအဲန်ယူတို့၏ စစ်အုပ်စုကို တွန်းလှန်နေသော တိုက်ပွဲသတင်းများက ကြိုးကြားကြိုးကြား ပေါ် ထွက်နေ၏။ ကေအဲန်အယ်လ်အေ ဗိုလ်မှူးကြီးဂျိုးဆွာ(Col. Joshua)၊ ဒုဗိုလ်မှူးကြီးတင်လှိုင်၊ ဒီကေဘီအေ ဒုဗိုလ်မှူးကြီးမိုရှေး နှင့် ဗိုလ်မှူးချုပ်နှုတ်ခမ်းမွှေးတို့ ပူးပေါင်းကာ စစ်ရေးအရှိန်မြှင့်မည့် အစီအစဉ်များကိုလည်း ကြားသိရ၏။
နယ်ခြားစောင့် BGF တပ်ရင်း(၁၃)ရင်းမှ ၄ရင်းက မြိုင်ကြီးငူဆရာတော်၏ မိန့်မှာမှုဖြင့် ဒီကေဘီအေအဖြစ် ပြန်လည် အသွင် ပြောင်းကာ မြိုင်ကြီးငူမှာ တပ်စွဲထားကြောင်း၊ ရန်သူ့တပ်ရင်းအချို့က ၎င်းတို့ကို တိုက်ဖို့ပြင်နေကြောင်း သတင်းများကိုလည်း ကြားကြရသည်။ ၎င်းတို့အနေဖြင့် ရန်သူလာအတိုက်ကို စောင့်မနေဘဲ နယ်မြေကျွမ်းကျင်သူများပီပီ ရန်သူကို လမ်းမှနေ၍ ဆီး ကြိုတိုက်ခိုက် ချေမှုန်းလိုက်နိုင်မည်ဆိုလျှင် လူထုအတွက်ကော ကရင့်တော်လှန်ရေးအတွက်ပါ မင်္ဂလာရှိသော သမိုင်းဝင် သတင်းကောင်းများ ဖြစ်လာပေလိမ့်မည်။
လွန်ခဲ့သော လများအတွင်း ကေအဲန်ယူနှင့် ဒီကေဘီအေတို့၏ စစ်အုပ်စုကို အမှည့်ခြွေ ခြွေသော တိုက်ပွဲပေါင်း သုံးရာ့ငါးဆယ် ကျော်တွင် စစ်အုပ်စုဘက်မှ ၆၀၀ကျော် သေဆုံးကြောင်း၊ ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေက သွားရောက်တိုက်ခိုက် သည်ဖြစ်စေ၊ စစ်အုပ်စုဘက်က လာ၍တိုက်သည်ဖြစ်စေ စစ်အုပ်စုဘက်ကချည်း သေကြေဆုံးရှုံးမှုများ ဖြစ်နေသည်ကို မယုံ ဘူးဟုဆိုကာ အင်တာနက်ထဲမှာ ဆဲရေးနေသူတွေ ရှိသည်။ မယုံသူတို့အနေဖြင့် လက်တွေ့ စမ်းသပ်ကြည့်နိုင်မည် ဖြစ်သည်။
အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီအရေးတို့အတွက် ကိုယ့်အသိနှင့်ကိုယ် တိုက်ပွဲဝင်သော တော်လှန်ရေးသမား၏ စိတ် ဓာတ်နှင့် စစ်အုပ်စုလက်အောက် ခိုင်းသမျှလုပ်သည့် ကြေးစားသမားစိတ်ဓာတ်၊ ကျွန်သပေါက်စိတ်ဓာတ်တို့မှာ ကွာခြားသည်။ လက်နက်ကိုင်ပြီး ပစ်ခတ်တတ်သည့် အရည်အချင်းမှာလည်း ကွာခြားသည်။ စစ်အုပ်စု လက်အောက်ခံတပ်များလို လက်နက် ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ပြီးမှ တက်လာရဲကြသူတွေ မဟုတ်။ ရန်သူ့အနားကို ရောက်အောင်သွားပြီး ပစ်ခတ်တတ် ကြသူတွေ၊ ရန်သူ့လာလမ်းမှ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကာ ၁၅ပေ၊ ပေ ၂၀ အကွာအဝေးလောက်အရောက်မှာမှ ချက်ပိုင် ပိုင် ပစ်ခတ် ရှောင်တိမ်းတတ်ကြသူတွေ တော်လှန်ရေးနယ်ထဲမှာ အများအပြား ရှိသည်။ စစ်တိုက်ခြင်းမှာ လူမိုက်အလုပ်မ ဟုတ်။ ဒေါသတကြီး သူသေကိုယ်သေ ဘက်ပြိုင်ရန်ဖြစ်ရမည့် အလုပ်မဟုတ်။ သူ့ကိုသာ သေစေပြီး ကိုယ်မသေဘဲ ရှင်ကျန် ရစ်အောင် တိုက်ခိုက်ရသည့်အလုပ် ဖြစ်သည်။
စစ်အုပ်စု၏ ကျူးကျော်စစ်ပြုမှုကို တားမြစ်သော ကချင်တို့နှင့် တရားမဲ့ ကျူးကျော်သူတို့၏ တိုက်ပွဲသတင်းများ ကြားရသည်မှာ နှလုံးနာဖွယ် ဖြစ်သည်။ ပြည်သူ့တပ်မတော် မဟုတ်ဘဲ စစ်အုပ်စု လက်အောက် ကြိုးဆွဲခိုင်းစေသမျှ လုပ်ကိုင်နေသော စစ်ယူနီ ဖောင်းဝတ် သူခိုးဓားပြများပီပီ လက်နက်မဲ့ ကချင်အရပ်သားလူထုကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်သည့် သတင်းများ၊ ကချင် အမျိုးသမီးများကို ပြုကျင့်စော်ကားပြီး သတ်ဖြတ်သည့် သတင်းများကို ကြားရသည်။ အပစ်အခတ်ရပ်ဆိုင်းပြီး သုံ့ပန်းလဲလှယ် ရာတွင်လည်း နယ်မြေတွင်း ကျူးကျော်လာ၍ ကချင်က ဖမ်းဆီးထားသော စစ်အုပ်စုအရာရှိနှစ်ဦးကို အကောင်းပကတိအတိုင်း ပြန်လွှတ်ပေးကာ စစ်အုပ်စုကမူ ကချင်စခန်းတခုအတွင်း ၎င်းတို့ ၀င်ရောက်ဖမ်းဆီးသွားသူအား နှိပ်စက်သတ်ဖြတ်ပြီးမှ အလောင်း ပြန်ပို့ပေးခဲ့သည့် အဖြစ်တွေ ရှိသည်။ စစ်သည်တော် ကျင့်ဝတ်အရသော်လည်းကောင်း၊ လူ့ကျင့်ဝတ်အရသော် လည်းကောင်း မည်သို့မျှ လက်မခံနိုင်သည့် အပြုအမူမျိုးကို ပြုကျင့်သူများသည် ၎င်းတို့အရာရှိများကို ပြန်ရအပြီးမှာပင် ကချင် စခန်းကို လက်နက်ကြီးအလုံးပေါင်း ရာထောင်ချီလျက် ပစ်ခတ်ကာ သိမ်းယူခဲ့ကြသည်။
စစ်အုပ်စု၏ သတင်းစာများထဲတွင်မူ ကချင်က စတင် ပစ်ခတ်သောကြောင့် တိုက်ပွဲဖြစ်ရကြောင်း၊ တံတားများကိုလည်း ကချင် သောင်းကျန်းသူများက ဖျက်ဆီးခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် တိုက်ခိုက်လိုစိတ်မရှိကြောင်း၊ လျှပ်စစ်စီမံကိန်းကို ကာကွယ်လို စိတ်တခုတည်းဖြင့်ပင် ကချင်တို့ကို မလွဲမရှောင်သာ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အသံကောင်းဟစ် ကြေညာခဲ့သည်။ ထိုကြေ ညာချက်နှင့် ရှေ့နောက်မညီသော လုပ်ရပ်မှာ သံလျင်တွင် ကျောင်းတက်နေကြသော ကချင်ကျောင်းသားကျောင်းသူများကို ကချင်ပြည်သို့ပြန်ရန် နှင်ထုတ်ခြင်း ဖြစ်သည်။ လျှပ်စစ်စီမံကိန်းကို ကာကွယ်လို၍ တိုက်သည်ပင်ဖြစ်စေ၊ ကချင်ဒေသကို စိုးမိုး လို၍ တိုက်သည်ပင်ဖြစ်စေ၊ လက်နက်ကိုင် ကာကွယ်တိုက်ခိုက်နေသော ကချင်တပ်များကိုသာ တိုက်ရမည် ဖြစ်သည်။ အရပ် သားလူထုနှင့် ကျောင်းသားကျောင်းသူများကို ပိတ်ပင် နှောက်ယှက် ဒုက္ခပေးစရာ မလိုချေ။

