Monday, 31 January 2011

The Eubank girls singing - 07/19/09

မောင်ငတုန်းများသိအောင် ရှင်းပြခြင်း


Monday, 31 January 2011 09:29

နိုဝင်ဘာလကတည်းက ဖြစ်လာတဲ့ DKBA နဲ့ နအဖ စစ်တပ်မှာ ကရင်ဘက်က ကျဆုံးမှု့ဟာ ၁ဝ ယောက်လောက်တောင်မရှိသေးပါဘူး နအဖ ဘက်က ဘဲ အကျအဆုံးကတော့ သတင်းစာမျက်နှာတွေမှာ များစွာဖော်ပြ ကြတယ်ဆိုတော့ အထွေအထူး မပြောခြင်ဘူး။ ဒီတော့ မောင်မင်းကြီးသား ငတုန်းများက ကရင်တွေကျမသေဘူးလား Super Men တွေလားလို့ စီးဘောက်တကာမှ လိုက်ရေးတာလည်း အားလုံးတွေကျမှာပါဘဲ။
နအဖ စစ်သားနဲ့ ဒီကေဘီအေ ကရင်စစ်သားတွေကို ယှဉ်ကြည့်မယ်ဆိုရင်တော့  ဒီကေဘီအေ စစ်သားတွေက မျိုးချစ်စိတ်နဲ့ တရားမျှတ မှု့အတွက်တိုက်သလို့ ကိုယ့်ခံယူချက်နဲ့ လူမျိုး ဘာသာ သာသနာကို ကာကွယ်ဖို့ စစ်ထဲဝင်တဲ့သူတွေဖြစ်တယ်။ နအဖ စစ်သားတွေကတော့ DSA ဗိုလ်သင်တန်း ဆင်းတွေကလွဲရင်  တပ်သား တော်တော်များများကတော့ ၁ဝ၉/၁၁ဝ တွေ ကို စစ်သားစု ဆောင်းရေး သူတွေ အတင်းအဓမ္မ ထုနက်ပြီး စစ်ထဲထည့်ထားတာတွေများသလို့ အသက်မပြည့်တဲ့ ခလေးတွေကလည်း ဒုနဲ့ ဒေးဘဲ။

ဒီကေဘီအေ စစ်အင်အား အရေအတွက် က နအဖ စစ်အင်အားနဲ့ ယှဉ်ကြည့်လိုက်ရင် အဆ တစ်ရာလောက်နည်းပါတယ်။ အရေအတွက်ပြောတာ အရည်အချည်းကတော့ ဆီနဲ့ရေလို ကွာတယ်။ နောက်တစ်ခုက နအဖ စစ်သားတွေ ဟာ နယ်မြေကျွမ်းကျင်မှု့ကလည်း မရှိဘူး။ နောက်ပြီး အင်တာဗျူးတစ်ခုမှာ နအဖ စစ်သားလေး ပြောသွားသလိုဆို နအဖ စစ်သားတွေ ရှေ့တမ်းမှာ ထမင်းစားစရာမရှိလို့ ထမင်းမဝကြရှာဘူး။ ဗိုက်ဆာဆာနဲ့ စစ်တိုက်နေကြရမယ်ဆိုရင်တော့ စစ်ပွဲထဲ အာရုံစူးစိုက်မှု့ အပြည့်အဝမရှိနိုင်ဘူး။ ဒီလို ထမင်းမဝလို့လဲ ကရင်တွေဘက်ကို ပြေးလာတွေ့ရတာပေါ့။

ဘာသာရေးနဲ့ပြောရရင်လည်း နအဖ စစ်သားတွေဟာ လူတကာ ကျိန်ဆဲ နေတဲ့ သံဃာသတ် ပြည်သူသတ် ဒေဝဒတ် သန်းရွှေ ရဲ့ကောင်တွေ။ လူစိတ်မရှိတဲ့ ကောင်တွေကို သမာဒေဝ နတ်ကောင်း နတ်မြတ်တွေက ဘယ်လိုလာစောင့်ရှောက်နိုင်မှာလဲ။

