Wednesday 26 October 2011

ဖမ်းဆီးခံရသည့် KNLA ဆေးမှူး ထွက်ပြေးလွတ်မြောက်

25 Oct 2011
စောသိန်းမြင့်(ကေအိုင်စီ)

ပြီးခဲ့သည့်အပတ်က ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲမြို့နယ် သောင်ရင်းမြစ်တွင် အစိုးရစစ်တပ်နှင့် BGF တပ်ဖွဲ့တို့၏ ဖမ်းဆီးမှု ကို ခံခဲ့ရသည့် KNLA ဆေးမှူးမှာ ယမန်နေ့က ထွက်ပြေးလွတ်မြောက်လာသည်ဟု KNLA က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ရက်နေ့မနက်က မဲ့သဝေါဂွင်ရှိ အစိုးရစစ်တပ်နှင့် BGF တပ်တို့ ထိုင်းဘက်ခြမ်းကူးကာ သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ KNLA တပ်ဖွဲ့ဝင်များအား ၀င်ရောက်ပစ်ခတ်ချိန် မြစ်အတွင်း ပိုက်ထောင်နေသည့် ၎င်းဆေးမှူး စောစေးလယ်ထူး ၃၇နှစ်အား ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

စောစေးလယ်ထူး၏ မိတ်ဆွေတစ်ဦးက “သူ့ကို သတ်ပစ်ဖို့အတွက် ဗမာစစ်တပ်က ပြောဆိုနေသံကို သူ ကြားမိသွားလို့ နောက်နေ့မနက်စောစောမှာ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလွတ်မြောက်သွားတာပါ။ သူပြေးတဲ့အချိန်မှာ ဗမာစစ်သားတွေက နောက်ကနေ သေနတ်နဲ့ လိုက်ပစ်သေးတယ်လို့ ပြောတယ်။”ဟု ဆိုသည်။

ထိုသို့ထွက်ပြေးလာရာ တောလမ်းတနေရာတွင် ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိကာ ညာဘက်ခြေဖနောင့်မှာ အနည်းငယ် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

အစိုးရစစ်တပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့သည် စောစေးလယ်ထူးအား ဖမ်းဆီးခဲ့စဉ်က ထိုးကြိတ်၊ ရိုက်နှက်ကာ စစ်ဆေးမေးမြန်း ခဲ့သည်ဟု ၎င်းအား ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့သူတစ်ဦးက “သူ့ဦးခေါင်းနောက်စေ့ကို သေနတ်ဒင်နဲ့ အထုခံရတယ်။ နောက်ပြီး သူ့လက်နှစ်ဖက်ကို လက်ပြန်ကြိုးတုတ်ထားတော့ လက်နှစ်ဖက်က ကြိုးချည်ရာတွေ အခုထိ ထင်းထင်းကြီးပဲ ပေါ် နေတယ်။”ဟု ပြောသည်။

အစိုးရစစ်တပ်က ၎င်းတို့ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ယင်းသို့ ညှင်းပမ်းနှိပ်စက်ခြင်းသည် နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေ ချိုးကို ချိုးဖောက်ရာရောက်သည်ဟု ကေအဲန်ယူ၏ ဒုဥက္ကဌ ပဒိုဒေးဗစ်သကဘောက ဝေဖန်ပြောဆိုလိုက်သည်။

