ဒီဇင်ဘာ ၂၀၁၀ ကရိုက်ထားတဲ့ ကချင်စစ်ရေးပြင်ဆင်မှူ
Wednesday, 15 June 2011
ကေအိုင်အေ သုံ့ပန်းဓာတ်ပုံ

ဒီ ဓာတ်ပုံကို AP နဲ့ Reuters သတင်းဌာနတွေကလည်း ဖြန့်နေကြပါတယ်။
(ကချင်ဘာသာနဲ့ ဖော်ပြတဲ့ http://jinghpawkasa.blogspot.com/ မှာလည်း တွေ့ရပါတယ်။ သေဆုံးသူရဲ့ ဒဏ်ရာဒဏ်ချက် အနီးကပ်ပုံတွေလည်း တင်ထားပါတယ်။ နှလုံးရောဂါ ရှိသူများ မကြည့်သင့်ပါ။)
ဒီဓာတ်ပုံအကြောင်းကို KIO ခေါင်းဆောင် ဦးလနန် နဲ့ ဧရာဝတီ အင်တာဗျူးမှာ အခုလို တွေ့ရပါတယ်။
ဆန်ဂမ် မှာရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းဘေးမှာရှိတဲ့ ဆက်ဆံရေးရုံးတခုရှိတယ်။ ၉ ရက်နေ့တုန်းက အဲဒီမှာ တာဝန်ကျတဲ့ ရဲဘော်က ရန်သူရဲ့ လက်ထဲမှာ အဖမ်းခံရတယ်။ အဖမ်းခံရပြီးတော့ ရန်သူရဲ့ လက်ထဲမှာပဲ ရိုက်နှက်ပြီး သတ်ဖြတ်လိုက်တယ် -----
အသဲငယ်သူများ အောက်ဆက်မဖတ်ပါနှင့်
Labels:
NEWS
Tuesday, 14 June 2011
ရှမ်းပြည်မြောက်ပိုင်းတွင် တံတား ၂ စင်း KIA ဖျက်ဆီး
Wednesday, 15 June 2011 01:05 KNG
ရှမ်းပြည်မြောက်ပိုင်းရှိ အရေးပါသည့် တံတား ၂ စင်း ဇွန် ၁၄ ရက်ညတွင် KIAမှ ဗုံးပေါက်ဖျက်ဆီးခဲ့သည်ဟု လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ အရာရှိများပြောသည်။
ဖျက်ဆီးခဲ့သည့်တံတားမှာ တရုတ်-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်း မန္တလေး-မူဆယ်ကားလမ်းမှ နမ်ဖတ်ကာ တံတားဖြစ်ပြီး နောက်တစ်စင်းမှာ တာမိုးညဲ-မုန်းစီကားလမ်းမှ နမ်ခရိုင်တံတားဖြစ်သည်ဟု ဆိုသည်။

ns_bridge_explosion
ဇွန် ၉ ရက် ကချင်ပြည်နယ် ဆန်ဂန်၌ KIA တပ်ရင်း ၁၅ အား မြန်မာတပ်ကထိုးစစ် စတင်ဆင်နွှဲလာစဉ် ဇွန် ၁၃ ရက် KIA က ပြည်တွင်းစစ်သို့ဦးတည်လာနိုင်သည်ဟု ပြောဆိုပြီးနောက်တစ်နေ့ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများဖြစ်လာခြင်း ဖြစ်သည်။
Last Updated ( Wednesday, 15 June 2011 01:26 )
Labels:
NEWS
တမ်မဟာ ၃ -တပ်ရင်း ၉ ၏လက်စွမ်း (အပိုင်း ၁ နှင့် အပိုင်း၂)
post တင်ပေးသော အဲခေါင်သောင့် ကိုကျေးဇူးတင်လျှက်
ညောင်လေးပင်ခရိုင် အခြေစိုက် KNLAတပ်မဟာ ၃လက်အောက်ခံ တပ်ရင်း ၉နှင့် မြန်မာစစ်တပ် ခလရ ၂၆၄ ကို ခြုံခိုတိုက်ခိုက်ရာ နအဖဘက်မှ ၁၀ယောက် သေဆုံးပြီး ၅ယောက် ဒဏ်ရာရရှိကာ KNLAဘက်မှ လက်နက်၉လက် သိမ်းဆည်းရမိပါတယ်။
ညောင်လေးပင်ခရိုင် အခြေစိုက် KNLAတပ်မဟာ ၃လက်အောက်ခံ တပ်ရင်း ၉နှင့် မြန်မာစစ်တပ် ခလရ ၂၆၄ ကို ခြုံခိုတိုက်ခိုက်ရာ နအဖဘက်မှ ၁၀ယောက် သေဆုံးပြီး ၅ယောက် ဒဏ်ရာရရှိကာ KNLAဘက်မှ လက်နက်၉လက် သိမ်းဆည်းရမိပါတယ်။
Labels:
VIDEO
Monday, 13 June 2011
Sunday, 12 June 2011
မြန်မာစစ်တပ်နှင့် KIA နှစ်ရက်ဆက်တိုက် စစ်ပွဲဖြစ်
Kachin News
