Wednesday, 1 December 2010

နအဖနှင့် ဒီကေဘီအေတိုက်ပွဲ ထိခိုက်သေဆုံးမှုများပြား

Thai army ‘obstructing refugees’



By FRANCIS WADE
Published: 1 December 2010
Thai army ‘obstructing refugees’ thumbnail
Thai troops are seen escorting refugees who escaped fighting in November to a shelter in Mae Sot (Reuters)
Reports are emerging that suggest the Thai army is blocking refugees from escaping conflict in eastern Burma and ordering those that had fled across the border to return.
Fighting has intensified in recent days close to the border, as the Burmese army continues to hound a breakaway Democratic Karen Buddhist Army (DKBA) faction. Heavy artillery fire was heard towards the end of last week and sporadic bursts of fighting have continued.
Of the 1,200-odd refugees that crossed into Thailand over the weekend, the majority have returned. But aid workers claim groups are continuing to move back and forth across the border as stability in the area south of Myawaddy remains fragile.

Fighting In Karen State

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို တောင်းဆို

သူတို့နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေကို သနားကြင်နာပေးဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းတွေကို တနေ့က တောင်းဆို လိုက်ပါတယ်။

“ထိုင်းနိုင်ငံအတွေက် အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ဘူး ဆိုတာ ကျမတို့ သိပါတယ်။ ဒါပေမဲ့ သူတို့တွေအတွက် ရှင်တို့လုပ်နိုင်တာကို လုပ်နေနိုင် တယ်ဆိုရင် ကျမတို့ အရမ်းကျေးဇူးတင်နေမှာပါ” လို့

ဘန်ကောက်အခြေစိုက် ထိုင်းအာဆီယံ သတင်းအေဂျင်စီနဲ့ ဖုန်းအင်တာဗျူးတုန်းက ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည် ၁၀၀,၀၀၀ ကျော်ကို ခိုလှုံခွင့်ပေးထား တာ ဆယ်စုနှစ် ၂ နှစ်ကျော်ပါပြီ။ လောလောဆယ်ဆယ် မြန်မာနိုင်ငံက ရွှေ့ပြောင်းအ လုပ်သမား ၂ သန်းလောက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြပါတယ်။

မကြာခင်က နယ်စပ်တလျှောက်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားတွေ တိုက်ပွဲတွေ ဖြစ် တုန်းက နောက်ထပ်မြန်မာပြည်သားတွေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါသေးတယ်။ ဒီလအစောပိုင်းက နေအိမ်အကျယ်ချုပ်ကနေ လွတ်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေကို ကူညီတဲ့အတွက် ထိုင်းလူမျိုးတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ ပါတယ်။

“ကျမတို့ဟာ ရှင်တို့နဲ့ မိတ်ဆွေကောင်း၊ အိမ်နီးခြင်း ကောင်းဖြစ်တယ်ဆိုတာ ကျမတို့ သိ စေချင်ပါတယ်” လို့ သူက ပြောပါတယ်။ ထိုင်းနိုင်ငံရောက်မြန်မာပြည်သားတွေကိုလည်း သူက စကားပြောခဲ့ပါတယ်။ သူတို့ကိုမမေ့ပါဘူး၊ မြန်နိုင်သလောက်မြန်မြန်အိမ်ပြန်ခေါ်ဖို့ သူလုပ်နိုင်တာတွေကို လုပ်ပါမယ်လို့ ကတိပေးပြောကြားလိုက်ပါတယ်။

နောက်ပြီး စစ်အစိုးရနဲ့တင် ဆက်သွယ်နေယုံမကဘဲ တိုင်းပြည်ကို ဒီမိုကရေစီရအောင် လုပ်နေတဲ့ အတိုက်အခံတွေနဲ့လည်း ဆက်သွယ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။

