Monday 5 December 2011

အပစ်အခတ် ရပ်စဲရေးထက် ပြည်ထောင်စု တပ်မတော်ဖွဲ့ရေးကို UNFC စိတ်ဝင်စား

 ရွှေဟင်္သာသတင်း

နိုဝင်ဘာလ ၂၆ ရက်မှ ၃ဝရက်နေ့အထိ ထိုင်းမြန်မာ နယ်စပ်တနေရာ၌ ကျင်းပခဲ့သည့် ညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ၊ (UNFC) အစည်းအဝေးတွင် ပြည်ထောင်စု တပ်မတော်တရပ် ဖွဲ့စည်းရေးကို ဆုံးဖြတ်ခဲ့သည်ဟု အသစ်ဖွဲ့စည်းမည့် ပြည်ထောင်စု တပ်မတော်ရဲ့ ကာကွယ်ရေးကော်မီတီဝင် တဦးကပြောပါသည်။

“ရည်ရွယ်ပြီးသားပါ။ နအဖက တိုင်းရင်းသားတပ်တွေကို အသိအမှတ်ပြုတာမဟုတ်ပါဘူး။ ထားရာနေ ဆိုတဲ့ သဘောနဲ့  လိုက်လံအပစ်ရပ်ခိုင်းနေတာပါ။နိုင်ငံရေးအရလည်း မဆွေးနွေးဘူးလေ၊ သူတို့ အတွက် လိုအပ်လာမှ အပစ် ရပ်ကြရအောင်၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ လိမ်ဖို့ဘဲ စဉ်းစားနေတယ်။ အခုလည်း ပေါ်လစီသစ်တခုနဲ့ လာပြန်ပြီး၊

အချိန်ဘယ်လောက် ဆွဲသွားဦးမလဲဆိုတာ သိနေတယ်။ ဒါကြောင့် သူတို့ ပြောစကားနောက်ကို မလိုက်တော့ဘူး။ လုပ်စရာ ရှိတာကိုဘဲ လုပ်တော့မယ်ဟု UNFC ရဲ့ ကာကွယ်ရေးကော်မီတီဝင် တဦးက ဆိုပါသည်။

ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကိစ္စကို UNFC ကောင်စီဝင် အဖွဲ့ ၁၂ ဖွဲ့စလုံးက သဘောတူသည်ဟုသိရပါသည်။ UNFC အဖွဲ့ ဝင်များမှာ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင်ပြည် လွပ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ပအို့ အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုး သားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ(LDU)၊ ၀အမျိုးသား အဖွဲ့ ချုပ်(WNO)၊ ကချင် အမျိုးသားအစည်းအရုံး (KNO)တို့ ဖြစ်ပါသည်။

“အင်အားဘယ်လောက်နဲ့ စဖွဲ့ မယ်ဆိုတာထက် မူပိုင်းဆိုင်ရာက အရင်ကျပြီးတော့ မခက်တော့ပါဘူး၊ လက်တွေ့ အကျဆုံးကနေစမှာပါ။ ဒီတော့ သိပ်မကြာတော့တဲ့အချိန်မှာ လက်တွေ့ ဖြစ်လာမှာပါဘဲ။ ပြည်ထောင်စုတပ်ဖွဲ့ ကို တော့ လိုအပ်တဲ့ တိုင်းရင်းသားဒေသတွေကို စေလွှတ်လို့ ရတာပေါ့။ ဟု ဆိုပါသည်။

ပြည်ထောင်စု စစ်တပ်နဲ့ ပတ်သက်ပြီး တပ်ဖွဲ့စည်းပုံကို အကြမ်းဖျင်း ရေးဆွဲထားပြီး ဖြစ်သည်ဟု သိရပါသည်။ ပထမ အစီစဉ်တွင် ပြည်ထောင်စုစစ်တပ်ရဲ့ စစ်ဦးစီးချုပ်အဖြစ် KNU က ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကို ရည်ရွယ်ထားခဲ့သော်လည်း အသက်အရွယ်အရသော်လည်းကောင်း၊ အလုပ်တာဝန် များပြားခြင်းကြောင့် လည်းကောင်း ၄င်းက ငြင်းပယ်ခဲ့ပါ သည်။ ဤသို ကြောင့် စစ်ဦးစီးချုပ် အသစ်ကို KNPP ကရင်နီတပ်မှ စစ်ခေါင်းဆောင်တဦး ဖြစ်သူဗိုလ်ချုပ်ဘီတူးကို လျာထားသည် ဟုသိရပါသည်။

No comments:

Post a Comment