Thursday, 9 December 2010

ဒီကေဘီအေ နှင့်ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင်များက သုခမြိုင် နအဖ အခြေ စိုက်စခန်းအား သိမ်းပိုက်

ယနေ့ ဒီဇင်ဘာ ၈ ၂၀၁၀ ည ၉း၀၀ နာရီအချိန်ခန့်တွင် ကျောင်သားတပ်မတော် တပ်ဖွဲ့ ၀င်များနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဝေါလေဒေသ အ တွင်းရှိ နအဖ တပ်စခန်း တခုဖြစ်သော သုခမြိုင် တံတားစခန်း (ရွှေမုတ်စခန်း) အား ည ၉း၃၀ မိနစ်တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး၊ ယခုသတင်းရေးသားချိန်တွင် နီးစပ်ရာ နအဖ စခန်းနှစ်ခုကိုလည်း ဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်နေကြောင်း သိရသည်။ (ABSDF)
http://www.the2010notes.co.cc/မှ…

တိုက်ပွဲဖြစ်နေတဲ့ ဖလူးဒေသက နအဖ တပ်များ ဦးတည်ရာမဲ့ပြေးနေကြ

ဖလူးကြီး ဖလူးလေးနေရာတွေက ဒီကေဘီအေနဲ့ နအဖ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မနေ့က ဒီဇင်ဘာ ၇ ရက်နေ့ တရက်လုံးနီးပါး ဖြစ်ခဲ့ပြီး ဒီနေ့မနက်ပိုင်း မှာလည်း ထပ်မံဖြစ်ပွားနေပါတယ်။
တိုက်ပွဲအခြေအနေကို ဒီကေဘီအေ ဗိုလ်ဆန်းအောင် ပြောပြတာက….
မနေ့က မနက် ၁၀ က စတိုက်တာ ညနေစောင်း ၅ နာရီလောက်ထိ တိုက်လိုက်နား လိုက် တိုက်လိုက်နားလိုက်နဲ့ပေါ့။ အဲဒီနေ့ကြပြန်တော့လည်း မနက်ကနေ နေ့လည် ၁၁ နာရီလောက်ကြာမယ်။ ခုတိုက်ပွဲမှာတော့ နအဖ ခမရ ၅၄၇ တပ်ရင်းက အရာ ရှိ ဒုတပ် ရင်းမှူး ဒါဏ်ရာပြင်းထန်ရပြီး သေဆုံးသွားတယ်လို့ ကြားတယ်။ နောက်တခုက သူတို့ အရာရှိကျတော့ နအဖတပ်တွေ ကစင့်ကလျားနဲ့ ဖြစ်သွားပုံရတယ်။ တယောက်တကွဲ တွေပြေးကြတယ်ဖြစ်မယ်။ ကရင်ငြိမ်းချမ်းရေးကောင်းစီက ဗိုလ်တဲ့ခီး ရှိတဲ့ နေရာကို နအဖ စစ်သားတွေပြေးတော့ ဗိုလ်တဲ့ခီးတို့အဖွဲ့ တိုက်လွှတ်လိုက်တာ နအဖ ဆီက လက် နက်ငယ် ၂ လက် ရလိုက်တယ်တဲ့။ တပ်မ ၂၂ နဲ့ ၄၄ ကလည်း စစ်ကူလိုက်လာတယ် လေယာဉ်တွေ သုံးမယ်လို့လဲ ကြားနေရတယ်။ လို့ ပြောပြသွားပါတယ်။
လက်နက်ငယ် ၂ လက် ရလိုက်တဲ့ ဗိုလ်တဲခီးအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ က နအဖ စစ်တပ်ရဲ့ အလစ်အငိုက်တိုက်ခိုက်ခြင်းကို ခံလိုက်ရတဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ အရာရှိတဦးဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ အရှင်ဖမ်းမိသွားတဲ့ ရဲဘော် ၆ ဦးကိုလည်း နအဖ အဖွဲ့မှ သတ်ပြစ်လိုက်ပြီလို့ ခိုင်လုံတဲ့သက်သေအထောက်အထားများ လည်း တွေ့ရှိနေပြီဖြစ်ပါတယ်။

စစ်အစိုးရတပ်နှင့် ဒီကေဘီအေတိုက်ပွဲပိုပြင်းထန်လာ

နော်အဲဏီ၊ ကောင်းဝါ
နတ်တော်လဆန်း ၂ရက်။ဒီဇင်ဘာ ၈၊၂၀၁၀။
 
နော်အဲဏီ(ဒီဇင်ဘာ-၈)။    ။ကရင်ပြည်နယ် မြ၀တီမြို့နယ်ရှိ တပ်ခေါ်ကျိုးတောင်တန်းကိုရောက်နေသည့် စစ်အစိုးရစစ်ကြောင်း၏ ရှေ့ပြေးတပ်တစ်ချို့ကို ဒီကေဘီအေဗျူဟာ (၁) မှူး ဗိုလ်မှူးကြီး စောကျော်သက်အဖွဲ့က ၀င်ရောက်ပစ်ခတ်ပြီး စစ်အစိုးရဘက်မှ(၁၀) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဗိုလ်မှူးကြီးစောကျော်သက်မှပြောပါသည်။