ဇွန် ၁၂၊ ၂၀၁၁ ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် ဆန်ဂန်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ်ကြား နှစ်ရက် ဆက်တိုက်တိုက်ပွဲဖြစ်နေကြောင်း သိရသည်။
ယမန့်နေ့ ဇွန် ၁၁၊ ညနေ ၃ နာရီမှ ညသန်းခေါင်အထိ စစ်ပွဲဖြစ်ပွားသည်။ ယနေ့ ဇွန် ၁၂၊ တနင်္ဂနွေ နံနက် ၇ နာရီတွင် တိုက်ပွဲစတင်နေသည်ဟု KIA အရာရှိများပြောသည်။
နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း အရေအတွက် အတိအကျကို မသိရပါ။
ယမန့်နေ့ ဇွန် ၁၁၊ ညနေ ၃ နာရီမှ ညသန်းခေါင်အထိ စစ်ပွဲဖြစ်ပွားသည်။ ယနေ့ ဇွန် ၁၂၊ တနင်္ဂနွေ နံနက် ၇ နာရီတွင် တိုက်ပွဲစတင်နေသည်ဟု KIA အရာရှိများပြောသည်။

Labels:
NEWS
ကရင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ်မှ ၈ဦး ကျဆုံးကာ ၇ဦးထိခိုက်
ဇွန်လ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် (၁၉)မိုင်ခန့် အကွာအဝေးရှိ လမ်းဖားကျေးရွာတွင် ယမန်နေ့က အစိုးရစစ်တပ်နှင့် ကရင်ပူးပေါင်း တပ်ဖွဲ့ဝင်များအကြားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်က ၈ဦးသေဆုံးပြီး ၇ဦးဒဏ်ရရှိသည်ဟု ကရင်တပ်ဖွဲ့ ဘက်က ပြောသည်။ယမန်နေ့မနက် ၁၀နာရီခန့်တွင် လမ်းဖားကျေးရွာအတွင်း ၀င်ရောက်လှုပ်ရှားသည့် အစိုးရစစ်တပ် တပ်မ ၂၂လက်အောက်ခံ ခမရ ၂၀၁တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၇)နှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုး သားတပ်မတော်(DKBA) ကလိုထူးဘောဗျူဟာ တပ်ဖွဲ့တို့ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA က ပြောသည်။
KNLA (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဗိုလ်မှူးစောဖောဒိုက “မနေ့က ၁၀နာရီအချိန် လမ်းဖားကျေးရွာမှာ ၀င်ရောက်လာတဲ့ ရန် သူ့တပ်ဖွဲ့ကို ကျနော်တို့ ကရင်ပူးပေါင်းတပ်ဖွဲ့က ၂နာရီကြာ စောင့်ကြိုပစ်ခတ်တယ်။ ရန်သူ့ဘက်က ၈ယောက်သေတယ်။ ၇ ယောက် အထိနာတယ်။ ကျနော်တို့ဘက်က ထိမှန်တာမရှိဘူး။”ဟု ပြောသည်။
အဆိုပါ တိုက်ပွဲအခြေအနေကို ကရင်တပ်ဖွဲ့ဘက်က ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အစိုးရစစ်တပ်ဘက်မှ ယနေ့အထိ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထိုဒေသတွင် ကရင်တပ်ဖွဲ့များနှင့် အစိုးရတပ်များ ယခုလို တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေ ကြပြီး ဆက်သွယ်ရေးအတွက် ဖုန်းများကိုပင် ပိတ်ထားရကြောင်း လမ်းဖားကျေးရွာနှင့်ကပ်လျှက် ကော့ဆိုင်ရွာမှ ရွာသူ အမျိုးသမီး တစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။
“တက်လာမယ့် ဗမာစစ်တပ်ကို ကရင်တပ်ဖွဲ့ဘက်က လမ်းဖားရွာမှာ စောင့်နေတာ ၂ရက်ရှိပြီ။ မနေ့က တိုက်ပွဲဖြစ်လာတော့ အခု ဆို တရွာလုံး ကြောက်လှန့်ကြတာပေါ့။ ဒီလို ရှုတ်ရှုတ်ယှက်ယှက်အချိန်မှာ ဖုန်းတွေ အားလုံး ပိတ်လိုက်ရတယ်။”ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များတွင် စစ်ရေး ပိုမို လှုပ်ရှားလာသည့် ကရင်ပူးပေါင်း တပ်ဖွဲ့ကို ရှင်းလင်းတိုက်ထုတ်သွားရန်အတွက် အစိုးရစစ်တပ်ဘက်က စစ်ရေးပြင်ဆင်များ လုပ်ဆောင်နေချိန်တွင် ယခုလို ပစ် ခတ်ခံရခြင်း ဖြစ်သည်။
မြန်မာစစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှု ပျက်ပြားစေရန် စစ်ဆင်ရေးများကို ရှေ့ဆက်၍ အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုလ ၆ရက်နေ့တွင် ကရင်နှင့် ကျောင်းသားတပ်မတော်တို့က “မာနယ်စိုးစစ်ဆင်ရေး (အောင်မြင်စိုးမိုးမှု)”ဟု အမည်ရသော ပူး ပေါင်းစစ်ဆင်ရေး ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည့်အတွက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ရှေ့ဆက်ဖြစ်လာအုံး မည့် အခြေအနေရှိကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။
Labels:
NEWS
Saturday, 11 June 2011
တော်လှန်ရေးသမား ၃၄ ဦး KNU ဂုဏ်ပြု
ကိုပေါက် | သောကြာနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၃ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယထောင်များအတွင်း ၁၃ နှစ်ကျော်ကြာ အကျဉ်းကျခံခဲ့သည့် ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄ ဦးအား ကရင်အမျိုးသား အစည်းအရုံး KNU တော်လှန်ရေးသမိုင်း၌ ကြာသပတေးနေ့တွင် မှတ်တမ်းတင်လိုက်သည်။
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် ပြုလုပ်ခဲ့သည့် မျိုးချစ်သူပုန် ၃၄ ဦးအား ဂုဏ်ပြုသည့် အခမ်းအနား၌ KNU က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မလျှော့သော ဇွဲလုံ့လနဲ့ အနစ်နာခံ၊ အပင်ပန်းခံလာခဲ့တဲ့

ပဒိုစောအားတိုး အမှာစကားပြောစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
အတွက် ကျနော်တို့ KNU အနေနဲ့ တော်လှန်ရေးရဲ့ သမိုင်းကိစ္စမှာ အတည် ဖြစ်ပါလိမ့်မယ်။ အသိအမှတ်ပြု မှတ်တမ်းတင်ပါတယ်” ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောအားတိုးက ဂုဏ်ပြုပွဲတွင် ပြောဆိုခဲ့သည်။
၃၄ ဦးအနက် ၁၀ ဦးမှာ KNU အဖွဲ့ဝင်များဖြစ်ပြီး၊ ကျန် ၂၄ ဦးမှာ ရခိုင်အမျိုးသား ညီညွှတ်ရေးပါတီ NUPA မှ ဖြစ်ကြသည်။
မြန်မာ့ဒီမိုကရေစီအင်အားစုများက ဦးစီးကျင်းပသည့် အဆိုပါဂုဏ်ပြုပွဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ မစ်ရှင်အကြီးအကဲ မစ္စစ် Monserrat Feixas Vihe ကလည်း “UNHCR အနေနဲ့ ဒုက္ခသည်တွေကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ ဖြစ်တဲ့အတွက် ဒီ ၃၄ ယောက်ကို လုံလုံခြုံခြုံနဲ့ ပြန်လည် လွတ်မြောက်နိုင်ဖို့ ဆောင်ရွက်ရာမှာ အောင်အောင်မြင်မြင် ပါဝင်ကူညီပေးနိုင်ခွင့် ရတာဟာ ကျမတို့အတွက် အခွင့်ထူးတရပ်ပါပဲ” ဟု ပြောဆိုသွားသည်။

