စည်းလုံးခြင်းရဲ့အင်အားမှ
 သိန်းစိန်၊ မင်းအောင်လှိုင်နဲ့ ဂမ်ရှောင်
သိန်းစိန်၊ မင်းအောင်လှိုင်နဲ့ ဂမ်ရှောင်(၁) ကချင်ပြည်နယ် အိမ်ရှင်တပ်မများဖြစ်သော မိုးကောင်းအခြေစိုက် အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းလက်အောက်ရှိ တပ်ရင်း ၄၆ ရင်းအပြင် စစ်ကိုင်း -ရွာထောင် အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၊ မကွေးတိုင်းဒေသကြီး မကွေး အခြေစိုက် အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်၊ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာအခြေစိုက် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူအခြေစိုက် အမှတ် (၁ဝ၁) ခြေမြန်တပ်မ ဌာနချုပ်များနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းလက်အောက်ခံ တပ်ရင်း ၁ဝ ရင်း (ဖားကန့်ဒေသ စိုးမိုး လှုပ်ရှားနေသည်။) အပါအဝင် ခြေလျင်ခြေမြန်တပ်ရင်း စုစုပေါင်း ၉၆ ရင်းဖြင့် ကေအိုင်အေအား ထိုးစစ်ဆင်တိုက်ခိုက်နေလျက်သည်။ မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ကုန်းကြောင်း၊ လေကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည့် အပြင် အမြောက်တပ်မ ဌာနချုပ်များမှလည်း ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများနှင့် ၁၂၀ မမ စိန်ပြောင်းကြီးများ တို့ဖြင့် ပိုက်စပ်တိုက် ပစ်ခတ်လျက် ရှိပါသည်။
 ကချင် လွတ်မြောက်ရေး တပ်မတော်မှ စစ်သည် တစ်ဦး ကင်းလှည့်နေပုံ (ဓာတ်ပုံ - http://pulitzercenter.org)
ကချင် လွတ်မြောက်ရေး တပ်မတော်မှ စစ်သည် တစ်ဦး ကင်းလှည့်နေပုံ (ဓာတ်ပုံ - http://pulitzercenter.org)- (က) အိန္ဒိယနယ်စပ်တလျှောက် ပြည်ပရန်ကာကွယ်ရန် အရန်တပ်မအင်အား မထားဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖြတ်တောက် ပိတ်ဆို့စစ်ဆင်ရန် စကခ (၁ဝ) ကို ကိုးကန့် - လောက်ကိုင်ဒေသသို့ စေလွှတ် ပို့ဆောင်ထားသည်။ မြန်မာပြည် အလယ်ပိုင်း ဧရာဝတီနှင့် ချင်းတွင်း တကြောအထိ အရန်တပ်မ မရှိ ဖြစ်နေသည်။
- (ခ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အရန်တပ်မ အဖြစ်ထားလေ့ရှိသော တမခ (၁၁) အား အရန်တပ်မ အဖြစ်မထားနိုင်တော့ဘဲ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေး တာဝန် ထမ်းဆောင်နေသည့် တမခ (၆၆) ဖြင့် လဲလှယ်ရန် စီစဉ်နေသည်။
