Friday 30 March 2012

ဒီကေဘီအေ ခွဲထွက်အဖွဲ့ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မည်

2012-03-29- RFA
ဒီကေဘီအေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ ကလိုထူးဘော ဒီကေဘီအေ အဖွဲ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုကို မိခင်အဖွဲ့အစည်းအဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ဦးဆောင်မှုအတိုင်း လိုက်ပါမှာဖြစ်ကြောင်း ကလိုထူးဘော ဒီကေဘီအေ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့ အာအက်ဖ်အေကို ပြောပါတယ်။
RFA
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ဖိအားပေးမှုကို လက်မခံပဲ ပြန်လည် တိုက်ခိုက်နေသော ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်သည့် ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (RFA)
လောလောဆယ် မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး၊ နောက်တစ်ဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရမယ်လို့ ယုံကြည်ကြောင်း၊ အဲဒီလိုဖြေရှင်းတဲ့အခါ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ စောဂုန်အောင်က ပြောပါတယ်။
ဒါ့အပြင် ကလိုထူးဘော ဒီကေဘီအေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံဝန်းရံသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကလိုထူးဘော ဒီကေဘီအေအနေနဲ့ ညီလာခံတစ်ရပ် ခေါ်ယူဖို့ရှိနေပြီး အဖွဲ့ဝင်တွေအပြင် ပြည်သူလူထု ကိုယ်စားလှယ်တွေကိုလည်း တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီညီလာခံမှာ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် သဘောထားတွေကို ဆွေးနွေမှာဖြစ်သလို၊ ကလိုထူးဘော ဒီကေဘီအေ ရဲ့ဖွဲ့စည်းပုံ စည်းမျဉ်းတစ်ရပ်ကိုလည်း ချပြဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကလိုထူးဘောအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မြ၀တီနဲ့ ဘုရားသုံးဆူမြို့တွေကို ရွေးကောက်ပွဲနေ့မှာ ၀င်ရောက်သိမ်းပိုက်ခဲ့ဖူးပါတယ်။

No comments:

Post a Comment