Monday 15 November 2010

ဝေါ်လေ ကနဲလေး မှာ ညတိုက်ပွဲဖြစ်ပွား

dkba
နိုဝင်ဘာလ ၈ ရက်နေ့ မြဝတီမြို့ကနေ စတင်ခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖ တို့ရဲ့ တိုက်ပွဲတွေဟာ မြို့ပေါ်နေရာအချို့မှာ ပစ်ခတ်မှုတွေဆဲသွားခဲ့ပေမယ့် သောင်းရင်းမြစ် တလျှောက်နဲ့ ကရင်ပြည်နယ်တွင်းက ဒီအေဘီအေ အခြေစိုက်ရာ ဒေသတွေမှတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတုန်းပါပဲ။
နိုဝင်ဘာ ၁၄ ရက်နေ့က ည ၇ နာရီ မှ ၁၀ နာရီကျော်အထိ ဝေါ်လေ ကနဲလေးမှာ ဒီကေဘီအေ နဲ့ နအဖ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရွားသားသုံးဦး ဒါဏ်ရာရကာ တဦး သေဆုံးပြီး ၂ ယောက် ဒါဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲခဲ့တဲ့တာကြောင့် ရွာသားတွေ ဒါဏ်ရာရ ရှိခဲ့တာဖြစ်ပြီး ဒါဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံမှာ တင်ပို့ကုသ ထားရပါတယ်။
ဒီကေဘီအေ တပ်တွေက လော့ခေါ် မှာ နေရာယူထားကာ ဝေါ်လေ နေရာမှာတော့ န အဖ တပ်တွေ ရှိနေပါတယ်။
ဆန် မားမားခေါက်ဆွဲခြောက် ထမင်းထုပ် ငါသေတ္တာရိက္ခာများ ပေးပို့ကူညီထား ရပါ တယ်။ ၂ ဖက်တိုက်ပွဲရဲ့ နောက်ဆက်တွဲသတင်းတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါ တယ်။ လောလောဆယ်သိရှိရတာက ဒီကေဘီအေ ဘက်က ထိခိုက်ဒါဏ်ရာမရှိဘူးလို့ လဲ သိရပါတယ်။

from Sky Karen

No comments:

Post a Comment