“ကျနော်တို့က သူတို့ကိုအနီးကပ်သွားပစ်တယ်လေ၊ သူတို့ထိတာကို ကျနော်တို့ မြင်နေရတယ်လေ၊ ဒါကြောင့် သူတို့ဘယ်လောက်ထိတာ ကျနော်တို့ခန့်မှန်းပြောနိုင်တာပေါ့၊ အခုကျနော် တို့ဝိုင်းထားတဲ့ အဖွဲ့က သူတို့ဗျူဟာနဲ့ အခုထိ အဆက်အသွယ် မရသေးဘူး၊ ကျနော်တို့က ကြားကနေ ဖြတ်တောက် လုပ်ထားလို့ ဖြစ်တယ် ”
         
တပ်ခေါ်ကျိုးတောင်ခြေတွင်ရောက်ရှိနေသော စစ်အစိုးရတပ် ခလရ (၆၁) ၊ ခမရ (၂၃၀)၊ ခမရ (၅၄၇) မှ ရှေ့ပြေး ထမင်းချက်အဖွဲ့ဖြစ်ပြီး အင်အားမှာ (၃၀)ကျော်ရှိသည်ဟု ဗိုလ်မှူးကြီးစောကျော်သက်မှ ပြော ပါသည်။

အလားတူကလို့ထူးဘောအခြေချ ဗျူဟာ(၁)စစ်ဆင်ရေးမှူး ဂျီထူး ဗိုလ်မှူးဆန်းအောင် ဦးဆောင် သည့် ဒီကေဘီအေတပ်ဖွဲ့သည်လည်း စစ်အစိုးရ၏ ဗျူဟာအဖွဲ့ကိုထိန်းချုပ်ထားပြီး မနေ့မနက်(၁၀)  နာရီက နေစပြီး တိုက်ပွဲကြိုကြား ဖြစ်နေသည်ဟု ဗိုလ်မှူး ဆန်းအောင်ပြောပါသည်။

“လက်ရှိအနေအထားက ဟိုးတောင်အောက်မှာ ထမင်းချက်တဲ့ အုပ်စုကတစ်အုပ်စု၊ ဟိုးတောင် ထိပ်မှာကတစ်အုပ် ၊ ထမင်းချက်တဲ့အုပ်နဲ့ ဒီအပေါ်မှာရှိတဲ့ဗျူဟာနဲ့ သူတို့ကြားထဲမှာ ကျနော်တို့ အဲဒီကြားထဲမှာ ဖြတ်ထားတယ်နော်။ အခုအချိန်အထိ သူတို့အချင်းချင်း အဆက်အသွယ်မရသေးဘူး”

မြ၀တီမြို့နယ်ဘက်တွင် မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေတပ်ဖွဲ့တို့အကြား တိုက်ပွဲအခြေအနေမှာ ဆက်လက်တင်းမာလာမည့် အနေအထားရှိနေမည်ဟု ဒီကေဘီအေအရာရှိတစ်ဦးမှပြောပါသည်။

တိုက်ပွဲစဖြစ် ပွါးချိန်ကြာမြင့်ပြီးဖြစ်သော်လည်း စစ်အစိုးရ၏စစ်ကူတပ်များ အခုအချိန်အထိ ဝေါ်လေစခန်းကို ရောက်ရှိခြင်း မရှိသေးဟု ဒေသခံတစ်ဦးမှပြောပါသည်။

တချိန်တည်းတွင် ဝေါ်လေစခန်းမှစစ်အစိုးရတပ်တွေကို ဒီကေဘီအေ တပ်ရင်း (၉၀၉) ဒုတပ်ရင်းမှူးဗိုလ်မှူးချမုစေး ဦးဆောင်သည့်အဖွဲ့က မကြာမကြာ ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံများမှပြောပါသည်။

အဆိုပါတိုက်ပွဲအကျိုးဆက်ကြောင့် ဝေါ်လေရွာတွင်ရှိသော ဒီကေဘီအေ တပ်စုမှူး စောလှခိုင်၏အိမ်ကို ဒီဇင်ဘာလ (၆)ရက်နေ့ ည (၇) နာရီအချိန်မှာ စစ်အစိုးရတပ်မှ မီးရှို့လိုက်သည်ဟု ဒီကေဘီအေ အရာရှိတစ်ဦးမှပြောပါသည်။

