Thursday 25 October 2012

Suu Kyi: wins and losses


(Commentary) – Suu Kyi's recent US trip was a huge win for her as well as a very crucial loss.
Burma opposition leader Aung San Suu Kyi takes a question from a university audience in Kentucky during her US tour. Looking on is US Sen. Mitch McConnell. Photo:University of Louisville
Burma opposition leader Aung San Suu Kyi takes a question from a university audience in Kentucky during her US tour. Looking on is US Sen. Mitch McConnell. Photo:University of Louisville 
The big win was the outpouring of accolades, tributes and adulation from the UN, Americans all over the nation and by the Burmese diaspora. She reaped tributes for all her sacrifices and steadfast defense of freedom for all Burmese, and she deserves it all without a doubt.

Her loss is Khun Htun Oo, the Kachins and the ethnic groups and their regard for her. This is much much more crucial.

Khun Htun Oo is a big voice. She was compelled to answer Khun Htun Oo and her ethnic brethren’s' criticism from the podiums of the US. That should not have been the case. Her reasons for not criticizing the government on ethnic issues should have been communicated to Khun and the rest of the ethnic and democratic leaders way before the misunderstanding arose, by networking actively and making known to them her strategy in reconciliation with the president.

Her reasoning was that the NLD is not the government therefore she did not want to take sides.  Taking a side could be like a genie, once let out it could be hard to take back.

Wednesday 17 October 2012

European Karen Network condolences on the death of Padoh Saw David Taw

 by European Karen Network on Wednesday, 17 October 2012 at 13:23 ·



 1 European Karen Network sends its condolences to the family of Padoh Saw David Taw, a prominent Karen leader of the Karen National Union (KNU), who passed away on 14th October2012 in Rangoon. Padoh Saw David Taw was born in Rangoon on 10 March, 1948. He graduated from Rangoon University with a Bachelors of Art in history. He joined the struggle to free his people since he was young, and later became Executive Committee member of the KNU, carrying out important work for the Karen resistance. He was a leading member of the KNU’s delegation that negotiated the-ceasefire agreement with the Burmese government earlier this year in January 2012.

 European Karen Network is saddened by the loss of a great leader. He was a fearless and impressive leader, which earns him respect as one of the leading ethnic politicians in a modern Burma. He was hard working, and he dedicated his whole life in the struggle for freedom for his people and a federal democratic Burma. He had made a significant contribution to the current developments in the country. 

European Karen Network sends heartfelt sympathy to his family and the Karen National Union. Padoh Saw David Taw will be remembered for his love and the work that he had done for his people. … End…

Sunday 14 October 2012

KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထော ကွယ်လွန်

အောက်တိုဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ) ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟို တရားရေးတာဝန်ခံ ပဒိုစောဒေးဗစ်ထောသည် ယနေ့ည မြန်မာစံတော်ချိန် ၁၀နာရီခွဲတွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားပြီ ဖြစ်သည်။ အသက် ၆၅နှစ်ရှိသည့် ပဒိုဒေးဗစ်ထောသည် ၎င်းတက်ရောက်ကုသနေသည့် မင်္ဂလာဒုံ စစ်ဆေးရုံ၌ပင် ကွယ်လွန်သွားခြင်းဖြစ်ပြီး ၎င်းကို ရန်ကုန်မှ ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာအထိ ဟယ်လီကော်ပတာဖြင့် ညတွင်းချင်း ပြန်လည်ပို့ဆောင် ရန် အစိုးရဘက်မှ စီစဉ်ထားသည်။ ယင်းနောက် သင်္ကန်းညီနောင်မှတဆင့် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်သယ်ဆောင်သွားရန် ကေအဲန်ယူဘက်မှ စီစဉ်ထားသည်ဟု ကေအဲန်ယူအသိုင်းအ၀ိုင်း၏ ပြောဆိုမှုများအရ သိရသည်။ ဇနီးနော်ဂျင်းဂျာနှင့် သားနှစ်ဦး သမီးသုံးဦးထွန်းကားသည့် ပဒိုစောဒေးဗစ်ထောကို မိဘများဖြစ်သည့် ဦးရွှေထော၊ နော်မေဖိုးတို့မှ ၁၉၄၈ခုနှစ်၊ မတ်လ ၁၀ရက်တွင် မွေးဖွားခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၌ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူဖြစ်သည်။ ၎င်း၏ ဈာပနကိစ္စနှင့် ပတ်သက်၍ နောက်ရက်များတွင် ကေအိုင်စီမှ ဆက်လက် ရေးသားတင်ပြသွားမည်ဖြစ်သည်

