Wednesday, 24 November 2010
Tuesday, 23 November 2010
ဝေါ်လေဒေသရှိ စစ်အစိုးရတပ်ဖွဲ့များ စားရေရိက္ခာပြတ်လပ
ဝေါ်လေဒေသရှိ စစ်အစိုးရတပ်ဖွဲ့များ စားရေရိက္ခာပြတ်လပ်
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၀ ခုနှစ်။
နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၀ ခုနှစ်။
ဗိုလ်မှူးချုပ်စောလားပွယ်ဦးဆောင်သည့် တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA တပ်ဖွဲ့များ ၀ိုင်းရံ ထားသည့် စစ်အစိုးရတပ်စခန်းတွင် စားရေရိက္ခာပြတ်လပ်လျှက်ရှိသည်ဟု သိရသည်။
မြ၀တီမြို့တောင်ဖက်၊ ဝေါ်လေဒေသရှိ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် စကခ(၈) နည်းဗျူဟာ(၃) လက်အောက်ခံ တပ်ရင်းအခြေစိုက် ဗျူဟာကုန်းအား DKBA တပ်ဖွဲ့များက၀ိုင်းရံထားခြင်းဖြစ် သည်ဟု စစ်အစိုးရတပ်နှင့် နီးစပ် သူတဦးက ပြောသည်။
“ဝေါ်လေဖက်တောင်ကုန်းတကုန်းမှာ ဗိုလ်နှုတ်ခမ်းမွှေးတို့၊ ဗိုလ်ကျော်သက်တို့ အဖွဲ့တွေက ၀ိုင်းထား တယ်တဲ့။ ၀ိုင်းထားတော့ အခုအစာငတ်၊ ရေငတ်ဖြစ်နေတယ်လို့ပြောတယ်။ အဲဒီ DKBA ၀ိုင်းထားတဲ့ အပြင်မှာ မိုင်းတွေထပ်ထောင်ထားတာ။ သုံးဆင့်လောက်ရှိတယ်လို့ပြောတယ်။အဲဒီမှာ ဒီဖက်က စစ်ကူ တွေဘာတွေသွားလို့မရဘူးလို့သူတို့ပြောတယ်။ လမ်းမှာမိုင်းထိပြီးတော့ သူတို့နောက်ပြန်ဆုတ်လာတာ။ ပြီးခဲ့တဲ့စနေနေ့က နင်းမိုင်းထိလို့ (၇) ယောက်ကျသွား တယ်ပြောတယ်။”
DKBA မှ ဗိုလ်မှူးကြီးစောကျော်သက်က ယင်းကိစ္စမှန်ကန်ကြောင်းနှင့် ယခုလ(၈)ရက်နေ့က မြ၀တီနှင့် ဘုရား သုံးဆူမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှစ၍ ယနေ့ထိ ၀ိုင်းရံထားဆဲ ဖြစ်ပြီး နိုင်ငံရေးပြဿနာအား နိုင်ငံရေး နည်းဖြင့်ဖြေရှင်းရန် လိုအပ်သည်ဟု ယခုလိုပြောသည်။
“လွန်ခဲ့တဲ့စနေနေ့ကပဲ သူတို့ မိုင်းနင်းမိတယ်လေ။ စစ်ကူလာတဲ့ တပ်ရင်းတွေပေါ့။ ဘယ်တပ်ရင်း လည်းတော့ ကျနော်တို့လည်းကောင်းကောင်းမသိဘူးလေ။ ကျနော်တို့တော့ ဆက်ပြီးဝိုင်းထား မှာပေါ့။ သူတို့ကနိုင်ငံရေးနဲ့ မဖြေရှင်းရင် ဒီစခန်းကလည်း ကျနော်တို့က မလွတ်ဖူး။”
ယင်းဒေသသည် DKBA တပ်မဟာ(၅)အခြေစိုက်ဒေသဖြစ်ပြီး ယခုလ(၁၀)ရက်နေ့က လက်ရှိ အ၀ိုင်းခံထားရ သည့် ဗျူဟာကုန်းမှ ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အတွက် ဒေသခံလူထု (၄၀၀)ခန့် ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
မကြာသေးမီအချိန်က DKBA တပ်ဖွဲ့များနှင့် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်ဖွဲ့များ ကြား ပူးတွဲစစ်ဆင်ရေးများပြုလုပ်သွားရန် သဘောတူညီမှုရရှိခဲ့သည်ဟု ဗိုလ်မှူးကြီး စောကျော်သက်က ပြော သည်။
လတ်တလောအခြေအနေအရ ဒေသတွင်းတိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း စစ်အစိုးရ၏ စစ်ကူအင်အား တပ်ရင်း(၁၀)ရင်းခန့် ဘုရားသုံးဆူဒေသသို့ ရောက်ရှိနေသည်ဟု သတင်းရရှိ သည်။
ဒေသတွင်းတိုက်ပွဲများ ကြိုကြားဖြစ်ပေါ်နေသည့်အပေါ် ဒေသခံလူထုအား ငဲ့ညာသည့်အနေဖြင့် DKBA တပ်မ ဟာ(၅)မှူး ဗိုလ်မှူးချုပ်စောလားပွယ်က စစ်အစိုးရနှင့်သုံးရက်တာ တဖက်သတ် အပစ်ခတ်ရပ်စဲမည်ဟု ပြောဆို ခဲ့သော်လည်း စစ်အစိုးရတပ်ဖက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက ခုခံကာကွယ်သွားရန်ရှိသည်ဟုပြောကြောင်း ယနေ့ထုတ်ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိသည်။
Labels:
NEWS
Monday, 22 November 2010
Sunday, 21 November 2010
'We’re Simply Hopeless and Helpless Here'
MYITSONE, Kachin State — The path to Myitsone Village is thickly covered with weeds. Most of the houses in the village are abandoned. No children, no noise, no music in this village, which used to be home to 62 families.