Tuesday, 7 December 2010

နအဖနှင့် ဒီကေဘီအေတိုက်ပွဲ ပိုမိုပြင်းထန်၊ နအဖတပ်အင်အားတိုးချဲ့

ဒေါ်အောင်ဆန်းစုကြည် မင်းသမီး မစ်ရှဲလ်ယိုနှင့်တွေ့ဆုံ

ဖမ်းဆီးခံ ကရင်ငြိမ်းချမ်းရေးကောင် စီအဖွဲ့ဝင် ၆ဦး၏ အလောင်းပြန်လည် တွေ့ရှိ

ဒီဇင်ဘာလ ၇ရက်။ နန်းထူးစံ (ကေအိုင်စီ)
ပြီးခဲ့သည့် လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၆ဦး၏အ လောင်းကို ယနေ့မနက်တွင် ကရင်ပြည်နယ် မြ၀တီခရိုင်၊ ပလောတပို့ရွာနှင့် မနီးမဝေး ပြောင်းခင်းတခင်းတွင် ဒေသခံရွာ သားများက တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်များကို ကြိုးချည်ထားပြီး မီးရှို့သတ်ထားသည့် အဆိုပါ အလောင်း ၆လောင်းကို ကရင်ပြည်နယ် ပလောတပို့ရွာ ကျေး ရွာနှင့်မနီးမဝေး ပြောင်းခင်းတခင်းတွင် ရွာသူရွာသားများက ယနေ့မနက်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တိုက်ပွဲကြောင့် ထိုင်း ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာသည့် ပလောတပို့ရွာသူတဦးက ပြောသည်။
သူမက “ဒီမနက် စောစောမှာ တချို့ရွာသားတွေ ကိုယ့်မြေကိုယ့်ခြံတွေ ပြန်ကြည့်မယ်ပေါ့။ ပြန်သွားတာ ပလောတပို့ရွာနဲ့ မနီးမဝေး တဘလူ့ကို့ထဲဒေသမှာရှိတဲ့ ပြောင်းခြံမှာတွေ့တာ။ အကုန်လုံး ၆ယောက်။ ၃ယောက်တစ်တွဲကို လက်တွေ ကြိုး ချည်ထားပြီးတော့ မီးရှို့ထားတယ်။ တကိုယ်လုံး မည်းနေတော့ ဘယ်သူဘယ်ဝါဆိုတာ မသိတော့ပေမဲ့ သူတို့အင်္ကျီမှာ ငြိမ်း ချမ်းရေးတပ်ဖွဲ့ တံဆိပ်ပါတယ်။ ရွာသားတွေက သေသေချာချာကို သွားကြည့်တာ။ အနံ့တောင် ထွက်နေပြီး”ဟု ကေအိုင်စီ ကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ရက်နေ့မနက် ၉နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရှိ ဖလူးကလေးဒေသအတွင်းရှိ ဗိုလ်မှူးတဲခီး ဦးစီးသော ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ကို နအဖ ခမရ(၂၄၀)တပ်ဖွဲ့က ၀ိုင်းပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် တပ်သား ၁ဦးကျဆုံးကာ ၆ဦးမှာ အဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ စစ်ထောက်ချုပ် ဗိုလ်မှူးချုပ် စောရင်နုက “ရွာသားတွေ ကျနော်တို့ကို ပြောပါတယ်။ ကျနော်တို့လူတွေ နအဖက သတ်လိုက်ပြီးဆိုတာ ယခုလဆန်း ၂ရက်နေ့က ကျနော်တို့ သိရတယ်။ ဒါပေမဲ့ နအဖ တာဝန်ရှိသူတွေကိုမေးတော့ ပြန်လွှတ်လိုက်ပြီလို့ ပြောတယ်။ ကျနော်တို့လူတွေ သူတို့ကို ဘာမှသွားလုပ်တာမဟုတ်ဘူး။ သူတို့ ဒီလိုလုပ်တာ မကောင်းဘူး။ ဒါ ကျနော်တို့အပေါ် သက်သက် ညှင်းဆဲတာ ပဲ။”ဟု ကေအိုင်စီကို ပြောသည်။
နအဖ စစ်တပ်၏ ဖမ်းဆီးပစ်သတ်ခံရသည့် ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် ၆ဦးမှာ စောပီလင်း၊ စောနိုင်းနိုင်း၊ စောအ ၀င်း၊ စောထူးထူး၊ စောရန်ကုန်နှင့် စောသံခဲတို့ ဖြစ်သည်။
အဆိုပါ မြ၀တီခရိုင်ရှိ ဖလူးဂွင်အတွင်း လွန်ခဲ့သည့် နိုဝင်ဘာလ ၂၄ရက်နေ့ကစပြီး နအဖ စစ်တပ်နှင့် ဒီကေဘီအေ တပ်မ ဟာ(၅) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန် တွင် တချို့သော ရွာသူရွာသားများ ပြန်လည် နေထိုင်ပြီဖြစ်သော်လည်း တချို့မှာမူ မပြန်ရဲသေးဘဲ ထိုင်းဘက်ခြမ်းတွင် ခိုလှုံ နေဆဲဖြစ်သည်ဟု သိရသည်။