“အစိုးရအားလုံးကို မြန်မာအစိုးရနဲ့သာမက ကျမတို့နဲ့လည်း ဆက်ဆံစေချင်ပါတယ်” လို့ သူက ပြောပါတယ်။ စစ်တပ်အုပ်ချုပ်တဲ့တိုင်းပြည်မှာ ဒီမိုကရေစီရေးအတွက် မြှုပ်နှံလုပ် ကိုင်နေတဲ့အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုရခဲ့တဲ့ မြန်မာအတိုက်အခံခေါင်းဆောင်ဟာ တိုင်းပြည်နိုင်ငံရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍက နေ ပါဝင်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။

နေ့သစ်ဘာသာပြန်ဆိုသည်
နိုဝင်ဘာ ၁၊ ၂၀၁၀ (The Nation)

Tuesday, 30 November 2010

ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင် ၆ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ

Submitted by Karen Information Center on Tuesday, 30 November 2010No Comment
ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင် ၆ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ
နိုဝင်ဘာလ ၃၀ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ဦးကို ယနေ့မနက်တွင် နအဖ စစ်တပ်မှ ဖမ်းဆီးလိုက်ပြီး ၁ဦးကို ပစ်သတ်လိုက်သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ယနေ့မနက် ၉နာရီကျော်အချိန်၌ ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရှိ ဖလူးကျေးရွာနှင့် မနီးမဝေး ပလောတပို့ဒေသတွင် လှုပ်ရှားသည့် ဗိုလ်တဲခီး ဦးစီးသော ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ကို နအဖ စစ်ကြောင်းက ၀ိုင်းမိပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ၁ဦး ကျဆုံးကာ ၆ဦးမှာ အရှင်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ စောတီမသီက “ဒီမနက် ကျနော်ကြားတာ က ဗိုလ်တဲခီးရဲ့ တပ်ဖွဲ့ဝင် ၆ဦးကို နအဖ စစ်တပ်က ဖမ်းဆီးတယ်။ ၁ဦးကို ပစ်သတ်လိုက်တယ်လို့ ကြားတယ်။ ဒါပေမယ့် အသေး စိတ်တော့ မသိသေးဘူး။”ဟု ကေအိုင်စီကို အတည်ပြု ပြောဆိုသည်။
ဖလူးဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်တဦးက “အခု နအဖတွေက ဝေါ်လေကို တက်ဖို့လေ။ သူတို့ တက်လာတဲ့ လမ်းတလျှောက်မှာ သေနတ်လိုက်ပစ်တယ်။ ဖလူးအပေါ်ဘက် ပလောတပို့မှာ သူတို့(ငြိမ်းချမ်းရေးကောင်စီအဖွဲ့)ကို စစ်တပ်က တွေ့ပြီးတော့ ၀ိုင်းလိုက်တာလို့ ကျနော်ကြားတယ်။ အဲဒီမှာရှိတဲ့ သူတို့အဖွဲ့က လူနည်းတယ်လေ။”ဟု ပြောသည်။
(နယ်စပ်တနေရာတွင် စစ်ရေးပြင်ဆင်နေသူ ဒီကေဘီအေ တပ်ဖွဲ့ဝင်နှစ်ဦး)
လက်ရှိအချိန်တွင် ဖလူးဒေသ၌ နအဖ စကခ(၈)လက်အောက်ခံ ခလရ(၆၂) လှုပ်ရှားလျှက်ရှိပြီး ထိုတပ်ရင်းသည် နိုဝင်ဘာ ၂၄ ရက်နေ့က ဝေါ်လေဒေသသို့သွားရန် ဖလူးကျေးရွာတွင် ရောက်ရှိနေပြီးဖြစ်သော်လည်း ရှေ့ဆက်သွားမည့် လမ်းကြောင်းများကို ဒီကေဘီအေတပ်နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ ပိတ်ဆို့ထားခြင်းကြောင့် ဝေါ်လေလမ်းကြောများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်လျှက်ရှိကြောင်း အဆိုပါကေအဲန်အယ်လ်အေတပ်သားက ပြောသည်။ ယင်းသို့ ဖမ်းဆီး၊ ပစ်သတ်ခံရသည့် ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်ထဲတွင် ဗိုလ်တဲခီး ပါဝင်ခြင်း မရှိသလို ထိုအဖွဲ့၏ ဥက္ကဌ ဗိုလ် ချုပ်စောထင်မောင်နှင့် ဗိုလ်ချုပ်စောရင်နုတို့ကို ဆက်သွယ်မရခဲ့ပေ။

စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ စစ်ယူနီဖောင်း


ဦးအလံမလှဲ

တလောက စစ်ဗိုလ်ချုပ်တွေ တထောကြီး အရပ်ဝတ်လဲလိုက်ရသည်။ ဤကိစ္စနှင့် ဆက်စပ်သည့်
အကြောင်းအရာတခုကို ဦးလေးကြီးက စကားပြောလို၏။

“စစ်ဗိုလ်ချုပ်တွေ စစ်ယူနီဖေါင်း အချွတ်ခံရတော့ သူတို့စိတ်တွေ ဘယ်လောက်ထိ ဗျောင်းဆန်ကုန်တယ်ဆိုတာ ပြောပြချင်တယ်”

ကိုတူမောင်၏ မှေးနေသောမျက်လုံးများက ပြူးသွားသည်။ စေ့ထားသောနှုတ်က ပွင့်သွားသည်။

“ဟာ..စိတ်ဝင်စားစရာကြီးပါလား”
“ဟုတ်တယ်..ကိုတူမောင်။ ဘယ်ဗိုလ်ချုပ်.. ဘယ်လိုဂျွမ်းပစ်သွားတယ်ဆိုတာကို ကြားရရင် ပိုပြီးတော့
စိတ်ဝင်စားရဦးမယ်။”

ဦးလေးကြီးက “ချောပါတယ်ဆိုကာမှ ရေမချိုးရသေးဘူး” လုပ်နေသည်။

“ကိုတူမောင်.. ရေ။ ဗိုလ်သိန်းစိန်က ဒီပွဲမှာဈေးဦးပေါက် အချွတ်ခံရတာ။ ဒါကြောင့်.. ဗိုလ်သိန်းစိန်အကြောင်းက စမယ်”

“နေပါဦး..ဦးလေးကြီး..ရဲ့။ ဗိုလ်သိန်းစိန်က ဗိုလ်သန်းရွှေမိသားစုရဲ့ လူယုံတော်မဟုတ်လား။ သားရေးသမီးရေးဆိုတဲ့ တကယ့်အတွင်းရေးကိုတောင် အတွင်းလူအဖြစ်နဲ့ ရှင်းပေးနေရတာ။”

“ဟုတ်တော့ဟုတ်တယ်..ကိုတူမောင်။ ဒါပေမယ့် ခုခေတ်စစ်တပ်ထဲမှာက ရဲဘော်ရဲဘက်ဆိုတာ မရှိတော့ဘူး။ ကိုယ်ကျိုးစီးပွါးသက်သက်ကိုပဲ ကြည့်ကြတော့တာ။ ဒီကနေ့အနီးဆုံးလူ ဖြစ်ပေမယ့် မနက်ဖြန် အဝေးဆုံးလူ ဖြစ်ချင်ဖြစ်သွားရော။ ဒီကနေ့အဝေးဆုံးလူက တော်ကြာ အနီးဆုံးလူဖြစ်ချင် ဖြစ်လာတာ။ ရှေးစကားရှိတယ်လေ၊မင်းခယောကျာ်း ကမ်းနားသစ်ပင် တဲ့။”

