Monday 31 January 2011

မောင်ငတုန်းများသိအောင် ရှင်းပြခြင်း


Monday, 31 January 2011 09:29

နိုဝင်ဘာလကတည်းက ဖြစ်လာတဲ့ DKBA နဲ့ နအဖ စစ်တပ်မှာ ကရင်ဘက်က ကျဆုံးမှု့ဟာ ၁ဝ ယောက်လောက်တောင်မရှိသေးပါဘူး နအဖ ဘက်က ဘဲ အကျအဆုံးကတော့ သတင်းစာမျက်နှာတွေမှာ များစွာဖော်ပြ ကြတယ်ဆိုတော့ အထွေအထူး မပြောခြင်ဘူး။ ဒီတော့ မောင်မင်းကြီးသား ငတုန်းများက ကရင်တွေကျမသေဘူးလား Super Men တွေလားလို့ စီးဘောက်တကာမှ လိုက်ရေးတာလည်း အားလုံးတွေကျမှာပါဘဲ။
နအဖ စစ်သားနဲ့ ဒီကေဘီအေ ကရင်စစ်သားတွေကို ယှဉ်ကြည့်မယ်ဆိုရင်တော့  ဒီကေဘီအေ စစ်သားတွေက မျိုးချစ်စိတ်နဲ့ တရားမျှတ မှု့အတွက်တိုက်သလို့ ကိုယ့်ခံယူချက်နဲ့ လူမျိုး ဘာသာ သာသနာကို ကာကွယ်ဖို့ စစ်ထဲဝင်တဲ့သူတွေဖြစ်တယ်။ နအဖ စစ်သားတွေကတော့ DSA ဗိုလ်သင်တန်း ဆင်းတွေကလွဲရင်  တပ်သား တော်တော်များများကတော့ ၁ဝ၉/၁၁ဝ တွေ ကို စစ်သားစု ဆောင်းရေး သူတွေ အတင်းအဓမ္မ ထုနက်ပြီး စစ်ထဲထည့်ထားတာတွေများသလို့ အသက်မပြည့်တဲ့ ခလေးတွေကလည်း ဒုနဲ့ ဒေးဘဲ။

ဒီကေဘီအေ စစ်အင်အား အရေအတွက် က နအဖ စစ်အင်အားနဲ့ ယှဉ်ကြည့်လိုက်ရင် အဆ တစ်ရာလောက်နည်းပါတယ်။ အရေအတွက်ပြောတာ အရည်အချည်းကတော့ ဆီနဲ့ရေလို ကွာတယ်။ နောက်တစ်ခုက နအဖ စစ်သားတွေ ဟာ နယ်မြေကျွမ်းကျင်မှု့ကလည်း မရှိဘူး။ နောက်ပြီး အင်တာဗျူးတစ်ခုမှာ နအဖ စစ်သားလေး ပြောသွားသလိုဆို နအဖ စစ်သားတွေ ရှေ့တမ်းမှာ ထမင်းစားစရာမရှိလို့ ထမင်းမဝကြရှာဘူး။ ဗိုက်ဆာဆာနဲ့ စစ်တိုက်နေကြရမယ်ဆိုရင်တော့ စစ်ပွဲထဲ အာရုံစူးစိုက်မှု့ အပြည့်အဝမရှိနိုင်ဘူး။ ဒီလို ထမင်းမဝလို့လဲ ကရင်တွေဘက်ကို ပြေးလာတွေ့ရတာပေါ့။

ဘာသာရေးနဲ့ပြောရရင်လည်း နအဖ စစ်သားတွေဟာ လူတကာ ကျိန်ဆဲ နေတဲ့ သံဃာသတ် ပြည်သူသတ် ဒေဝဒတ် သန်းရွှေ ရဲ့ကောင်တွေ။ လူစိတ်မရှိတဲ့ ကောင်တွေကို သမာဒေဝ နတ်ကောင်း နတ်မြတ်တွေက ဘယ်လိုလာစောင့်ရှောက်နိုင်မှာလဲ။

ဒီကေဘီအေ စစ်တပ်အင်အားက ကျန်ခဲ့တဲ့ နှစ်က နအဖ နဲ့ တိုက်ပွဲဖြစ်သွားတဲ့  ကိုးကန့် သာသာဘဲရှိပါတယ်။ ကိုးကန့် ကို နအဖ ၃ ရက် တည်းနဲ့ အပြတ်တိုက်သွားပေမဲ့ ဒီကေဘီအေကို နအဖ အခုတိုက်နေတာ ၃ လ ထဲကို ရောက်နေပါပြီ ဒီကေဘီအေ စစ်သားတွေသာ နအဖ စစ်သားတွေ သေသလိုမျိုး အပြိုင်လိုက် သေနေရင် အခုဆိုရင် နအဖ ကိုတိုက်မဲ့ ဒီကေဘီအေ စစ်သားဆိုတာ ရှိမှာတောင် မဟုတ်ဘူးဆိုတာကို သန်းရွှေခွေး လဒူ ငတုန်း များ မစဉ်းစားတတ်ကြဘူး။

နိုင်သန်းရွှေ

 Fromm Karen United

No comments:

Post a Comment