Wednesday 7 December 2011

KIA မုန်းကို ၀င်စီးမှုတွင် မြန်မာအစိုးရ တပ်ရင်းမှုးအပြင် ၁၇ ဦးကျ




ပထမဆုံး KIA ၏ မြို့တွင်း ၀င်စီးတိုက်ခိုက်မှုသည် နံနက် ၁ နာရီတွင်စတင်ပြီး ၄၅ မိနစ် ကြာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများဆိုသည်။

သေဆုံးသူများထဲ ညီခွမ်း-ချင်းရွှေဟော် နယ်မြေခံ ခလရ (၁၂၉) တပ်ရင်းမှူး ဗိုလ်မှူးမောင်မောင်မျိုး ပါဝင်ကာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်း ပါဝင်သည်ဟု KIA အရာရှိများပြောသည်။

တိုက်ပွဲကြောင့် ဗျူဟာကုန်းအတွင်း နေအိမ်အချို့နှင့် ရုံးခန်းအချို့ ပျက်ဆီးသည်ဟု ဒေသခံများပြောသည်။

ယခု ၀င်စီးမှုအား ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၃၆ နှင့် ၃၈ မှ တပ်သားများ ပြုလုပ်ခြင်းဖြစ်သည်။

KIA ဘက်မှ တပ်ရင်း ၃၆ မှ တပ်ကြပ် ဆွမ်လွတ်ဂမ်ဆိုင်း ကျဆုံးသည်ဟု KIA အရာရှိများ အတည်ပြုသည်။

ထိုတိုက်ပွဲကြောင့် မြန်မာအစိုးရတပ်စစ်ကူယာဉ်တန်းများ မူဆယ် ၁၀၅ မိုင်ဂိတ်မှ မုန်းကိုသို့ ချီတက်လာသော်လည်း ထိုနေ့ညနေပိုင်းအထိ ရောက်မလာကြသေးဟုဆိုသည်။

No comments:

Post a Comment