Thursday 28 July 2011

အင်တာနက် တိုက်ခိုက်သူထဲ မြန်မာထိပ်ဆုံး

ကမ္ဘာတ၀န်း အင်တာနက် ဆက်သွယ်မှုအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးအဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာ အင်တာနက် လုပ်ငန်းကြီးတခုရဲ့ အစီရင်ခံစာတစောင်က ဖော်ပြလိုက်ပါတယ်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလကနေ မတ်လကုန်အထိ ပထမ သုံးလပတ်အတွက် ဆန်းစစ်ချက်အရ မြန်မာနိုင်ငံကလာတဲ့ တိုက်ခိုက်မှုဟာ ၁၃% အထိ ရှိနေပြီး အများဆုံး ဖြစ်ခဲ့တဲ့အကြောင်း အမေရိကန် အခြေစိုက် Akami အင်တာနက် ဆက်သွယ်မှုလုပ်ငန်းက တွေ့ရှိခဲ့တာပါ။
Akami ရဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေအပေါ် အခြေခံပြီး ကမ္ဘာတ၀န်း နိုင်ငံပေါင်း ၁၉၉ နိုင်ငံက အင်တာနက် ဆက်သွယ်မှုတွေကို စောင့်ကြည့်ရာမှာ အစီရင်ခံစာ သမိုင်းတလျှောက် ထူးထူးခြားခြား မြန်မာနိုင်ငံ ထိပ်ဆုံးရောက်လာတာကို တွေ့ရတဲ့ အကြောင်းလည်း အစီရင်ခံစာက ဖော်ပြပါတယ်။
မြန်မာနိုင်ငံကလာတဲ့ တိုက်ခိုက်မှုတွေဟာ အင်တာနက် ကွန်ရက်ထဲက ဆက်သွယ်ရေး Port ၂၅ ခုလောက်ကိုသာ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ထူးထူးခြားခြား ဆိုသလို ဆက်သွယ်ရေး Port နံပါတ် ၈၀ တခုတည်းကိုပဲ တိုက်ခိုက်မှုဟာ ၄၅% အထိ ရှိခဲ့ကြောင်းလည်း အစီရင်ခံစာက တွေ့ရှိခဲ့တာပါ။
အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်ဝမ်တို့ဟာ ပုံမှန်အားဖြင့် စာရင်းထဲမှာ ထိပ်ဆုံးနေရာ ယူတတ်လေ့ ရှိပေမဲ့ အခုအခါမှာတော့ ၁၀% နဲ့ ၉% ကျော်သာ တိုက်ခိုက်မှုတွေ ရှိခဲ့တာကို တွေ့ရတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

Monday 25 July 2011

ဒေါ်စုနှင့် မြန်မာအစိုးရ တွေ့ဆုံမှု အားမရကြောင်း ကရင်အဖွဲ့ များပြော

KIC

ဒေါ်စုနှင့် မြန်မာအစိုးရ တွေ့ဆုံမှု အားမရကြောင်း ကရင်အဖွဲ့ များပြော
ဇူလိုင်လ ၂၅ရက်။ စောခါးစူး (ကေအိုင်စီ)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး အောင်ကြည်တို့ ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ၌ ယနေ့ တွေ့ဆုံပွဲအပြီး နှစ်ဖက်စလုံးက “ကျေနပ်အားရကြောင်း” ထုတ်ပြန်ကြေ ငြာခဲ့သော်လည်း နိုင်ငံရေးအရ ထူးခြားသည့် ပြောင်းလဲမှု ဖြစ်ပေါ်မလာနိုင်ကြောင်း ကရင်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။
“တွေ့ဆုံဆွေးနွေးပွဲတွေ အရင်တုန်းကလည်း အကြိမ်အများကြီး တွေ့ခဲ့ပြီ။ အခုလည်း တိုးတက်မှုတွေ ရှိမယ်လို့ မထင်ဘူး။ ဒီအစိုး ရသစ်ဟာလည်း အရင် စစ်အစိုးရရဲ့ လူတွေပဲဖြစ်တဲ့အတွက် အတူတူ ဖြစ်မှာပဲ။”ဟု ကရင်အမျိုးသားအစည်းအရုံး KNU ၏ အထွေ ထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ကေအိုင်စီကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည့တို့၏ တစ်နာရီကျော်ကြာ တွေ့ဆုံပွဲအပြီး ထုတ်ပြန်သည့် ပူးတွဲကြေငြာချက်တွင် “ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်” ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသော်လည်း အသေးစိတ် ထုတ်ပြန်ကြေငြာခြင်း မရှိပေ။
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ အမည်မဖေါ်လိုသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒေါ်စုနှင့် ဦးအောင်ကြည်တို့၏ ယနေ့ တွေ့ဆုံမှုအပေါ် စိတ်ဝင်စားမှုမရှိသလို ထူးခြားသည့် တိုးတက်မှုရရှိရန် ခက်ခဲသည်ဟု ပြောဆိုသည်။
သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၉၀ ရွေးကောက်ပွဲ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့် က “ဒီဆွေးနွေးပွဲဟာ မြန်မာအစိုးရသစ် လက်ထက်မှာ ပထမဆုံးအကြိမ်ဖြစ်လို့ တစုံတရာတိုးတက်မှုတွေ ရှိနိုင်တယ်၊ အရင်အစိုးရ က စစ်အစိုးရဖြစ်ပြီး အခုအစိုးရက အရပ်သားအစိုးရဆိုတော့။”ဟု ပြောသည်။
(Photo-AP: ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံ)
ယခင် မြန်မာစစ်အစိုးရ လက်ထက် ၂၀၀၇ မှ ၂၀၁၀ခုနှစ် အထိ ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည့် ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်အကျယ်ချုပ်ရှိစဉ် ကာလအတွင်း တွေ့ဆုံမှု ၉ကြိမ် ရှိခဲ့သည်။ ယခု တစ်ကြိမ်တွေ့ဆုံရာတွင် ဦးအောင်ကြည်အား ၂၀၁၀ ရွေးကောက်ပွဲမှ တက်လာသည့် ကြံ့ခိုင်ရေးပါတီ ထိန်းချုပ်သည့် အစိုးရ သစ်က ဆက်ဆံရေးဝန်ကြီးအဖြစ် ဆက်လက် ခန့်အပ်ထားခြင်းရှိမရှိကိုလည်း ထုတ်ပြန်ထားခြင်း မရှိပေ။