ဦးလေးကြီးက တရားသဘောကိုနှော၍ပြောပြီး စကားကိုဆက်သည်။

“ဗိုလ်သိန်းစိန်ရဲ့အဖြစ်က..ဒီလို။ ရွေးကောက်ပွဲ လုပ်မယ်သာဆိုတယ်၊ ဘယ်စစ်ဗိုလ်ချုပ်ကမှ အစိုးရအဖွဲ့ထဲက မထွက်ဘူး။ဒီတော့ ဝေဖန်ပြစ်တင်သံတွေက ဝုန်းဝုန်းဒိုင်းဒိုင်း ထွက်လာပါလေရော။ ကံကြမ္မာကဖန်လာတော့ ဗိုလ်သန်းရွှေက.. ဗိုလ်သိန်းစိန်ကို ချကျွေးလိုက်ရတယ်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဝန်ကြီးချုပ်ဦးသိန်းစိန်ဖြစ်သွားပါလေရော။ဒီပွဲမှာ.. ဗိုလ်သိန်းစိန်က ပထမဦးဆုံး ဓါးစာခံအဖြစ်ခံသွားရတာ။ တကယ်တော့ ဗိုလ်သန်းရွှေက မိုးကြိုးပစ်တာကို ထန်းဖလက်နဲ့ ကာတာပါ။ အဲဒီတုန်းက ဗိုလ်သိန်းစိန် ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ကိုတူမောင် တွေးကြည့်စမ်းပါ။”

ဦးလေးကြီးက ကိုတူမောင်၏ နှလုံးသားကို တို့ပေးလိုက်သည်။ ကိုတူမောင်က ငေး၍သာနေသည်၊ ဘာမျှမတုန့်ပြန်။သည်တော့.. ဦးလေးကြီးကပင် ရှေ့ဆက်လေသည်။

“ကိုတူမောင်..ရေ။ တရားအင်မတန်ကျဖို့ ကောင်းလိုက်တာ။ ဗိုလ်သိန်းစိန်ဟာ.. နောက်နေ့ဆို အရပ်သားဝတ်စုံကို ပြောင်းပြီးဝတ်ရတော့မယ်။ ဒါကြောင့် နောက်နေ့မရောက်သေးမီ ကာလအတွင်းမှာ စစ်ဝတ်စုံကြီးကို မချွတ်တော့ဘူး။တညလုံး စစ်ဝတ်စုံကြီးနဲ့ပဲ အိပ်တော့တယ်။”

“ဟာ..တကယ်ပဲလား.. ဦးလေးကြီး..ရဲ့။”
“ကိုတူမောင်က.. အရပ်သားကိုး။ ဗိုလ်သိန်းစိန်ရဲ့အဖြစ်ကို အရပ်သားတွေက ဘယ်လိုလုပ်ပြီးခံစား နားလည်နိုင်မှာလဲ။ဒီတော့.. သို့လော..သို့လော.. ဖြစ်ပြီပေါ့။ စစ်ဗိုလ်အချင်းချင်းကမှ ဘဝတူချင်းမို့ ခံစားနာလည်နိုင်တာ။”

ဦးလေးကြီးပြောတာ ဟုတ်သလိုလိုပါလားဟု ကိုတူမောင်က ဆင်ခြင်သမှုပြုမိ၏။ ဦးလေးကြီးကတော့ ပုံပေါ်အောင် ဆက်၍ဖေါ်လေသည်။

“စစ်ဗိုလ်လူတန်းစားဟာ စစ်ယူနီဖေါင်းကို အရင်းပြုပြီး သူဌေးသမီးကိုလည်း ယူနိုင်တယ်။ တက္ကသိုလ်ကဆရာမ၊ရုံးကြီးတွေက အရာရှိမတွေကိုလည်း ယူနိုင်တယ်။ ဆရာဝန်ချင်း အတူတူမို့.. ဟဲ..ဟဲ.. ယောကျာ်းဆရာဝန်ကို လင်မတော်ချင်တဲ့ ဆရာဝန်မတွေကိုလည်း ယူနိုင်တယ်..ဟဲ..ဟဲ..။ မင်္ဂလာဆောင်စရိတ်ကို ကိုယ်ကမထုတ်ရဘူး။ယောက်ခမလောင်းက ထုတ်ပေးတယ်..ဟဲ..ဟဲ..။ ဒါတွေက စစ်ဗိုလ်ဖြစ်စ.. အကင်းကလေးဘဝမှာ ရခဲ့တဲ့အခွင့်ထူး။ အဲ.. အကင်းကလေးဘဝက
အရင့်ကြီးဘဝရောက်ပြီး ဗိုလ်ချုပ်ဖြစ်လာတော့…..”

