Thursday, 31 March 2011

Burma's New Govt Fails to Inspire

By KO HTWE Sunday, May 1, 2011

Rangoon's taxi drivers read a newspaper featuring a picture of newly-sworn in president Thein Sein. (Photo: Getty Images)
Burma's new “Union Government” may have been sworn in on Wednesday, but several leading members of opposition parties and ethnic armed groups are dubious that the civilian administration will provide the peace and democracy that the people of Burma seek.

In President Thein Sein's inaugural address to parliament on Wednesday, he urged all MPs “to cherish and protect at risk to life the constitution and the democratic nation to be built in line with the constitution.”

He also called on the entire nation to help build the Tatmadaw [Burma's army] into “a strong, efficient, modern and patriotic army.”

Friday, 25 March 2011

Earthquake in Shan State







Thursday, 24 March 2011

Western Journalist, Benedict Rogers deported from Rangoon



Wednesday, 23 March 2011
သန်းရွှေအကြောင်း ဖော်ကောင်လုပ်သူ ဘင်နဒစ်ရောဂျား မြန်မာပြည်က နှင်ထုတ်ခံရ
စစ်အစိုးရက သတင်းသမားများကို မလိုတမျိုး၊ လိုတမျိုး အသုံးချသည်ဟု ဝေဖန်သံများရှိ
မိုးမခအထောက်တော် ရန်ကုန်
မတ် ၂၄၊ ၂၀၁၁
ယနေ့ မနက် ရရှိသော သတင်းအရ မြန်မာပြည်၏ အာဏာရှင်သန်းရွှေကို ဖော်ထုတ်ခြင်း (Than Shwe, Unmasking Burma’s Tyrant) စာအုပ် ရေးသားသူ၊ သတင်းစာဆရာ၊ လူ့အခွင့်အရေး လှုပ်ရှားသူ အနောက်နိုင်ငံသားတဦးကို ရန်ကုန်လုံခြုံရေးတပ်ဖွဲ့များက ထိန်းသိမ်းပြီး တိုင်းပြည်မှ ချက်ခြင်း နှင်ထုတ်လိုက်ကြောင်း သိရှိရသည်။

          ယမန်နေ့ ညနေက ၎င်းတည်းခိုရာ ဟိုတယ် (ဆမ်းမစ်ပါ့ခ်ဗျူး) သို့ လုံခြုံရေးတပ်ဖွဲ့များက လာရောက် ခေါ်ဆောင်သွားပြီး ယနေ့ နံနက် သို့မဟုတ် နေ့ခင်းတွင် လေကြောင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်သို့ နှင်ထုတ်လိုက်သည်ဟု ကြားကြောင်း စစ်အာဏာပိုင်တို့၏ ၀န်ထမ်းတဦးက ပြောကြားသည်။
          ဘင်နဒစ်ရောဂျားသည် မြန်မာ့လူ့အခွင့်အရေးနှင့် သတင်းစာနယ်ဇင်းအရေးများတွင် တက်ကြွသူ တဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်က မြန်မာအာဏာရှင် သန်းရွှေအကြောင်း စာအုပ်ထုတ်ဝေရေးသားခဲ့သည်။ ၎င်းရောက်ရှိနေသည်မှာ ၅ ရက်ခန့် ရှိပြီး သာမန်ဧည့်ဗီဇာဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ စစ်အုပ်စုက ယခုနောက်ပိုင်းမှ ရိပ်မိသိရှိပြီး တိုင်းပြည်မှ နှင်ထုတ်လိုက်ခြင်း ဖြစ်ပုံရသည်ဟု မျက်မြင်တဦးက သုံးသပ်သည်။
          “စစ်အစိုးရက နိုင်ငံခြားသတင်းထောက်တွေကို မျက်စိဒေါက်ထောက် ကြည့်နေတာပါ။ တလောက ထိုင်းသတင်းထောက်တဦးကို လေဆိပ်ကနေ ပြန်ပို့ခဲ့တယ်။ ၂၀၁၁ ရွေးကောက်ပွဲကာလတုန်းကလည်း နယ်သာလန်က သတင်းထောက်တဦးက ရှမ်းပြည်ဖက်မှာ အင်တာဗျူးသတင်းသွားယူတာကို တားမြစ်ပြီးတော့ ရန်ကုန်ကနေ ပြည်ပကို နှင်ထုတ်ခဲ့တယ်။”
          ဟု သတင်းထောက်တဦးက မိုးမခကို ပြောကြားသည်။
          စစ်အစိုးရသည် နိုင်ငံခြားသတင်းထောက်များကို တရားဝင်မီဒီယာဗီဇာဖြင့် ပြည်ဝင်ခွင့် မပေးသော်လည်း သာမန်ဧည့်သည်ဗီဇာဖြင့် ၀င်ရောက်ခြင်းကို မသိချင်ယောင်ဆောင်ပြီး ခွင့်ပြုထားသည်။ ထို့အတွက်ကြောင့် ၂၀၁၀ နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည့် နေ့ရက်များက နိုင်ငံခြားသတင်းထောက် အများအပြား ဧည့်ဗီဇာဖြင့် ၀င်ရောက်လာခြင်းကို မသိချင်ယောင်ဆောင် လွှတ်ထားပေးပြီး သတင်းယူခြင်း၊ အင်တာဗျူးခြင်းများကို အနှောက်အယှက်ပေးခြင်း မရှိခဲ့ပေ။ ၂၀၀၈ နာဂစ်ကာလကလည်း နိုင်ငံခြားသတင်းထောက်များတွင်းမှ စီအန်အန်သတင်းထောက်တဦး မုန်တိုင်းသင့်နယ်မြေများအထိ သတင်းသွားယူခဲ့ခြင်းကို နောက်ပိုင်းမှသာ အတင်းအကြပ် လိုက်လံ ပိတ်ဆို့ ထိန်းသိမ်း တားမြစ်ရန် ကြိုးစားခဲ့ဖူးသည်။