Saturday 23 July 2011

ရွာသား ၂ဦးကို အစိုးရစစ်တပ်မှ ဖမ်းဆီးသတ်ဖြတ်ခဲ့

ဇူလိုင်လ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ သံတောင်မြို့ အရှေ့ဘက် ၄မိုင်ကွာတွင် လှုပ်ရှားနေသော အစိုးရစစ်တပ် စကခ(၉) လက်အောက်ခံ ခမရ (၃၇၄)တပ်ရင်းသည် ဒေသခံ ရွာသား ၂ဦးကို ယခုလ ၁၃ရက်နေ့က ဖမ်းဆီးကာ သတ်ဖြတ်ပစ်ခဲ့သည်ဟု သိရသည်။
စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၉)လက်အောက်ခံ ဗိုလ်ကြီးစိုးစံမိုး ဦးစီးသည့် ခမရ(၃၇၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့သည် မဲ့သင်္ခါလေးရွာသား စောအယ်ထူး ၄၈နှစ်နှင့် စောကလယ်ဖေါ ၃၃နှစ်တို့အား ပေါ်တာအထမ်းသမားများအဖြစ် ရွာထဲမှ ဖမ်းဆီး ပြီးနောက် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောဆိုသည်။
“ဒီလ ၁၃ရက်နေ့ပေါ့နော်။ ခမရ(၃၇၄)တပ်ရင်းက မဲ့သင်္ခါလေးရွာသား စောအယ်ထူးနဲ့ စောကလယ်ဖောကို အထမ်းသမားအ ဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်။ မဲ့သင်္ခါကြီးရွာကိုရောက်တော့ အဲဒီရွာသားနှစ်ယောက်ကို သတ်ပစ်လိုက်တယ်။ ဘာကြောင့် သတ်ပစ်တာလဲတော့ ဘယ်သူမှ မသိကြဘူး။”ဟု ၎င်းဒေသခံက ပြောသည်။
သံတောင်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များမှာ ယခင်နှစ်များကလည်း ဒေသခံ ရွာသားများအား အကြောင်းမဲ့ ပစ်သတ်မှုမျိုး အလားတူ ရှိခဲ့သော်လည်း ယခုနှစ်၊ ဇူလိုင်လအတွင်း ပထမဦးဆုံး ဖြစ်ပွားခြင်းဖြစ်သည်။

Thursday 21 July 2011

Teacher's Day Celebration in Sheffield

KNU Stops Tavoy Road Construction


July 19 |
Author: Karen News Reporters



A giant construction project managed by an Italian-Thai company has run into a number of major stumbling blocks in Karen State. Villagers say they have not been compensated for the loss of their land and the Karen National Union has stopped it building a highway to Thailand.

The Italian-Thai Development Company has begun negotiations with the Karen National Union to try to restart work on the Kanchanaburi-Tavoy Highway project after Karen soldiers stopped its construction in early July.

Work was stopped east of Tavoy, between Myitta village to Klo Hta village, by the Karen National Liberation Army.

The KNU confirmed that they had met with representatives of the Italian-Thai company on July 16 but said it is too early to disclose details of the talks.

A KNLA battalion 10-commander, who spoke to Karen News on condition of anonymity, said the construction of the highway was stopped after villagers who are adversely affected by the construction complained. The commander also said the KNLA position is to assess mega-development projects that will have impact heavily on civilian populations and the environment.

The Kachanaburi-Tavoy highway is part of the mega Tavoy (Dawei) Development Project that is estimated to be worth more than US$60 billion that was awarded by the Burmese military government to the Italian-Thai Company. The project includes a deep-sea port, a giant industrial zone, roads, railways, transmission lines and oil and gas pipelines.

The huge project has attracted both critics and supporters. Some business groups claim it could invigorate Burma’s economy and revolutionize regional trade, while international humanitarian groups say Burma’s human rights record means more forced labor, forced relocation and abuses against villagers.

The KNU, general secretary, Naw Zipporah Sein told Karen News.

“The KNU’s position on foreign development projects in Karen state is to assess the impact the development will have on civilians’ livelihood, their indigenous way of life, the environment and our security. Now there is no peace in Burma, the government refuses to hold political dialogue – it makes it difficult to carry out mega development projects.”

Naw Zipporah Sein explained that Burma’s civilian government is just a proxy for the military.

“The new Burma military government uses development as a weapon to destroy and wipe out the resistance groups and to persuade ethnic groups to forget about their struggle.”

Naw Zipporah Sein said she would not disclose the KNU’s current position on the Tavoy Development Project to the media.

The first stage of the 160-kilometer road linking the Tavoy deep-sea port to Phu Na Ron village in the Thai province of Kanchanaburi is nearly completed and the company plans to now start laying the concrete surface.

Most of the160km road passes through 21 Karen villages. A section of the road passes through eight Karen villages abandoned in 1997 after Burma Army attacked them. The villagers are now refugees in Tham Hin camp in Thailand.

Karen villagers claim the Burma government has sold their lands to companies with links to senior military officers.

The Italian-Thai Company has admitted to Thai media that the local people will be moved to make way for the project.

On June 8, the president of the Italian-Thai Development Company, Premchai Kanasuta, told reporters in Bangkok that, “There is a population of only a little more than 10,000 people that have to be relocated.”

An officer of the Italian-Thai Development Company based in Tavoy informed Karen News that the first batch of villages that will be relocated to make way for the construction are Nga Pi Teh, The Byay Mu Du, Htait Gyi, Le Shawn, Pra Det and Nyaw Bin Hseit will affect more than 2,000 households.

A Na Bu Le villager told Karen News that the company had already collected data of the villagers and households that will be evicted so compensation could be paid. Villagers say they have not received any compensation, but have been told they will be relocated.

In April around 50 people from 13 villages in the Ka Moe Thway area met with Italian-Thai Company representatives and demanded compensation. The company agreed to pay, but villagers say there has not been any action taken.

The Tavoy, Italian-Thai Company officer who asked for his name to be withheld told Karen News that the people will have to move to a designated location and each household could get up to a 60×80 square feet block of land for housing.

Dead Men Walking


Humanitarian groups accuse Burmese government soldiers of committing war crimes against ‘convict porters’ used in frontline conditions

A recently released joint report by Human Rights Watch and the Karen Human Rights Group – “Dead Men Walking: Convict Porters on the Front Lines in Eastern Burma” documents the abuse which includes summary executions, torture, and the use of convicts as ‘human shields’.”

Survivors describe how they were forced to carry heavy loads in mountainous terrain, given inadequate food, no medical care and were subject to ill treatment and torture.

