
ချောင့်ခက်ရွာအနီးက သရက်ပင်စခန်းတိုက်ပွဲမှာ ဇန်နဝါရီလ ၁၇ နေ့က ဖြစ်ပွားခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖ တို့ တိုက်ပွဲ မှာ နအဖ ခမရ ၃၅၇ မှ တပ်သား ၁၃ ယောက်သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တဲ့ တိုက်ပွဲပြီးတဲ့နောက် နယ်စပ်မှာ ပစ် ခတ်သံတွေ လေးငါးရက်ညိမ်သက်သွားခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်နေ့ မနက်စောစောကစလို့ တိုက်ပွဲသံတွေ ဖလူးနဲ့ ဝေါ်လေ တလျောက်မှာ ပြန်လည်ထွက်ပေါ်လာပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၆ နာရီလောက်ကစပြီး နအဖ စစ်တပ်မှ စကခ (၁၂) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၄၈)၊ ခမရ (၅၄၉) တပ်တွေနဲ့ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာမှူး ဗိုလ်မှူးကျော်သက် ဦးဆောင်နေရာယူ ထားတဲ့ ချောင့်ခက်အနီး ဘောသိုပူကျိုးနဲ့ ချောင့်ခက်ကြား နေရာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နအဖ ဘက်မှ စစ်သား သေဆုံးသူ ဒဏ်ရာရသူ အားလုံးပေါင်း ၂၀ ယောက်ခန့် ရှိပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်။ ညနေပိုင်းအထိကို လက် နက်ကြီးတွေနဲ့ နအဖ ဘက်က ပစ်ခတ်ခဲ့တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင် က ပြောပြပါတယ်။

တချိန်တည်းမှာပဲ တိုက်ပွဲဖြစ်နေတဲ့ နေရာကို ထောက်ကူပစ်ခတ်နေတဲ့ နအဖ ဝေါ်လေဗျူဟာကုန်းမှ လက်နက်ကြီး ကျည် မတော်တဆပေါက်ကွဲမှုဖြစ်လို့ နအဖ လေးဦးသေးဆုံးသွားပြီး သေဆုံးတဲ့အထဲမှာ တပ်ရင်းအရာရှိတယောက် ပါတယ်လို့လည်း သတင်းရရှိပါတယ်။
ဒီတနေ့ထဲမှာပဲ ဝေါ်လေ အိုကရေ့ထ နေရာမှာ ဒီကေဘီအေဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ နအဖ သုံးဦး ဒဏ်ရာရရှိခဲ့ပါ တယ်။
ဖလူးဘက်မှာတော့ ဒီကေဘီအေ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ တပ်ဖွဲ့တွေက နအဖ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖ တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
ဒီရက်ပိုင်းထဲမှာ မြဝတီမြို့အနီးပတ်ဝန်းကျင်မှာ နယ်စပ်ဖြတ်ကျော်မှုတွေကို တင်းကျပ်စွာပိတ်ပင်ထားပါတယ်။ ဇန်နဝါရီ ၂၃ ရက်နေ့က ဘားအံမြို့ကနေ မြဝတီဘက်ကို စစ်သားအပြည့်တင်ထားတဲ့ စစ်ကား ၁၅ စီး ထွက်သွားတယ်လို့ ကိုယ် တိုင်တွေ့ရှိရတဲ့ ဘားအံမြို့ခံတဦးက ပြောပြလို့ သိရှိရပါတယ်။
 
 
 
 
 
 
 
 
 
 
 
 Posts
Posts
 
 
 
 
No comments:
Post a Comment