Benedict Rogers
           “စစ်အစိုးရက မီဒီယာတွေကို အသုံးချနိုင်သလောက် အသုံးချနေတယ် ထင်တာပဲ။ သူတို့လိုအပ်တဲ့အခါ မီဒီယာတွေကို လွှတ်ပေးထားပြီး၊ မလိုတော့ဘူး ဆိုရင် အတင်းပိတ်ဆို့ ဖမ်းဆီးတာတွေ လုပ်တတ်တယ်။ မြန်မာမီဒီယာသမားတွေ ကိုယ်တိုင်ကလည်း စစ်အစိုးရ စိတ်တိုင်းကျ သတင်းလေးတွေ၊ စာလေးတွေ ရေးလိုက်၊ ထည့်ပေးလိုက်၊ ကိုယ်လုပ်ချင်တာလေး တဖက်လှည့်နဲ့ ပြောလိုက် လုပ်နေရတာ အသားကျ နေပြီဆိုတော့ အခုဆို ပြည်ပက နိုင်ငံခြားသတင်းသမားတွေလည်း စစ်အစိုးရကို အကဲခတ်ပြီး လုပ်ကိုင်နေတဲ့သဘော ဖြစ်လာပြီ။ ကျနော်တို့ စာပေစိစစ်ရေးနဲ့ အလုပ်လုပ်တဲ့အခါ သုံးတဲ့ စာလုံးရှိတယ်ဗျာ။ သူတို့အကြိုက် စာတွေ ဆောင်းပါးတွေ ထည့်ပေးရတဲ့အခါ ကျနော်တို့က ပြောလေ့ရှိတယ်။ “ပေး စားလိုက်တယ်” ဆိုတာလေ။ ကျားထိုးတဲ့လူတွေ သုံးတဲ့ဆီက လာတာနဲ့ တူတယ်။”
          ဟု သတင်းအယ်ဒီတာတဦး က ပြောသည်။
          လစ်ဗျားတွင် အနောက်အုပ်စု တပ်များက အာဏာရှင်ကဒါဖီကို လေကြောင်းမှ စစ်ဆင်နေရာတွင် မြို့တော် ထရီပိုလီတွင် အနောက်အုပ်စု သတင်းသမားများလည်း ရောက်ရှိနေကြသည်။ ကဒါဖီစစ်အုပ်စုက သတင်းသမားများကို ၎င်းတို့ပိုင်နက်တွင်းရှိ အပျက်အစီးများသို့ လိုက်လံ ခေါ်ယူ ပြသလေ့ ရှိရာ စစ်အုပ်စု၏ ၀ါဒဖြန့်ချိရေးအတွက် အနောက်အုပ်စုသတင်းသမားတို့က သတင်းလိုက်ပေးနေသည်နှင့် တူသည်ဟု ဝေဖန်ကြသည်။ တချို့ကလည်း ကဒါဖီက အနောက်အုပ်စု၏ တိုက်ခိုက်မှုကို ကာဆီးနိုင်ရန်အတွက် အပြစ်မဲ့လူသားဒိုင်းများအဖြစ် အရပ်သားများကိုသာမက အနောက်အုပ်စု သတင်းစာသမားများကို အသုံးချနေသည်ဟု အပြစ်တင်ကြသည်ကို တွေ့နေရသည်။ ထရီပိုလီရှိ အနောက်အုပ်စုသတင်းသမားများအချို့ကမူ စစ်အုပ်စု၏ စောင့်ကြည့်မှုအောက်မှပင် လက်ရှိ ဖုံးကွယ်ထားသော အမှန်တရားကို ဖော်ထုတ်နိုင်ရန် ၎င်းတို့ စွန့်စားနေခြင်း ဖြစ်ကြောင်း ဆင်ခြေပေးလျက် ရှိသည်။

Tuesday, 22 March 2011

THE ROAD

In the summer of 2006, four friends from San Diego, California set out on a mission to expose the atrocities being done to the people of Burma, more specifically, the Karen people – one of the country’s largest ethnic groups. Burma has quietly been host to the world’s longest running civil war – waged between the country’s military dictatorship and detractors from the regime.

Burma is a closed country known for strong penalties including imprisonment for people found inside its borders without the proper documentation. However, they knew that in order to capture the story they needed, they would have to sneak across the border through Thailand. With backpacks filled with borrowed film equipment they set out without a clue of how they would break inside a countryside filled with landmines, Burmese soldiers, and wet season torrential weather. They didn’t know what they would find, or if anyone would listen to their story when they returned.

http://roadofresistance.com/the-road/

IN MEMORY OF JAMES GARWOOD

Wednesday, 16 March 2011

Ten Days at a Karen Guerrilla Base


By SAW YAN NAING Wednesday, March 16, 2011


 
Children study at the school in Dae Pu Noh. (Photo; THE IRRWADDY)

PAPUN DISTRICT, Eastern Burma—I was excited about my first trip inside northern Karen State to the headquarters of the Karen National Liberation Army (KNLA) Brigade 5, the rebel base at the heart of one of the world’s longest running ethnic insurgencies.