Monday 27 June 2011

၃၅ နှစ်မြောက် ဆလိုင်းတင်မောင်ဦးနေ့

2011-06-26
ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း ကိုတင်မောင်ဦး စစ်အာဏာရှင် လက်ချက်နဲ့ ကျဆုံးခြင်း ၃၅ နှစ် ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဆလိုင်းတင်မောင်ဦးရဲ့ မိသားစုဝင်တွေက ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။
studentleadersalaikotinmaungoo.com
၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မဆလ စစ်အစိုးရ၏ ကြိုးမိန့်ပေးကွက်မျက် ခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၃၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ဖိတ်ကြားလွှာ- ပန်းချီ-မင်းကျော်ခိုင်။ (studentleadersalaikotinmaungoo.com)
အဲဒီ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်၊ ဇိုမီး အမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးကျင်ရှင်းထန် တို့ကလည်း ဗီဒီယိုက တဆင့် ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပါတယ်။
မင်းတို့ စစ်ဘိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးမထောက်ဘူး
အခမ်းအနားကို ဒီမိုကရေစီရေး လှုပ်ရှားသူ တိုင်းရင်းသားလူမျိုးစုံ တက်ရောက်ပြီး ဆလိုင်း တင်မောင်ဦးနဲ့ လက်တွဲ လှုပ်ရှားခဲ့တဲ့ ကျောင်းသားဟောင်း တွေက အတွေ့အကြုံတွေကို ပြန်ပြောင်း ပြောပြ ဖလှယ်ကြပါတယ်။ ဒါ့အပြင် အဆိုတော် လားရှိုးသိန်းအောင်ကလည်း ဆလိုင်းတင်မောင်ဦး ကို ဂုဏ်ပြုတဲ့ တေးသီချင်းတွေ သီဆိုခဲ့ပါတယ်။

အလားတူပဲ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ချင်းကွန်မြူနတီကွန်ဂရက် က ဆလိုင်းတင်မောင်ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနားကို တနင်္ဂနွေနေ့မှာ ပြုလုပ်ပါတယ်။

ဆလိုင်းကိုတင်မောင်ဦးဟာ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းမှာ ရှေ့တန်းက ပါဝင်ခဲ့သလို ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်နေ့ ကျင်းပဖို့ လုပ်ဆောင်နေစဉ် မတ်လ ၂၃ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး ဇွန်လ ၂၆ ရက်နေ့မှာ မဆလ စစ်အစိုးရရဲ့ ကြိုးမိန့်ပေး ကွပ်မျက်တာကို ခံခဲ့ရပါတယ်။

ဆလိုင်းတင်မောင်ဦးဟာ ကြိုးစင်တက်တဲ့ နောက်ဆုံး အချိန်အထိ စစ်အစိုးရကို ဒူးမထောက် အညံ့မခံဘူး ဆိုပြီး ကြွေးကြော်ခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနား ကျင်းပပုံအကြောင်း အပြည့်အစုံကို ဒေါ်ခင်ခင်အိက စုစည်း တင်ပြထားပါတယ်။

မြန်မာစစ်တပ်ဓါတုလက်နက်အသုံးပြုကြောင်း Channel 4 သတင်းမှတင်ဆက်

Friday 24 June 2011

မန္တလေးတွင် နောက်ထပ် ဗုံးတလုံးပေါက်ကွဲ၊ ၄ လုံးမြောက်ဖြစ်


Bomb-Explosion-at-MDYs

နာရီခန့်က နောက်ထပ်ဗုံးတလုံး ပေါက်ကွဲမှု ဖြစ်ပွားသည်။

စိန်စံပယ်ဖူးရွှေဆိုင်နှင့် ပရိယတ္တိသာသနအသင်းအနီး အမှိုက်ပုံအနီး ပေါက်ကွဲခြင်းဖြစ်ပြီး၊ ပထမပေါက်ကွဲသော နေရာနှင့် သိပ်အလှမ်းမဝေးသော နေရာဖြစ်သည်။