Wednesday 20 July 2011

ကချင် တောင်ပိုင်းတိုက်ပွဲတွင် မြန်မာ တပ်ရင်းမှူး ၁ ဦးနှင့် တပ်သား ၃ ဦးကျ





Written by kachinnews.com   
Wednesday, 20 July 2011 07:39

KIA_soldier_fလိုင်ဇာ ဗဟိုဌာနချုပ် အနီးတွင် နေရာယူထားတဲ့ KIA စစ်သားတစ်ဦး။ ဓါတ်ပုံ-ကချင်သတင်းဌာန
လိုင်ဇာ ဗဟိုဌာနချုပ် အနီးတွင် နေရာယူထားတဲ့ KIA စစ်သားတစ်ဦး။ ဓါတ်ပုံ-ကချင်သတင်းဌာန
ကချင်ပြည်နယ်တောင်ပိုင်း မန်မော်(ဗန်းမော်)ခရိုင်မန်ဂျေ (မံစီ) မြို့နယ်တွင် ဇူလိုင် ၁၉၊ အင်္ဂါနေ့နံနက်တိုက်ပွဲ ဖြစ် ပွားရာ မြန်မာအစိုးရဘက် တပ်ရင်းမှူး ၁ ဦး နှင့် တပ်သား ၃ ဦး ကျဆုံးသည်ဟုကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) အရာရှိများ ပြောသည်။

မိုးမိတ်(မုန်းမိတ်)နယ်မြေခံ ခမရ ၃၄၈ နှင့် ဗိုလ်မှူး ဇော်ဂမ်ဦးဆောင်သည့် မန်ဂျေဒေသမှ KIA တပ်ရင်း ၁၂ တို့သည် မဘိန်းအနီး၊ ခါချင်ရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ကြသည်ဟု ဌာနချုပ်လိုင်ဇာ မှ KIA အရာရှိများပြောသည်။

မြန်မာစစ်တပ်မှ သေနတ် ၃ လက်ကိုလည်း KIA သိမ်းဆည်းရရှိသည်ဟု ဆက်ဆိုသည်။

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်နိမိတ်ကြား ဇူလိုင် ၁၆ ရက် ကတည်းက နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု မန်ဂျေဒေသခံများပြောသည်။

ဇူလိုင် ၁၈၊ တနင်္လာနေ့က နှစ်ဖက်စစ်ဖြစ်နေချိန် KIA ဒု-တပ်ကြပ် လတောင် အား အစိုးရစစ်တပ်မှ လက်နက်နှင့်အတူ အရှင် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့သည်ဟု KIA တပ်ရင်း ၁၂ က ဆိုသည်။

ယခုကဲ့သို့ မြန်မာစစ်သားများ ကျဆုံးပြီးနောက်လည်း ထိုဒေသတွင် ညနေပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု မန်ဂျေဒေသခံများပြောသည်။

မြန်မာနိုင်ငံအနှံ့ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် မြန်မာအစိုးရကြား စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးမှုမရှိလျှင် အပစ်မရပ်ရန် ဒေသအသီးသီးမှ ကချင်လူထုကိုယ်စားလှယ်များက KIO ထံ အကြံပြုဆွေးနွေးသွားကြသည့် ဇူလိုင် ၁၂-၁၃ လိုင်ဇာအစည်းအဝေးအပြီး KIO ကြေညာချက် ထွက်ပေါ်လာပြီးနောက် မြန်မာစစ်တပ်နှင့် KIA ကြား တိုက်ပွဲ အရှိန် မြှင့်လာသည်။

ဆက်လက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ အရပ်ဖက် စစ်ဖက် ခေါင်းဆောင်များ ဇူလိုင် ၁၈ ရက်မှစတင်ကာ အရေးပါသောအစည်းအဝေးတစ်ခု လိုင်ဇာဌာနချုပ်တွင် ၂ ရက်ကြာ ကျင်းပခဲ့သည်။

Tuesday 19 July 2011

တင်အောင်မြင့်ဦးနှင့် ကချင် လူသတ်မှုများ

ဒုသမ္မတ ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဖြစ်စဉ်က ရှမ်းပြည်နယ်တွင်း ဖြစ်ပျက်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများအတွက် တာဝန်ရှိသဖြင့် ကုလသမဂ္ဂက အထူးကော်မရှင်ဖွဲ့၍ အရေးယူ စုံစမ်းသင့် ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ပြောကြားလိုက်သည်။

01-2001_Nawng_Tau_Si_Sa_Pa
အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူတို့၏ ရုပ်အလောင်းများကို KIA က ပြန်လည် တူးဖော် စစ်ဆေးနေပုံ
KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုများ၌ KIA ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်မှုးချုပ် ဂျိမ်း(စ်) လွန်းဒေါင်၊ ဗိုလ်မှုးချုပ် ဂွမ်မော်၊ ဗိုလ်မှုးကြီး ဇော်ရော တို့က   မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် လွန်ခဲ့သော ဆယ်စုနှစ် ကာလများ၌ အစိုးရတပ်က ၎င်းတို့၏ စစ်သားများ၊ ဒေသခံ ပြည်သူများအား အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပုံကို မြေပုံ၊ ဓာတ်ပုံ အထောက် အထားများဖြင့် ရှင်းပြခဲ့သည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ အနက် ဖြစ်စဉ် ၂ ခုမှာ ဦးတင်အောင်မြင့်ဦး အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး တာဝန်ယူထားစဉ် ၂၀၀၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

မည်သည့်အတွက်ကြောင့် ယခင်က ဖွင့်ချခြင်း မပြုခဲ့ရသနည်း ဟုမေးမြန်းရာ ထိုစဉ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနေသည့်ကာလ၊  နိုင်ငံရေး အရ တစုံတရာ အပြောင်းလဲများ ဖြစ်လာမည်လားဟူသော မျှော်မှန်းချက်များကြောင့် ထိုစဉ်က လူသိရှင်ကြား ပြောဆိုမှုများ မလုပ်ခဲ့ခြင်း ဖြစ်သည်ဟု KIA ခေါင်းဆောင်များက ပြောဆိုသည်။

လွန်ခဲ့သည့်လမှစ၍ နှစ်ဖက် ပြန်လည် ပစ်ခတ်မှုများကြောင့် အပစ်အခတ် သဘောတူညီချက် ပျက်ပြားသွားပြီးနောက် ထိုအမှုများကို ကုလသမဂ္ဂသို့ တင်ပြလိုသည်ဟု KIA ခေါင်းဆောင်များက ဆိုသည်။ ၎င်းတို့၏ ပြောဆိုချက်များအရ အစုလိုက် သတ်ဖျက်ခံရမှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်ဘာသာဖြင့် ရေးသားထားသော KIA မှတ်တမ်းများအရ ပထမဖြစ်စဉ်မှာ ရှမ်းပြည်နယ် မူဆယ်မြို့   လောက်ကျိုင် (Lau Jai) ကျေးရွာတွင် ၂၀၀၁ မတ်လက ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထိုဒေသည် KIA တပ်ရင်း ၉ ထိန်းချုပ်ရာ ဒေသ ဖြစ်သည်။