The regime and China's state-owned China Power Investment Corporation are jointly constructing the country's largest dam just 1.6 km below the confluence the of the Mali and N' Mai rivers. Sixty villages in the flood zone have been ordered by the government to relocate to a new location.
Farmers in this area are frustrated about how to begin their new life. They paid little attention to the recently completed election, and have little hope for help.
Lum Dau, in his forties, scratched his head, thought hard, and said simply, “I don't know what to expect. Like the present [military] government, the new government will also do whatever it likes. It's no use hoping.”
People in Myitsone Village, about 27 miles to the north of Myitkyina, the capital of Kachin State, want the government to halt dam construction and return their families to their villages. But they know that's just a dream. But many plan to keep fighting, to keep hope alive.
In this northern state bordering with China, the Burmese government and its cronies have been exploiting forests and natural resources such as teak, jade and gold for many years, and there has been very little help for the people.
Now in partnership with the China state-owned company, the government has set about to build seven hydroelectric power plants on the Mali, N’ Mai and Irrawaddy rivers. Myitsone Dam is one of them and the first on the Irrawaddy River.
Because of Myitsone Dam, 15,000 people from 60 villages will lose their means of livelihood, including farming, fishing and non-timber forest product collection, according to the Chiang Mai-based Kachin Development Networking Group (KDNG).
|
Farmers in this area are frustrated about how to begin their new life. They paid little attention to the recently completed election, and have little hope for help.
Lum Dau, in his forties, scratched his head, thought hard, and said simply, “I don't know what to expect. Like the present [military] government, the new government will also do whatever it likes. It's no use hoping.”
People in Myitsone Village, about 27 miles to the north of Myitkyina, the capital of Kachin State, want the government to halt dam construction and return their families to their villages. But they know that's just a dream. But many plan to keep fighting, to keep hope alive.
In this northern state bordering with China, the Burmese government and its cronies have been exploiting forests and natural resources such as teak, jade and gold for many years, and there has been very little help for the people.
Now in partnership with the China state-owned company, the government has set about to build seven hydroelectric power plants on the Mali, N’ Mai and Irrawaddy rivers. Myitsone Dam is one of them and the first on the Irrawaddy River.
Because of Myitsone Dam, 15,000 people from 60 villages will lose their means of livelihood, including farming, fishing and non-timber forest product collection, according to the Chiang Mai-based Kachin Development Networking Group (KDNG).