သံသယဖြစ်ဖွယ် ဗုံးတွေ့သည်ဆိုသော သတင်းအရ စစ်သားများက မွန်းလွဲ ၂ နာရီကတည်းက အဆိုပါနေရာကို ပိတ်ဆို့ထားခဲ့သည်။

ယခုသတင်းပေးပို့ချိန်အထိ မန္တလေးတွင် ဗုံးပေါက်ကွဲမှု နှစ်ခုရှိပြီဖြစ်ကာ နေပြည်တော်၊ ပြင်ဦးလွင်တို့တွင်လည်း ဗုံးပေါက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

မန္တလေးတွင် နေ့လည် ၁၂ နာရီခန့်က ၈၄ လမ်းမပေါ်တွင်ပင် ပေါက်ကွဲမှုမှာ ပါဂျယ်ရို ၃ခ/ ၁၉ဝ၄ တွင် လူမရှိခိုက်ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ပြီး နေပြည်တော်နှင့် စစ်ဘက်တက္ကသိုလ်များကြောင့် ထင်ရှားသော ပြင်ဦးလွင်တွင် လူသူမနေသော နေအိမ်များတွင် ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုဖြစ်သော နေအိမ်နှစ်ခုလုံးမှာ နှစ်ထပ်တိုက်များဖြစ်ပြီး အပေါ်ထပ်များတွင် အချိန်တူနီးပါး တပြိုင်တည်း ပေါက်ကွဲခြင်း ဖြစ်သည်။

ပေါက်ကွဲမှုများကြောင့် မန္တလေးတွင်သာ ဒဏ်ရာရသူ တဦးရှိသည်ဟု အတည်ပြုထားနိုင်ပြီး အခြားနေရာများတွင် ပေါက်ကွဲမှုမှာ လူကိုထိခိုက်ဒဏ်ရာရမှု မရှိပါ။

စစ်ဘက်ပုဂ္ဂိုလ်များ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာတိုင်းသို့ရောက်ရှိ စုံစမ်းစစ်ဆေးနေပြီး ပြင်ဦးလွင်တွင်တော့ အခရာကျသော နေရာများတွင် လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်နေသည်။

ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားမည်ဆိုသော ကောလာဟလများကလည်း မြို့နေလူထုအတွင်း စိုးရိမ်မှုကို တိုးပွားစေတော့သည်။

ကချင်ပြည်နယ် မန်ဂျေတိုက်ပွဲမှာ မြန်မာစစ်သား ၃ ဦးကျ

မြန်မာ-KIA တိုက်ပွဲများဖြစ်ပွားနေဆဲ၊ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မန်မော်ခရိုင် မန်ဂျေ(မံစီ)မြို့နယ် ကြာသပတေးနေ့ နေ့ခင်းတိုက်ပွဲတွင် မြန်မာစစ်သား ၃ ဦး ကျဆုံးခဲ့သည်ဟု ရှေ့တန်းသတင်းမှသိရသည်။

မိနစ် ၂၀ ကြာတိုက်ပွဲမှာ စင်းခန်းအနီး မွန်းလွဲ ၂ နာရီခွဲခန့်တွင်ဖြစ်သည်ဟု KIA တပ်ရင်း ၁၂ မှ အရာရှိတစ်ဦးပြောသည်။ KIA ဘက်ထိခိုက်ဒဏ်ရာရမှု မရှိဟု ဆိုသည်။

တိုက်ပွဲအပြီး မြန်မာစစ်သားရုပ်အလောင်း ၃ လောင်းအား မြန်မာစစ်သားများ ဂေါင်ရွန်ကျေးရွာသို့ သယ်ယူသွားသည်ဟု မျက်မြင်များပြောသည်။
Sin-Hkan-myan
မိုးကောင်းအခြေစိုက် ခလရ ၇၄ နှင့် KIA တပ်ရင်း ၁၂ တို့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။

ခလရ ၇၄ သည် မိုးကောင်း စစ်ဆင်ကွပ်ကဲရေးဌာနချုပ် (စကခ)-၃ လက်အောက်မှဖြစ်ပြီး ၎င်းတပ်က ဖားကန့်မြို့နယ်တွင် တာဝန်ကျစဉ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက်အုပ်ချုပ်ရေး အရာရှိ ဆလန်ကဘာ မရောဘရန်မိုင်နှင့် ဆလန်ကဘာ လဆိုင်းတို့အား မတ်လ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့သည်။

ဇွန် ၉ ရက် တွင် စစ်တပ်ကျောထောက်နောက်ခံ ဦးသိန်းစိန်အစိုးရမှ မန်မော် (ဗန်းမော်)ခရိုင် ဆန်ဂန်၌ KIA အားထိုးစစ်ဆင်လာပြီးနောက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း KIA ထိန်းချုပ်နေမြေနေရာအနှံ့ တိုက်ပွဲများဖြစ်လာသည်။

မြန်မာစစ်တပ်အား KIA က “ကျယ်ပြန့်သောခုခံစစ်” ပေါ်လစီဖြင့် ဆက်ဆံနေရကြောင်း KIA ခေါင်းဆောင်များ ဆိုပါသည်။

Wednesday 22 June 2011

အကျဉ်းကျတော်လှန်ရေးသမား စောခေးတိ၏ ခရီးကြမ်း


ဧရာဝတီ Saturday, 18 June 2011 13:12 အင်တာဗျူး

အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစုရှိ ပို့ဘလဲမြို့မှ အကျဉ်းထောင်နှင့် ကာလကတ္တားမြို့မှ ပရက်စီဒင်စီ အကျဉ်းထောင်များတွင် ၁၃ နှစ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရသည့် ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးသည် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် ပြန်လွတ်မြောက်လာခဲ့သည်။ ကျန် ၃ ဦးသည် ပို့ဘလဲ အကျဉ်းထောင်တွင် ရင်ဆိုင်ခဲ့ရသည့် ၀တ္တရားနှောင့်ယှက်မှုကို ရင်ဆိုင်ဖြေရှင်းပြီးမှ လွတ်မြောက်မည်ဖြစ်သည်။ တော်လှန်ရေးသမားများ အိန္ဒိယသို့ ရောက်လာရခြင်းအကြောင်းရင်း၊ ဖမ်းဆီးခံရပြီးနောက် ပို့ဘလဲမြို့ အကျဉ်းထောင်တွင် အကျယ်ချုပ်ဖြင့် နေခဲ့ရချိန်နှင့် ပရက်စီဒင်စီ အကျဉ်းထောင်တွင် နေခဲ့ရချိန်တို့တွင် ကြုံတွေ့ခဲ့မှုများနှင့် လွတ်မြောက်လာသည့် အခြေအနေများကို တော်လှန်ရေးသမား ခေါင်းဆောင်များအနက် တဦးဖြစ်သည့် ကရင်တိုင်းရင်းသား ဦးစောခေးတိအား ဧရာဝတီသတင်းထောက် ဇာနည်မာန်က တွေ့ဆုံမေးမြန်းထားပါသညေ်။
U_Kay_Ti


