Wednesday 12 January 2011

ဒီကနေ့ ချုကလီ နားက နအဖ ၈ ယောက်ကျတဲ့ တိုက်ပွဲ


အခုရက်ပိုင်းတွေအတွင်းမှာ ဒီကေဘီအေနဲ့ နအဖ တပ်တွေရဲ့ တိုက်ပွဲတွေဟာ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီး နအဖ ဘက်က အင်အားအလုံးအရင်းနဲ့ ဖြန့်ခွဲအသုံးပြုတာတွေ့ရပါတယ်။ ဒီနေ့မှာဆိုရင်လည်း အုံးဖန်နဲ့ ကလော့ထော့ အနီးက ချူကလီရွာနားမှာလည်း ဇန်နဝါရီလ ၁၁ ရက်နေ့ မနက် ၈ နာရီက တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
ဒီကေဘီအေ တပ်ဖွဲ့တွေက ချုကလီရွာအနီးမှာ နအဖ တပ်တွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နအဖ ဘက်က ၈ ယောက် သေဆုံတယ်လို့ သိရှိရပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နေ့ လေးဒေး နေရာမှာဖြစ်တဲ့ တိုက်ပွဲမှာလည်း နအဖဘက်က ထိခိုက်သေဆုံး ၅၀ ရှိခဲ့ပြီး အဲဒီထဲကမှ ၂၀ ယောက်ဟာ ဒဏ်ရာပြင်းထန်ရခဲ့တဲ့ အပြင် အကျဉ်းသားတွေကို အထမ်းသမားအဖြစ်နဲ့ခေါ်လာခဲ့တဲ့ သူတွေထဲက ၆ ဦးလည်း သေဆုံးခဲ့တယ်လို့၊ သိရပါတယ်။ ဒီကေဘီအေဘက်က တဦး ဒဏ်ရာနဲ့ ၁ ဦး ကျဆုံးခဲ့ပါတယ်။
အခု နအဖ ရဲ့ ထိုးစစ်အတွင်းမှာ နအဖ စစ်သားအင်အား အလုံးအရင်းနဲ့သုံးတဲ့အပြင် အင်းစိန်၊ မော်လမြိုင်၊ ဘားအံတောင်ကလေးက အကျဉ်းသားတွေကို လူသားမိုင်းရှင်းအဖြစ်ရယ် အထမ်းသမားအဖြစ်ရယ်ပါ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာတွေကို ယခုဖြစ်နေတဲ့ ဝေါ်လေ နဲ့ ဖလူးဒေသက နအဖ ထိုးစစ်တွေမှာ တွေ့မြင်ကြုံတွေ့နေရပါတယ်။

နေ့သစ်မှ

No comments:

Post a Comment