Slide Show (View)
On day one, my colleague and I arrived at the small Thai border town of Mae Sam Laep on the bank of the Salween River which demarcates much of the borderline between Burma and Thailand. Sitting at a small shop eating lunch, we could see Burmese government soldiers mulling around their base on the other side of the river.We took a longtail boat upstream. All along the Salween, the natural beauty of the jungle, its tropical fresh air and songbirds seemed to welcome us. Brought up at a refugee camp, it was many years since I had been able to take in the magnificence of my homeland—the towering mountains, the rocky riverbank, the teak trees and bamboo plants, and the swirling flow of the Salween. We waved to the villagers along the riverbanks, washing, scrubbing pots, fishing, swimming, tending to vegetable gardens. 
March is dry season; it's very hot and many of the trees in Karen state are bare. But, as the sun went down, it became cool—then cold. As the sun set behind the mountains, I shot some video footage.
The Karen boat driver had advised us that we were to pass Thai checkpoints, Burmese army camps and a Karen refugee camp called Ei Htu Hta—housing about 4,500 refugees of war.
It took about two and half hours to reach the nearest KNLA base. We showed the soldiers our letter of permission from the Karen National Union (KNU) and then went ashore.
The following morning, a KNLA commander ordered one of his men to guide us to the Brigade 5 headquarters. We took another boat trip and reached a Karen village called Mae Nu Hta on the Burmese side of the Salween within four hours.
I thought we were at the HQ, but the guide pointed toward the huge mountains. We had a brief rest and then started climbing. With his wispy beard, the KNLA soldier just smiled at us. He could see the doubt in my eyes. “Don't worry,” he said. “We can sleep in a hut in the jungle if you get too tired.”
After one hour of walking, we stopped to catch our breath. My shirt was soaked through with sweat. It was getting dark, but we had to go on. The night sky was crystal clear and peppered with bright stars. We had to use our flashlights to keep going. At about 10 pm, we reached a hamlet where we slept.
We were trekking again the next morning by 7 am. Finally, we got to Dae Bu Noh where KNLA Brigade 5 is based.
I busied myself talking with villagers, students, teachers, medics, mothers, KNLA officers and soldiers.

နယ်ကျော်ဝင်ရောက်သော မြန်မာစစ်တပ်အား KIA မောင်းထုတ်

မတ်လ ၁၂ ရက် စနေနေ့က ကချင်ပြည်နယ်အရှေ့ဘက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေထဲသို့ နယ်ကျော်ဝင်ရောက်လာ သည့် မြန်မာစစ်တပ်အား KIAတပ်ဖွဲ့များမှ အတင်းမောင်းထုတ်ခဲ့သည်။

ဝိုင်းမော်မြို့နယ်၊ တရုတ်နယ်စပ်ကိန်ပိုင်တီနှင့် ဆဒုံးကြား၊ လဖိုင်ရွာအနီးရှိ KIA ငွါးလေးစစ်စခန်းသို့ နယ်ကျော်ဝင်ရောက်လာသည့် မြန်မာစစ်သား ၁၈ ယောက်ပါတပ်စုအား “ဆုတ်ခွာခြင်း မပြုလျှင် ပစ်ခတ်မည်” ဟု KIAမှ သတိပေးပြီးနောက် ယခုလိုပြန်ဆုတ်ပေးခြင်း ဖြစ်ကြောင်း ဒေသခံများပြောသည်။
kachin-army
ဆဒုံးနယ်တွင် မြန်မာစစ်ကြောင်းများ လှုပ်ရှားမှုတိုးလာခြင်းကြောင့် KIA တပ်များလည်း တိုး၍ချထားလာသည်။
KIA ငွါးလေးစခန်းမှတဆင့် တရုတ်နယ်စပ် ကန်ပိုင်တီမြို့သို့သွားရန် မြန်မာစစ်တပ်၏ အကြိမ်ကြိမ် ကြိုးပမ်းမှုကို KIAက လုံးဝဖြတ်သန်းခွင့် မပြုခဲ့ဟု KIA က ဆိုသည်။

ယင်းမြန်မာစစ်သားများသည် ကချင်ပြည်နယ်အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းရှိ ဒကစ-တနိုင်း (ဒေသကွပ်ကဲရေးနှင့် စစ်ဆင်ရေး ဌါနချုပ်)မှ ဖြစ်သည်ဟု လဖိုင်ကျေးရွာ ဒေသခံများပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ နှစ်ဖက်ကြား စစ်ရေးတင်းမာလာချိန်ကတည်းက ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေထဲ မြန်မာစစ်သားများဝင်ရောက်ခြင်း မပြုရန် KIO က မြန်မာစစ်အစိုးရအား အကြာင်းကြားခဲ့ကြောင်း KIO အရာရှိများပြောသည်။

KIO နိုင်ငံခြားရေးတာဝန်ရှိသူ ထိုင်းနိုင်ငံ ဘန်ကောက်မှ ဂျိမ်းလွမ်းဒေါင်က “ကျနော်တို့ဘက်ကစပြီး မြန်မာစစ်တပ်ကို စတိုက်မှာမဟုတ်ဘူး။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးအဖြေရှာဖို့  ကျနော်တို့ ကြိုးပမ်းနေပါတယ်။” ဟု ကချင်သတင်းဌာနသို့ ပြောသည်။

မနှစ်က ဒီဇင်ဘာလကတည်းက မြန်မာစစ်ကြောင်းများ (စစ်ကြောင်းတစ်ကြောင်းတွင် စစ်သား ၁၀ ကျော် သို့မဟုတ် ၁၀၀ ကျော်ပါရှိ) ဆဒုံးဧရိယာထဲရှိ KIO နယ်မြေများအနီး လှုပ်ရှားမှုတိုးပြုလုပ်လာကြောင်း KIA အရာရှိများပြောသည်။

