Friday 6 July 2012

မြန်မာ အစိုးရစစ်တပ်၏ လူမဆန်စွာ နှိပ်စက်ခြင်းခံရသော ရွာသား


ဇူလိုင်လ (၁) ရက်နေ့တွင် ရှမ်း/မြောက်ပိုင်း၊ ကြူကုတ် ပန်ဆိုင်း၊ “ရီခူးရွာ” သားများအား ဗမာစစ်တပ်မှ မတရားဖမ်းဆီးသွားသော အပြစ်မဲ့ ယိခူး ရွာသား (၃) ဦးကို ဗမာစစ်သားများမှ မတရား ရိုက်နက် ညင်းဆဲခဲ့ကြောင်း ပြန်လည်လွတ်မြှောက်လာသော ဦးဖငြိမ်း နှင့် ဦးကျောင်ဖားယင် တို့ပြောပြချက်အရ သိရှိရပါသည်။ ဦးဖငြိမ်းနှင့် ဦးကျောင်ဖားယင် တို့ နှစ်ဦးကို ပြန်လည်လွတ်ပေးခဲ့သော်လည်း
ကလေး (၃)ယောက်၏ ဖခင်ဖြစ်သော ဦးဂလောင်းလ ကို ပြန်လည် လွတ်ပေးခြင်းမရှိသေးကြောင်းနှင့် ဦးဂလောင်းလ ကိုဗမာစစ်သား များမှပိုမိုရိုက်နက် နှပ်စက်ခဲ့ကြောင်း ပြန်လည်လွှတ်မြောက်လာသူ
များ၏ ပြောပြချက်အရသိရှိရပါသည်။ ယခုအခါ ဦးဂလောင်းလကို ဘယ်မှာ ထိမ်းသိမ်းဖမ်းချုပ်ထား သည်ဆိုတာကို မသိရှိရကြောင်းနှင့် သေသည် ရှင်သည်ကို မသိရှိရသေးကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်သည် ကေအိုင်အေ နှင့်တိုက်ပွဲများဖြစ်ပွားရာ မိမိတို့ ဘက်မှ စစ်ရှုံးလျင် အပစ်မဲ့ပြည်သူများကို ဖက်ဆီးနှိပ်စက်သည်မှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နေရာအနံ့ဖြစ်ကြောင်း သတင်းရရှိ
ပါသည်။
(source-Jinghpawkasa)

No comments:

Post a Comment