Labels:
NEWS
လက်နက်ကိုင် တော်လှန်ရေးသမား ၃၄ဦးကို မြန်မာပြည် ပြန်ပို့ရန် အိန္ဒိယအစိုးရ ရုပ်သိမ်း
Submitted by Karen Information Center on Saturday, 20 November 2010No Comment
နိုဝင်ဘာလ ၂၀ရက်။ စောခါးစူးညား (ကေအိုင်စီ)
အိန္ဒိယနိုင်ငံ ကလကတ္တားအကျဉ်းထောင်တွင် နှစ်ရှည်ထောင် ချုပ်နှောင်ခံထားရသော ကရင်နှင့် ရခိုင်တော်လှန်ရေးသမား အကျဉ်းသား ၃၄ဦးအား မြန်မာပြည်ပြန်ပို့ရေးကိစ္စကို အိန္ဒိယအစိုးရက နိုဝင်ဘာလ ၁၁ရက်နေ့က ပြန်လည်ရုပ်သိမ်းလိုက် သည်ဟု သိရသည်။၎င်းတို့ ၃၄ဦးသည် အမှုပြီးဆုံးသော်လည်း မြန်မာပြည်သားဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်အစိုးရက ဥပ ဒေကြောင်းအရ အိန္ဒိယနိုင်ငံတွင် ဆက်လက်နေထိုင်၍မရသဖြင့် မြန်မာပြည်ပြန်ပို့ရန် အစီအစဉ်ကို အောက်တိုဘာလက ထုတ်ပြန်ခဲ့ရာမှ ယခုလို ရုပ်သိမ်းပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမှုကို လိုက်လံလုပ်ဆောင်ပေးသည့် အိန္ဒိယနိုင်ငံသားများ ဖွဲ့စည်း တည်ထောင်ထားသော သွေးစည်းညီညွှတ်ရေးကော်မတီ (solidarity Committee for Burma’s Freedom Fighters)ကို ပါဝင်ကူညီပေးခဲ့သူ ကိုစိုးမြင့်က ကေအိုင်စီကို ယခုလို ပြောသည်။
သူက “ဥပဒေအရ သူတို့ဟာ မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် မိခင်နိုင်ငံကို ပြန်ပို့ရမှာဖြစ်ပေမဲ့ မြန်မာစစ်အစိုးရ လက် အောက်မှာ သူတို့ကို ပြန်ပို့ရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် အမှုစီရင်နေတဲ့အချိန်မှာ တရားစီရင်မှု စုံစမ်းစစ်ဆေး ရေးအဖွဲ့နဲ့ ညှိပြီး ပြန်မပို့ဖို့ သူတို့တွေ သဘောတူညီမှုရထားတာ ပါတယ်။ ဒါကြောင့် ပြန်မပို့တော့တာ။”ဟု ပြောသည်။
ဆက်လက်၍ သူက “သူတို့ကို တရားရုံးက စီရင်ချက်ချထားတာ ဒဏ်ငွေကလည်း ပေးပြီးပြီဆိုတော့ ဘာအမှုမှ မရှိတော့ ဘူး။ ဒါပေမဲ့ သူတို့မှာ တရားဝင် ခရီးသွား စာရွက်စာတမ်း မရှိဘူး။ သူတို့မှာ ကုလသမဂ္ဂ (UNHCR)ကနေ ယာယီ ထုတ် ပေးထားတဲ့ ကတ်ပြားရှိပေမဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတဲ့ စာရွက်စာတမ်းမဟုတ်တော့ ထောင်ထဲမှာပဲ နေနေရ တာ။”ဟု ဆိုသည်။
အိန္ဒိယဥပဒေအရ တရားစီရင်ခြင်းခံရသည့် အကျဉ်းသားများမှာ မြန်မာစစ်အစိုးရကို တော်လှန်နေသည့် ကရင်အမျိုးသား အစည်းအရုံး(KNU) အဖွဲ့ဝင် ၁၁ဦးနှင့် ရခိုင်ပြည်အမျိုးသားညီညွှတ်ရေးပါတီ(NUPA) အဖွဲ့ဝင် ၂၃ဦးတို့ဖြစ်ကြပြီး ၎င်းတို့ သည် ၁၉၉၈ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် ဂရိတ်နီကိုဘာကျွန်းစုရှိ လန်းဖောလ်ကျွန်းပေါ်တွင် ရေတပ်စခန်းတည် ဆောက်ရန် အိန္ဒိယအစိုးရ စစ်တပ်နှင့် သဘောတူညီမှု ရရှိခဲ့သည်။
ထိုသဘောတူညီချက်ဖြင့် ၎င်းတို့သည် အိန္ဒိယရေပိုင်နက် လန်းဖောလ်ကျွန်း(Landfall Island)အရောက် ၁၉၉၈ခုနှစ်၊ ဖေ ဖော်ဝါရီလ(၁၁)ရက်နေ့တွင် အိန္ဒိယနိုင်ငံရှိ ဗဟိုထောက်လှမ်းရေးဗျူရို (စီဘီအိုင်)က လက်နက်နှင့် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်ထားရှိမှု၊ ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိမှု၊ နိုင်ငံခြားသား အက်ဥပဒေအရ အိန္ဒိယနိုင်ငံအတွင်း တရားမ ၀င် ၀င်ရောက်မှုတို့ဖြင့် တရားစွဲဆိုဖမ်းဆီးခဲ့ကာ အဖွဲ့ခေါင်းဆောင် ဗိုလ်စောထွန်း၊ ပဒိုစောမူးလွယ်၊ ဗိုလ်စောမြင့်၊ ဗိုလ်ရာ ဇာ၊ ဗိုလ်ရန်နိုင်နှင့် ဗိုလ်လင်းဇံခိုင်တို့ကို ပစ်သတ်ခဲ့သည်။ကျန် ၃၄ဦးအား အန်ဒမန်နှင့် ဂရိတ်နီကိုဘာကျွန်းစုရှိ ပို့ဘလဲယားအကျဉ်းထောင်တွင် စစ်ဆေးမှုမရှိဘဲ ၈နှစ်ကြာ ထိန်း သိမ်းခဲ့ပြီး လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့များ၏ ကြိုးပမ်းမှုကြောင့် ၂၀၀၆ခုနှစ်တွင် ကလကတ္တားအကျဉ်းထောင်သို့ ပြောင်း ရွှေ့ခံရကာ ကလကတ္တားတရားရုံးက တစ်ဦးလျှင် ထောင်ဒဏ် ၁နှစ်၊ ၃လ၊ ဒဏ်ငွေ အိန္ဒိယရူပီ ၆,၀၀၀ဖြင့် ၂၀၁၀ခုနှစ် ဇူ လိုင်လ ၁၂ရက်နေ့က စီရင်ချက်ချကာ အမှုကို အပြီးသတ်ခဲ့သည်။ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက ၎င်းတို့အား မြန်မာပြည်ပြန်ပို့မည့်ကိစ္စ ရုပ်သိမ်းလိုက်သည့်အတွက် ၀မ်းမြောက်ကြောင်း၊ သို့သော် ကေအဲန်ယူအနေဖြင့် အိန္ဒိယနိုင်ငံသို့သွား၍ မဖြစ်နိုင်သည့်အ တွက် အိန္ဒိယနိုင်ငံရှိ ၎င်းတို့ကို ကူညီပေးနေသည့် NGO’s ၏ အကူအညီမှတဆင့် မိခင်အဖွဲ့အစည်းထံ ပြန်ခေါ်ရန် ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လက်ရှိ ၎င်းတို့လွတ်မြောက်နိုင်ရေး နောက်ဆုံးနည်းလမ်းကို ကိုးစိုးမြင့်က ယခုလို ပြောသည်။
“အိန္ဒိယအစိုးရ သူတို့ကို နေထိုင်ခွင့်ပေးမယ်ဆိုရင် သူတို့လွတ်မြောက်သွားပြီး နေထိုင်လို့ရတာပေါ့။ နောက်တချက်က (UNHCR)ကနေ သူတို့ ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုရင် (UNHCR)ဒုက္ခသည် စာရွက်စာတမ်းနဲ့ အိန္ဒိယမှာနေ လို့ရတယ်။ နောက်ဆုံးတချက်က တခြားနိုင်ငံတနိုင်ငံကနေ သူတို့ကို ခေါ်ပြီးလက်ခံတဲ့ ပုံစံမျိုးရှိရင် သူတို့ လွတ်မြောက်နိုင် တယ်။”ဟု ပြောသည်။
KIC NEWS
Labels:
NEWS
Friday, 19 November 2010
Shan units abandon bases
Friday, 19 November 2010 16:22 Jai Wan Mai
Chiang Mai (Mizzima) – Shan troop units have withdrawn into the jungle after burning their camps in central Shan State, a source said.
Shan State Army North (SSA-N) headquarters on Sunday instructed its units stationed at Wan Et, Mong Nang sub-township, in Wan Kang Township, and Wan Tu Ya in Mong Nawng Township to pull out. The instruction came after a unit of the Burmese Army attacked the group last Friday, the source close to the SSA-N said.
![]() |
| Shan State Army-South troops line up on a parade ground in the large northeastern state of Burma last year. The faction has as yet refused to join the six-member alliance of armed ethnic groups that signed a landmark deal to join forces against the Burmese Army on November 2, 2010. Some units of their counterparts in the state’s north, the Shan State Army-North, have burned their bases and withdrawn into the forest to avoid further contact with junta troops after a series of clashes. Photo: Jai Wan Mai |
Labels:
NEWS
Subscribe to:
Posts (Atom)
