ပြည်ပရောက်မြန်မာတွေ ပြည်တော်ပြန်ချင်တိုင်း ပြန်လို့မရသေး
မိုးမခအထောက်တော် ၀၀၂၊ ဇွန် ၂၆၊ ၂၀၁၂
၂၀၁၁
 နှစ်လည်ကတည်းက ကြံ့ဖွံ့အစိုးရသစ်၏ သမ္မတကြီး ဦးသိန်းစိန်က 
အကြိမ်ကြိမ်အခါခါ ပြည်ပရောက်မြန်မာများ ပြည်တော်ပြန်ကြဖို့အရေး 
ဖိတ်ခေါ်နေခဲ့သည်။ အစိုးရ၏ ကိုယ်စားလှယ်များ၊ အကျိုးဆောင်များနှင့် 
တွေ့ဆုံညှိနှိုင်းပြီး ပြည်တော်ပြန်ကြသူ မြန်မာများကိုလည်း ပြည်တွင်း 
ပြည်ပမီဒီယာများတွင် သတင်းအဖြစ် တွေ့နေကြရသည်။ သို့သော်လည်း 
ပြည်တော်ပြန်လိုသူ မြန်မာတိုင်း လွတ်လပ်စွာ ပြန်ခွင့်ရနေသည်မဟုတ်ဟု 
အမေရိကန်ပြည်ရောက် မြန်မာအချို့က မိုးမခသို့ ပြောကြားသည်။
            
ဥပမာအားဖြင့် တပ်မတော်ကို တော်လှန်ပြီး ထွက်ခွာလာသူ မြန်မာစစ်မှုထမ်းများ၊ 
အစိုးရ၀န်ထမ်းအဖြစ်မှ မိမိသဘောအလျောက် နှုတ်ထွက်သွားသူ 
မြန်မာအစိုးရ၀န်ထမ်းများ ပြည်တော်ပြန်ရေးအတွက် တိကျသော သဘောထားနှင့် 
တုန့်ပြန်မှုများ မရှိသေးကြောင်း အချို့က ပြောကြားသည်။
            
လွန်ခဲ့သည့် လက ပြည်တော်ပြန်ရန် လျောက်ထားသော အမေရိကန်နိုင်ငံသားခံယူထားသူ
 ပါရဂူဘွဲ့ရတဦးက ပြောကြားရာတွင် မိမိ၏ မြန်မာနိုင်ငံကူးလက်မှတ်မူရင်းနှင့်
 မိတ္တူကိုပါ ပေးပို့ပြီး ပြည်ဝင်ခွင့်ကို လျှောက်ထားခဲ့ကြောင်း၊ အဆိုပါ
 ပတ်စ်ပို့အချက်အလက်အပြည့်အစုံကို တင်သွင်းသည့်အတွက် မိမိလျောက်လွှာကို 
နေပြည်တော်သို့ ပေးပို့ခဲ့သည်ဟု သိရကြောင်း၊ သို့သော်လည်း 
မိမိလျောက်လွှာကို အကုန်လုံး ပြန်ပို့ပေးလိုက်ကြောင်း၊ အဖြေကို 
မပြန်ကြားသည့်အတွက် မိမိ၏ ပြည်ဝင်ခွင့်ကို ငြင်းလိုက်သည်ဟု 
ယူဆနိုင်ကြောင်း ပြောကြားလိုက်သည်။
            ၂၀၁၀ 
နိုဝင်ဘာလတုန်းက မိုးမခသတင်းတခုတွင် မြန်မာတပ်မတော်၏ ဒီအက်စ်အေ 
အပတ်စဉ် ၁ ဆင်း တပ်မတော်အရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ 
ဦးရစ်ချတ်အောင်မြင့်ကို အစိုးရက မင်္ဂလာဒုံလေဆိပ်တွင် ပြည်ဝင်ခွင့် 
ငြင်းဆန်ခဲ့သည်။ ဦးရစ်ချတ်အောင်မြင့်ကို အမေရိကန်နိုင်ငံရှိ 
မြန်မာသံရုံးက ဗီဇာပေးခဲ့သော်လည်း လေဆိပ်က ၀င်ခွင့်မပေးခဲ့ခြင်း ဖြစ်သည်။ 
၎င်းသည် မြန်မာပြည်ပရှိ အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းများတွင် 
ပါဝင်လှုပ်ရှားခဲ့ခြင်းကြောင့်ဟု ဆိုသည်။
            
ယခုလက်ရှိတွင် အမေရိကန်ပြည်ရှိ မြန်မာသံရုံးဝန်ထမ်းများက မြန်မာပြည်ကို 
လည်ပတ်ရန်လျောက်ထားသော အမေရိကန်နိုင်ငံသားခံ မြန်မာများကို 
လျင်မြန်ချောမွေ့သည် ၀န်ဆောင်မှုများ ပေးနေကြောင်း၊ 
မြန်မာပတ်စပို့ကိုင်ထားပြီး ပြည်တော်ပြန်လိုသည့် 
မြန်မာအမျိုးသားများကိုလည်း ၀င်ငွေခွန်ဆောင်ခြင်း၊ ပတ်စ်ပို့ 
သက်တမ်းတိုးခြင်းတို့အတွက် သတ်မှတ်ထားသည့် နှုန်းထားများ 
ပေးဆောင်စေခြင်းဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။ 
 
 
 
 
 
 
 
 
 
 
 
 Posts
Posts
 
 

 
 
No comments:
Post a Comment