Tuesday 18 October 2011

အပစ်အခတ် ရပ်စဲရန် ဥရောပ ပါလီမန်အမတ်များအဖွဲ့ ကြေညာချက်ထုတ်

RFA 2011-10-17
မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဥရောပ ပါလီမန်အမတ်များအဖွဲ့ EPCB အနေနဲ့ ဦးသိန်းစိန် အစိုးရက နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် လွှတ်ပေးတာကို ကြိုဆိုပေမယ့် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း မနေ့က ကြေညာချက် ထုတ်လိုက်ပါတယ်။
အဲဒီိလို အခြေအနေတွေကသာ မြန်မာ့နိုင်ငံရေး ဖြေရှင်းဖို့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးရေးအတွက် ပထမ ခြေလှမ်း ဖြစ်မယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန် အစိုးရရဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးပုံဟာ အရင် ၁၉၉၂ ခုနှစ် နအဖ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာ ဏာရှိခဲ့စဉ်က နိုင်ငံရေး အကျဉ်းသမား တချို့ လွှတ်ပေးပြီး အများစုကို ဆက်လက် ထောင်ချထားပုံနဲ့ တူညီနေတဲ့ အကြောင်းနဲ့ ဒီလိုနည်းနဲ့တော့ ဥရောပ သမဂ္ဂ EU နိုင်ငံတွေရဲ့ သံတမန်ရေးနဲ့ စီးပွါးရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရပ်ဆိုင်းသွားအောင် လုပ်လို့ မရနိုင်ဘူးလို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ မြန်မာ့အရေး ဆိုင်ရာ ဥရောပ ပါလီမန် အမတ်များ အဖွဲ့ EPCB ရဲ့ ကြေညာချက်ဟာ မှန်ကန်တဲ့ အတွက် ထောက်ခံတဲ့ အကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗြိတိန်ဌါနခွဲ ဥက္ကဌ ဒေါက်တာဝင်းနိုင်က အာအက်ဖ်အေကို ပြောပါတယ်။ တကယ်တော့ ဖမ်းထားတဲ့သူ ပြန်လွှတ်ပေးပြီး အပေးအယူ လုပ်ပြီးတော့ စီးပွါးရေး ပိတ်ဆို့မှုတွေကို လျှော့ပေးစရာ မလိုတဲ့ အကြောင်း၊ တကယ်တော့ သူတို့ လုပ်ပေးရမှာက အားလုံးကို လွှတ်ပေးမယ်၊ တိုင်းရင်းသားတွေကို မတရား နှိပ်စက်ပြီး လက်နက်နဲ့ အကြီးအကျယ် တိုက်ခိုက်နေတာ၊ မုဒိမ်းမှုတွေ ကျူးလွန်နေတာ အားလုံး ရပ်စဲပေးရမှာ ဖြစ်ကြောင်း၊ အဲဒါတွေ လုပ်မပေးဘဲနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေတယ်ဆိုတာ ဘယ်လိုမှ ယုံကြည်နိုင်စရာ မရှိတဲ့ အကြောင်းကိုလည်း ဒေါက်တာဝင်းနိုင်က အာအက်ဖ်အေ ကို ပြောပါတယ်။ EPCB ရဲ့ ကြေညာချက်ထဲမှာ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးဟာ EU ဥရောပသမဂ္ဂ နဲ့ နိုင်ငံတကာရဲ့ အဓိက ဦးစားပေး ကိစ္စ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

Thursday 13 October 2011

ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူး

အိမ်ပြန်ရောက်လာတဲ့ ဦးဇာဂနာ (ဓာတ်ပုံ - YPI)


(Yangon Press International က ထောင်က ပူပူနွေးနွေးလွတ်စ ဦးဇာဂနာနဲ့ အင်တာဗျူးထားတာပါ။ ဦးဇာဂနာရဲ့ အဖြေမှာပါတဲ့ မြန်မာ တရားစီရင်ရေးစနစ်ကို ရှုတော်မူကြပါကုန်။)

YPI၊ ဦးဇာဂနာကို ဘာလို့လွှတ်ပေးတာလဲ။

ဖြေ၊ အဲဒါတော့ ဦးသိန်းစိန် သွားမေးမှ သိမယ်။ ကျွန်တော်လည်း ဘယ်လိုလုပ် သိမလဲ။ မထူးဆန်းလှပါဘူး၊ ကျွန်တော့်ကို ထောင်ချကတည်းက ချမှတ်တဲ့ ပုဒ်မတွေကို ပြောရင်ရယ်စရာကြီး၊ ဟာသအနေနဲ့ ပြောရရင် ဥပမာ ကျွန်တော့်ကိုချတော့ ဗီဒီယို အက် ဆိုတာပါတယ်။ အဲဒီဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲလို့ ကျွန်တော်မေးတော့ နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့တဲ့၊ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ ၊ ဆင်ဆာမတင်လို့တဲ့၊ မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား၊ ကျွန်တော်ပြောတာ မုန်တိုင်းတိုက်တဲ့ အလုပ်ကို ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။

နောက်တမှု ၅၀၅ (ခ) က ဘုန်းကြီးဆွမ်းကပ်လို့တဲ့ ၊ ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ အဲဘုန်းကြီးတွေက လမ်းပေါ်လမ်းလျှောက်တယ်တဲ့၊ လမ်းလျှောက်တာတွေ ကျွန်တော်မသိဘူး၊

ဘုန်းကြီးဆွမ်းကပ်တာ ကျွန်တော့်အမြင်ဆို ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်၊ မွတ်ဆလင်လုပ်မယ်၊ ဒီတော့ ဒီအမှုက သဘာဝမကျတော့ဘူး၊

