အိုင်အိုဝါ၊ မာရှယ်တောင်းမြို့မှာ မြန်မာကလေးငယ် ၃ ဦး ရေနစ်သေဆုံး
မိုးမခအထောက်တော် ၀၀၂၊ ဇူလိုင် ၅၊ ၂၀၁၂
ယမန်နေ့
 ဖို့သ်အော့ဖ်ဇူလိုင်နေ့ (ဇူလိုင် ၄၊ အမေရိကန်လွတ်လပ်ရေးနေ့) မှာ မြို့၏
 ပန်းခြံတွင် မိသားစု ၂ စု အနားယူစဉ် ရင်သွေးငယ် ၃ ဦး 
ရေနစ်သေဆုံးခဲ့ရသည်ဟု သတင်းရရှိသည်။ Iowa ပြည်နယ်၊ Marshalltown မြို့၏ 
River View ပန်းခြံတွင် မြန်မာပြည်က ရွှေ့ပြောင်းအခြေချလာသည့် ကယားလူမျိုး 
မိသားစု ၂ စုတို့က အားလပ်ရက် ငါးမျှား၊ ရေကူး ပြုလုပ်နေကြစဉ် အသက် ၁၁  
နှစ်၊ ၁၀ နှစ် နှင့် ၉  နှစ် အရွယ် အသီးသီးရှိ ကလေးငယ် ၃ ဦးတို့ ညနေ ၅ 
နာရီခန့်က ရေနစ် သေဆုံးခဲ့ကြသည်။
 မြို့နယ်၏
 မီးသတ်နှင့် ရဲတို့က အချိန် ၃ နာရီခန့် လိုက်လံရှာဖွေရာတွင် ညနေ ၈ နာရီ 
ခွဲခန့်တွင် ကလေးငယ်တို့၏ အလောင်းများကို ဆယ်ယူနိုင်ခဲ့သည်ဟု ဆိုသည်။ 
အဆိုပါ Iowa River တွင် ရေကူးခြင်း၊ ရေချိုးခြင်း မပြုလုပ်ရန် 
ဆိုင်ရာတို့က သတင်းထုတ်ပြန်ထားကြောင်း၊ လွန်ခဲ့သည် ဇွန် ၁၈ ရက်ကလည်း 
လူငယ်တဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ ထိုမြစ်သည် အချို့နေရာများတွင် 
ရေတိမ်သော်လည်း ရေအောက် ရေစီးများနှင့် အနက် ၁၀ပေကျော်သည့် ရေအောက် 
ချောက်များ ရှိကြောင်း သိရသည်။
ဖခင်
 (ခိုရေ၊ KoReh)၊ မိခင် (တေမို၊ TayMo)တို့၏ သား (ဆီရေး၊ Se Reh)၊ ၁၁ 
နှစ်၊ သမီး (လီမေ၊ LeMeh)၊ ၁၀ နှစ်တို့နှင့် အတူ ဖခင် (ဆီရေး၊ Se Reh) 
နှင့် မိခင် (အမည်မသိ) တို့၏ သမီး (တေမို၊ ThayMo) ၉  နှစ် တို့ အဆိုပါ
 မတော်တဆမှုတွင် သေဆုံးခဲ့ကြရသည်။ ၎င်းတို့မိသားစု အားလပ်ရက် အပန်းဖြေပြီး 
အိမ်ပြန်ရင် ပြင်ဆင်နေစဉ် ညနေပိုင်းတွင် ရေကူးပြီးသည့် ကလေး ၃ ဦးတို့က 
ထပ်မံ ရေကူးရန် မိဘများကို လာရောက် ပြောကြားကြောင်း၊ မိဘများက 
နောက်ထပ်မကူးတော့ရန်နှင့် အိမ်ပြန်ကြတော့မည်ဟု ပြောခဲ့ကြောင်း၊ 
သို့သော်လည်း 
ကလေးငယ်များက နောက်ဆုံးတကြိမ် ထပ်မံ ရေကူးခဲ့ကြကြောင်း၊ 
ထိုအချိန်တွင် ကလေးများကို ရေနစ်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။ 
မြို့နယ်၏ မီးသတ်၊ ရဲတို့က ရေနက်ပိုင်းများအထိ လိုက်လံ ရှာဖွေခြင်း၊ 
ရဟတ်ယာဉ်ဖြင့် ပျံဝဲပြီး ရှာဖွေခြင်းတို့ ပြုလုပ်ခဲ့ရာ ညနေ ၈ နာရီခွဲမှာ 
ကလေးငယ်တို့၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
ကျန်ရစ်သူ
 မိဘများ အလုပ်လုပ်ကိုင်နေကြသည့် JBS အသားစက်ရုံက 
ဝန်ထမ်းရေးရာတာဝန်ခံအဖြစ်ဆောင်ရွက်နေသူ ကိုခင်မောင်အေးက မိုးမခသို့ 
ပြောကြားရာတွင် ကုမ္မဏီနှင့်တကွ ဒေသခံမြန်မာမိသားစုများ စုပေါင်းပြီး 
အသုဘစာရိတ်နှင့် ကုန်ကျငွေများကို ၀ိုင်းဝန်းထည့်ဝင်ကြရန် 
ဆောင်ရွက်နေကြကြောင်း၊ မိမိ၏ ဖုံးနံပါတ် (203) 589-5065 
ဆက်သွယ်နိုင်ပါကြောင်း၊ အဆိုပါမြို့ကလေးတွင် မြန်မာပြည်က 
ရွှေ့ပြောင်အခြေချလာသည့် ကယား၊ ကရင်၊ ချင်း၊ ကချင်၊ ရခိုင် စသည့် 
တိုင်းရင်းသား ဦးရေ ၅၀၀ ခန့် နေထိုင်ကြောင်း ပြောကြားသည်။
Marshalltownမြို့ကလေး၏ 
 JBS အသားစက်ရုံသို့ မြန်မာတိုင်းရင်းသား အများအပြား ပြောင်းရွှေ့ 
အလုပ်လုပ်ကိုင်လျက်ရှိရာ၊ အဆိုပါ ကယားမိသားစု ၂ စုမှာ 
နယူးယောက်ပြည်နယ်မှ ပြောင်းရွှေ့လာသည်မှာ တနှစ် ကျော်ခဲ့ပြီ ဖြစ်သည်။ မြို့၏
 မြန်မာတိုင်းရင်းသား ဦးရေ ၅၀၀ ခန့်၏ အိမ်ထောင်ဦးစီးများ၊ လူကြီး၊ 
လူငယ်များမှာ စက်ရုံလုပ်သားများဖြစ်သည်။ အဆိုပါ အလုပ်သမားတို့အပြင် 
အိုင်အိုဝါပြည်နယ်မြို့တော် ဒီမွိုင်းစ်က မြန်မာတိုင်းရင်းသား ၅၀၀ 
ကျော်ကလည်း မိုင် ၅၀ အကွာအဝေးကို ကားမောင်းပြီး အလုပ်လာလုပ်ကြသည်ဟု 
သိရသည်။ JBS စက်ရုံ၏ ၀န်ထမ်းဦးရေ ၂၄၀၀ တွင် မြန်မာတိုင်းရင်းသား 
အလုပ်သမား ၇၀၀ ခန့် ရှိသည်ဟု သိရသည်။
 
 
 
 
 
 
 
 
 
 
 
 Posts
Posts
 
 


 
 
No comments:
Post a Comment