ပန်းစည်းဆက် ဂုဏ်ပြုစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
ပျောက်ဆုံးနေသည်။ ကျန် ၃၄ ဦးအနက် ၃၁ ဦးမှာ ၂ဝ၁၁ မေ ၁၉ ရက်တွင် ကိုလ်ကတ္တား အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး နယူးဒေလီသို့ ရောက်ရှိလာခဲ့ကာ ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်နိုင်ခဲ့ကြသည်။ ၃ ဦးမှာ အခြားအမှုများ ဆက်လက်ရင်ဆိုင်ရန် ကျန်ရစ်နေခဲ့ကာ မကြာမီ ပြန်လွတ်လာမည် ဖြစ်သည်။
အိန္ဒိယပိုင်နက် အန္ဒမန်ကျွန်းစုထဲမှ လန်းဖောကျွန်းတွင်
မြန်မာမျိုးချစ်သူပုန်များအတွက် အခြေစိုက်စခန်း တည်ဆောက်ရန်အတွက် အိန္ဒိယ ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး ဂရေးဝေါ၏ လီဆယ်သွေးဆောင်မှုကြောင့် ထိုကျွန်းပေါ်သို့ ရောက်ရှိလာခဲ့သည်။
ကျွန်းပေါ်ရောက်ပြီး နောက်တရက်တွင် ခေါင်းဆောင် ၆ ဦး သတ်ဖြတ်ခံခဲ့ရကာ ၃၆ ဦးမှာ ၁၃ နှစ်ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရခြင်း ဖြစ်သည်။
CBI ခေါ် အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့က ၁၉၉၈ ဖေဖော်ဝါရီ ၁၈ နေ့စွဲပါ ပထမသတင်းပေး တိုင်တန်းချက် FIR အပေါ် အခြေခံ၍ ၎င်းတို့ကို အိန္ဒိယသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ်ထားရှိမှုတို့ဖြင့် တရားစွဲခဲ့သည်။ ၎င်းလက်နက်ခဲယမ်းများသည် အိန္ဒိယအရှေ့မြောက်ဒေသရှိ
သောင်းကျန်းသူများကို ပေးပို့ရန် ဖြစ်သည်ဟုလည်း စွပ်စွဲခဲ့သည်။

ရခိုင်တော်လှန်ရေးသီချင်း သီဆိုစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
“ဒီလုပ်ကြံမှုကြီးရဲ့ တရားခံ အစစ်အမှန်ဟာ ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး ဂရေးဝေါ ဖြစ်တယ်။ ဒီလုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ အိန္ဒိယ ထောက်လှမ်းရေးဌာန တခုလုံးကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။ ဂရေးဝေါကသာ တရားခံအစစ်ဖြစ်ပြီး အားလုံးကို လိမ်သွားတာဖြစ်ပါတယ်” ဟု NCGUB ညွန့်ပေါင်းအစိုးရ
ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။
လွတ်မြောက်လာခဲ့သည့် ရခိုင်အမျိုးသား ခိုင်စိုးနောင်က “ထောင်ဆိုတာ ဘယ်ထောင်မှ မကောင်းပါဘူး။ အခုလို ကျနော်တို့ လွတ်မြောက်လာအောင် ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြသလို ကမ္ဘာပေါ်မှာ အဆိုးဆုံးထောင်တခုဖြစ်တဲ့ ဗမာပြည်ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်လည်း ဆောင်ရွက်သွားကြစေလိုပါတယ်” ဟု တိုက်တွန်းသွားသည်။
ယခုအခါတွင် လွတ်မြောက်လာသူ ၃၁ ဦးမှာ နယူးဒေလီမြို့တွင် နေထိုင်လျက်ရှိသည်။
Labels:
NEWS
Subscribe to:
Posts (Atom)