TNUPC မှ တစ်ခုတည်းသောထားဝယ်တပ် တည်ဆောက်မည်ဟု ဆို
2 hours ago
‘‘We have been much misunderstood by our demand for a separate Karen State. Some people misunderstand it as a manifestation of our desire to return to servitude under the British, We are not so foolish."
Saw Ba U Gyi,
Dinner held at the Karen National Club,
9th October 1948





မင်းချမ်း၊ ကောင်းဝါ | တန်ဆောင်မုန်းလဆုတ် ၁၄ရက်။ဒီဇင်ဘာ ၅၊၂၀၁၀။ |
မင်းချမ်း(ဒီဇင်ဘာ-၅)။ ။ ဘုရားသုံးဆူ၊ ထိုင်းနယ်မြေကိုဝင်ရောက်လာသော မြန်မာစစ်အရာရှိနှစ်ဦးတို့သည် ဗျူဟာမှူးသတင်းသိရှိသွားသဖြင့် ပြန်လည်ခေါ်ယူပြီးဂတုံးတုန်းရိပ်ကာ အပြစ်ပေးအပ်ခဲ့ကြောင်း အဆိုပါဖြစ်ရပ်တွင် ပါဝင်ခဲ့သူအမည်မဖေါ်လိုသူတစ်ဦး ပြောသည်။ ဖြစ်စဉ်မှာ ဘုရားသုံးဆူမြို့နယ်စပ်အနီး ဘုရင့်နောင်ကုန်းတွင် စခန်းချလျှက်ရှိသော ခမရ ၄၁၀ စစ်ကြောင်း ၂ မှူးဖြစ်သူ ဒုရင်းမှူးဗိုလ်မှူးမျိုးမင်းထွန်းနှင့် ၄င်းတပ်ဖွဲ့မှဗိုလ်ကြီးတစ်ဦးတို့သည် ယခုလ ၃ ရက်နေ့၊ နေ့လည်ပိုင်းတွင် ထိုင်းနယ်မြေဘုရားသုံးဆူသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ “ဗျူဟာမှူးသိသိချင်း ဒေသခံထိုင်းအာဏာပိုင်တွေနဲ့ အဆက်အသွယ်ရယူပြီး ဒီအရာရှိတွေမြန်မာပြည်ဖက်ကို ပြန်ခေါ်ခဲ့တာဖြစ်တယ်၊ ဒီရောက်တော့ ထိပ်တုန်းခတ် ဂတုံးတုန်းရိပ်အပြစ်ပေးလိုက်တယ်” ဟု အမည်မဖေါ်လိုသူက ဆက်ပြောသည်။ အဆိုပါမြန်မာအရာရှိနှစ်ဦး ထိုင်းနယ်မြေသို့ရောက်ရှိလာပြီး ၄င်းတို့အရာရှိပြန်ခေါ်သွားသည်မှာမှန်ကန်ကြောင်း ဒေသခံထိုင်းအာဏာပိုင်တစ်ဦးက အတည်ပြုပြောကြားသည်။ ထို့နောက် ခမရ ၄၁၀ စစ်ကြောင်း ၂ ကို ထိုင်းနယ်စပ်နှင့်ဝေးရာ ဘုရားသုံးဆူမြို့အပြင်ဖက် ရွာသစ်နှင့်ကျုံကွီးရွာဖက်တွင် ဗျူဟာမှူးဗိုလ်မှူးကြီးသိန်းဇော်က အမိန့်ပေးပြောင်းရွေ့လိုက်ကြောင်း ဒေသအတွင်း မြန်မာတပ်ဖွဲ့များလှုပ်ရှားမှုကိုထောက်လှန်းနေသူ ကေအဲန်ယူတပ်မဟာ ၆ ပြောခွင့်ရဗဒိုစောထဲနေက ပြောသည်။ ထိုဖြစ်စဉ်တွင် ထိုင်းနယ်မြေသို့လိုက်ပါပို့ဆောင်ရွက်ပေးခဲ့သူ ဒီကေဘီအေတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးအပြောအရ ဗျူဟာမှူးနဲ့အထက်အရာရှိများထံသတင်းပေါက်ကြားခဲ့သည့်အတွက် အဆိုပါမြန်မာစစ်အရာရှိနှစ်ဦး ထိုင်းနိုင်ငံအတွင်းပိုင်းသို့ တနည်းနည်းဖြင့်ထွက်ပြေးရန်ကြိုးစားနေစဉ် မအောင်မြင်ဖြစ်ခဲ့သည်ဟု