ယခု မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (ယခင် ဒီမိုကရေစီသစ်တပ်မတော်-ကချင်-NDA-K) တို့ပူးတွဲထိန်းချုပ်သည့် ဆဒုံးနယ်တွင် ဘိန်းစိုက်ဧက ၂၀၀၀၀ ကျော်ရှိသေးကြောင်း KIO မူးယစ်တိုက်ဖျက်ရေးကော်မတီက ပြောသည်။

မြန်မာဘိန်းခင်းဖျက်ဆီးရေးအဖွဲ့သည် ဘိန်းခင်းပိုင်ရှင်များထံမှ ပိုက်ဆံတောင်းသည့်အပြင် KIO မူးယစ်တိုက်ဖျက်ရေးကော်မတီ၏ ဘိန်းခင်းဖျက်ဆီးနေမှုကိုလည်း နှောင့်ယှက်နေကြောင်း ဒေသခံများနှင့် KIO မူးယစ်တိုက်ဖျက်ရေး အရာရှိများပြောသည်။


ရှမ်းပြည်နယ်၊ မိုင်းရှူးနယ် မိုင်းအောက်ကျေးရွာအုပ်စုတွင်  မြန်မာစစ်တပ်နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N)ကြား မတ်လ ၁၃ မှ ၁၄ ရက်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

KIO နှင့် SSA-N သည် ယခင်လက ဖွဲ့စည်းသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များဖြစ်ကြသည်။

UNFC သည် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရန် မြန်မာစစ်တပ်အား နိုင်ငံရေး၊ စစ်ရေးဖြင့် တွန်းအားပေးရန်ဖြစ်သည်။ ယခု ဖွဲ့စည်းနေသည့် စစ်တပ်ကျောထောက်နောက်ခံ အစိုးရသစ်၏ တိုင်းရင်းသားများပေါ် ထားရှိမည့်သဘောထားကို UNFC က စောင့်ကြည့်နေကြောင်း သိရသည်။

မြန်မာစစ်အစိုးရ၏ KIO နှင့် အခြား လူမျိုးစု လက်နက်ကိုင်အဖွဲ့များအပေါ် စစ်ရေးအရခြိမ်းခြောက်ခြင်းသည် ၎င်း၏ “လုပ်ရိုးလုပ်စဉ်သာဖြစ်ပြီး စိုးရိမ်စရာမလိုကြောင်း” KIO နိုင်ငံခြားရေးရာ တာဝန်ရှိသူ ဂျိမ်းလွမ်းဒေါင် ပြောသည်။

Friday, 11 March 2011

ဝေါ်လေအနီးမှာ မိုးချုပ်တဲ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ


ယနေ့ ညနေ ၅ နာရီခွဲလောက်မှာ ဝေါ်လေနဲ့ ကနဲလေးကြားနေရာမှာ နအဖ ခမရ ၂၄၆၊ ၄၀၄ ခလရ ၃၁၀၊ ၉၇၊ လေးဖွဲ့ပေါင်း ရိက္ခာပို့ ပြန်လာတဲ့ စစ်ကြောင်းကို ကေအန်ယူ တပ်ရင်း ၂၀၁ မှ တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်တဦးအပါအဝင် ၅ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဆက်လက်ပြီး ၆ နာရီလောက်မှာ ကနဲလေးနေရာ အနီးနားမှာပဲ ကေအန်ယူ ၂၀၁ တပ်ရင်းနဲ့ ရိက္ခာပို့လာတဲ့ နအဖ တပ်ဖွဲ့တွေ တိုက်ပွဲတွေ ထပ်ဖြစ်နေတယ်လို့ ထပ်မံကြားသိရပါတယ်။ ဒီ ထိတွေ့မှုမှာတော့ ကေအန်ယူ က နအဖကို အနီးကပ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတာ နာရီဝက်လောက် ကြာခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ နအဖ ဘက်က ၉ ယောက်သေ ပြီး ၁၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။
ဒီနေ့တိုက်ပွဲတွေ အခြေအနေနဲ့ ပတ်သက်ပြီး ဝေါ်လေအနီးက ရွာသားတဦး ပြောပြတာက…
“ပစ်သံခတ်သံတွေကတော့ မိုးလင်းကတည်းက စကြားနေရတာပဲ ခု ညမိုးချုပ်တဲ့ အထိပဲ၊ ကျနော်တို့က အသံပဲ ကြားနေရတာ၊ ဒီတပတ်ထဲမှာကိုပဲ တိုက်ပွဲသံတွေက နေ့တိုင်းနီးပါးလောက် ကြားနေရတယ်” လို့ ပြောပြသွားပါတယ်။
ဒီကနေ့ တနေ့ထဲမှာကိုပဲ ဝေါ်လေဝန်းကျင်မှာ တိုက်ပွဲ ၄ ပွဲ ဖြစ်ပွားခဲ့ပါတယ်။ မနက် ၇ နာရီ သေပေါပိုးနားက တနဲအုကလိုးမှာ တကြိမ်၊ မနက် ၁၀ နာရီ ကနဲ့လေး နားမှာ တကြိမ်၊ ယခု ညနေ ၅ နာရီခွဲနဲ့ ၆ နာရီပါဆို လေးကြိမ်ဖြစ်ခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့ လေးကြိမ်းမှာ နအဖ ဘက်က အားလုံးပေါင်း ၁၉ ယောက်သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ကေအန်ယူဘက်က ထိခိုက်မှုမရှိဘူးလို့ သိရှိရပါတယ်။

စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အဆိုပြုချက် ထောက်ခံ ၂ နိုင်ငံ တိုး


မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မနှစ်တုန်းက အထွေထွေ ညီလာခံမှာ တောင်းဆိုခဲ့တာကို ဒီနှစ် အစီရင်ခံစာထဲမှာလည်း ထပ်မံ ထည့်သွင်း တောင်းဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ EU ဥရောပသမဂ္ဂ အဖွဲ့ဝင် ဒိန်းမတ်နဲ့ လတ်ဗီးယား နိုင်ငံတွေက ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးရေးကို ထောက်ခံလိုက်တာမို့ အခု မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ အဆိုကို လက်ခံတဲ့ နိုင်ငံဟာ စုစုပေါင်း ၁၆ နိုင်ငံ ရှိသွားပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မြန်မာစစ်အစိုးရဟာ လူမဆန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နိုင်ခြေ ရှိတာမို့ ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ပြီးခဲ့တဲ့ နှစ်တုန်းက အကြံပြုခဲ့သလို ဒီနှစ်မှာလည်း ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။
“ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နယူးယောက်ခ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ဒီအကြံပြုချက်ကို တင်ပြခဲ့ပြီးပါပြီ။ ဒီနှစ်ရဲ့ အစီရင်ခံစာမှာလည်း ဒါကို ဆက်ပြီး ကျနော် တိုက်တွန်းခဲ့တာက စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေလို့ပါ။ ကမ္ဘာတ၀န်းမှာ ဒီမိုကရေစီ ကူးပြောင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာကို အရင်ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်ပါတယ်။
“စစ်အာဏာရှင် စနစ်အောက် ရောက်ခဲ့တဲ့ ကျနော့်ရဲ့နိုင်ငံ အာဂျင်တီးနား အပါအ၀င် ကမ္ဘာ့နိုင်ငံတွေ အတော်များများမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ အခါမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ် တာဝန်ခံနိုင်ဖို့ သိပ်ကို အရေးကြီးပါတယ်။”
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ အထူးစိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေဆဲပဲလို့ ဖော်ပြထားပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ ရွေးကောက်ပွဲလုပ်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲချင်တဲ့ ဆန္ဒ ရှိတာကို ပြသခဲ့တာမို့ ဒါဟာ အကောင်းလက္ခဏာ ဆောင်ပေမဲ့ အခုထိ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေ မရှိသေးတဲ့အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ထူထောင်ပြီး စုံစမ်းစစ်ဆေးရေးဟာ မြန်မာစစ်အစိုးရ ပြောင်းလဲလာစေမယ့် ရွေးချယ်စရာ နည်းလမ်းတခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တချိန်တည်းမှာပဲ EU ဥရောပသမဂ္ဂ နိုင်ငံတွေထဲက ဒိန်းမတ်နဲ့ လတ်ဗီးယား နိုင်ငံတွေကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ထူထောင် စုံစမ်းဖို့ ထောက်ခံတာမို့ အခုဆိုရင် မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံ ရှိသွားပြီလို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့အဖွဲ့ Burma Campaign UK က တာဝန်ခံ မာ့ခ် ဖာမနာ (Mark Farminer) က ပြောပါတယ်။
“အခု နောက်ထပ် ၂ နိုင်ငံကပါ ထောက်ခံတာမို့ အခုဆိုရင် ထောက်ခံတဲ့နိုင်ငံ စုစုပေါင်း ၁၆ နိုင်ငံ ရှိသွားပါပြီ။ ဒီအထဲက နိုင်ငံ ၁၂ နိုင်ငံဟာ ဥရောပသမဂ္ဂထဲက နိုင်ငံတွေ ဖြစ်နေတာက ထူးခြားသလို အရေးလည်း ကြီးပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက် မူကြမ်းကို တင်သွင်းတဲ့ အဖွဲ့က EU ဥရောပသမဂ္ဂပါ။ ဒါကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေး ကော်မရှင် တရပ်ကို ထူထောင်ဖို့ဆိုရင် ပထမဆုံး EU က ထောက်ခံပံ့ပိုးမှုရဖို့ လိုပါတယ်။”
ဥရောပသမဂ္ဂ နိုင်ငံပေါင်း ၂၇ နိုင်ငံထဲက ၁၂ နိုင်ငံက ထောက်ခံနေပြီမို့ နောက်ထပ် ၂ နိုင်ငံရဲ့ ထောက်ခံမှုကိုသာ ရရင် ထက်ဝက်ကျော်မဲနဲ့ EU ရဲ့ ထောက်ခံမှုကို ရဖို့ရှိတယ်လို့လည်း ပြောပါတယ်။ Burma Campaign UK က ကြာသပတေးနေ့မှာ EU နိုင်ငံတွေထဲက ထောက်ခံမှု မပေးသေးတဲ့ နိုင်ငံ ၆ နိုင်ငံရဲ့ ထောက်ခံမှုရအောင် ကြိုးစားခဲ့ပါတယ်။ ဒီအထဲက ဒိန်းမတ်သံအမတ်ကြီးက စာနဲ့ရေးသား ထောက်ခံကြောင်း ပြောကြားခဲ့သလို လတ်ဗီးယားနိုင်ငံဆိုင်ရာ သံရုံးကလည်း ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ ဆွီဒင်၊ လူဇင်ဘာ့ဂ်နဲ့ နော်ဝေနိုင်ငံတွေကတော့ မကြာခင်မှာပဲ အကြောင်းပြန်မှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာ ကင်တားနားဟာ မနှစ်က ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခွင့် ရခဲ့ပေမဲ့ ဒီနှစ်မှာတော့ မြန်မာအာဏာပိုင်တွေက လာရောက်ခွင့် မပေးခဲ့ပါဘူး။
မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့မှာ ဂျီနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ကိုယ်တိုင် တင်ပြဖို့ ရှိပါတယ်။

