Burma VJ Media
 လက်တလော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန်အတွက် အားလုံးပါဝင်တဲ့  အစည်းအဝေးတခု အမြန်လိုအပ်နေကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရီးစဉ်မှ  ပြန်လည် ရောက်ရှိလာတဲ့
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြအေးက ရန်ကုန်လေဆိပ်မှာ  ဖေဖော်ဝါရီလ၂၈ ရက်နေ့ ညနေ ၆ နာရီခွဲမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ  ပြောလိုက် ပါတယ်။ ရန်ကုန်၊
မန္တလေးစသည့် မြို့ကြီးများတွင်သာ ယခုကဲ့သို့ သတင်းစာ လွတ်လပ်ခွင့်  အချို့ကို ခံစားနေရသော်လည်း တိုင်းရင်းသားများမှာ ၎င်းတို့ ဒေသတွင် စစ်မက်အမြဲ  ဖြစ်ပွားနေခဲ့သည့် အတွက်
တစုံတရာ အပြောင်းအလဲ ဖြစ်နေသည်ဟု မမြင်ကြောင်း ကိုမြအေးက ပြောပါတယ်။  ကိုမြအေးနဲ့ အတူ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုကလည်း  ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့
ရသည်များကို မီဒီယာများကို ပြောကြား ခဲ့ပါတယ်။ မြစ်ကြီးနား ခရီးစဉ်အတွင်း  ဘာသာရေး၊ လှုမှုရေး၊ နိုင်ငံရေး အလွှာအသီးသီးမှ ပုဂ္ဂုလ်များနှင့်  တွေ့ဆုံခဲ့ပြီး လက်ရှိ နိုင်ငံရေး အကြပ်
အတည်းများကို ဖြေရှင်းရန် အတွက် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ  ထုတ်ပြန်တဲ့ အချက် ၄ ချက်ပါ ကြေငြာချက်ကိုလည်း ဝေငှ ခဲ့ပါတယ်။ ကိုမြအေး၊  ကိုပြုံးချို တို့နဲ့ အတူ
ကိုထွန်းမြင့်အောင်၊ ကိုမြတ်သူနဲ့ အခြား ကျောင်းသားခေါင်းဆောင်များဟာ  ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပြီး ကိုမင်းကိုနိုင်နဲ့ အခြား ကျောင်းသား  ခေါင်းဆောင်များကတော့ အထက် မြန်မာ
ပြည် မန္တလေး ခရီးစဉ် အတွက် ကျန်ရှိ ခဲ့ပါတယ်။
Wednesday, 29 February 2012
Subscribe to:
Post Comments (Atom)
 
 
 
 
 
 
 
 
 
 
 
 Posts
Posts
 
 
 
 
No comments:
Post a Comment