နောက်အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ၊ ဒီအင်တာနက် ပုဒ်မမှာ ကျွန်တော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။ ရယ်စရာဘယ်လောက်ကောင်းလဲ ဆို၊ ခင်ဗျား မိုးသီးဇွန်တို့ အောင်ဒင်တို့နဲ့ ဘယ်မှာချက်လဲဆိုတော့ မီးဘိုမှာချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ meebo ဆိုတဲ့ ၀က်ဆိုက်က နာမည်လို့ ပြောတာ၊ ညနေမှ ကျွန်တော် မသိလို့ပြောမိတာတဲ့၊ ကွန်ပျူတာတောင် မကိုင်ဘူးတဲ့ အဲလိုလူက အမိန့်ချတာ၊ ကျွန်တော်ဘယ်လို နားလည်ရမလဲ။

အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့်အီးမေးလ် ပြောတဲ့၊ thura61@gmail.com ပေးတော့ ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူးတဲ့၊ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျွန်တော် သုံးနှစ်ကျော် နေရတာ များတောင် များသေးတယ်။

ဒီပုဒ်မတွေနဲ့ အီးမေးလ် စာတစောင်ကို ၁၅ နှစ်နဲ့ချလိုက်တာ၊ ကြားမကြားဖူးဘူး၊ ကျွန်တော့်ဆီ ရောက်လာရင် ကြည့်ရမှာပေါ့၊ ဘာကြောင့်လွှတ်လဲဆိုရင် ဒီလိုနေရတာတောင် ပိုများသေး။

ဇာဂနာအင်တာဗျူး

ဇာဂနာနဲ့ အင်တာဗျူး by dvb entertainment

Wednesday 12 October 2011

တိုင်းသားသားများ စုရုံးပြီး မလေးရှားမြန်မာသံရုံးရှေ့တွင် ဆန္ဒပြ (ရုပ်သံ)

KNDO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဆာ့ကလယ်မူး ဈာပနပြီးစီး

KNDO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဆာ့ကလယ်မူး ဈာပနပြီးစီး
အောက်တိုဘာလ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဆာ့ကလယ်မူး ၆၃နှစ်သည် အောက်တိုဘာ လ ၇ရက်နေ့ညက နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ဈာပနကို ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ယမန်နေ့က ပြုလုပ်ပြီးစီးခဲ့သည်။
၎င်း၏ဈာပန အခမ်းအနားကို အောက်တိုဘာလ ၁၀ရက်နေ့ မွန်းလွဲ ၂နာရီအချိန်တွင် နှစ်ခြင်းခရစ်ယာန်၏ အစဉ်အလာအရ ကျင်းပပြုလုပ်ခဲ့ရာ ကေအဲန်ဒီအိုခေါင်းဆောင်များ၊ ကေအဲန်ယူခေါင်းဆောင်များ၊ မဟာမိတ်ခေါင်းဆောင်တချို့ အပါအ၀င် လူ ပရိဿတ် ၅၀၀ခန့် တက်ရောက် ဂါရ၀ပြုကြသည်ဟု ကေအဲန်ဒီအို အသိုင်းအ၀ိုင်းက ပြောသည်။
စောဆာ့ကလယ်မူ့သည် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ကျေးရွာတွင် စကော်ဖိုးလှနှင့် နော်ဝေဖေါ တို့မှ ၁၉၄၈ခုနှစ်က မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၆ဦးအနက် စတုတ္ထမြောက်သား ဖြစ်သည်။
သူသည် ညောင်လေးပင်ခရိုင်တွင် အစိုးရ အထက်တန်းကျောင်း သတ္တမတန်း အောင်မြင်ပြီးနောက် အသက် ၁၅နှစ်အရွယ်တွင် ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ၌ စတင် စစ်မှုထမ်းခဲ့သည်။ ၂၀၀၅ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့တွင် KNDO ၏ ဒုတိယ စစ် ဦးစီးချုပ်တာဝန်ကို ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သည်။
KNDO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဆာ့ကလယ်မူး ကွယ်လွန်သွားသောကြောင့် KNDO တပ်ဖွဲ့သာမက ကရင့်တော်လှန်ရေးအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု နှစ်ပေါင်းများစွာ တွဲလုပ်ခဲ့သည့် KNDO ရုံးထိုင်မှူး ဗိုလ်မှူးရစ်ချတ်က ပြောသည်။
“ခေါင်းဆောင်တစ်ယောက် ကွယ်လွန်ပြီဆိုရင် အဖွဲ့အစည်းတခုကိုကော တော်လှန်ရေးတစ်ခုလုံးအတွက်ပါ အများကြီး ဆုံးရှုံးနစ်နာမှုတစ်ခုပါ။ အခု သူက ကျနော်တို့ KNDO ရဲ့ ဒုတိယစစ်ဦးစီးချုပ် တာဝန်ယူထားတဲ့အတွက် သူ့ကို နှမြောပေမယ့် မတတ်နိုင်ဘူး။ အမျိုးသားအတွက် သူ တာဝန်ကျေပွန်သွားပြီ။”ဟု ပြောသည်။
သို့သော် မပြီးဆုံးသေးသည့် အမျိုးသားရေးတာဝန်ကို ကျန်ရှိနေသော ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များက ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆက်လက် ထမ်းဆောင်ရအုံးမည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
KNDO ၏ ဗဟိုလုံခြုံရေးမှူး ဗိုလ်မှူးရှဲကလူက “အဘိုး ဆာ့ကလယ့်မူးဟာ ရုံးလုပ်ငန်းနဲ့ ပတ်သက်တာတွေအားလုံးကို ရုံးထိုင် မှူးနဲ့ လက်တွဲပြီး တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူပါ။ အဲဒါကြောင့် အခု သူ ဆုံးသွားတဲ့အပေါ်မှာ ကျနော်တို့ KNDO အဖွဲ့ အားနည်းသွားသလို စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းမှုလည်း အများကြီးဖြစ်စေတယ်။”ဟု ပြောသည်။
ဗိုလ်မှူးကြီးဆာ့ကလယ်မူး ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီး ၆ဦး၊ သား ၂ဦး ကျန်ရစ်ခဲ့သည်။