မတ်လ ၂၂ ရက်နေ့ မနက် ၉ နာရီခန့်၌ ထိုကျေးရွာသို့ မူဆယ်ရှိ   ခြေမြန်တပ် ၂၄၂ တပ်ရင်းမှ ဗိုလ်မှူးခင်မောင်လှ ဦးစီးသော တပ်ဖွဲ့ဝင် ၁၀၀ ကျော် ရောက်ရှိလာပြီး လုံခြုံရေး တာဝန် ယူထားသော KIA တပ်သား ၄ ဦး အား ရွာမှ ၂ ဖာလုံခန့်ဝေးသည့် ရှောက်ဟော်ရွာသို့ လမ်းပြ လိုက်ပို့ပေးရန် ပြောဆိုခဲ့သည်။ ရွာမှ ထွက်ခွာလာပြီး မကြာမီ KIA တပ်သားများအား လက်နက်ဖြုတ်ပြီး ကြိုးဖြင့် ချည်နှောင်ထားလိုက်ကြောင်း KIA မှတ်တမ်းများက ဆိုသည်။

နေ့လယ် ၂ နာရီခန့်၌ ၎င်းတို့ ၄ ဦးအား ပစ်သတ်လိုက်ပြီး တောထဲတွင် မြုပ်နှံထားခဲ့ကြောင်း သိရသည်။ ရုပ်အလောင်းများအား KIA က ၁ လအကြာမှသာ ပြန်လည်တူးဖော်တွေ့ရှိရကြောင်း၊ သတ်ခံသူများမှာ တပ်ကြပ် ဇတူးဒေါဟောင်း၊ တပ်သား လဖိုင်ဇော်ဘောက်၊ ဒရှီးနောင်ခွန်း၊ ကရန်းတူးလန်တို့ ဖြစ်ကြောင်း ၎င်းတို့အတွက် ဈာပနအား ထိုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသတ်ဖြတ်မှုများ ဖြစ်ပျက်ခဲ့သည့် မတ်လ ၂၂ ရက်နေ့မှာပင် ရှမ်းပြည်နယ် မုန်းစီးခရိုင်  နောင်တောင်ဆီဆာပါ ကျေးရွာ၌ KIA တပ်မဟာ ၄ ၏ ပန်းဂျုံစိုက်ပျိုးရေးခြံ ၌ KIA စစ်သား ၅ ဦးနှင့် အရပ်သား ၂ ဦးတို့ အား အစိုးရစစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများအရ သိရသည်။ ဖြစ်စဉ်အရ ထို့နေ့တွင် ခြေမြန် တပ်ရင်း ၂၄၂ (ပထမဖြစ်စဉ်တွင် စွပ်စွဲခံရသည့် တပ်ရင်းပင် ဖြစ်သည်) မှ ဒုဗိုလ်မှုးကြီး ညိုဝင်းဦးစီးသော အင်အား ၇၀ ရှိသည့် စစ်ကြောင်း တကြောင်း သည် စိုက်ပျိုးရေးခြံသို့ ရောက်လာပြီး KIA ဒုဗိုလ် နော်ဆင်း နှင့်တွေ့ဆုံလိုကြောင်း လာရောက် အကြောင်း ကြားသည်။

သို့သော် နော်ဆင်း မအားလပ်သဖြင့် အရာခံဗိုလ်ဂမ်ဆင်းက ထွက်တွေ့ခဲ့ရာ အစိုးရတပ်က ၎င်းအား ဖမ်းဆီး ချည်နှောင်လိုက်ကြောင်း၊ တပြိုက်နက်တည်းမှာပင် အစိုးရတပ်များက စိုက်ပျိုးရေးခြံသို့ ဝင်ရောက်ပြီး ဒုဗိုလ် နော်ဆင်း အပါအဝင် KIA ရဲဘော် ၅ ဦး နှင့် အရပ်သား ၂ ဦးတို့အား ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

KIA မှတ်တမ်းများအရ ၎င်းတို့အား အနီးရှိ တောအုပ်သို့ ခေါ်ဆောင်သွားပြီး တညလုံး ညှဉ်းပန်း နှိပ်စက်ကြောင်း၊ နောက်တနေ့ မိုးလင်းချိန်တွင် ၎င်းတို့အားလုံး သေဆုံးသွားကြောင်း သိရသည်။

“စိတ်ကြိုက် နှိပ်စက်ပြီးမှ သတ်လိုက်တာ" ဟု အင်အား ၂၀၀၀ ရှိ KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက မှတ်တမ်းများကို ဖတ်ပြရင်း ပြောပြသည်။

ရက်သတ္တပတ် အတန်ကြာတွင် KIA က ရုပ်အလောင်းများကို မြုပ်နှံထားသောတောအုပ်၌ ပြန်လည် တူးဖော်ခဲ့သည်။ အလောင်းများကိုစစ်ဆေးရာတွင်  KIA စစ်သားနှင့်အရပ်သား ၂ ဦးသည် အသတ် မဆုံးရှုံးစဉ်က လှံစွပ်ဖြင့် အကြိမ်ကြိမ် အထိုးခံခဲ့ရကြောင်း၊ လိင်အင်္ဂါများအား မီးရှို့ခံခဲ့ရကြောင်း တွေ့ရှိရသည်။ အလောင်းများတွေ့ရှိသော တောအုပ်ရှိသစ်ပင် တချို.တွင်လည်း သွေးနှင့်ဆံပင်များ ရောပြွမ်းကပ်နေသည်ကို တွေ့ရှိခဲ့ကြောင်း မှတ်တမ်းများက ဆိုသည်။

“အားရအောင် ရိုက်ထားပြီးမှ သတ်လိုက်သည်၊ အလောင်း စစ်ဆေးရာ အရိုးများ ကြေနေသည်" ဟု မှတ်တမ်းများက ဆိုသည်။ သေဆုံးသူများမှာ ဒုဗိုလ် နော်ဆင်း၊ အရာခံဗိုလ် ဂမ်ဆင်း၊ ဒုတပ်ကြပ် အိုက်ညီ၊ တပ်သားများဖြစ်သည့် ဘမ်အောင်မိုင် နှင့် မအိုက်ညီ တို့ဖြစ်သည်။ သေဆုံးသူ တခြား အရပ်သား ၂ ဦးမှာ  ထိုစဉ်က တပ်မဟာ ၄ တာဝန်ခံ  ဗိုလ်မှုးချုပ် ဂျိမ်း(စ်) လွန်းဒေါင်၏ တူဖြစ်သူ ဇွမ်ဇမ်းဟောင်လွန်း  (Zum Zang Hawng Lum) ဖြစ်ပြီး နောက်တဦးမှာ တရုတ်လူမျိုး အရပ်သားဟုသာ ဖော်ပြထားသည်။

ဗိုလ်မှုးချုပ် ဂျိမ်းစ်လွန်းဒေါင်မှာ ရှမ်းပြည်နယ် ကွတ်ခိုင်၊ သီပေါ၊ သိန္နီ နှင့် မူဆယ် ရှိ KIA တပ်မဟာ ၄ အား တာဝန်ယူခဲ့ပြီး ၂၀၀၇ နှစ်တွင် ထိုရာထူးမှ အနားယူခဲ့ခြင်းဖြစ်သည်။ သတ်ဖြတ်မှုများကို ဦးတင်အောင်မြင့်ဦးက ဦးစီး၍ အစိုးရ တပ်များက KIA တပ်အား တမင် ရန်စ တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဧရာဝတီမဂ္ဂဇင်းနှင့် လိုင်ဇာတွင် တွေ့ဆုံရာ၌  ဗိုလ်မှုးချုပ် ဂျိမ်း(စ်) လွန်းဒေါင်က ပြောဆိုသည်။

“ကြီးနိုင်ငယ်ညှင်းပေါ့ဗျာ၊ ရည်ရွယ်ချက်ကတော့ ကျုပ်တို့တပ်တွေကို ရှမ်းပြည်နယ်က ထွက်သွားအောင် လုပ်ချင်တာပဲ" ဟု ၎င်းက ဆိုသည်။ သတ်ရသည့် အကြောင်းနှင့်ပတ်သတ်၍ မေးမြန်းရန်  ဗိုလ်မှုးချုပ် ဂျိမ်း(စ်) လွန်းဒေါင်သည် လားရှိုးသို့သွားပြီး ဦးတင်အောင်မြင့်ဦးအား သွားရောက်တွေ့ဆုံခဲ့သည်။

02-2006_Kutkai_Killings
ဈာပနတွင် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ
“ဘာလို့ သတ်သလဲ မေးတော့ သူက ဘာမှ သိပ်ပြန်မပြောဘူး၊ ပိုက်ဆံ ကျပ်ငွေ ဆယ်သိန်း ထုတ်ပေးတယ်။ ကျုပ်လည်း မယူဘဲ ပြန်ထွက်လာတယ်" ဟု ဂျိမ်း(စ်) လွန်းဒေါင်ကပြောပြသည်။

"ကျုပ်တို့က ဒေါသ သိပ်ထွက်နေတာပေါ့၊ ဘာမှ မသိဘူး၊ ဒေါသ ထွက်နေတာပဲ သိတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေက အမျိုးသားညီလာခံ မပြီးသေးဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးတာ မပြီးသေးဘူး၊ သည်းခံကြဖို့ ပြောတယ်" ဟု သူက ထိုစဉ်အခါက အခြေအနေကို ပြန်လည်ရှင်းပြသည်။ KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် KIO သည် ထိုစဉ်က အမျိုးသားညီလာခံ တက်ရောက်နေပြီး နောင်တွင်မူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လက်မခံနိုင်ကြောင်း ပယ်ချခဲ့သည်။

အစိုးရ စစ်တပ်က သတ်ဖြတ်သည်ဟု စွပ်စွဲထားသည့် နောက်ဖြစ်စဉ်မှာ ၂၀၀၅ သြဂုတ်လက ရှမ်းပြည်နယ် ကွတ်ခိုင် မြို့နယ် အတွင်းရှိ ဟော့ကိုင်ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည်။ ထိုအချိန်တွင် တင်အောင်မြင့်ဦးမှာ အရှေ့မြောက် တိုင်းမှူး မဟုတ်တော့ဘဲ ၎င်း၏ နေရာတွင် ယခု အစိုးရသစ်၌ ဆည်မြောင်းဝန်ကြီး တာဝန် ယူထားသူ ဗိုလ်ချုပ်မြင့်လှိုင် ဖြစ်သည်။

အရှေ့မြောက်တိုင်း စစ်ဌာနမှ ဗိုလ်မှူးကြီးစံရွှေသာ ဦးစီးသော စစ်ကြောင်းက KIO အုပ်ချုပ်ရေးမှူး ဦးစံလုကို ဆက်ကြေး ကောက်ခံသည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။ နောက်တနေ့တွင် ရွာအပြင် ကျောက်ဆောင်တခု၌  သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် ဦးစံလု သေဆုံးနေသည်ကို တွေ့ရသည်၊ ဦးခေါင်းခွံ အက်ကွဲနေပြီး နံရိုး ၂ ချောင်းကျိုးနေသည်ကို တွေ့ရသည်ဟု ဆိုည်။

“ KIO က ဒေသတွင်းမှာ စီးပွားရေး လုပ်ငန်းတွေဆီက အခွန် ကောက်နေတာ ကြာပြီ၊ ဦးစံလုက သူ့တာဝန် သူထမ်းဆောင်ရင်း အကြောင်းမဲ့ ရက်ရက် စက်စက် သတ်ဖြတ်ခံခဲ့ ရတယ်" ဟု KIA ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

KIA ခေါင်းဆောင်များက ၂၀၀၆ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည့် ၎င်းတို့စစ်သည်များ အလားတူ အစုလိုက် အပြုံလိုက် သတ်ခံရမှုကို ပို၍ပင် ကြိတ်မနိုင်ခဲမရ ဖြစ်ကြသည်။ ထိုဖြစ်စဉ်မှာ မူဆယ်မြို့တောင်ဘက်ရှိ ဘွမ်ပရိဘွမ် ဒေသတွင် KIA စစ်သား ၅ ဦးနှင့် အရပ်သား တဦး သတ်ဖြတ်ခံခဲ့ရသည့် အမှု ဖြစ်သည်။

၂၀၀၆ ဇန်နဝါရီလ ၂ ရက်နေ့၌ အစိုးရတပ်မှ ဗိုလ်မှူးလှမိုးဦးစီးသော တပ်ဖွဲ့ဝင် ၁၂ ယောက် ဘွမ်ပရိဘွမ် ရှိ KIO အုပ်ချုပ်ရေးရုံးသို့ ရောက်လာရာ ရုံးရှိ KIA တပ်သားများက အစား အသောက်နှင့် ဧည့်ခံရန် ပြင်ဆင်စဉ် အစိုးတပ်က ၎င်းတို့အား ရုံးတွင်းနှင့် မီးဖိုချောင်၌ပင် ပစ်ခတ် သတ်ဖြတ်ခဲ့သည် ဟု မှတ်တမ်းများက ဆိုသည်။ ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ KIA မှ ဓာတ်ပုံ မှတ်တမ်းများ ဧရာဝတီသို့ ပေးခဲ့သည်။