ဦးလေးကြီးက စကားကို တန်းလန်းလုပ်ပြီး အမောဖြေသည်။ ကိုတူမောင်ခမျာ.. မစပ်တငံ့.. စပ်တငံ့။ အမောကလေးပြေတော့ ဦးလေးကြီးက စကားစကို ဆက်သည်။

“အင်း.. ဗိုလ်ချုပ်ဖြစ်လာတော့ တချက်လွှတ်အာဏာ ရလာတယ်။ အဲဒီတချက်လွှတ် အာဏာကိုသုံးပြီး နံပါတ် (၁) လူတကာကို ဂတုံးပေါ် ထိပ်ကွက်၊ ဗိုလ်ကျစိုးမိုး လူပါးဝလို့ရလာတယ်။ နံပါတ် (၂) မမြင်ဘူး၊မကိုင်ဘူးတဲ့ဥစ္စာတွေ မတော်မတရား အလျှံပယ်ယူလို့ ရလာတယ်။ ဥစ္စာဆိုရာမှာ ရွှေ့ပြောင်းလို့မရတဲ့ဥစ္စာ၊ရွှေ့ပြောင်းလို့ရတဲ့ဥစ္စာ.. ဧရာမပိုင်ဆိုင်မှုကြီး။ အချုပ်စကားဆိုရရင် လက်ညှိုးညွှန်ရာ ရေဖြစ်တယ်..ဟဲ..ဟဲ..။ နတ်ဘုရားပေးတဲ့ အာဏာကို ပြဒါးရှင်လုံးလိုငုံပြီး ကောင်းကင်ဘုံက ဒိုက်ထိုးဆင်းလာတဲ့ မိုးကျရွှေကိုယ်လိုလို.. ဘာလိုလို..ဟဲ..ဟဲ..။”

ဦးလေးကြီးကဖေါ်တော့ အကြေင်းရင်းက.. အရှင်းသား အထင်းသားပေါ်လာလေပြီ။

“ကဲ..ကိုတူမောင်၊ ဒါကိုကြည့်ရင် စစ်ဗိုလ်လူတန်းစားဟာ ဇနီးမယားကို မက်မပြေသလိုပဲ၊စစ်ဗိုလ်ဘဝ တလျှောက် ဂုဏ်ယူဝင့်ကြွားပြီး ဝတ်လာခဲ့တဲ့ စစ်ယူနီဖေါင်းကို မက်မပြေအောင် မက်တော့တာပေါ့။”

“အင်း..ဦးလေးကြီးရေ၊ တကယ်တော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတာ ဒါပဲကိုး”

“ကိုင်း..ကိုင်း..ကိုတူမောင်၊ စကားဝိုင်းကိုရပ်ကြစို့။ နောက်စကားဝိုင်းကျရင် စစ်အရေခွံ အချွတ်ခံရလို့ ဆားအတို့ခံရတဲ့တီကောင်လို ထွန့်..ထွန့်.. လူးသွားတယ်ဆိုတာ ဗိုလ်ချုပ်ကြီးတယောက်က သက်သေခံပါလိမ့်မယ်။”

ကိုတူမောင်က မနေနိုင်မထိုင်နိုင် နှုတ်ဆော့လိုက်မိသည်။

“ဘယ်ဗိုလ်ချုပ်ကြီးပါလိမ့်”