- (ဂ) ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးဝင်နေသည့် တမခ (၇၇) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသအတွင်း စစ်ဆင်ရေး ဝင်နေသည့် စကခ (၁ဝ) အား အနားပေး လဲလှယ်အစားထိုးရန် အရန် တပ်မ မရှိ ဖြစ်နေသည်။
- (က) ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအရေးအခင်း တည်ငြိမ်မှုမရှိသေးသော်လည်း အရန် တပ်မမရှိ၍ ကျောက်တော် အခြေစိုက် စကခ (၉) အား ကချင်ပြည်နယ် စစ်ဆင်ရေးသို့ စေလွှတ်ရန် ပြင်ဆင်နေသည်။
- (ခ) ကယားပြည်နယ်တွင် ရှိနေတဲ့ တပ်မ (၅၅) နှင့် စကခ (၇) တပ်မ (၂) ခု ရှိရာ မူလက တပ်မ (၅၅) ကို ကချင်ပြည်နယ် ထွက်ဖို့ လျာထားရာမှ စကခ (၇) ပြောင်းလဲပြီး ကချင် - ဖားကန့် ဒေသသို့ စေလွှတ်လိုက်ပြီး ဖြစ်သည်။
- (ဂ) ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော တမခ (၈၈) သည် တနှစ်ကျော်နေပြီး တမခ (၉၉) သည် နှစ်နှစ်ရှိနေသော်လည်း အနားပေး အစားထိုး လဲလှယ်ရန် အရန်တပ်မ မရှိဖြစ်နေသည်။
 ကချင် ပြည်နယ်အတွင်းရှိ မြန်မာ့ တပ်မတော်မှ စစ်သည်ရဲဘော်များ ကင်းလှည့်နေပုံ (ဓာတ်ပုံ - Kachin News Group)
ကချင် ပြည်နယ်အတွင်းရှိ မြန်မာ့ တပ်မတော်မှ စစ်သည်ရဲဘော်များ ကင်းလှည့်နေပုံ (ဓာတ်ပုံ - Kachin News Group)(၅) တပ်မ (၉၉) သည်လည်း စစ်ဆင်ရေး ထွက်နေသည်မှာ (၂) နှစ်နီးပါး ရှိသော်လည်း တခြား တပ်မများနှင့် မတူဘဲ (၂) ဗျူဟာ စစ်ဆင်ရေး ၀င်ပြီး (၁) ဗျူဟာ နားသည့် စနစ် ကျင့်သုံးနေပါသည်။ တပ်မ (၉၉) သည် မူလကတည်းက အကြံအဖန် ဂွင်ကောင်းသည့် ပုံသေ စစ်ဆင်ရေး နေရာကို ရထားသည့် အားလျော်စွာ အခြား တပ်မများက အသေအကြေ တိုက်နေသော်လည်း တန်းတူ အခွင့်အရေး မရသည့်အပေါ် ကျေနပ်မှု မရှိကြကြောင်း သိရှိရပါသည်။
(၆) စစ်ဆင်ရေး (၁) နှစ်ပြည့် ပြီးသော တပ်မများ အောက်ပါအတိုင်း ဖြစ်ပါသည် -
- (က) တမခ (၄၄)/ (၆၆)/ (၇၇) - ကရင်ပြည်နယ် (ခ) တမခ (၈၈)/ (၉၉) - ကချင်ပြည်နယ် (ဂ) စကခ (၁၀) - ရှမ်းမြောက် ကိုးကန့်ဒေသ
- (က) စကခ (၆) (နေပြည်တော် အရံ မသုံးပါ)
- (ခ) တမခ (၁၁) (ရန်ကုန်တိုင်း အရံ - ဖြစ်သော်လည်း စစ်ဆင်ရေး သွားရန် အသင့် အနေအထားဖြင့် အမိန့်စောင့်နေရပါသည်။ ရခိုင်ပြည်နယ်သို့ စေလွှတ်ထားသော တပ်မ ဆေးအဖွဲ့ များကိုလည်း ပြန်လည် ခေါ်ယူထားပြီး တပ်အားလုံးအသင့် ပြုလုပ်ရန် ညွှန်ကြားထားပါ သည်။)
