Friday 10 February 2012

ကေအဲန်ယူနှင့် မြန်မာစစ်တပ်တို့ တပ်မဟာ ၅နယ်မြေတွင် တိုက်ပွဲ ဖြစ်ပွား

အဲခေါင်သောင့်၊ ဖေဖော်ဝါရီလ ၁၀၊ ၂၀၁၂ခုနှစ်
ကေအဲန်အယ်လ်အေ တပ်မဟာ ၅တပ်ဖွဲ့ဝင်များ

ကေအဲန်ယူ လက်အောက်ခံ ကေအဲန်အယ်လ်အေ တပ်ဖွဲ့နှင့် မြန်မာစစ်တပ်တို့ ယနေ့ မနက်က ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။
မြန်မာ စစ်တပ်မှ ရတခ လက်အောက်ခံ ခလရ ၉၆တပ်ရင်းမှ စစ်ကြောင်းနှင့် ကေအဲန်အယ်လ်အေ တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၄၅မိနစ်ခန့် ကြာသည့် အဆိုပါ တိုက်ပွဲ တွင် မြန်မာ စစ်တပ်ဘက်မှ တစ်ဒါဇင်နီးပါး ထိခိုက် သေဆုံးမှုရှိပြီး ကေအဲန်အယ်လ်အေ ဘက်မှ အထိအခိုက် မရှိကြောင်း သိရှိရသည်။
မြန်မာစစ်တပ်မှ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေချိန်ကို အခွင့်ကောင်းယူပြီး စစ်ရေး တိုးချဲ့ လှုပ်ရှားလာမှုကြောင့် တိုက်ပွဲများ ဖြစ်ပွား လာခဲ့ခြင်း ဖြစ်ပြီး ဆက်လက်ပြီး စစ်ရေး တိုးချဲ့မှုများ ပြုလုပ်လျှင် တိုက်ပွဲ ပိုပြီး ပြင်းထန်လာနိုင်သည်ဟု ကေအဲန်အယ်လ်အေ တပ်မှူးတဦးက ပြောဆိုသည်.။

No comments:

Post a Comment