“ဟင်း.. ကိုတူမောင်က စကားအနှိုက်ကောင်းသကိုး။ ကဲ..ကဲ.. နောက်စကားဝိုင်းမှာ သက်သေခံမယ့် ဗိုလ်ချုပ်ကြီး ဘယ်သူဆိုတာ အမြည်းကလေးသဘော ပြောပါ့မယ်။ နိုင်ငံတော်အကြီးအကဲကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တကွ မယ်မယ်ကြီးမွှေးထုံသင်းကြိုင်တို့၏ မွေးစားသားဖြစ်တော်မူထသော ဗိုလ်ချုပ်ကြီးတဦးပါခင်ဗျား.. ဟား..ဟား..”

ဧရာဝတီဘလော့မှ

A fresh outbreak of heavy fighting in eastern Burma has caused more than a thousand refugees to cross back and forth over the border with Thailand, barely three weeks after a mass exodus left 20,000 displaced.

Share
Comments (0)
By MAUNG TOO
Published: 29 November 2010
Border flare-up sparks refugee turmoil thumbnail

A fresh outbreak of heavy fighting in eastern Burma has caused more than a thousand refugees to cross back and forth over the border with Thailand, barely three weeks after a mass exodus left 20,000 displaced.

The latest flare-up comes after weeks of low-intensity conflict between the Burmese army and the Democratic Karen Buddhist Army (DKBA), whose decision not to become a Border Guard Force has angered the ruling junta.

Gunfire was heard on Saturday in Hpalu village, close to the border town of Myawaddy, which was the epicentre of the eruption earlier this month. Several artillery shells landed close to Hpalu, injuring at least one villager, the Karen Human Rights Group (KHRG) reported.

Refugees flee more fighting



Refugees flee more fighting from DVBTV English on Vimeo.

Monday, 29 November 2010

ဘုရားသုံးဆူဒေသတွင် တိုက်ပွဲထပ်မံဖြစ်


နော်အဲဏီ၊ ကောင်းဝါ
တန်ဆောင်မုန်းလဆုတ် ၈ရက်။နိုဝင်ဘာ ၂၉၊၂၀၁၀။
နော်အဲဏီ(နိုဝင်ဘာ-၂၉)။ ။ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နှင့်(၁၃)မိုင်အကွာ ကြိမ်ချောင်းမရောက်ခင် ဇီးပင်အရှေ့ တဲသုံးလုံးတွင် မြန်မာစစ်အစိုးရ ခလရ(၄၀၆)တပ်ရင်းနှင့် ဗိုလ်မှူးစောအေ၀မ်းဦးစီး ဒီကေဘီအေတို့ နိုဝင်ဘာလ (၂၈) ရက်နေ့ ညနေ( ၃) နာရီ(၁၀)မိနစ်အချိန်မှာ မိနစ်(၂၀)ခန့်  တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများမှပြောပါသည်။

စစ်အစိုးရတပ် ခလရ(၄၀၆)တပ်ရင်း အင်အား(၁၀၇)ယောက်နှင့် ခြုံခိုတိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ် ဘက်က တစ်ယောက်ကျဆုံးပြီး နှစ်ယောက်ဒါဏ်ရာရသည်ဟု ဗိုလ်မှူးစောအေ၀မ်းမှပြောပါသည်။

“နအဖတပ်နဲ့ကျွန်တော်တို့အဖွဲ့တွေ တဲ(၃)လုံးမှာပစ်ကြတယ်နော်။ (၁၅)မိနစ် မိနစ်(၂၀) လောက်ရှိတာပေါ့ တိုက်ပွဲ ဖြစ်တာ။ သူတို့ဘက်က တစ်ယောက်ကျဆုံးပြီး နှစ်ယောက်ဒဏ်ရာရတယ်။ အဲဒီ(၄၀၆)အဖွဲ့တွေပေါ့။ သူတို့ဟာ  ရင်ဘောင်တန်းတက်ပြီးလာတယ်လေ။ ရွာမ၀င်ခင်မှာ ကျွန်တော်တို့ အဲဒီမှာပစ်ခဲ့တယ်။”