Thursday, 10 March 2011

Battle News, 9 Mar 2011

ရခိုင် လက်နက်ကိုင်အဖွဲ့နှင့် နအဖတပ် တိုက်ပွဲဖြစ်


http://www.bur.irrawaddy.org

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) နှင့် နအဖ အစိုးရတပ်များ အိန္ဒယ-မြန်မာနယ်စပ်၌ ယမန် နေ့ကစပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြရာ နအဖတပ်မှ အရာရှိတဦးနှင့် တပ်သားတချို့ ကျဆုံးကြောင်း သိရသည်။

ALA-Group
ALA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ခွန်းတိုင်းသက်သိ)
ကျဆုံးသူများမှာ ဗိုလ်ကြီးအဆင့်တဦးနှင့် ရဲဘော်၂ ဦးဟု သိရကြောင်း၊ ဒဏ်ရာရသူလည်း ၂ ဦးရှိကြောင်း၊ အမည်နှင့်  အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ကြောင်း ALA ၏ ပလက်ဝမြို့နယ်ရောက် ရှေ့တန်းစစ်ကြောင်းမှ ဗိုလ်ကြီး စိုးနိုင်က ဧရာဝတီကို ပြောသည်။

တိုက်ပွဲသည် အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်သော ရခိုင်နှင့်ချင်းပြည်နယ်စပ်ရှိ ပလက်ဝမြို့နယ်၏ တရန်အိုင်ကျေးရွာအနီး၌

ဖြစ်ပွားနေကြောင်း၊ ALA ဘက်မှ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေကြောင်း၊ နအဖ ဘက်မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက် အောက်ခံ တပ်ရင်းများဖြစ်သော ခြေလျင်(ခလရ) တပ်ရင်း ၅၅၊ ခလရ ၂၃၂ နှင့် ခြေမြန်(ခမရ)တပ်ရင်း ၅၃၈ အပါအ၀င် တပ်ရင်း ၆ ရင်းတို့ဖြင့် ထိုးစစ်ဆင်နေပြီး ယနေ့ နံနက်ပိုင်းတွင် ခလရ ၂၆၃ ထပ်မံ စစ်ကူရောက်လာ၍ ALA ရှိရာ နေရာများကို လိုက်လံ တိုက်ခိုက်နေကြောင်း ဗိုလ်ကြီး စိုးနိုင်က ဆိုသည်။

“တိုက်ပွဲက မနေ့က တရက်တည်းမှာ သုံးကြိမ်ရှိနေပြီ၊ ဒီနေ့လည်း ဆက်တိုက်နေဆဲပါ၊ နအဖ ဘက်က ကျဆုံးတာကို အတိ အကျ ပြောနိုင်တာက အနီးကပ် စောင့်ကြည့်နေတဲ့ ကျနော်တို့ လူတွေဆီက သတင်းရတာဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြော ဆိုသည်။

နအဖဘက်မှ တပ်သား ဦးရေ ထောင်ချီ၍ ထိုးစစ်ဆင်နေပြီး ALA ဘက်မှ ပြောက်ကျား စနစ်ဖြင့် ပြန်လည်ခုခံနေရရာ ယခု အချိန်အထိ ထိခိုက်ဒဏ်ရာရသူ မရှိသေးဟု ဗိုလ်ကြီးစိုးနိုင်က ဆက်လက် ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ပလက်ဝ မြို့နယ်အတွင်းမှ မြရိတ်ဝကျေးရွာ၊ စတင်ဝ၊ ပကာဝ၊ ပုန်ညင်းဝ၊ အုန်းသီဝ၊ ပေါက်တူဝ၊ ဖွေလိပ်ဝ စသည့် ကျေးရွာများမှ ဒေသခံများကို ပေါ်တာ အဖြစ် အဓမ္မ ခေါ်ယူပို့ဆောင်နေသည့်အပြင် နအဖ တပ်များအတွက် ၄ ရက်စာ ရိက္ခာများကိုပါ သယ်ပေးရကြောင်း သိရသည်။

ယခုတိုက်ပွဲသည် ALA နှင့် နအဖ တပ်တို့အကြား ယခုနှစ်အတွင်း ဒုတိယ အကြိမ်ဖြစ်သည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ ၃ ရက်နေ့က ပထမအကြိမ် ဖြစ်ပွားခဲ့သည်။

ပထမအကြိမ် တိုက်ပွဲ တိုက်ခိုက်ရခြင်းမှာ ဇန်န၀ါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့သည် စစ်အစိုးရအတွက် သာဖြစ်ပြီး တခြားသော တိုင်းရင်းသားများ၊ ပြည်သူများအတွက် လွတ်လပ်ရေးမရသေး၍ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ALA ၏ ဗဟိုအဖွဲ့ဝင် ကိုခိုင်သုခ က ပြောသည်။

ရခိုင်တိုင်းရင်းသားများအပြင် တခြားသောတိုင်းရင်းသား အားလုံးနှင့်ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ကိုယ်ပိုင်လွတ် လပ်ခွင့် နှင့် တန်းတူ အခွင့်အရေးရရှိရေး တို့ကို ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

ALA နှင့် နအဖ တပ်တို့သည် ပလက်ဝ မြို့နယ်အတွင်း၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

နအဖ တပ်များကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ နယ်စပ် တလျှောက်၌ ဖြန့်ချထားကြောင်း၊ နယ်စပ်တွင်လှုပ်ရှားနေကြသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို အပြီးပြတ်ချေမှုန်းရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဗိုလ်ကြီး စိုးနိုင်က ပြောသည်။