ဒီကေဘီအေ စစ်တပ်အင်အားက ကျန်ခဲ့တဲ့ နှစ်က နအဖ နဲ့ တိုက်ပွဲဖြစ်သွားတဲ့  ကိုးကန့် သာသာဘဲရှိပါတယ်။ ကိုးကန့် ကို နအဖ ၃ ရက် တည်းနဲ့ အပြတ်တိုက်သွားပေမဲ့ ဒီကေဘီအေကို နအဖ အခုတိုက်နေတာ ၃ လ ထဲကို ရောက်နေပါပြီ ဒီကေဘီအေ စစ်သားတွေသာ နအဖ စစ်သားတွေ သေသလိုမျိုး အပြိုင်လိုက် သေနေရင် အခုဆိုရင် နအဖ ကိုတိုက်မဲ့ ဒီကေဘီအေ စစ်သားဆိုတာ ရှိမှာတောင် မဟုတ်ဘူးဆိုတာကို သန်းရွှေခွေး လဒူ ငတုန်း များ မစဉ်းစားတတ်ကြဘူး။

နိုင်သန်းရွှေ

 Fromm Karen United

Interview With SawLar Bwe & Saw Paw Do

ဝေါ်လေ၊ ချောင့်ခက် နဲ့ သင်္ဃန်းညီနောင် ဒီကနေ့ တိုက်ပွဲ အခြေအနေ



နအဖ တပ်တွေဟာ ဝေါ်လေဘက်က အိုကရေ့ထ နဲ့ ကျောက်ခက်နေရာကတွေကို ဒီရက်ထဲမှာ အပြင်းအထန် ထိုးစစ် ဆင်တိုက်ခိုက်လာတာတွေရှိပြီး နအဖ စစ်တပ်ဘက်က အကျအဆုံးများစွာရှိနေပါတယ်။ ချောင့်ခက်နေရာကို ထိုးစစ် ဆင်လာတဲ့တပ်တွေကတော့ စကခ (၁၂) လက်အောက်က ခမရ (၅၄၆)၊ ခမရ (၅၄၈)၊ ခမရ (၅၄၉) နှင့် စကခ (၉) က ခမရ (၃၅၆)၊ ခမရ (၃၅၇) တပ်တွေဖြစ်ပြီး၊ ဝေါ်လေ အိုကရေ့ထ နေရာကို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ နအဖ စစ်တပ် တပ်တွေကတော့ ခမရ (၄၀၁)၊ ခမရ (၄၀၃)၊ ခမရ (၅၈၆) နဲ့ ခမရ (၂၉၉) စတဲ့ တပ်တွေပဲ ဖြစ်ပါတယ်။
ဒီကနေ့မနက် ၇ နာရီဝန်ကျင်လောက်က နအဖဘက်က လက်နက်ကြီးတွေနဲ့ အစပျိုးပစ်ခတ်လာပြီး ၁၀ နာရီခွဲလောက် မှာတော့ မြေပြင်ကနေ ကျောက်ခက်အနီးက ဒီကေဘီအေ တပ်ဖွဲ့တွေ အသင့်နေရာယူပြင်ဆင်ထားတဲ့ တောင်ကုန်းတွေ ကို ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်။ တိုက်ပွဲဟာ ညနေ ၃ နာရီလောက်မှာ နားသွားပြီး နအဖ ဘက်က အကျအဆုံးများ စွာနဲ့ ဖလူးဘက်ကို ဆုတ်ခွာသွားခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ နအဖ ဘက်က အသေ၊ ဒဏ်ရာ အားလုံးပေါင်း ၅၀ လောက်ရှိ နိုင်တယ်လို့ ဒီကေဘီကေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင် က အတည်ပြုပြောကြားပါတယ်။
အခု တိုက်ပွဲဖြစ်တဲ့ နေရာကို ဇန်နဝါရီလ ၂၉ ရက်နေ့ မနေ့ကလည်း နအဖ တပ်တွေ လာရောက်တိုက်ခိုက်ပြီး အသေ၊ ဒဏ်ရာ အားလုံးပေါင်း ၁၀ ယောက်လောက်ရရှိကာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဗိုလ်ဆန်းအောင်က ဆက်လက် ပြောပြပါတယ်။ ဆက်လက်ပြီး အနီးအနား ဆက်စပ်ဒေသတွေက တိုက်ပွဲအခြေအနေတွေကို ဗိုလ်ဆန်းအောင် က ဆက်ပြောပြ ပါတယ်။
“မနေ့က ည ၈ နာရီခွဲလောက်မှာ ဝေါ်လေ အိုကရေ့ထနားက နအဖ ဗျူဟာကုန်းကို ကျနော်တို့ ဒီကေဘီအေ ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ နအဖ ဘက်က ဗိုလ်မှူးအဆင့် အပါ  ၆ ဦး ဒဏ်ရာရတယ်။ အဲဒီလူနာတွေကို ဒီကနေ့ပဲ ထိုင်းနိုင်ငံထဲက သယ်သွားတယ် မြဝတီဘက်ကို။ အဲဒါက ဝေါ်လေမှာ ဖြစ်ခဲ့တာ”
ဆက်လက်ပြီး ဒီနေ့ သင်္ဃန်းညီနောင်နားက နအဖ ကားတန်းကို ဒီကေဘီအေ ဘက်က တိုက်ခိုက်ခဲ့တဲ့ သတင်းကိုလည်း ဆက်ပြောပြပါတယ်။
“ဟုတ်တယ် ဒီနေ့ မနက် ၈ နာရီ ၁၅ မိနစ်လောက် သင်္ဃန်းညီနောင်နားမှာ ကျနော်တို့ဘက် ဗိုလ်မှူးကျော်ပရို ဦးဆောင် ပြီ နအဖ ကားတန်းကို တိုက်ခိုက်လိုက်တယ်။ ကားတစီးချောက်ထဲထိုးကြတယ် နောက်တစီးက လမ်းဘေးမှာ ထိုးရပ်နေ တယ်။ ၆ ဦးသေပြီး ၁၃ ဦး ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာထဲမှာ ဗိုလ်ကြီးအဆင့်ရှိတဲ တယောက်လည်းပါတယ်ကြား တယ်။ ကားနောက်လိုက်နဲ့ ကားမောင်းသူ အရပ်သားနှစ်ဦးလည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။” လို့ ပြောပြသွား တယ်။
အပစ်အခတ်ရပ်စဲရေးပျက်ပြားပြီး နအဖ စစ်အုပ်စုကို ပြန်လည်တော်လှန်တိုက်ခိုက်နေတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေကို နအဖ ဘက်က ကလေးစစ်သားတွေ၊ အကျဉ်းသားအထမ်းသမားတွေကိုအသုံးပြုပြီး သဲကြီးမဲကြီး အကျအဆုံးများစွာနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့နဲ့ ၂၈ ရက်နေ့အတွင်းမှာပဲ နအဖ ဘက်က စစ်သား ၁၂၀ ကျော်သေဆုံးပြီး