ဘုရားသုံးဆူမှ ခလရ(၄၀၅)နှင့်(၄၀၆)တပ်ရင်းနှစ်ရင်းသည် ကြိမ်ချောင်းသို့စစ်ချီတက်ရာတွင် တဲသုံးလုံး တွင်ရောက်နေသော ဗိုလ်မှူးစောအေ၀မ်းတို့က ကြိုတင်သတင်းရ၍ ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။  ခလရ(၄၀၆)သည် ကြိမ်ချောင်းသို့ ခရီးဆက်ရန်အတွက် လူနာထမ်းရန် တဲသုံးလုံးတွင် ပေါ်တာများလိုက်လံ ဖမ်းဆီးနေသည်ဟု မော်တော်ဆိုင်ကယ်အငှါးမောင်းသူတစ်ဦးမှပြောပါသည်။

ယခုအနေအထား၌ ဘုရားသုံးဆူမြို့နဲ့ဝန်းကျင်ဒေသတွင် မြန်မာစစ်အစိုးတပ်မှ တပ်အင်အား(၅)တပ်ရင်းအားဖြည့်ထားပြီးခွဲထွက်သွားသည့်ဒီကေဘီအေတပ်နှင့်ကေအန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးတပ်ဖွဲ့များကိုလိုက်လံထိုးစစ်ဆင်နေသည့်အခြေအနေ ကြောင့်တိုက်ပွဲတွေထပ်မံပြင်းထန်လာဦးမည်ဟု ထိုင်းနယ်စပ် စစ်ရေးအကဲခတ်သူများမှပြောပါသည်။

တောတွင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်းတောတွင်းပျောက်ကြားစစ်ဆင်ရေးသာမက မြို့တွင်းပျောက်ကြားစံနစ်ပါ လုပ်ဆောင်လာ နိုင်မည့်အနေအထားမှာရှိသည့်အတွက်မြို့ခံပြည်သူများ၏လုံခြုံရေးအခြေအနေသည် အာမခံချက်မရှိနိုင်သေးသလို အကယ်၍တိုက်ပွဲပြင်းထန်လာလျှင်စစ်ပြေးဒုက္ခသည်များပိုပြီးတိုးလာမည့်အနေအထားမှာရှိ နေသည်ဟုပြောဆိုမှုများရှိနေပါသည်။

Security tightened in Kachin capital

By DVB
Published: 29 November 2010
Security tightened in Kachin capital thumbnail
A KIA troop sifts through ammunition in Kachin territory (James Robert Fuller)
Privately-owned shops are being forced to close and visitors restricted from moving around Kachin state capital Myitkyina as the Burmese army ups pressure on a ceasefire group there.
Around 30 shops were forced to close over the weekend, a Myitkyina resident told DVB. The majority of these were near to a Burmese army outpost and military training school.
“Apparently [it was done] for internal security in the army – to prevent being [sabotaged] whilst waging war at the frontline,” the man said. Tension is high between the ruling junta and the Kachin Independence Army (KIA), which has refused to transform into a pro-government border militia.
He added that commander-level army officials were not allowed to bring visitors to the outpost, while all civilians were banned from entering.
It follows heavy fighting earlier this month in Karen state, when forces from a breakway faction of the Democratic Karen Buddhist Army (DKBA) captured key government positions in Myawaddy.
Last week an order was sent from Naypyidaw to the headquarters of the Kachin Independence Organisation (KIO), the political wing of the KIA, ordering it to close down all but three of its offices in the northern Burmese state. A key trade route that serviced KIA territory with goods from China was also blocked by the military.
That followed the death of two Burmese army troops, who were killed on 22 November after stepping on a landmine allegedly laid by the KIA. The incident has ratcheted up animosity between KIA and the junta, who agreed a ceasefire in the mid-1990s that now appears tenuous.