ALA သည် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်၌ အခြေပြုကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့် တခုတည်းသော ရခိုင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။
ALA ကို ၁၉၇၃ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်၌ တည်ထောင်ခဲ့ပြီး အိန္ဒိယနိုင်ငံ၌ အခြေစိုက်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် အိန္ဒယ နယ်စပ်တို့တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကရင်ပြည်နယ်တွင်လည်း ၂၀၁၀ နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက်နေ့များမှစ၍ မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များအတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် စစ်အစိုးရ တပ်များသည် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ထို့အတူ တိုင်းရင်းသား ဒေသများဖြစ်သော ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်များ၌လည်း နအဖ စစ်အစိုးရ တပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား စစ်ရေး တင်းမာမှုများ ရှိနေသည်။

စစ်အစိုးရ က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အပြီးသတ်ချေမှုန်းရေးအတွက် စားနပ်ရိက္ခာအရင်းအမြစ်ကို ဖြတ် တောက်ခြင်း၊ ဘဏ္ဍာငွေအရင်းအမြစ် များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း ဆိုသည့် ဖြတ်လေးဖြတ်အစီအစဉ်ဖြင့် အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြားထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းများအရ သိရသည်။

Wednesday, 9 March 2011

Battle News 5 Mar 2011


Battle Update 5,3,2011

Tuesday, 8 March 2011

Edge of Burma





















ကွယ်လွန်သူ ပဒိုမန်းရှာအား အမျိုးသားတန်းတူရေးဆု ပေးအပ်ချီးမြှင့်လိုက်ပြီ

Monday, 7 March 2011 

မတ်လ ၇ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကွယ်လွန်သူ ပဒိုမန်းရှာအား အမျိုးသားတန်းတူရေးဆု ပေးအပ်ချီးမြှင့်လိုက်ပြီ
ပဒိုမန်းရှာလားဖန်း

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလားဖန်းအား အမေရိကန် ပြည်ထောင်စု အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား ပါဒူးတက္ကသိုလ်က ချီးမြှင့်မည့် အမျိုးသားတန်းတူရေးနှင့် သာတူညီမျှရေးဆု(National Equality Award)ကို မတ်လ ၅ရက်နေ့က ပေးအပ်ချီးမြှင့်လိုက်ပြီဟု သိရသည်။
ဖေဖော်ဝါရီလဆန်းပိုင်းက အဆိုပါဆုကို ပဒိုမန်းရှာအား ပေးရန် ဖို့ဝိန်းမြို့ အမျိုးသားသွေးစည်းညီညွှတ်ရေးပါတီက ဆုံးဖြတ်ခဲ့ပြီးယခုမတ်လ ၅ရက်နေ့တွင် ကျင်းပသည့် ဖို့ဝန်း (IPFW) ညီလာခံတွင် ပေးအပ်ခဲ့ခြင်းဖြစ်ရာ ထိုဆုကို ပဒိုမန်းရှာ၏ အငယ်ဆုံး သားဖြစ်သူ စလုံ့ဖန်းက တက်ရောက် လက်ခံယူပေးခဲ့သည်။
အဖေအတွက် ပေးအပ်သည့် အဆိုပါဆုနှင့်ပတ်သက်၍ စလုံ့ဖန်းက “ကျနော့်အဖေ မရှိတော့ပေမဲ့ ကရင့်အမျိုးသားရေးအပြင် မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံး စစ်အာဏာရှင်စနစ် အောက်မှ လွတ်မြောက်ဖို့အတွက် သူလုပ်ဆောင်ခဲ့တဲ့ အရာတွေကြောင့် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုပေးတာပါ။ ကျနော့် ဖခင်ရဲ့ကိုယ်စား ဒီဆုကို တက်ယူရတာ ကျနော်လည်း ၀မ်းသာမိပါတယ်။ နောက် သူ့ကို ချစ်တဲ့သူတွေတော့ မပြီးသေးတဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေ ဆက်လုပ်ကြမယ်လို့ ကျနော် ယုံကြည်တယ်”ဟု ပြောသည်။
၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှုပြီးနောက် ဖို့ဝိန်းမြို့တွင် IPFW အင်ဒီယားနား ပါဒူးတက္ကသိုလ်က ကမကထပြု၍ နိုင်ငံတကာ မြန်မာ့ဒီမိုကရေစီ အင်အားစုများ ညီလာခံတရပ် ကျင်းပခဲ့ပြီး ထိုညီလာခံ၌ ပဒိုမန်းရှာလည်း တက်ရောက်ကာ အမျိုးသားတန်း တူရေးနဲ့ သာတူညီမျှရေးဆိုင်ရာမူဝါဒတွေကို ရှင်းလင်းပြောကြားခဲ့သည့်အပေါ် ယခုကျင်းပသည့် ဒုတိယအကြိမ် ဖို့ဝိန်း ညီလာခံ တွင် သူ့အား ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစု (၁၀၀)၀န်းကျင် တက်ရောက်ခဲ့သည့် အဆိုပါ ညီလာခံတွင် ပဒိုမန်းရှာအား ဂုဏ်ပြု သည့် အမျိုးသားတန်းတူရေးနှင့် သာတူညီမျှရေးဆုသည် ဂုဏ်ပြုစာလွှာနှင့် ကျောက်သားပြင် အမှတ်အသားတခု ပါရှိသည်ဟု သိရသည်။
ပဒိုမန်းရှာအား ယခုပေးအပ်သည့် အမျိုးသားတန်းတူရေးနှင့် သာတူညီမျှရေးဆုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဖို့ဝိန်းညီလာခံ တက်ရောက်လာသူ ကိုယ်စားလှယ်များ သဘောတူပါက နှစ်စဉ်ပေးအပ်သွားဖွယ်ရှိသည်။

Thursday, 3 March 2011

Burma protest at six European Embassies

On 10th March, Wai Hnin, daughter of Ko Mya Aye, will be leading a protest visiting the embassies of six European countries which have failed to publicly support a UN inquiry into war crimes and crimes against humanity in Burma. The countries are Sweden, Latvia, Norway, Luxembourg, Germany and Denmark. Wai Hnin will be handing in a letter to each embassy, asking why they are not taking action to support her father and other poli...tical prisoners in Burma.