U_Kay_Ti

ဦးစောခေးတိ (ဓာတ်ပုံ - ဧရာဝတီ)
ဦးစောခေးတိသည် အိန္ဒိယစစ်တပ်၏ စတင်ဖမ်းဆီးခံရစဉ်က အသတ်ခံခဲ့ရသော ရခိုင်နှင့် ကရင်ခေါင်းဆောင်များအနက်မှ တဦးဖြစ်သော ဖဒိုမူးလွယ်၏ ညီဖြစ်သည်။ ဦးခေးတိသည် ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိုင်းနှင့် ကရင်ပြည်နယ် နယ်စပ်မှ သစ်တောများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ပေးအပ်ချက်အရ တောအုပ်အဖြစ် တာဝန်ထမ်းဆောင်နေရာမှ အစ်ကိုဖြစ်သူ ဖဒိုမူးလွယ်က ပင်လယ်ပြင်လှုပ်ရှားမှုတွင် ကူညီရန်ခေါ်ယူခဲ့သဖြင့် အိန္ဒိယဘက်သို့ လိုက်ပါခဲ့ဖြင်းဖြစ်သည်။

မေး ။ ။ ဖဒိုမူးလွယ်နဲ့ ဦးစောခေးတိတို့ရဲ့ ပင်လယ်ခရီးထွက်ခဲ့တဲ့အကြောင်း ပြောပြပါဦး။

ဖြေ ။ ။ တရက်မှာ ကျနော့်အစ်ကို ဖဒိုမူးလွယ်က ကျနော့်ကိုလာပြောတယ်။ တာဝန်ကျတယ်၊ ပင်လယ်ထဲမှာတဲ့။ ဗိုလ်ရာဇာတို့ ရခိုင်တပ်မတော်အဖွဲ့နဲ့ပေါ့လေ။ ပူးပေါင်းစစ်ဆင်ရေးလုပ်ရမယ်။ ပင်လယ်ထဲမှာ လှုပ်ရှားရမယ်ဆိုတော့ ကျနော်က ထိုင်းစကားတတ်လို့ ကျနော့်ကို အကူညီတောင်းတယ်။ အဲဒီတုန်းက ကျနော်တို့အဖေ ဆေးရုံတက်နေတာကို ကျနော်က ကြည့်ပေးနေတာ။ သူက သွားမယ်ဆိုပြီး ဗြုန်းခနဲ ဗြန်းခနဲ လာခေါ်တော့ ထွက်ခဲ့ရတာ။

ကျနော့်သမီးဆီကို သွားတွေ့တယ်။ သမီးက ဘယ်တယောက်လဲ ကျနော်မမှတ်မိဘူး။ သမီးကတော့ ကျနော့်ကို မှတ်မိတယ်။ အဲဒီမှာ သမီးကို ခဏလေးပဲ ဖက်၊ နှုတ်ဆက်ပြီး ထွက်လာခဲ့ရတာ။ တော်လှန်ရေးသမားဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။ ပင်လယ်ထဲက အလုပ်ပြီးမှ သမီးဆီ ကောင်းကောင်းပြန်နေမယ်ဆိုပြီး ထွက်လာတယ်။ ၁၉၉၇ ခုနှစ် ၁၀ လပိုင်းပေါ့။ အဲဒီကနေ ထွက်လာပြီး ကျနော်တို့ (ထိုင်းနိုင်ငံ) ကန်ချနဘူရီကနေ ရနောင်းကိုရောက်တယ်။ ကျနော်ရယ်၊ ဖဒိုမူးလွယ်ရယ်၊ ဆာလွဲ (စန်းလွင်) ရယ် ၃ ယောက်။

ကျန်တဲ့ရဲဘော်တွေကတော့ နောက်မှရောက်တယ်။ ရောက်နှင့်ပြီးတဲ့သူတွေလည်း ရှိတယ်။ ကျနော်တို့က အမြန်လှေနဲ့၊ ရခိုင်တွေက ငါးဖမ်းစက်လှေတစီးနဲ့ ထိုင်း-မြန်မာရေစပ်က မျောက်ညိုကျွန်းကိုရောက်တယ်။ အဲဒီမှာက ကျနော်တို့ရဲ့ ကရင် တပ်ရင်း (၁၁) စခန်း ရှိတယ်။ အဲဒီမှာ ရခိုင်ဖက်ကတော့ ကိုစိုးနိုင်နဲ့ နောက် ဆယ်ယောက်ကို အရင်တွေ့တယ်။ ကျနော်တို့ အဲဒီကို ရောက်တဲ့အချိန်မှာ အိန္ဒိယကို လာရမယ်ဆိုတာ မသိသေးဘူး။ ၁၉၉၈ ခုနှစ် ၂ လပိုင်းမှာတော့ ဗိုလ်ရာဇာရောက်လာတယ်။ သူက ကျနော်တို့ ကရင်အဖွဲ့တွေနဲ့က အရင်ကတည်းက လက်တွဲဖော်တွဲဖက်တွေကိုးဗျ။ ဖဒိုမူးလွယ်က ပြောတာပေါ့၊ ကျနော်တို့ joint operation လုပ်ရမယ်ပြောတယ်။ ကျနော် သိရသလောက်ကတော့ ရဲဘော်တွေကို သင်တန်းပေးမယ်ပေါ့။ ဗိုလ်ရာဇာတို့က ရခိုင်ပြည်ပြန်မှာတဲ့။ နောက်ပြီးတော့ အိန္ဒိယ အဆက်အသွယ်ရှိတော့ အိန္ဒိယက သူတို့ကို ကျွန်းတကျွန်းပေးမယ်ပေါ့။ ကျနော်တို့ အဲဒီလိုပဲ ကြားရတယ်။

