Thursday 9 December 2010

ဖလူးတိုက်ပွဲမှာ နအဖ အရာရှိကိုယ်ရေးမှတ်တမ်းကို ဒီကေဘီအေမှ သိမ်းဆည်းရရှိ

dkba
ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့မှာ ဒီကေဘီအေနဲ့ နအဖတို့ ဖလူး ဒေသမှာ တိုက်ပွဲဖြစ်ပွား ပြီး ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ နအဖ စစ်တပ်တွေ နေရာယူထားတောင်ကုန်းကို ဒီကေဘီအေ ဘက်က တက်ရောက်ရှင်းလင်းခဲ့ပါတယ်။
အခြေအနေကို ဒီကေဘီအေဘက်မှ ဗိုလ်ဆန်းအောင် ပြောပြ တာကတော့ …
ကျနော်တို့ နအဖ ရှိတဲ့ ဖလူးတောင်ကုန်းကို ဒီနေ့တက်ရှင်းပါတယ်။ နအဖ စစ်တပ်က ရဲဘော်တွေ ခြေဦးတည့်ရာ ပြေးကုန်ကြတဲ့ အနေအထားတွေ တွေ့ရပါတယ်။ ပြီးတော့ သွေးတွေပေနေတဲ့ သုံးပွင့်နဲ့ ယူနီဖေါင်းအင်္ကျီတထည့်နဲ့ မှတ်တမ်းစာအုပ်တအုပ်တွေ့ရှိပါ တယ်။ စာအုပ်မှာ ဝင့်နောင် ဆိုတဲ့ နာမည်ရေးထိုးထားတယ်။ နောက်ပြီး စက်သွယ်ရေး စက်ကြီးမှာသုံးတဲ့ လက်လှည့် ဒိုင်နမို ၂ လုံး၊ အိုင်ကွန်စက်သွယ်ရေးစက်ကလေးတလုံး နဲ့ ရိက္ခာတွေ သိမ်းမိတယ်။ ခု ကျနော်တို့ ဖလူးတောင်ကုန်းကို သိမ်းပိုက်ထားပါတယ်။ လို့ အခြေအနေကို ပြောပြသွားခဲ့ပါတယ်။
ဖလူးမှာဖြစ်နေတဲ့ နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေက တိုက်ပွဲတွေအတွင်းမှာ နအဖ ရဲဘော်တွေ ခြေဦးတည့်ရာရှောက်ပြေးကုန်ကြပြီး ဒုရင်းမှူး တယောက် ဒါဏ်ရာအပြင်း အထန်နဲ့ ကျဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်

No comments:

Post a Comment