10th March is Ko Mya Aye’s 44th birthday. A leader of the 88 Generation Students, he has been in jail since 2007 for his role in the uprising that year. The UN has ruled that his detention is arbitrary and illegal. Arbitrary detention is in violation of Article 7 of the Rome Statute. It is a crime against humanity. There are more than 2,100 political prisoners in Burma.

It is now almost a year since the UN Special Rapporteur on Burma stated that the UN should consider establishing a Commission of Inquiry into war crimes and crimes against humanity committed by the dictatorship. In October 2010 he went further, stating; “Failing to act on accountability in Myanmar will embolden the perpetrators of international crimes and further postpone long-overdue justice.”

Ko Mya Aye is currently serving a 65 year jail term. He is being denied medical treatment for a life-threatening heart condition. In January 2011 the United Nations Working Group on Arbitrary Detention ruled that his detention is arbitrary and breaks international law. The United Nations Special Rapporteur on Burma has also raised concerns about the detention and treatment of Ko Mya Aye. The dictatorship claims that there are no political prisoners in Burma, and has ignored repeated calls from the UN to release all political prisoners.

So far ten European countries are publicly supporting a UN Inquiry into war crimes and crimes against humanity in Burma.

* London - 11 am sharp, outside The Globe Pub, Opposite Baker Street tube station. Don't be late.

Wednesday, 2 March 2011

UN’s Libya action must be reproduced

By NANT BWA BWA PHAN
Published: 1 March 2011


UN’s Libya action must be reproduced thumbnail





















Troops from the KNU's armed wing, the Karen National Liberation Army (KNLA), march during Karen Revolution Day (Reuters)

A petition sent yesterday to UN Secretary General Ban Ki-moon that carried 84,000 signatures was a desperate appeal from Karen civilians who have lived in fear of the Burmese army for their whole lives, as have their parents and grandparents before them.

People from Burma have watched in disbelief at how swiftly Ban Ki-moon and the UN Security Council have acted in response to Colonel Gaddafi’s attacks on Libyan civilians. It took just two weeks for a unanimous Security Council resolution to be passed, demanding an end to the attacks, imposing sanctions, and referring Libya to the International Criminal Court (ICC). Attacks against Karen and other ethnic civilians have been going on for more than sixty years, with no action taken by the international community.

Since Burma got independence from Britain in 1948, our Karen people have been targeted for planned, widespread and systematic attacks by the ruling governments in Burma. These have forced hundreds of thousands of us into hiding, refugee camps and to other countries.

The Karen National Union (KNU), the largest political organisation representing the Karen people of Burma, organised this petition at the request of the Karen civilians. We are asking UN Secretary General Ban Ki-moon to take effective action to immediately stop the Burmese regime’s military operations and human rights violations in Karen areas. This petition is supported by KNU branches and Karen communities around the world. The petition was signed by 83,950 Karen civilians from Burma, aged from 16 to 103 years, who are victims and survivors of military attacks and human rights abuses by the Burmese army.

The dictatorship in Burma continues to target civilians in their military operations in our homeland. These attacks are in breach of the Geneva Conventions, and require immediate international action. Our Karen community in the UK fully supports the KNU, not only for defending the Karen people and finding ways to listen to them, but also for leading the Karen struggle for our rights, protection and security to establish a federal democratic Burma where everyone can live side by side in peace. The crisis in our country requires high level international attention in order to influence the dictatorship.

The elections held on 7 November 2010 did not represent any kind of progress towards democratisation, national reconciliation, or peace and stability in Burma. The election was designed only to legitimise the continuation of the military rule, under civilian guise. The constitution that this election brought in gives no protection to the ethnic people. As our General Secretary, Zipporah Sein has said, it is a death sentence for ethnic diversity in Burma.

In order to solve the political problems in Burma, the KNU has always called for dialogue with the ruling regime. This is in line with calls from the international community, including the United Nations, European Union and the US, to solve the problems through dialogue. However, the dictatorship ignores this call and continues its military offensives against the Karen people.

Ban Ki-moon has never made the strong statements on Burma that he has with Libya. This is why Karen communities worldwide also delivered copies of the petition to presidents and prime ministers across the world, calling on them to also take action. We asked them to use their influence to support Ban Ki-moon to secure a nationwide ceasefire as a top priority, leading to meaningful and inclusive dialogue to achieve genuine national reconciliation and a federal Burma. We also called on them to pressure the regime to enter into dialogue with the KNU and other ethnic political parties, together with the rest of the democracy movement in Burma.

The international response to what has happened in Libya has been swift and strong. It has been the opposite with Burma. Are the lives of Karen people and others from Burma less valuable than the lives of people in Libya? Of course the answer is no. In which case, Ban Ki-moon must listen to the 84,000 people who appealed for his help yesterday. We are suffering just as much as the people of Libya. He must put the issue of a nationwide ceasefire at the top of his agenda for Burma. If he continues to fail to act, the cost will be counted in more lost lives, more rape, more torture, and more burnt villages.

Nant Bwa Bwa Phan is the UK representative of the Karen National Union.