ကျနော်တို့ မျောက်ညိုကျွန်းကနေ ထွက်လာတာမှာ ဖဒိုမူးလွယ်က အမှန်တကယ်တော့ ကျနော်တို့နဲ့ လိုက်ဖို့တာဝန်မရှိဘူး။ ဒါပေမယ့် ဘယ်လိုဖြစ်လဲဆိုတော့ လှေက ၂ စီးဖြစ်နေတော့ ဗိုလ်ရာဇာက ဖဒိုမူးလွယ် မင်းလိုက်သွားပါ။ ငါတာဝန်ယူတယ်ပေါ့။ ဖဒိုမူးလွယ်ကလည်း စကားလည်းမပြော၊ ဘာလည်းမပြော၊ လိုက်ဆိုလည်းလိုက်ပေါ့။

Wednesday 15 June 2011

နောက်ဆုံး ကချင်ခံကတုပ်

 ဒီဇင်ဘာ ၂၀၁၀ ကရိုက်ထားတဲ့ ကချင်စစ်ရေးပြင်ဆင်မှူ

ကေအိုင်အေ သုံ့ပန်းဓာတ်ပုံ



ဒီ ဓာတ်ပုံကို AP နဲ့ Reuters သတင်းဌာနတွေကလည်း ဖြန့်နေကြပါတယ်။
(ကချင်ဘာသာနဲ့ ဖော်ပြတဲ့ http://jinghpawkasa.blogspot.com/ မှာလည်း တွေ့ရပါတယ်။
သေဆုံးသူရဲ့ ဒဏ်ရာဒဏ်ချက် အနီးကပ်ပုံတွေလည်း တင်ထားပါတယ်။ နှလုံးရောဂါ ရှိသူများ မကြည့်သင့်ပါ။)

ဒီဓာတ်ပုံအကြောင်းကို
KIO ခေါင်းဆောင် ဦးလနန် နဲ့ ဧရာဝတီ အင်တာဗျူးမှာ အခုလို တွေ့ရပါတယ်။

ဆန်ဂမ် မှာရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းဘေးမှာရှိတဲ့ ဆက်ဆံရေးရုံးတခုရှိတယ်။ ၉ ရက်နေ့တုန်းက အဲဒီမှာ တာဝန်ကျတဲ့ ရဲဘော်က ရန်သူရဲ့ လက်ထဲမှာ အဖမ်းခံရတယ်။ အဖမ်းခံရပြီးတော့ ရန်သူရဲ့ လက်ထဲမှာပဲ ရိုက်နှက်ပြီး သတ်ဖြတ်လိုက်တယ် -----

အသဲငယ်သူများ အောက်ဆက်မဖတ်ပါနှင့်

Tuesday 14 June 2011

ရှမ်းပြည်မြောက်ပိုင်းတွင် တံတား ၂ စင်း KIA ဖျက်ဆီး


Wednesday, 15 June 2011 01:05 KNG


ရှမ်းပြည်မြောက်ပိုင်းရှိ အရေးပါသည့် တံတား ၂ စင်း ဇွန် ၁၄ ရက်ညတွင် KIAမှ ဗုံးပေါက်ဖျက်ဆီးခဲ့သည်ဟု လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ အရာရှိများပြောသည်။

ဖျက်ဆီးခဲ့သည့်တံတားမှာ တရုတ်-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်း မန္တလေး-မူဆယ်ကားလမ်းမှ နမ်ဖတ်ကာ တံတားဖြစ်ပြီး နောက်တစ်စင်းမှာ တာမိုးညဲ-မုန်းစီကားလမ်းမှ နမ်ခရိုင်တံတားဖြစ်သည်ဟု ဆိုသည်။

ns_bridge_explosion
ns_bridge_explosion
ဇွန် ၉ ရက် ကချင်ပြည်နယ် ဆန်ဂန်၌ KIA တပ်ရင်း ၁၅ အား မြန်မာတပ်ကထိုးစစ် စတင်ဆင်နွှဲလာစဉ် ဇွန် ၁၃ ရက် KIA က ပြည်တွင်းစစ်သို့ဦးတည်လာနိုင်သည်ဟု ပြောဆိုပြီးနောက်တစ်နေ့ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများဖြစ်လာခြင်း ဖြစ်သည်။
Last Updated ( Wednesday, 15 June 2011 01:26 )

တမ်မဟာ ၃ -တပ်ရင်း ၉ ၏လက်စွမ်း (အပိုင်း ၁ နှင့် အပိုင်း၂)

post တင်ပေးသော အဲခေါင်သောင့် ကိုကျေးဇူးတင်လျှက်

ညောင်လေးပင်ခရိုင် အခြေစိုက် KNLAတပ်မဟာ ၃လက်အောက်ခံ တပ်ရင်း ၉နှင့် မြန်မာစစ်တပ် ခလရ ၂၆၄ ကို ခြုံခိုတိုက်ခိုက်ရာ နအဖဘက်မှ ၁၀ယောက် သေဆုံးပြီး ၅ယောက် ဒဏ်ရာရရှိကာ KNLAဘက်မှ လက်နက်၉လက် သိမ်းဆည်းရမိပါတယ်။




Monday 13 June 2011

Sunday 12 June 2011

မြန်မာစစ်တပ်နှင့် KIA နှစ်ရက်ဆက်တိုက် စစ်ပွဲဖြစ်

  Kachin News
ဇွန် ၁၂၊ ၂၀၁၁ ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် ဆန်ဂန်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ်ကြား နှစ်ရက် ဆက်တိုက်တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

ယမန့်နေ့ ဇွန် ၁၁၊ ညနေ ၃ နာရီမှ ညသန်းခေါင်အထိ စစ်ပွဲဖြစ်ပွားသည်။ ယနေ့ ဇွန် ၁၂၊ တနင်္ဂနွေ နံနက် ၇ နာရီတွင် တိုက်ပွဲစတင်နေသည်ဟု KIA အရာရှိများပြောသည်။
sang-gang-wa-bur
နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း အရေအတွက် အတိအကျကို မသိရပါ။

Myein Gyi Ngu Battle and its Impact

ကရင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ်မှ ၈ဦး ကျဆုံးကာ ၇ဦးထိခိုက်

