ဝေါ်လေဒေသရှိ စစ်အစိုးရတပ်ဖွဲ့များ   စားရေရိက္ခာပြတ်လပ်
    သတင်းနှင့်မီဒီယာ   ကွန်ယက်။ ဇော်ကြီး။ 
နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၀ ခုနှစ်။
နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၀ ခုနှစ်။
    ဗိုလ်မှူးချုပ်စောလားပွယ်ဦးဆောင်သည့်   တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော်     DKBA    တပ်ဖွဲ့များ ၀ိုင်းရံ  ထားသည့်   စစ်အစိုးရတပ်စခန်းတွင် စားရေရိက္ခာပြတ်လပ်လျှက်ရှိသည်ဟု သိရသည်။  
    မြ၀တီမြို့တောင်ဖက်၊ ဝေါ်လေဒေသရှိ   စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် စကခ(၈) နည်းဗျူဟာ(၃) လက်အောက်ခံ တပ်ရင်းအခြေစိုက်   ဗျူဟာကုန်းအား  DKBA    တပ်ဖွဲ့များက၀ိုင်းရံထားခြင်းဖြစ် သည်ဟု   စစ်အစိုးရတပ်နှင့် နီးစပ်  သူတဦးက   ပြောသည်။  
    “ဝေါ်လေဖက်တောင်ကုန်းတကုန်းမှာ   ဗိုလ်နှုတ်ခမ်းမွှေးတို့၊ ဗိုလ်ကျော်သက်တို့ အဖွဲ့တွေက ၀ိုင်းထား  တယ်တဲ့။   ၀ိုင်းထားတော့ အခုအစာငတ်၊ ရေငတ်ဖြစ်နေတယ်လို့ပြောတယ်။ အဲဒီ     DKBA    ၀ိုင်းထားတဲ့  အပြင်မှာ   မိုင်းတွေထပ်ထောင်ထားတာ။ သုံးဆင့်လောက်ရှိတယ်လို့ပြောတယ်။အဲဒီမှာ ဒီဖက်က စစ်ကူ    တွေဘာတွေသွားလို့မရဘူးလို့သူတို့ပြောတယ်။ လမ်းမှာမိုင်းထိပြီးတော့    သူတို့နောက်ပြန်ဆုတ်လာတာ။ ပြီးခဲ့တဲ့စနေနေ့က   နင်းမိုင်းထိလို့ (၇) ယောက်ကျသွား တယ်ပြောတယ်။”    
    DKBA    မှ ဗိုလ်မှူးကြီးစောကျော်သက်က   ယင်းကိစ္စမှန်ကန်ကြောင်းနှင့် ယခုလ(၈)ရက်နေ့က မြ၀တီနှင့် ဘုရား    သုံးဆူမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှစ၍ ယနေ့ထိ   ၀ိုင်းရံထားဆဲ ဖြစ်ပြီး နိုင်ငံရေးပြဿနာအား နိုင်ငံရေး နည်းဖြင့်ဖြေရှင်းရန်   လိုအပ်သည်ဟု ယခုလိုပြောသည်။  
    “လွန်ခဲ့တဲ့စနေနေ့ကပဲ   သူတို့ မိုင်းနင်းမိတယ်လေ။ စစ်ကူလာတဲ့ တပ်ရင်းတွေပေါ့။ ဘယ်တပ်ရင်း လည်းတော့   ကျနော်တို့လည်းကောင်းကောင်းမသိဘူးလေ။ ကျနော်တို့တော့ ဆက်ပြီးဝိုင်းထား မှာပေါ့။   သူတို့ကနိုင်ငံရေးနဲ့ မဖြေရှင်းရင် ဒီစခန်းကလည်း ကျနော်တို့က မလွတ်ဖူး။”    
    ယင်းဒေသသည်     DKBA     တပ်မဟာ(၅)အခြေစိုက်ဒေသဖြစ်ပြီး ယခုလ(၁၀)ရက်နေ့က   လက်ရှိ အ၀ိုင်းခံထားရ  သည့်   ဗျူဟာကုန်းမှ ကျေးရွာအတွင်း  လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အတွက်   ဒေသခံလူထု (၄၀၀)ခန့် ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။  
    မကြာသေးမီအချိန်က     DKBA     တပ်ဖွဲ့များနှင့် ကရင်အမျိုးသားအစည်းအရုံး    KNU     လက်အောက်ခံ တပ်ဖွဲ့များ  ကြား   ပူးတွဲစစ်ဆင်ရေးများပြုလုပ်သွားရန် သဘောတူညီမှုရရှိခဲ့သည်ဟု ဗိုလ်မှူးကြီး   စောကျော်သက်က ပြော  သည်။  
    လတ်တလောအခြေအနေအရ ဒေသတွင်းတိုက်ပွဲဖြစ်ပွားမှု   မရှိသေးသော်လည်း စစ်အစိုးရ၏ စစ်ကူအင်အား တပ်ရင်း(၁၀)ရင်းခန့်   ဘုရားသုံးဆူဒေသသို့ ရောက်ရှိနေသည်ဟု သတင်းရရှိ သည်။  
    ဒေသတွင်းတိုက်ပွဲများ ကြိုကြားဖြစ်ပေါ်နေသည့်အပေါ်   ဒေသခံလူထုအား ငဲ့ညာသည့်အနေဖြင့်     DKBA     တပ်မ  ဟာ(၅)မှူး   ဗိုလ်မှူးချုပ်စောလားပွယ်က စစ်အစိုးရနှင့်သုံးရက်တာ တဖက်သတ် အပစ်ခတ်ရပ်စဲမည်ဟု   ပြောဆို   ခဲ့သော်လည်း   စစ်အစိုးရတပ်ဖက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက   ခုခံကာကွယ်သွားရန်ရှိသည်ဟုပြောကြောင်း ယနေ့ထုတ်ဘီဘီစီသတင်းတစ်ပုဒ်တွင်   ဖော်ပြပါရှိသည်။ 
 
 
 
 
 
 
 
 
 
 
 
 Posts
Posts
 
 
 
 
No comments:
Post a Comment