Thursday 11 October 2012

KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၏ ကရင်လူထုသို့ ပေးပို့သောစာ

KNU GS_ Open Letter To Karen society



ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးဦးဆောင်မည့် သတင်းစာရှင်းလင်းပွဲ မြ၀တီတွင် ပြုလုပ်မည်

အောက်တိုဘာလ ၁၀ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟိုဌာနချုပ်၏ ဆုံးဖြတ်ချက်ဖြင့် တာဝန်မှ ရပ်စဲခံထားရသည့် ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အောက်တိုဘာလ ၁၃ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ KNU ဆက်ဆံရေးရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

တာဝန်မှ ရပ်စဲခံထားရသည့် ခေါင်းဆောင်များနှင့် ကေအဲန်ယူ ခရိုင်နှင့် တပ်မဟာခေါင်းဆောင်အချို့က အဖွဲ့အတွင်း ညီညွှတ်ရေး ပြန်လည်ရရှိရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးကြပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “အဓိက ဒီသတင်းစာရှင်းလင်းပွဲမှာ ဖူးမူတူးစေးဖိုး (ကေ အဲန်ယူ စစ်ဦးစီးချုပ်)က လက်ရှိ ကေအဲန်ယူအတွင်း သဘောထားကွဲလွဲတယ်လို့ သတင်းထွက်တာနဲ့ ပတ်သက်ပြီး အခြေအနေ ဆိုးဆိုးဝါးဝါးမဖြစ်အောင် ညီညွှတ်မှုကို ဆက်ထိန်းထားဖို့ ရှင်းပြသွားမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကေအဲန်ယူအတွင်း ခေါင်းဆောင်များအချင်းချင်းကြား အစည်းအဝေးများ ဆက်လက် ကျင်းပပြီး တဆင့်ပြီး တဆင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ကာ ညီညွှတ်မှုကို ရှေးရှု၍ မကြာမီ ပြုလုပ်ကျင်းပတော့မည့် ကေအဲန်ယူ၏ ၁၅ ကြိမ် ညီလာခံကြီးသို့ အားလုံး တက်ရောက်သွားရန် ရှိသည်ဟု သူက ဆက်ပြောသည်။

ယခု ပြုလုပ်မည့် ၎င်းသတင်းစာရှင်းလင်းပွဲကို တာဝန်မှ ရပ်စဲခံရသူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒို စောရောဂျာခင်တို့ တက်ရောက်မည်ဖြစ်သော်လည်း ဗဟိုတရားရေးဌာနတာဝန်ခံ ပဒိုစောဒေးဗစ်ထော တက်ရောက် နိုင်ခြင်း ရှိမရှိကိုမူ မသိရသေးပါ။
၎င်းသတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူများမှာ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ကေအဲန်ယူ အရံ ဗဟိုကော်မ တီဝင် ပဒိုမန်းငြိမ်းမောင်တို့ ဖြစ်သည်ဟု သိရသည်။
ထို့အပြင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် သတင်းထောက်များ၊ မြန်မာပြည်တွင်းရှိ သတင်းထောက်များ အပါအ၀င် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သတင်းယူသူအားလုံးကို လက်ခံကြိုဆိုသည်ဟု ပဒိုစောအောင်မော်အေးက ပြောသည်။
စက်တင်ဘာလ ၂၇ရက်နေ့က ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးဦးစီးကာ ကေအဲန်ယူ ခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့ ပါဝင်သည့် ၃၁ဦးပါအဖွဲ့သည် ကရင်ပြည်နယ်၊ ဖားအံမြို့သို့ KNLA ဆက်ဆံရေးဖွင့်ရန် ထွက်ခွာသွားသည့် ခရီးစဉ် နှင့် ပတ်သက်၍ KNU ဗဟိုဌာနချုပ်မှ တစုံတရာ မသိရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့နောက် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ဦးအနက် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုစောရောဂျာခင်နှင့် ပဒို စောဒေးဗစ်ထော ၃ဦးတို့ကို စက်တင်ဘာလ ၂၇ရက်မှ ၂၉ရက်နေ့အထိ ပြုလုပ်ခဲ့သော ကေအဲန်ယူ ဗဟိုအလုပ်အမှု ဆောင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ တာဝန်မှ ရပ်စဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Tuesday 9 October 2012