ဇွန်လ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် (၁၉)မိုင်ခန့် အကွာအဝေးရှိ လမ်းဖားကျေးရွာတွင် ယမန်နေ့က အစိုးရစစ်တပ်နှင့် ကရင်ပူးပေါင်း တပ်ဖွဲ့ဝင်များအကြားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်က ၈ဦးသေဆုံးပြီး ၇ဦးဒဏ်ရရှိသည်ဟု ကရင်တပ်ဖွဲ့ ဘက်က ပြောသည်။
ယမန်နေ့မနက် ၁၀နာရီခန့်တွင် လမ်းဖားကျေးရွာအတွင်း ၀င်ရောက်လှုပ်ရှားသည့် အစိုးရစစ်တပ် တပ်မ ၂၂လက်အောက်ခံ ခမရ ၂၀၁တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၇)နှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုး သားတပ်မတော်(DKBA) ကလိုထူးဘောဗျူဟာ တပ်ဖွဲ့တို့ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA က ပြောသည်။
KNLA (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဗိုလ်မှူးစောဖောဒိုက “မနေ့က ၁၀နာရီအချိန် လမ်းဖားကျေးရွာမှာ ၀င်ရောက်လာတဲ့ ရန် သူ့တပ်ဖွဲ့ကို ကျနော်တို့ ကရင်ပူးပေါင်းတပ်ဖွဲ့က ၂နာရီကြာ စောင့်ကြိုပစ်ခတ်တယ်။ ရန်သူ့ဘက်က ၈ယောက်သေတယ်။ ၇ ယောက် အထိနာတယ်။ ကျနော်တို့ဘက်က ထိမှန်တာမရှိဘူး။”ဟု ပြောသည်။
အဆိုပါ တိုက်ပွဲအခြေအနေကို ကရင်တပ်ဖွဲ့ဘက်က ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အစိုးရစစ်တပ်ဘက်မှ ယနေ့အထိ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထိုဒေသတွင် ကရင်တပ်ဖွဲ့များနှင့် အစိုးရတပ်များ ယခုလို တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေ ကြပြီး ဆက်သွယ်ရေးအတွက် ဖုန်းများကိုပင် ပိတ်ထားရကြောင်း လမ်းဖားကျေးရွာနှင့်ကပ်လျှက် ကော့ဆိုင်ရွာမှ ရွာသူ အမျိုးသမီး တစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။
“တက်လာမယ့် ဗမာစစ်တပ်ကို ကရင်တပ်ဖွဲ့ဘက်က လမ်းဖားရွာမှာ စောင့်နေတာ ၂ရက်ရှိပြီ။ မနေ့က တိုက်ပွဲဖြစ်လာတော့ အခု ဆို တရွာလုံး ကြောက်လှန့်ကြတာပေါ့။ ဒီလို ရှုတ်ရှုတ်ယှက်ယှက်အချိန်မှာ ဖုန်းတွေ အားလုံး ပိတ်လိုက်ရတယ်။”ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များတွင် စစ်ရေး ပိုမို လှုပ်ရှားလာသည့် ကရင်ပူးပေါင်း တပ်ဖွဲ့ကို ရှင်းလင်းတိုက်ထုတ်သွားရန်အတွက် အစိုးရစစ်တပ်ဘက်က စစ်ရေးပြင်ဆင်များ လုပ်ဆောင်နေချိန်တွင် ယခုလို ပစ် ခတ်ခံရခြင်း ဖြစ်သည်။
မြန်မာစစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှု ပျက်ပြားစေရန် စစ်ဆင်ရေးများကို ရှေ့ဆက်၍ အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုလ ၆ရက်နေ့တွင် ကရင်နှင့် ကျောင်းသားတပ်မတော်တို့က “မာနယ်စိုးစစ်ဆင်ရေး (အောင်မြင်စိုးမိုးမှု)”ဟု အမည်ရသော ပူး ပေါင်းစစ်ဆင်ရေး ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည့်အတွက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ရှေ့ဆက်ဖြစ်လာအုံး မည့် အခြေအနေရှိကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။

Saturday 11 June 2011

တော်လှန်ရေးသမား ၃၄ ဦး KNU ဂုဏ်ပြု


နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယထောင်များအတွင်း ၁၃ နှစ်ကျော်ကြာ အကျဉ်းကျခံခဲ့သည့် ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄ ဦးအား ကရင်အမျိုးသား အစည်းအရုံး KNU တော်လှန်ရေးသမိုင်း၌ ကြာသပတေးနေ့တွင် မှတ်တမ်းတင်လိုက်သည်။

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် ပြုလုပ်ခဲ့သည့် မျိုးချစ်သူပုန် ၃၄ ဦးအား ဂုဏ်ပြုသည့် အခမ်းအနား၌ KNU က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မလျှော့သော ဇွဲလုံ့လနဲ့ အနစ်နာခံ၊ အပင်ပန်းခံလာခဲ့တဲ့
ff34
ပဒိုစောအားတိုး အမှာစကားပြောစဉ် (ဓာတ်ပုံ - မဇ္ဈိမ)

အတွက် ကျနော်တို့ KNU အနေနဲ့ တော်လှန်ရေးရဲ့ သမိုင်းကိစ္စမှာ အတည် ဖြစ်ပါလိမ့်မယ်။ အသိအမှတ်ပြု မှတ်တမ်းတင်ပါတယ်” ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောအားတိုးက ဂုဏ်ပြုပွဲတွင် ပြောဆိုခဲ့သည်။

၃၄ ဦးအနက် ၁၀ ဦးမှာ KNU အဖွဲ့ဝင်များဖြစ်ပြီး၊ ကျန် ၂၄ ဦးမှာ ရခိုင်အမျိုးသား ညီညွှတ်ရေးပါတီ NUPA မှ ဖြစ်ကြသည်။

မြန်မာ့ဒီမိုကရေစီအင်အားစုများက ဦးစီးကျင်းပသည့် အဆိုပါဂုဏ်ပြုပွဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ မစ်ရှင်အကြီးအကဲ မစ္စစ် Monserrat Feixas Vihe ကလည်း “UNHCR အနေနဲ့ ဒုက္ခသည်တွေကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ ဖြစ်တဲ့အတွက် ဒီ ၃၄ ယောက်ကို လုံလုံခြုံခြုံနဲ့ ပြန်လည် လွတ်မြောက်နိုင်ဖို့ ဆောင်ရွက်ရာမှာ အောင်အောင်မြင်မြင် ပါဝင်ကူညီပေးနိုင်ခွင့် ရတာဟာ ကျမတို့အတွက် အခွင့်ထူးတရပ်ပါပဲ” ဟု ပြောဆိုသွားသည်။
ff343