Monday, 6 December 2010

စစ်အစိုးရနှင့် DKBA တိုက်ပွဲ ဆက်ဖြစ်


စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ မြ၀တီမြို့နယ် အတွင်းရှိ မေတ္တာလင်းမြိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်းသိရသည်။
မြဝတီ မြို့နယ်အတွင်း စစ်အစိုးရတပ်နှင့် DKBA တပ်များ တိုက်ပွဲ ဆက်တိုက် ဖြစ်နေသောကြောင့် ဒုက္ခသည်များလည်း ထိုင်းနိုင်ငံဘက်သို့ ပြေးဝင် ခိုလှုံနေရဆဲဖြစ်သည် (ဓာတ်ပုံ - ဧရာဝတီ)
မေတ္တာလင်းမြိုင်ဒေသ၌ ယနေ့ နံနက် ၅ နာရီခန့်တွင် နအဖ စစ်တပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ် ကြောင်း ယင်းကျေးရွာအနီးရှိ ဒေသခံများက ဆိုသည်။

ယနေ့တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူများ မရှိသော်လည်း ပြီးခဲ့သည့် သောကြာနေ့မှ  စတင်၍ ထွက်ပြေးလာသူ လူဦးရေ ၁၀၀၀ ကျော် ရှိနေသေးကြောင်း၊ ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင် များက ထိုင်းနယ်ခြားစောင့် စခန်းဝန်းအတွင်း စောင့်ရှောက်ထားကြောင်း သိရသည်။

ယင်း ဒုက္ခသည်များကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များ ထားရှိရာသို့ လာရောက်ကြည့်ရှုခဲ့ပြီး အလျင်စလို ပြန်ပို့ရန် မလိုအပ်သေးကြောင်းနှင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်သည့် အခြေအနေ ရှိနေသေးကြောင်း ပြောသွားသည်ဟု သိရသည်။ 

ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ လူ့အခွင့်အရေး လှုပ်ရှားနေသော NGO အဖွဲ့ အစည်း တချို့က အစားအသောက်များ ကူညီထောက်ပံ့ပေးထားသည်ဟု မဲဆောက်မြို့ခံများက ဆိုသည်။  

ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပေးရောက်ရှိလာသော ဒုက္ခသည် များကို အချိန်မတန်သေးဘဲ ပြန်မပို့ရန် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး (HRW) အဖွဲ့က ထိုင်း အာဏာပိုင်များအား ဒီဇင်ဘာ ၄ ရက်နေ့က တောင်းဆိုထားသည်ဟု သိရသည်။

HRWမှ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး ဆိုဖီ ရစ်ချတ်ဒ်ဆန်က “မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အရပ်သားတွေကို ထိခိုက်မှု မရှိအောင် နှစ်ဘက်လုံးက အလေးထားတာမျိုး မပြခဲ့ဘူး”ဟု ဆိုသည်။ 

နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်း ဆိပ်ကြီးမြို့ နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက်  ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားကြောင်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက သင်္ကန်းညီနောင်၊ ဖလူး၊ မယ်သဝေါနှင့် မာနယ်ပလောဒေသ တလျှောက်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လာနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ရန်သူ (နအဖ တပ်တွေ) က အဲဒီဘက်တွေမှာ မထိန်းနိုင်တော့ဘူး။ DKBA ကလည်း မညီညွတ်တော့ဘူး ဆိုတော့ ကျနော်တို့
ဘက်က ပျောက်ကျားစနစ်နဲ့ လစ်တာနဲ့ ထတိုက်မှာပဲ” ဟု သူက ဆက်ပြောသည်။

ပျောက်ကျား တပ်များကို အဆိုပါဒေသများသို့ ထပ်မံ တိုးချဲ့ရန် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် KNU လက်အောက်ခံတပ်ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅)၊ တပ်မဟာ (၇) လက် အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း(၂၂) တပ်များပူးပေါင်းကာ လှုပ်ရှားနေကြောင်းလည်း KNLA အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး၏ တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူ သောကြောင့် ခွဲထွက်ခဲ့သည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော တပ် ဖွဲ့ဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

ဧရာဝတီမှ

ရဲဘော်ကျော်သန်း၏ ပြည်ထောင်စုဆိုင်ရာတပိုင်းတစအမြင် ( တကယ်ညီညွှတ်ချင်ရင် ရန်သူအစစ်ကိုမြင်ဖို့လိုတယ်)

Need to Know Enemy for Unity