Tuesday 11 October 2011

တိုင်းသားသားများ စုရုံးပြီး မလေးရှားမြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

ကိုးဒီသွေး၊ ၁၁-၁၀-၂၀၁၁။

ယနေ့မနက် (၁၀း၁၅)အချိန်တွင် အင်အား(၃၀၀)ခန့် ရှိသော ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ သျှမ်း၊ ရခိုင် စသော တိုင်းရင်းသားများစုရုံးပြီး ဂျလမ်အမ်ပမ်း၊ ကွာလာလမ်ပူမှာရှိသော မြန်မာသံရုံးရှေ့တွင် (၁)နာရီ ကျော် ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါသည်။

မြန်မာပြည် ကြံ့ဖွံ့အစိုးရအနေဖြင့် ကချင်ပြည်နယ်၊ သျှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် အခြားတိုင်းရင်းသား လူမျိုးစုဒေသများတွင် စစ်တပ်အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး၊ အပြစ်မဲ့ ဒေသခံတိုင်းရင်းသားများကို လူသားချင်းစာနာ ထောက်ထားမှုကင်းမဲ့စွာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးနဲ့ ကလေးငယ်များအား အတင်းအဓမ္မပြုကျင့်ခြင်း၊ စစ်မြေပြင်တွင် ဒေသခံ တိုင်းရင်းသား ပြည်သူများကို လက်နက်ခဲယမ်း ထမ်းခိုင်းခြင်းနှင့် မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းစသော လူမဆန်သည့် လူ့အခွင့်အရေးချိုးဖေါက်မှုများ ရှိနေဆဲကြောင့် ယခုကဲ့သို့  ဆန္ဒပြပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း  ဦးစီးဦးဆောင် သူ MKO ဥက္ကဋ္ဌ မန်းစိန်သန်းက ဆိုပါသည်။

ဆက်လက်၍ မန်းစိန်သန်းကြ မြန်မာစစ်အစိုးရအဆက်ဆက်ကနေ ယခုကြံ့ဖွံ့အစိုးရသစ်အထိ တိုင်းရင်း သားတွေကို အမျိုးမျိုးဖိနှိပ်ချုပ်ခြယ်ပြီး အုပ်ချုပ်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ နှစ်ရှည်ထောင်ဒဏ်တွေ ချတယ်၊ ဒေသခံတိုင်းရင်းသားတွေ လူမဆန်စွာ နိုင်ထက်စီးနင်းပြုကျင့်တယ်။ 
ဒီလို လူ့အခွင့်အရေးချိုးဖေါက် မှုတွေ ရှိနေသရွေ့တော့ နောက်နောင်လည်း ဆက်လက်ဆန္ဒပြပြီး တောင်းဆိုသင့်တာကို တောင်းဆိုရမှာ ဖြစ်တယ်။ဋ္ဋဋ္ဋ ဆိုပြီး ပြောသွားပါသည်။