“ဖြစ်လျှင်ဖြစ်ခြင်း အစိုးရတပ်က အင်အားဖြည့်ပြီး တခြား KIA တပ်တွေ ဝင်လာလို့ မရအောင် တားလိုက်တယ်။ အလောင်းတွေ သွားသယ်လို့မရဘူး ဖြစ်သွားတယ်" ဟုမှတ်တမ်းများကဆိုသည်။

အသတ်ခံရသည့် စစ်သည်အလောင်းများ ပြန်လည်ရရှိရန် လက်ရှိ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ဂွမ်မော် ဦးဆောင်သည့် အဖွဲ့နှင့် အစိုးရ စစ်တပ်အရာရှိများ တွေ့ဆုံခဲ့သည်။ ထို့နောက် အလောင်းကောက်ရန် ခွင့်ပြုချက်ရ၍ ဇန်နဝါရီလ ၆ ရက်နေ့ ၌ အလောင်းကောက်သွားသောအခါ ထိုအလောင်းများကိုမတွေ့ရဘဲ မီးင်္သဂြိုလ်နှင့်ပြီးသား ဖြစ်သောကြောင့် ပြာအိတ်များကိုသာ တွေ့ရသည် ဟု KIA ခေါင်းဆောင်များက ဆိုသည်။

ထိုဖြစ်စဉ်၌ အသက် ဆုံးရှူံးသူများမှာ KIO အုပ်ချုပ်ရေး အရာရှိ လဘန်ဂမ်ဖန်း၊ တပ်ကြပ်ကြီး ဘရမ်မိုင်၊ ရုံးအကူ ဇခွန်ကဝမ်ခန်၊ မရမ်တူးရှမ်၊ ဘရမ်ရှောင် နှင့် ရွာသား အိုက်ညွန့်တို့ ဖြစ်ကြောင်း KIA မှတ်တမ်းများက ဆိုသည်။

“ပြာပဲ ရတော့ မှန်းပြီး အစုလိုက်၊ အစုလိုက် ခွဲပြီး သင်္ဂြိုဟ်လိုက်ရတယ်၊ ကျုပ်တော့ မျက်ရည်ကျခဲ့ရတယ်" ဟု ထိုစဉ်က သတ်ဖြတ်ခံရသူ စစ်သည်များ၏ ဈာပနတွင် ဗိုလ်မှူးချုပ်ဂွမ်မော်နှင့် အတူ ဦးဆောင် ပါဝင်ခဲ့သူ ဗိုလ်မှူးကြီးဇော်ရောက ဧရာဝတီကို ရှင်းပြသည်။

သူက ရှမ်းပြည်နယ်တွင် လှုပ်ရှားနေသော KIA တပ်မဟာ ၄ ၏ လက်ရှိ တာဝန်ခံဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေးအတွက် ကျင်းပခဲ့သော အမျိုးသား ညီလာခံကို တက်ရောက်ခဲ့သည့် KIO ၏ ထိပ်တန်း ကိုယ်စားလှယ် တဦး ဖြစ်သည်။ သူက လွန်ခဲ့သည့်လ မိုးမောက်မြို့နယ် တာပိန်ရေအား လျှပ်စစ်စက်ရုံ အနီး KIA နှင့် အစိုးရတပ်တို့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည် အချိန်မှစ၍ အစိုးရတပ်မှစစ်သုံ.ပန်းများ အား KIA က ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်းများကို ထောက်ပြ၍ အလားတူ ဆက်ဆံမှုမျိုး အစိုးရစစ်တပ်က ကျင့်သုံးခဲ့ခြင်း မရှိကြောင်း ပြောဆိုသည်။

KIA မှတ်တမ်းများအရ ၂၀၀၅ အောက်တိုဘာလ သီးခြားဖြစ်စဉ် ၂ ခုတွင်  ရှမ်းပြည်နယ်ရှိ KIO အုပ်ချုပ်ရေးမှူး ၂ ယောက် သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။ KIA ခေါင်းဆောင်များက ၂၀၀၅၊ ၂၀၀၆ ဖြစ်စဉ်များတွင် အဓိက တာဝန်ရှိသူမှာ ထိုအချိန်က တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်မြင့်လှိုင် ဖြစ်ကြောင်း ပြောဆိုကြသည်။

ဗိုလ်မှူးချုပ်ဂွမ်မော်က KIA ခေါင်းဆောင်များကယခုဖြစ်စဉ်များအားနိုင်ငံတကာ သိရှိရန်ယခင်က မကြိုးပမ်းခဲ့ခြင်းမှာ ရေရှည် နိုင်ငံရေးဖြစ်ထွန်းမှုများကိုထောက်ချင့်၍ မ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

“သတ်ခံတာရတာတွေက သမရိုးကျ မဟုတ်ဘူးလို့ ပြောလို့မရဘူး။ ဒီလို အကြောင်းမဲ့ သတ်လာတာတွေ များလို့ သမရိုးကျ လို့တောင် ပြောလို့ရတယ်" ဟု သူက လိုင်ဇာရှိ KIA စစ်ဆင်ရေးများ ကွပ်ကဲသည့် ခန်းမ၌ ဧရာဝတီနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“သတ်ခံရတာတွေကတော့ အချည်းအနှီး မဖြစ်ပါဘူး၊ လွန်ခဲ့တဲ့လက ကျုပ်တို့ တပ်ကြပ် ၁ ယောက် မိုးမောက်က ကျုပ်တို့ ဆက်ဆံရေးရုံးမှာ အစိုးရတပ်က ဖမ်းပြီး အသတ်ခံလိုက်ရတယ်၊ ဒါလည်း အချည်းအနှီး မဖြစ်ပါဘူး၊ နိုင်ငံတကာက သိသွားတာပေါ့” ဟု သူက ဆိုသည်။

လွန်ခဲ့သည့်လ နှစ်ဘက် ပစ်ခက်မှုများ စတင် ဖြစ်ပွားပြီးနောက် KIA က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရယူမည် ဆိုလျှင် ထိုသဘောတူညီချက်၌ ခိုင်မာ၍ အနှစ်သာရရှိသည့် နိုင်ငံရေးတွေ့ဆုံတွေ့ဆုံဆွေးနွေးမှုပါရှိရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက စစ်ပွဲများ ဆက်လက်ဖြစ် ပွားနေမည် ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုထားသည်။

သို့ရာတွင် KIA အရာရှိများ၊ ရဲဘော်များက ငြိမ်းချမ်းရေးကာလ သတ်ဖြတ်ခံရမှုများကို ထောက်ပြပြီး နောက်တကြိမ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ရေးကို  အလွန်တရာ မနှစ်မြို့သည့် အနေအထား ဖြစ်နေသည်ကို တွေ့ရသည်။  အထူးသဖြင့် ဦးတင်အောင်မြင့်ဦး ကဲ့သို့  စစ်ခေါင်းဆောင်ဟောင်းများ ဦးစီးသော အစိုးရအဖွဲ့နှင့် ညိုနှိုင်းရန် ယုံကြည်မှု ပျက်သုဉ်းနေသည်ကို တွေ့ရသည်။

