Tuesday 28 August 2012

ကချင်ဒေသ တိုက်ပွဲသတင်း ၂၇.၀၈.၂၀၁၂


Lachid Kachin facebook
 
KIA တပ်ရင်း ( ၆)လက်အောက်ခံတပ် (ဖားကန့်ဒေသ)နှင့် ဗမာအစိုးရတပ် (ခ.လ.ရ-၂၇၂)တပ်တို့ သြဂုတ် (၂၇ )ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄း ၃၀ အထိတိုက်ပွဲဖြစ်ခဲ့ကြပါသည်။ ဗမာအစိုးရတပ် အင်အား (၁၅၀)ခန့်သည် ဖားကန့်မြို့နယ် မျောက်ဖြူမှော်၊ ဆိုင်းဂျာဘွမ်၊မိုးသောက် ကြယ်ကုမ္ပဏီ စသည့်နေရာများသို့ အဖွဲ့များခွဲကာ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ပါသည်။ KIAမျိုးချစ်ပြည့်သူစစတပ်ဖွဲ့ တို့၏ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှုကိုခံရကာ ညနေ ၄း၃၀ ၊ အထိတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားကြောင်း သိရှိရပါသည်။ တိုက်ပွဲအတွင်း အစိုးရစစ်တပ်ဘက်မှ (၁၇) ဦးကျဆုံးပြီး၊ (၂၄) ဦး ဒဏ်ရာရှိကာ, ဒဏ်ရာရရှိသောမြန်မာ စစ်သားများအား ဖားကန့် ဆေးရုံသိုပို့ထားကြောင်း၊ လက်နက်များလည်း သိမ်းဆည်းရရှိကြောင်း KIA ရှေ့တန်းအရာရှိများထံမှ သတင်းရရှိပါသည်။ 

No comments:

Post a Comment