Cartoon

ကချင်ပြည်နယ် တိုက်ပွဲများအပေါ် စိတ်ပျက်နေတဲ့အရာရှိများ

စည်းလုံးခြင်းရဲ့အင်အား မှ

KIA ရှေ့တန်းတပ်စခန်းတစ်ခု
ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်များနဲ့ KIA တပ်များရဲ့ တိုက်ပွဲတွေ ဖြစ်ပွားမှု အချိန်ကာလဟာ ကြာညောင်းလာတာနဲ့အမျှ ယနေ့ဆိုလျင် တစ်နှစ်ကျော်ကာလ အထိ ဖြတ်သန်းနေပြီ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေမှာ ကြုံတွေ့ခဲ့ကြတဲ့ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ၊ စကခနှင့် တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းများမှ အရာရှိများဟာ နောက်တန်းသို့ ပြန်ရောက်လာချိန်မှာ မြို့ထဲစားသောက်ဆိုင်များတွင် အတူတကွ ညစာ စားသုံးရင်းနဲ့ ရင်ဖွင့်လာကြပါတယ်။ အလားတူ အရာရှိများ ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတက်နေရင်း ဆေးရုံဝန်းကျင်ရှိ လက်ဖက်ရည်ဆိုင်များသို့ လည်ပတ်ကြရင်း သူတို့ရဲ့ခံစားချက်များကို သိရှိခဲ့ရပါတယ်။
အရာရှိများအနေနဲ့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တွင် ကြုံတွေ့နေခဲ့တဲ့ တိုက်ပွဲများနှင့်မတူပဲ ကချင်ပြည်နယ်ရှိ တိုက်ပွဲများကို ခက်ခက်ခဲခဲ ကြုံတွေ့ရကြောင်း၊ ကန့်သတ်စစ်ပွဲနဲ့ ကြုံတွေ့နေရသလို အထက်မှပေးတဲ့ အမိန့်ဟာ ပြတ်သားမှု မရှိကြောင်း၊ ရိက္ခာပို့တဲ့ လမ်းကြောင်းမှာ KIA မှ ခြုံခိုတိုက်ခိုက်ခံရလို့ ထိခိုက် ကျဆုံးရသည်များလည်း ရှိကြောင်း၊ တချို့အနေအထားမှာတော့ လမ်းကြောင်းလုံခြုံရေး ယူရာမှာ အဝေးစည်း၊ အပြင်စည်း၊ အတွင်းစည်း လက်နက်ကြီးတစ်ကမ်း လုံခြုံရေး ယူရလို့ KIA လှည့်ကင်းတပ်တွေနဲ့ ရုတ်တရက် ရင်ဆိုင်တွေ့ကာ တိုက်ပွဲဖြစ်ရကြောင်း၊ အဲဒီဖြစ်စဉ်အရ တပ်ကရော KIA ပါ ဘယ်သူ့ဘယ်သူကိုမှ “စ”တိုက်တယ်လို့ ပြောလို့မရနိုင်ကြောင်း၊ စစ်ကြောင်းတွေ စခန်းယာယီချရင်တောင်မှ ကြိုတင်ကာကွယ်တဲ့ သဘောနဲ့ ကာကင်းထုတ်ရတဲ့ သဘောရှိကြောင်း၊ စစ်နည်းဗျူဟာ သဘောအရ ချီတက်နေစဉ် လမ်းခရီးတ၀က်တပျက်တွင် ဦးတည်ရန်သူ မရှိသေးတဲ့အချိန်မှာ သင်္ကာမကင်းတဲ့နေရာတွေ့လို့ သံသယရှိလို့ မိမိဒဏ်ရာရမ မရှိစေရန် ကြိုတင် ပစ်ရှင်းရှင်းရတဲ့ သဘောလည်းရှိကြောင်း၊ ထိခိုက်ဒဏ်ရာရလို့ လူနာပို့ရင်တောင် မြေပြင်မှ မပို့ရဲတော့ပဲ ဝေဟင်မှ ရဟတ်ယာဉ်ဖြင့် ပို့ပေးရကြောင်း၊ ကချင်ပြည်နယ်တွင် အခြေပြုထားသော တပ်ရင်းများရဲ့ နောက်တန်းတပ်ရင်းဌာနချုပ်များ လုံခြုံရေးကို အထက်လူကြီးတွေက အကာအကွယ်ပေးမှု အားနည်းတာကြောင့် KIA က ၀င်တိုက်မှာစိုးလို့ ရှေ့တန်းတွင် တိုက်နေတဲ့ လင်ယောက်ျားများအဖို့ နောက်တန်းရှိ ဇနီးသားမယား မိသားစုများအပေါ် စိတ်ပူပန်နေရကြောင်း၊ တကယ်တော့ အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ချင်ပြီဆိုရင် ရှေ့တန်းစစ်မျက်နှာများတွင် တပ်အင်အားဖြည့်တင်းမှုနှင့် ရိက္ခာလက်နက်ခဲယမ်း ဖြည့်တင်းမှုတွေကို လုပ်ဆောင်ဖို့ မသင့်တော်တော့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များက စစ်ရေးအရ ဖိအားပေးနေသည်ကိုပဲ မြင်နေကြောင်း၊ မိမိတို့က KIA နှင့် ထိပ်တိုက်တွေ့လျှင် ကိုယ့်ကိုကိုယ် ခုခံကာကွယ်လို့ ပစ်ရပါသည်ဆိုတဲ့ ဆင်ခြေနဲ့ တန်ပြန် တိုက်စစ်ဆင်ရသည်မှာ လက်တွေ့တော့ မလွယ်ကူလှပါကြောင်း၊ မပခတိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင်ပင် စစ်ဆင်ရေးမှာ ကွပ်ကဲမှု စီမံခန့်ခွဲရေးညံ့ဖျင်းလို့ အရာရှိ/စစ်သည်များ အကျအဆုံးများသည်ဟုဆိုပြီး ရထားဝန်ကြီးအဖြစ် ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ဖယ်ရှားပစ်လိုက်သည်မှာ အံ့သြကြောင်း၊ သူတို့ရဲ့တပ်ရင်းမှူးများဟာ လေးလပတ် အစည်းအဝေးကျင်းပရင်တောင် ရန်သူနဲ့တိုက်ပွဲဖြစ်စဉ်များ၊ အပေါင်းအနုတ် ရလဒ်များ တင်ပြရလျှင် ထိခိုက်ကျဆုံး ဒဏ်ရာရသူများ များပြားတာမို့ အနုတ်ဂဏန်းသာ လွှမ်းမိုးနေလို့ စိတ်ညစ်နေကြကြောင်း၊ ပြင်ပနယ်ပယ်မှာ သမ္မတအမိန့် မနာခံလို့ တပ်မတော်က KIA ကို တိုက်နေပါတယ်ဆိုတဲ့ နာမည်ပျက်မှုတွေကိုလည်း ကြားသိနေရလို့ စိတ်ပျက်နေကြကြောင်း၊ ငြိမ်းချမ်းရေးရရှိဖို့ နိုင်ငံရေးနဲ့စစ်ရေး မဟာဗျူဟာများ အားပြိုင်နေတဲ့အပေါ် တပ်မတော်သားတွေဟာ သားကောင်အဖြစ် ကြုံတွေ့နေရပါကြောင်း စသဖြင့် တပ်မတော် အရာရှိတချို့ရဲ့ ရင်ဖွင့်သံများကို တင်ပြပေးလိုက်ရပါတယ်။