၂၀၀၅ ခုနှစ် အမေရိကန်တွင် နိုင်ငံရေး ခိုလှုံသွားသော အစိုးရတပ်မှ ဗိုလ်မှူးဟောင်းအောင်လင်းထွဋ်ကမူ အထက်ဖော်ပြပါ သတ်ဖြတ်မှုများသည် ၂၀၀၀ ပြည့်နှစ်အချိန်လောက်မှစ၍ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ အမိန့်အရ စစ်တပ်က တိုင်းရင်းသား အပစ်အခတ် အဖွဲ့များအား ခပ်ကြမ်းကြမ်း ကိုင်တွယ်ရန်၊ အပစ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသများ၌ စစ်အင်အား တိုးချဲ့ရန် စသည့် မူဝါဒများနှင့် အဓိက သက်ဆိုင်သကဲ့သို့၊ ဦးတင်အောင်မြင့်ဦး၏ ကြမ်းကြမ်း တမ်းတမ်း အုပ်ချုပ်မှုများကြောင့်လည်း ဖြစ်သည်ဟု ဧရာဝတီအား လွန်ခဲ့သည့် အပတ်က ပြောကြားခဲ့သည်။

03-2006_Kutkai_Killings8
မြုပ်နှံ သဂြိင်္ုဟ်ရန် သယ်ဆောင်လာပုံ
“တင်အောင်မြင့်ဦး ဆိုတာ တပ်ထဲမှာတော့ လူသတ်သမားလို့ နာမည်ကြီးတဲ့လူပါ။ သူရဲ့ ဆောင်ပုဒ်က ရန်သူကို မညှာနဲ့၊ ရှင်းစရာရှိရင် အပြတ်ရှင်း၊ ဒါကသူပြောနေကျ။ ရန်သူကို ညှာလာလို့ ဆိုပြီး ဗိုလ်မှူးလောက် အဆင့် ရှိတဲ့သူကို ပါးရိုက်ပစ်တာ ကျုပ်ကိုယ်တိုင် မြင်ဖူးတယ်” ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

KIA အရာရှိများက ဆက်လက် ဖြစ်ပွားနေသော KIA နှင့် အစိုးရတပ် တိုက်ပွဲများတွင် အဓိက ပါဝင်နေသူတဦးမှာ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်သည်ဟု ယူဆကြသည်။ ဗိုလ်မှူးကြီးဇော်ရောနှင့် အခြား KIA အရာရှိများက ဖော်ပြပါ သတ်ဖြတ်မှုများအား ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်ကင်တားနား အဆိုပြုထားသည့် မြန်မာနိုင်ငံ အတွင်း စစ်ရာဇဝတ်မှုများ၊  လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ စုံစမ်းရေးကော်မရှင် နှင့် တခြား နိုင်ငံတကာ တာဝန်ရှိသည့် အဖွဲ့အစည်းများက စုံစမ်း အရေးယူ ဖော်ထုတ်သင့်ကြောင်း ပြောဆိုကြသည်။

“ကုလသမဂ္ဂက ဒီကိစ္စတွေကို စုံစမ်း ဖော်ထုတ်စေချင်တယ်။ ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး" ဟု ဗိုလ်မှူးကြီးဇော်ရောက ဆိုသည်။

Sunday 17 July 2011

KIA ဒေသ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု (မှတ်တမ်းရုပ်သံ)

 Burma's Vice-President Implicated in Kachin Massacres in 2001. Vice President Tin Aung Myint Oo should be investigated by a United Nations' Commission of Inquiry for his role as regional commander during a series of brutal massacres in Shan State, says the leadership of the Kachin Independence Army (KIA).

This incident occurred in a small agricultural farm in Mung Si District in Shan State. The KIA report lists the plot in the hamlet of Nawng Tau Si Sa Pa, and says the farm was run by the KIA's 2,000-strong Battalion 4, as part of a regional development program initiated after the ceasefire in 1994.


 

ရှမ်းပြည်တပ်မတော်နဲ့ ကြံ့ဖွတ်စစ်အစိုးရ စစ်တပ်ကြား တိုက်ပွဲ (ရုပ်သံ)

Sunday 10 July 2011

Happy World - Burma, the dictatorship of the absurd


Happy World - Burma, the dictatorship of the absurd from Happy World on Vimeo.

မြန်မာတပ်ထံမှ ဘွမ်ဆဲန်တောင်ကို ပြန်တိုက် ယူရန် KIA အသင့်ရှိ

DSC00460-1
ကချင်ပြည်နယ်အရှေ့ဘက် ရှေ့တန်းတနေရမှာ နေရာယူထားသော ကေအိုင်အေ စစ်သားတစ်ဦး။ ဓါတ်ပုံ-ကချင်သတင်းဌာန

မြန်မာအစိုးရစစ်တပ် သိမ်းပိုက်ထားသည့် ဘွမ်ဆဲန်တောင်ကို ပြန်တိုက်ယူရန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ အဆင်သင့် ရှိနေသည်ဟု KIA တပ်ရင်း ၁၅ အရာရှိတစ်ဦးက ပြောသည်။

“အဲဒီတောင်ကိုပေးလိုက်တာမဟုတ်ဘူး။ ခဏ ရှောင်ပေးထားတာပါ။ စစ်တိုက်တုန်းက ကျည်ဆံကုန်သွားလို့ လူအဆုံးရှုံးမခံနိုင်လို့ ခဏ ဆုတ်ပေးထားတာပါ။ ကျွန်တော်တို့ဘက်ကတော့ ခုတိုက်ရင် ရနိုင်တယ်။ ဒါပေမဲ့ အထက်လူကြီးတွေက အမိန့်မပေးသေးလို့ပါ။ နောက်ထပ်ဆွေးနွေးပွဲကို မြန်မာစစ်အစိုးရဘက်မှ အကြောင်းပြန် ကြားမှာကို စောင့်နေတာ။” ဟု တပ်ရင်း ၁၅ အရာရှိတစ်ဦးက ပြောသည်။

အင်အား ၄၀ ခန့်ရှိသော အစိုးရစစ်တပ်မှ ဇွန်လ ၁၂ ရက်နေ့မှ စတင်၍ ယခုအချိန်ထိ ၎င်းတောင်ကို သိမ်းယူ ထားခြင်းဖြစ်သည်။ တာခေါ်ခမြစ် အထက်ဘက်ရှိ တာပိန်ရေကာတာ လုံခြုံရေးအတွက် သိမ်းယူလိုက် ခြင်းဖြစ်သည်ဟု KIA ဥက္ကဌနှင့် ရင်းနှီးသူတစ်ဦးက ဤကဲ့သို့ပြောပြပါသည်။