သိရသည်။ ထိုင်းနယ်စပ်ရောက် မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်တို့မှာ ထိုင်းနိုင်ငံအတွင်းသို့ တပ်ပြေးဝင်ရောက်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း၊ ယခုအခါ မဟာချိုင်ဒေသတွင် မြန်မာတပ်ပြေးများ ထောင်ဂဏန်းအထိပင်ရှိနေကြောင်း သတင်းများတွင်ရေးသားဖေါ်ပြကြသည်။ | |
နော်အဲဏီ၊ ကောင်းဝါ | တန်ဆောင်မုန်းလဆုတ် ၁၄ရက်။ဒီဇင်ဘာ ၅၊၂၀၁၀။ | ||||
နော်အဲဏီ(ဒီဇင်ဘာ-၅)။ ။ နအဖတပ်များနှင့်ဒီကေဘီအေတပ်များ အခုရက်ပိုင်းအတွင်း၌မြ၀တီမြို့နယ်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွါးနေဆဲဟုဒီကေဘီအေတပ်မှူးတစ်ဦးမှပြောပါသည်။
အလားတူ လွန်ခဲ့တဲ့ ဒီဇင်ဘာလ (၃) ရက်နေ့ကလည်း မြ၀တီခရိုင် ဖလူးစခန်းထိုင် အင်အား (၃၀) ခန့်ရှိသည့် ခလရ (၆၁) ၊ ခမရ (၂၃၀)ရိက္ခာလုံခြုံရေးအဖွဲ့ကို ဒီကေဘီအေ ဗျူဟာ(၁) အဖွဲ့နဲ့ ကေအဲန်ယူပူးပေါင်းပြီး ၀င်ရောက်စီးနင်းခဲ့ပါသေးသည်ဟု ဒီကေဘီအေဗျူဟာ(၁)စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က အခုလို ပြောပြပါသည်။ “ကျနော်တို့ရန်သူရိက္ခာကားကို ၀င်ရောက်စီးနင်းဖို့ ကျနော်တို့ ဖလူးစခန်းကို ကပ်သွား တယ်နော်၊ ကပ်သွားတဲ့အချိန်လေးမှာ သူတို့ကပစ်ခတ်မှုတွေ အရင်ပစ်တယ်နော်။ သူတို့က ကတုတ်ကျင်းနဲ့ ဆက်သွယ် ရေးကျင်းနဲ့ဆိုတော့ ကျနော်တို့က ပြန်မပစ်ပဲ နားထောင်နေတယ်၊ ကျနော်တို့က(၂ )ချက်ပဲပစ်တယ် သူတို့က အလုံး(၂၀)လောက်ပစ်တယ်နော်။ (၁၁)နာရီမထိုးခင်ကနော် စတာနော်။ ခုနကကျနော်တို့ ပြန်ဆုတ် လာတာ(၁)နာရီနဲ့မိနစ်(၄၀)မှာ ကျနော်တို့ ပြန်ဆုတ်လာတာနော်၊ ကျနော်တို့ ဆုတ်နေတဲ့အချိန်မှာ လည်း သူတို့ပစ်နေသေးတယ်၊ သူတို့ပစ်တာ ဟို အိပ်မှုန်စုံမွားနဲ့ ဘယ်မှာရှိမှန်းသူတို့မသိဘူး။ လက်နက်ကြီးဟာ ဘယ်ရောညာရော အရှေ့ကိုပစ်တယ် အနောက်ဘက်မှာက ယိုးဒယားချောင်းခံနေတာကိုး။ ကျနော်တို့က မပစ်ဘူးဆိုတော့ ကျနော်တို့ ဘယ်နေရာမှာရှိမှန်း သူတို့မသိဘူးပေါ့” ဝေါ်လေစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်နေသော နအဖတပ်ဖွဲ့ကို ယနေ့အထိ ရိက္ခာမပို့ပေးနိုင် သေး ကြောင်း စစ်တပ်နှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။
