Monday 15 November 2010

စစ်ဦးစီချုပ် ဗိုလ်လားပွယ်၏ ရင်တွင်းစကား



မြ၀တီကို ကျွန်တော်တို့ တိုက်တုန်းက နအဖ အင်အားက ၈၀ လောက်ပဲရှိတယ်။ ကျွန်တော်တို့က သူတို့ထက် အင်အားများတယ်။ တိုက်ပွဲစ ဖြစ်တာနဲ့ ကျွန်တော်တို့က လက်နက်ငယ်တွေနဲ့ပဲ သူတို့ကို ထိအောင်ပစ်တာ၊ သူတို့က လက်နက်ကြီးတွေနဲ့ ထင်သလိုပစ်တာ၊ လူထုတွေထိကုန်တယ်။ ကျွန်တော် တော်တော် စိတ်မကောင်းဘူး။ ထိုင်းဖက်ကိုလဲ သူတိုပဲ ပစ်တာ။ ဆက်ပြီး မြ၀တီ ကိုထိန်းထားနိုင်ပေမဲ့ လူထုထိမှာကြောက်လို့ ကျွန်တော်တို့ အစီအစဉ် ရှိရှိနဲ့ပဲ ဆုတ်ခွာပေးလိုက်တာပါ။ သေဆုံးသွားတဲ့ မြ၀တီက လူထုတွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ အခုလဲ မြ၀တီကို ဆုတ်ပေးလိုက်ပေမဲ့ ကျန်တဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖေါ်သွားမယ် ဆက်တိုက်သွားပါ့မယ်။ နေ့စဉ်လိုလို ဘုရားသုံးဆူ၊ ဝေလေ နဲ့ ကြားခံနေရာတွေမှာ တိုက်ပွဲတွေ ရှိနေပါသေးတယ်။ တိုင်းရင်းသားတွေ တပ်ပေါင်းစုတွေလဲ ညီညီညာညာနဲ့ ၀ိုင်းတိုက်ကြပါ၊ အတွင်းအပြင် စည်းစည်းလုံးလုံး ရှိကြရင်ကောင်းမယ်။ ကျွန်တော်တို့ကို တတ်နိုင်တဲ့ ဖက်က ၀ိုင်းကူညီ ကြပါ။

ကျွန်တောဆိုရင် ငတ်ပြတ်နေတဲ့ ပြည်သူလူထုကို စာနာတယ်။ နအဖ ရဲဘော်လေးတွေကိုလဲ သနားတယ်။ တပ်မှာ ဘာမှ မရှိကြဘူး။ တချို့ဆို ဘောင်းဘီတိုလေးတွေနဲ့ ကျွန်တော်သူတို့ကိုပါ ယူနီဖောင်းတွေ ထုတ်ပေးတယ်။ သူတို့ရဲ့အရာရှိ တချို့ကိုတော့ မကြိုက်ဘူး။ ကျွန်တော်တို့အပေါ် နားလည်တဲ့ အရာရှိတွေလဲ ရှိတယ်။ အခု တက်လာတဲ့ တိုင်းမှူးက ကျွန်တော်ဆီကို ဖုန်းဆက်တော့ ဟေ့ကောင် ဘာညာနဲ့ သိပ်မိုက်ရိုင်းတယ်။ မင်းဘာတွေ လုပ်တာလဲ ဘာညာနဲ့ ဒါနဲ့ ကျွန်တော်ဖုန်း လုံးဝမဖွင့်တော့ဘူး။ ကျွန်တော် ဘာလုပ်လဲ မေးဖို့ထက် သူတို့ ဘာမှားနေတယ် ဆိုတာကို သူတို့ သိသင့်တယ်။ ၁၅ နှစ်တောင် သူတို့နဲ့ တွဲလုပ်လာခဲ့တာ ကျွန်တော်တို့ သိပြီ ၊ သူတို့တွေ မရိုးသားဘူး။ သိပ် လူလည်ကျတယ်။

နအဖ က ကျွန်တော်တို့အပေါ်ပေးတဲ့ နိုင်ငံရေး အခွင့်အရေးဆိုတာ အသက်ရှူ ခွင့်ပဲ ပေးတာပါ ။ အသက်ရှည်ခွင့်ပေးတာ မဟုတ်ဘူး။ အခု နယ်ခြားစောင့်တပ် လုပ်လိုက်ရင် အသက်ရှူခွင့်တောင် သေချာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူထုအတွက် ကောင်းရာကောင်းကျိုး ဘာမှ လုပ်ခွင့်ရှိတော့မှာ မဟုတ်ဖူး ဆိုပြီး စစ်ဦးစီးချုပ်စောလားပွယ်က ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
 
ကိုးဒီသွေးမှ

No comments:

Post a Comment