ပန်းစည်းဆက် ဂုဏ်ပြုစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
၁၉၉၈ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကတည်းက အိန္ဒိယရေတပ်မှ ဖမ်းဆီးခဲ့သည်မှာ မျိုးချစ် ၃၆ ဖြစ်ပြီး ၂ ဦးမှာ ချုပ်နှောင်ထားရာမှ ထွက်ပြေးပြီး ယခုထိ
 ပျောက်ဆုံးနေသည်။ ကျန် ၃၄ ဦးအနက် ၃၁ ဦးမှာ ၂ဝ၁၁ မေ ၁၉ ရက်တွင် ကိုလ်ကတ္တား အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး နယူးဒေလီသို့ ရောက်ရှိလာခဲ့ကာ ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်နိုင်ခဲ့ကြသည်။ ၃ ဦးမှာ အခြားအမှုများ ဆက်လက်ရင်ဆိုင်ရန် ကျန်ရစ်နေခဲ့ကာ မကြာမီ ပြန်လွတ်လာမည် ဖြစ်သည်။

အိန္ဒိယပိုင်နက် အန္ဒမန်ကျွန်းစုထဲမှ လန်းဖောကျွန်းတွင်
 မြန်မာမျိုးချစ်သူပုန်များအတွက် အခြေစိုက်စခန်း တည်ဆောက်ရန်အတွက် အိန္ဒိယ ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး ဂရေးဝေါ၏ လီဆယ်သွေးဆောင်မှုကြောင့် ထိုကျွန်းပေါ်သို့ ရောက်ရှိလာခဲ့သည်။

ကျွန်းပေါ်ရောက်ပြီး နောက်တရက်တွင် ခေါင်းဆောင် ၆ ဦး သတ်ဖြတ်ခံခဲ့ရကာ ၃၆ ဦးမှာ ၁၃ နှစ်ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရခြင်း ဖြစ်သည်။

CBI ခေါ် အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့က ၁၉၉၈ ဖေဖော်ဝါရီ ၁၈ နေ့စွဲပါ ပထမသတင်းပေး တိုင်တန်းချက် FIR အပေါ် အခြေခံ၍ ၎င်းတို့ကို အိန္ဒိယသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ်ထားရှိမှုတို့ဖြင့် တရားစွဲခဲ့သည်။ ၎င်းလက်နက်ခဲယမ်းများသည် အိန္ဒိယအရှေ့မြောက်ဒေသရှိ
 သောင်းကျန်းသူများကို ပေးပို့ရန် ဖြစ်သည်ဟုလည်း စွပ်စွဲခဲ့သည်။
 
ff342
ရခိုင်တော်လှန်ရေးသီချင်း သီဆိုစဉ် (ဓာတ်ပုံ - မဇ္ဈိမ)

“ဒီလုပ်ကြံမှုကြီးရဲ့ တရားခံ အစစ်အမှန်ဟာ ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး ဂရေးဝေါ ဖြစ်တယ်။ ဒီလုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ အိန္ဒိယ ထောက်လှမ်းရေးဌာန တခုလုံးကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။ ဂရေးဝေါကသာ တရားခံအစစ်ဖြစ်ပြီး အားလုံးကို လိမ်သွားတာဖြစ်ပါတယ်” ဟု NCGUB ညွန့်ပေါင်းအစိုးရ
 ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။



လွတ်မြောက်လာခဲ့သည့် ရခိုင်အမျိုးသား ခိုင်စိုးနောင်က “ထောင်ဆိုတာ ဘယ်ထောင်မှ မကောင်းပါဘူး။ အခုလို ကျနော်တို့ လွတ်မြောက်လာအောင် ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြသလို ကမ္ဘာပေါ်မှာ အဆိုးဆုံးထောင်တခုဖြစ်တဲ့ ဗမာပြည်ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်လည်း ဆောင်ရွက်သွားကြစေလိုပါတယ်” ဟု တိုက်တွန်းသွားသည်။


ယခုအခါတွင် လွတ်မြောက်လာသူ ၃၁ ဦးမှာ နယူးဒေလီမြို့တွင် နေထိုင်လျက်ရှိသည်။

Friday 10 June 2011

ဆရာမနှင်းပန်းအိမ် နှင့် ဧရာဝတီ Face to Face အစီအစဉ်(ရုပ်သံ)

မာနယ်စိုး စစ်ဆင်ရေး ထုတ်ပြန်ကြေညာချက်

KNLA soldiers resting in town

Jun 8, 2011

မိမိတို့ DKBA ကလိုထူးဘော အခြေချစစ်ဗျူဟာ စစ်ရေးအရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ (၉-၄-၂၀၁၀) ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်၏ နောက်ဆက်တွဲအဖြစ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် (DKBA)၊(KNLA)၊(ABSDF) စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ပြည်တွင်းတစ်နေရာ၌ စစ်ဆင်ရေးစီမံချက်တစ်ခုကို ညှိနှိုင်းရေးဆွဲ ခဲ့ပါသည်။ 

စစ်ဆင်ရေးအမည်ကို "မာနယ်စိုးစစ်ဆင်ရေး (အောင်မြင်စိုးမိုးမှု)"ဟု အမည်ပေးထားသည်။ ၎င်းညှိနှိုင်းပွဲတွင် ဗိုလ်ချုပ် စောလားဘွယ် (DKBA)၊ ဗိုလ်မှူးကြီး မူဆေး (စစ်ဆင်ရေးကွပ်ကဲရေးမှူး DKBA)၊  ဗိုလ်မှူးကြီး ဂျိုး (စစ်ဆင်ရေးမှူး၊ တပ်မဟာ ၆ KNLA)၊ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး တင်လှိုင်၊ အမှတ် ၁၆ တပ်ရင်း၊ တပ်မဟာ ၆ KNLA)၊ ဗိုလ်မှူး သန်းတင်အောင် (အမှတ် ၁၇ ဒု-တပ်ရင်းမှူး၊ တပ်မဟာ ၆၊ KNLA)၊ ရဲဘော် ထွန်းထွန်း (စစ်ဦးစီးမှူး ဒုတိယတန်းABSDF) တို့ ပါဝင်ပြီး စစ်ဆင်ရေး ကွပ်ကဲမှု တာဝန်ခံ အဖြစ် ဗိုလ်မှူးကြီး ဂျိုး မှ တာဝန်ယူဆောင်ရွက်မ ည်ဖြစ်ပါသည်။ စီမံချက်ကို ၁၈-၄-၂၀၁၁ ရက်နေ့တွင် ညှိနှိုင်းရေးဆွဲ ခဲ့ပါသည်။ 