- (ဂ) ရခိုင်ပြည်တွင် မြို့တွင်း လုံခြုံရေး - စကခ (၅)၊ ဖြစ်ပြီး စကခ (၉) / (၁၅) တို့သည် နယ်စပ် ဘင်္ဂလားဒေ့ရှ် လုံခြုံရေး ယူထားသော်လည်း ၄င်းတို့အထဲမှ စကခ (၁) ခုအား ဆွဲထုတ်ကာ စစ်ဆင်ရေး သွားခိုင်းမည်ဟု သိရပါသည်။
- (ဃ) တမခ (၂၂) ဘားအံတွင် အသင့်ရှိ။
(၉) ပုံမှန် အနေအထားအရ ဆိုလျှင် တမခ (၁၁) (၂၂) နှင့် စကခ (၉) တို့သည် ကရင်ပြည်နယ်ထဲရှိ တမခ (၄၄) (၆၆) (၇၇) တို့အား လဲလှယ်ရမည် ဖြစ်သော်လည်း ယခုအထိ စစ်ဆင်ရေး အမိန့်မလာဘဲ Stand By သာ ထားသောကြောင့် လိုအပ်လျှင် ကရင်ပြည်နယ်သို့ မသွားနိုင်ဘဲ ကချင်ပြည်နယ် KIA စစ်မျက်နှာသို့ စေလွှတ်ရန် ရည်ရွယ်သည်ဟု ယူဆရပါသည်။
(၁၀) သို့သော်လည်း ကရင်ပြည်နယ်ရှိ တပ်မ (၃) ခုမှာလည်း (၁) နှစ် ပြည့်၍ လဲလှယ်ရမည် ဖြစ်ရာ ကချင်သို့ ကြားဖြတ်ခိုင်းရန် တပ်ချုပ်အနေဖြင့် အခက်အခဲ ဖြစ်နိုင်သည်ဟု ယူဆပါသည်။
(၁၁) ထွက်ပေါက်တခု ရှိနိုင်သည်မှာ ရှမ်းမြောက်မှ စကခ (၁၆) မှ တပ်များမှ ထုတ်နှုတ်ပြီး ကချင်သို့လည်း စေလွှတ်ရနိုင် သည်ဟု ယူဆပါသည်။ ထို့အပြင် တချို့ ဒကစများမှာ တပ်မအသွင် စစ်ဆင်ရေး လှုပ်ရှားခဲ့ဖူးသဖြင့် နယ်မြေ အေးချမ်းတည်ငြိမ်ပါက နီးစပ်ရာ တပ်မ ဌာနချုပ်များနှင့် ဧရိယာ ပြောင်းလဲခြင်းသော်လည်းကောင်း၊ တိုက်ရိုက် ကချင်ပြည်နယ်သို့ လည်းကောင်း စေလွှတ်နိုင်သည်ဟု ယူဆပါသည်။
(၁၂) စကခ (၁၀) အား လဲရန် တပ်မအား စီစစ် ဖေါ်ထုတ်ဆဲ ဖြစ်ပါသည်။
(၁၃) ကရင်ပြည်နယ် ဖာပွန် စစ်ဆင်ရေးမှ ကျွံဝင်လာသော တမခ (၄၄) ၏ ရိက္ခာများအား KNU မှ ဖျက်ဆီးထားနိုင်သဖြင့် ၄င်းတို့သည် ကရင်ပြည်နယ်ရှိ တပ်မများကို ထုတ်နှုတ်ပြီး ကချင်သို့ စေခိုင်းရန် မဖြစ်နိုင်တော့ကြောင်း သုံးသပ်ပါသည်။
 တရုတ်
 ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး Madam Fu 
Ying ဦးဆောင်သော အထူး ကိုယ်စားလှယ်အဖွဲ့အား သမ္မတ ဦးသိန်းစိန်မှ လက်ခံ 
တွေ့ဆုံ (ဓာတ်ပုံ - သမ္မတရုံး ၀က်ဘ်ဆိုဒ်)
တရုတ်
 ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး Madam Fu 
Ying ဦးဆောင်သော အထူး ကိုယ်စားလှယ်အဖွဲ့အား သမ္မတ ဦးသိန်းစိန်မှ လက်ခံ 
တွေ့ဆုံ (ဓာတ်ပုံ - သမ္မတရုံး ၀က်ဘ်ဆိုဒ်) 
 
 
 
 
 
 
 
 
 
 
 Posts
Posts
 
 
 
 
No comments:
Post a Comment