 နေ့သစ်

Thursday, 27 January 2011

In eastern Burma conflict, medics face the same dangers as those they treat

Caring for the displaced in the Burmese jungle – and fleeing with them as the army advances

BGF Defectors' Families Abducted

Wednesday, 26 January 2011

Saw P's Choice

Wednesday, January 26, 2011

By SAW YAN NAING
 

Saw P's son, “Saw G,” in a photo taken on Jan. 1, 2011. Saw G's mother was shot dead 45 minutes after he was born. (PHOTO: KHRG)

They say, “All is fair in love and war.”

But for Karen civilians trapped in the jungle between Burmese government forces and Karen rebels, there is very little sense of fairness in either matter.

Take “Saw P,” a 37-year-old villager who recently arrived at a temporary refugee camp in Thailand after leaving his home in Papun District in northern Karen State, which has turned into a war zones in the last few months.

On the night of Oct. 13, Saw P was tending to his wife who was nine months pregnant with their third child. He tended the fireplace inside the family's humble wooden house while a neighbor acted as midwife.

No other neighbors or friends were around. Almost the entire village had fled in the preceding days when they heard that the Tatmadaw, or Burmese army troops, had set up a camp nearby.

Saw P's 24-year-old wife gave birth to a baby boy. She had the chance to hold her child and name him before she was shot dead.

Tuesday, 25 January 2011

ကွဲနေသော ကချင်တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့ ပြန်လည်ပူးပေါင်း

Tuesday, 25 January 2011 14:44 KNG

ကွဲနေသော အဓိက ကချင်တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် ပြည်တွင်းအခြေစိုက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO) တို့သည် နိုင်ငံနှင့်လူမျိုးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဇန်န၀ါရီ ၂၂ ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် KIO မှ ခေါင်းဆောင်များနှင့် KNO ဥက္ကဌနှင့် ခေါင်းဆောင်များသည် မြန်မာနိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ၎င်းစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

“ကျွန်တော်တို့ ၀မ်းမြောက်စွာနဲ့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။” ဟု UK-KNO ရုံးတာဝန်ခံ လရှီးဂွန်းတောင်က ပြောသည်။

KNU President's Address on 62nd Anniversary of Karen Revolutionary Resistance Day ( English )


KNU President's Address on 62nd Anniversary of Karen Revolutionary Resistance Day ( English ) -