ရန်သူ့စစ်ဆင်ရေးကွပ်ကဲမှုပျက်ပြားစေရန် ရည်ရွယ်ပြီး စီမံချက်ကို ၁၀-၅-၂၀၁၁ ရက်နေ့တွင် စတင်ခဲ့ပါသည်။ စီမံချက် အဆုံးသတ်ကာလ အဖြစ် ဒီမိုကရေစီ နှင့် ဖက်ဒရယ်ပြည်ထောင် စု ပေါ်ထွန်းသည်အထိ သတ်မှတ်ထားပါသည်။
စီမံချက် ကာလ စတင်သည့် ၁၀-၅-၂၀၁၁ နေ့မှ ၃၁-၅-၂၀၁၁ နေ့အထိ ထိတွေ့မှုမျိုးစုံ ၁၆ ကြိမ် ရှိခဲ့ပြီး ရန်သူဘက်မှ ၄၀ ဦ သေ၊ ၃၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ မိမိတို့ဖက်မှ စစ်သည်တစ်ဦး ကျဆုံးခဲ့ပါသည်။
ရန်သူဖက်မှ လက်နက်ငယ်တစ်လက် ရရှိခဲ့ပြီး ရိက္ခာသယ်ဆောင်လာသည့် စစ်တပ်ပိုင် ဘူဒိုဇာ တစ်စင်းအား ရိက္ခာများနှင့်အတူ ဖျက်စီးနိုင်ခဲ့ပါသည်။ ၄-၅-၂၀၁၁ နေ့တွင် ခလရ ၂၃၁ မှ ရဲဘော်တစ်ဦး လက်နက်ငယ် ၄ လက်၊ ၎င်းကျည် ၃၀၀၊ ကျည်ဘောက် ၈ ချပ်၊ လက်ပစ်ဗုံး ၂ လုံး၊ ခွင်းဗုံး ၆ လုံး၊ I-com လမ်းလျှောက် စကားပြောစက် ၁ လုံးတို့ဖြင့် လည်းကောင်း၊ ၁၂-၅-၂၀၁၁ ရက်နေ့တွင် BGF တပ်ဖွဲ့ဝင် ၅ ဦးတို့သည် M16 ၁ လက်၊ Carbine ၁ လက်၊ RPG-7 ၁ လက်၊ G-3 ၁ လက်တို့ဖြင့်လည်းကောင်း၊ ၂၃-၅-၂၀၁၁ နေ့တွင် ခလရ ၅၄၆ မှ တပ်သား ဘိုမှတ် သည် လက်နက်မဲ့ဖြင့်လည်းကောင်း မိမိတို့ တပ်ပေါင်းစုထံ လာရောက် ပူးပေါင်းခဲ့ပါသည်။

အလားတူ ရှေ့ဆက်၍လည်း စစ်ရေးအရှိန်ကို တိုးမြှင့်လုပ်ဆောင်သွားမည့်အကြောင်း နှင့် ရည်ရွယ်ချက်တူ၊ ဘဝတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း စစ်ရေးအရှိန်ကို ယခုထက်ပိုမိုတိုးမြှင့် လုပ်ဆောင်သွားကြပါရန် မိမိတို့အနေဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မာနယ်စိုး စစ်ဆင်ရေးအဖွဲ့
ရက်စွဲ။ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၆ ရက်။

ကျနော်နှင့်ကရင်ပညာတတ်မိတ်ဆွေများ

ဆောင်းပါး - ဖူးဒို

ကျွန်တော်ငယ်စဉ်က ရည်ရွယ်ချက်တစ်ခုရှိပါသည်။ အရွယ်ရောက်သည့်တစ်နေ့ တိုင်းပြည်နှင့်လူမျိုးတွက် ပေးဆပ်ရန် တော်လှန်ရေးတပ်သို့ဝင်ရောက်မည်ဟု မိဘတွေကို ကြိုပြောထားပါသည်။ မိဘကတော့မတား၊ သို့သော်ကြုံ တွေ့ရမည့်အခြေအနေများကို နားလည်အောင်ကြိုပြောထားသည်။ အဖေပြောသည့်အတိုင်း အထက်တန်းကျောင်းသားဘ၀ တွင် ဟင်းရှိသော်လည်း ထမင်းကို ဆားနှင့် စားကျင့်ခဲသဖြင့် ခံနိုင်ခဲ့ပါသည်။ လူပျိုပေါက်ကျောင်းသားဘ၀တွင်မိမိရည်ရွယ်ချက်ကို စတင်အကောင်အထည်ဖေါ်ခဲ့ပါသည်။ ငယ်စဉ်ဘ၀မှ မြင်တွေ့လာနေရသော အာဏာရှင် စစ်တပ်၏နှိပ်စက်မှု့များကို ခုထိမေ့မရ။ မေ့မရအောင်အာဏာရှင်စစ်တပ် ကယနေ့ထက်တိုင် တိုင်းရင်းသားများကို နှိပ်စက်တုန်း။

တော်လှန်ရေးကာလ လူအမျိုးမျိုးနှင့် ဆက်ဆံခဲ့ရသော ကျွန်တော်၏အတွေ့အကြုံများ ကိုရေးခြင်လာပါသည်။ သို့သော်လည်းဤစာသည် ရိုက်ပေါက်ဖြစ်နိုင်၏။ ကျွန်တော်အားမလိုအားမရခဲ့သော် အပေါင်းအသင်းများတစ် ချို့၏အကြောင်းဖြစ်သည့်အားလျှော်စွာ လူအများနှင့်တိုက်ဆိုင်သည်များ ရှိနိုင်ကြောင့်ပေတည်း။ တိုက်ဆိုင်မှု့ရှိ နိုင်မည်ဆိုပါက ဤစာအား နောက်တစ်ပိုဒ်ထက်ပိုမဖတ်ရန် ကြိုတင် မေ့တ္တာရပ်ခံထားပါသည်။

Wednesday 1 June 2011

Altered Focus: Burma