“စစ်ရေးအနေနဲ့ကြည့်မယ်ဆိုရင် အလွန်အရေးပါတဲ့ တောင်ဖြစ်ပြီး KIA ဌာနချုပ်နဲ့ တပ်မဟာ ၃ ကို ဆက်သွယ်ပေးတဲ့ နေရာဖြစ်ပါတယ်။ အဲဒီတောင်ကိုလက်လွတ်လိုက်မယ် ဆိုရင် မိုင်ဂျာယန်နဲ့ လိုင်ဇာလုံခြုံရေး အတွက်စိုးရိမ်ရတယ်။” ဟု ပြောသည်။

အစိုးရစစ်တပ်မှ ရှေ့တိုးနေရာမယူနိုင်အောင် KIA တပ်ဖွဲ့မှ ဘွန်ဆဲန်တောင် ပတ်ပတ်လည်ရှိတောင်များတွင် နေရာယူဝိုင်းထားခြင်းဖြစ်ပြီး မြန်မာစစ်တပ် ထပ်မံနယ်ကျွံပါက ပစ်ခတ်ဟန့်တားရန် အသင့်ရှိနေကြောင်းလည်း တပ်ရင်း ၁၅ အရာရှိကပြောသည်။

အပစ်ခတ်ရပ်စဲရန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နှင့် ကချင်ပြည်နယ်အစိုးရတို့ ကြိုးစားနေချိန်မှာ ရှေ့တန်းစစ်မြေပြင်၌ တိုက်ပွဲငယ်များ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်သည်။

Baroness Cox: 'If we ignore wrongs, we condone them'

Baroness Cox သည်မြန်မာပြည်အရေးကို အမြဲအားပေးကူညီပြီး ယိုးဒယားမြန်မာနယ်စပ်ကိုလည်း အခါများစွာသွားရောက်ခဲ့ဘူးပါသည်။

When Baroness Cox takes up a cause, she invariably courts controversy. Her latest – a campaign against sharia law – is no exception. Jerome Taylor meets her

Monday, 20 June 2011
 
Baroness Cox
TERI PENGILLEY
Baroness Cox outside the Houses of Parliament

If there is one thing Baroness Caroline Cox is not afraid of it is whipping up controversy. For almost three decades the Christian peer has sat in the House of Lords campaigning on one obscure issue to another, desperately trying to alert Britain's political elite to some of the world's forgotten conflicts. Nagorno-Karabakh, southern Sudan, Burma, Nigeria: If there is an ignored conflict – particularly one in which Christians are facing persecution – you can bet the 73-year-old will have been there.
"I seem to spend half my life in a jungle, a desert or half way up a mountain," she says, explaining her return from Burma, which she entered illegally to report on rights abuses against minority tribes. She will soon travel back to Sudan, which is lurching back towards civil war.
She often enters war zones under fire – no one could deny that Baroness Cox is brave. But the tactics she uses often raise eyebrows. In the 1990s, she infuriated anti-slavery groups when she began travelling into Sudan to buy slaves from Arab traders with money raised by evangelical churches.
By her own reckoning she spent somewhere in the region of £100,000 freeing more than 2,000 slaves during 55 trips to Sudan – one of the few countries at the time where slavery was still openly practised, often with deliberate government backing.
Proponents said the world simply could not stand by while humans were being traded on an open market. But the vast majority of anti-slavery charities condemned such forays, arguing that the purchase of people, no matter how altruistic the intentions, only perpetuated and encouraged the trade.
More recently, Baroness Cox stoked tensions when she, along with two other peers, extended an invitation to far-right Dutch politician Geert Wilders to screen his highly inflammatory and anti-Islamic film, Fitna, in the House of Lords. 

တပ်မ (၇၇) အောက်ခြေစစ်သည်များ စားဝတ်နေရေး အကြပ်တွေ့နေ

RFA 2011-07-08
ပဲခူးတိုင်းအတွင်း အခြေစိုက်တဲ့ တပ်မ (၇၇) ရဲ့ တပ်ရင်းတွေမှာ အောက်ခြေ စစ်သည်တွေဟာ သူတို့  ရရှိတဲ့ လစာနဲ့ အခြေခံ ရိက္ခာ လုံလောက်မှု မရှိတဲ့ အတွက် စားဝတ်နေရေး ကြပ်တည်း ဆိုးဝါးနေတယ်လို့  စုံစမ်း သိရှိရပါတယ်။

(Photo: AFP)
မြို့တွင်း လုံခြုံရေး အစောင့်တာဝန်ကျ စစ်သားတဦး ဖြစ်ပါသည်။ (Photo: AFP)
တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းတွေက တောင်ငူ အခြေစိုက် တိုင်းမှူးနဲ့ နေပြည်တော် အထိ အကျိုးအကြောင်း တင်ပြခဲ့ပေမယ့် အထက် အဆင့်ဆင့်က တပ်တွင်း စားဝတ်နေရေး ဖူလုံအောင် ဖြေရှင်းပေးခြင်း မရှိသေးဘူးလို့  အဲဒီတပ်က တပ်ကြပ်ကြီးတဦးက အာရ်အက်ဖ်အေကို ပြောပြပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းက တပ်မတော် အတွင်း အခြေခံ လစာတွေ တိုးပေးခဲ့ပါတယ်။ ဒါပေမဲ့ ရရှိတဲ့ လစာအပေါ် ဖြတ်တောက်တာတွေ များတာ၊ တပ်တွင်း ရိက္ခာ အခြေခံ ရိက္ခာတွေကို လျှော့ချတာတွေ အပြင် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ကြီးမြင့်တာကြောင့် အောက်ခြေ အဆင့်ဆင့်မှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေပြီး တပ်ပြေးတွေ များလာနေတယ်လို့ သိရပါတယ်။

Tuesday 5 July 2011

KYUK Annual Meeting and Youth Exchange Invitation

Dear all Karen people in the UK and abroad

We, the representative of Youth in the UK, invite you to come and participate with us on this summer (August) for KYUK (Karen Youth in the UK) annual meeting (Inc vote) and youth exchange.
Date: 01/08/2011 to 05/08/2011
Time: 09:30am to 03:30 pm
If you want to involve and participate with us (not a member) you are more than welcome to take part in and if you are interested in being a member of KYUK Please contact me.

Please inform/contact me in advance in order to arrange accommodation if you are interested in attending the Annual meeting and Youth Exchange.

For further information you can reach me via poehser@live.co.uk or 07401142949.
Faithfully Yours,
KYUK Committee