ဆန္ဒပြသူများကြွေးကြော်ပြီး အဓိကတောင်းဆိုချက်များမှာ-


-       ပြည်နယ်အသီးသီးတွင် စစ်ရေးအရ ထိုးစစ်ဆင်နေမှုများ ချက်ချင်းရပ် တန့်ပေးရန်။
-       နိုင်ငံရေး အဖွဲ့အစည်းခေါင်းဆောင်များ (UNFC အဖွဲ့အစည်း)နှင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန်။
-       နှစ်ရှည်လများ ထောင်ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရန်။
-       ဧရာဝတီမြစ်ဆုံ စီမံကိန်းအား (လုံးဝ) ရပ်ဆိုင်းပေးရန်။
-       သံလွင်မြစ်စီမံကိန်းများ ချက်ခြင်းရပ်တန့်ပေးရန်။
စသော အချက်များ ပါဝင်ပါသည်။

ထို့ပြင် ၄င်းတောင်းဆိုချက်များကို ကုလသမ္မဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့လည်းကောင်း၊ အာစီယံဥက္ကဋ္ဌထံကိုလည်းကောင်း၊ မြန်မာပြည်ကြံ့ဖွံ့အစိုးရထံနှင့် အစိုးရမဟုတ်သော NGO အဖွဲ့များထံသို့ တောင်းဆိုချက်စာလွှာရေးသားပေးပို့ခဲ့ကြောင်းလည်း သိရပါသည်။

ယခုကဲ့သို့ မလေးရှားရှိတိုင်းရင်းသားများ ဆန္ဒပြခြင်းသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ယခင် နာဂစ်မုန်တိုင်းကတစ်ခါ၊ ရွှေဝါရောင်တော်လှန်ရေးတုန်းက တစ်ခါ စုပေါင်းပြီး ဆန္ဒပြခဲ့ဖူးကြောင်းလည်း သိရပါသည်။

Monday 3 October 2011

Life Without Identity

 a film about two million migrant workers from Burma in Thailand


Life Without Identity - a film about two million migrant workers from Burma in Thailand from OH Production House on Vimeo.


Labour organization estimate that there are 2 million migrant workers in Thailand. 75% are from Burma and Karen, Shan, Kachin.

A song from our heart
Shan Youth Power
Calling for peace and democracy in Burma

This is a song from our hearts
This is a song with hopes.
This is a song from poor boys,
to let you know. Oh my lord where are you?
Can you see what is happened in your world?

Some live in peace and justice.
Some live in mess and sufferred.
Some abuse human rights.
Are we the same human being?
Lord of the world, can you help?
Let’s us be human being, like other please.

We can stay without home.
We can live without land.
But we can’t live without rights without freedom.

KIA ၏ တိုက်ပွဲ မှတ်တမ်း ရုပ်သံ


KIA/O  Padang Lu SumLa Hkrung from Shanghtin on Vimeo.

 
ဖမ်းမိသည့် သုံ့ပန်းများ၏ ပြောဆိုချက်အရ ၎င်းတို့မှာ ခလရ ၂၁ မှ ဗိုလ်ကြီးထွန်းထွန်းဝင်း (ကြည်း – ၃၆၈၂၉)၊ ဗိုလ်ဇော်ရဲထွန်း (ကြည်း – ၅၆၈၄၄) နှင့် တခြား တပ်သား ၂ ဦး ဖြစ်သည်။
သုံ့ပန်းတို့ကို မေးမြန်းနေစဉ်မှာ ပစ်ခတ်သံများ ထွက်ပေါ်နေသည်။
KIA သည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွင် အပြင်းအထန် ထိုးစစ်ဆင်ခံနေရသည်။
သိမ်းဆီးရမိသည့် ပစ္စည်းများကို လေ့လာနေသည့် KIA ခေါင်းဆောင်များ အရာရှိများ
ခလရ ၂၁ မှ ဗိုလ်ကြီးထွန်းထွန်းဝင်း (ကြည်း – ၃၆၈၂၉)



ဗိုလ်ဇော်ရဲထွန်း (ကြည်း – ၅၆၈၄၄)