ဒီဇင်ဘာ(၃)ရက်နေ့ထုတ် အစိုးရသတင်းစာ များတွင် ဒီကေဘီအေမှ ဗိုလ်မှူးမန်းသိန်းဦးစီးအင်အား(၁၃)ယောက် လက်နက်ချ သည်ဟူသောသတင်းကို ရေးသားဖေါ်ပြထားပါသည်။ သို့သော်လည်း ယခု အစိုးရတိုက်တွန်းထားသော နယ်ခြားစောင့်တပ်ကို လက်မခံ သည့်ဒီကေဘီအေအဖွဲ့မှ မဟုတ်ဟုသိရပါသည်။ | |||||

နော်အဲဏီ၊ ကောင်းဝါ | တန်ဆောင်မုန်းလဆုတ် ၈ရက်။နိုဝင်ဘာ ၂၉၊၂၀၁၀။ | |
နော်အဲဏီ(နိုဝင်ဘာ-၂၉)။ ။ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နှင့်(၁၃)မိုင်အကွာ ကြိမ်ချောင်းမရောက်ခင် ဇီးပင်အရှေ့ တဲသုံးလုံးတွင် မြန်မာစစ်အစိုးရ ခလရ(၄၀၆)တပ်ရင်းနှင့် ဗိုလ်မှူးစောအေ၀မ်းဦးစီး ဒီကေဘီအေတို့ နိုဝင်ဘာလ (၂၈) ရက်နေ့ ညနေ( ၃) နာရီ(၁၀)မိနစ်အချိန်မှာ မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများမှပြောပါသည်။
“နအဖတပ်နဲ့ကျွန်တော်တို့အဖွဲ့တွေ တဲ(၃)လုံးမှာပစ်ကြတယ်နော်။ (၁၅)မိနစ် မိနစ်(၂၀) လောက်ရှိတာပေါ့ တိုက်ပွဲ ဖြစ်တာ။ သူတို့ဘက်က တစ်ယောက်ကျဆုံးပြီး နှစ်ယောက်ဒဏ်ရာရတယ်။ အဲဒီ(၄၀၆)အဖွဲ့တွေပေါ့။ သူတို့ဟာ ရင်ဘောင်တန်းတက်ပြီးလာတယ်လေ။ ရွာမ၀င်ခင်မှာ ကျွန်တော်တို့ အဲဒီမှာပစ်ခဲ့တယ်။” ဘုရားသုံးဆူမှ ခလရ(၄၀၅)နှင့်(၄၀၆)တပ်ရင်းနှစ်ရင်းသည် ကြိမ်ချောင်းသို့စစ်ချီတက်ရာတွင် တဲသုံးလုံး တွင်ရောက်နေသော ဗိုလ်မှူးစောအေ၀မ်းတို့က ကြိုတင်သတင်းရ၍ ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ခလရ(၄၀၆)သည် ကြိမ်ချောင်းသို့ ခရီးဆက်ရန်အတွက် လူနာထမ်းရန် တဲသုံးလုံးတွင် ပေါ်တာများလိုက်လံ ဖမ်းဆီးနေသည်ဟု မော်တော်ဆိုင်ကယ်အငှါးမောင်းသူတစ်ဦးမှပြောပါသည်။ ယခုအနေအထား၌ ဘုရားသုံးဆူမြို့နဲ့ဝန်းကျင်ဒေသတွင် မြန်မာစစ်အစိုးတပ်မှ တပ်အင်အား(၅)တပ်ရင်းအားဖြည့်ထားပြီးခွဲထွက်သွားသည့်ဒီကေဘီအေတပ်နှင့်ကေအန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးတပ်ဖွဲ့များကိုလိုက်လံထိုးစစ်ဆင်နေသည့်အခြေအနေ ကြောင့်တိုက်ပွဲတွေထပ်မံပြင်းထန်လာဦးမည်ဟု ထိုင်းနယ်စပ် စစ်ရေးအကဲခတ်သူများမှပြောပါသည်။ တောတွင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်းတောတွင်းပျောက်ကြားစစ်ဆင်ရေးသာမက မြို့တွင်းပျောက်ကြားစံနစ်ပါ လုပ်ဆောင်လာ နိုင်မည့်အနေအထားမှာရှိသည့်အတွက်မြို့ခံပြည်သူများ၏လုံခြုံရေးအခြေအနေသည် အာမခံချက်မရှိနိုင်သေးသလို အကယ်၍တိုက်ပွဲပြင်းထန်လာလျှင်စစ်ပြေးဒုက္ခသည်များပိုပြီးတိုးလာမည့်အနေအထားမှာရှိ နေသည်ဟုပြောဆိုမှုများရှိနေပါသည်။ | ||

| DKBA & KNU |